အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

ကလေးများတွင်ဖြစ်သောပန်းနာရင်ကြပ်

အဆုတ်ပန်းနာရင်ကြပ်သည် စိတ်ပူရမည့်ရောဂါမျိုးဖြစ်သည်။ ဒီရောဂါသည် ကလေးများ၌ဖြစ်တတ်သော နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါသည်။ လူကြီးများထက် ဖြစ်ပွားနှုန်း ၂ ဆနီးပါးရှိ၏။ (ကလေး ၁၀% ဆို လူကြီး ၅%) ကလေးများတွင်ဖြစ်သော ပန်းနာရင်ကြပ်သည် ရောဂါအမည်တပ်ရာတွင် နောက်ကျတတ်၏။ အထူသဖြင့် အသက် ၂ နှစ်အောက်တွင် ပိုနောက်ကျတတ်သည်။ ထိုကိစ္စသည် ဖြစ်ကိုဖြစ်တတ်တာမျိုးကြောင့် ကုသမှု၏ အာနိသင်ကို ထိခိုက်နိုင်ပါသည်။ ကလေးတက်သွားခြင်း၊ ဆေးရုံတင်ရခြင်းနှင့် တစ်ခါတစ်ရံ အသက်ဆုံးရှုံးခြင်းတို့ထိ ဖြစ်နိုင်ပါသည်။   ပန်းနာရင်ကြပ်ဆိုတာဘာလဲ။ ၎င်းသည် နာတာရှည် လေပြွန်ရောင်ရမ်းနာတစ်မျိုးဖြစ်သည်။ ထိုရောင်ရမ်းခြင်းသည် လေပြွန်အား အမျိုးမျိုးသော လှုံ့စော်မှုများကို အထိမခံဖြစ်စေနိုင်၏။ လေပြွန်မှ ထိုလှုံ့စော်မှုများနှင့်ထိမိသည့်အခါ ဖောင်းကြွလာမည်၊ ကျုံ့လာမည်။ ချွဲများနှင့် ပြည့်လာလိမ့်မည်။ လေပြွန်ပိတ်သွားပြီး ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှုမဝခြင်းများ ဖြစ်လာ၏။ ပန်းနာရင်ကြပ်ရောဂါသည် မျိုးရိုးလိုက်တတ်ပြီး မကူးစက်တတ်သည့်ရောဂါဖြစ်ပါသည်။   သင့်ကလေးမှာ ပန်းနာရင်ကြပ်ရှိမရှိ ဘယ်လိုသိမလဲ။ ကလေးကိုသတိထားစောင့်ကြည့်ရမည့် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါကြွချိန်များကို ကာကွယ်နိုင်မည့် နည်းလမ်းများ

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများမှာ ရောဂါကြွချိန်ဆိုတာရှိပါတယ်။ ဒီလိုအချိန်မှာရောဂါလက္ခဏာများမှာ ယခင်ကထက် ပိုမိုဆိုးရွားတတ်ပြီး ကူးစက်ရောဂါပိုးများ ဝင်ရောက်နိုင်ချေ ယခင်ကထက်များပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဆေးရုံတက်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။ ရောဂါကြွချိန် အကြိမ်အရေအတွက်များလာတာနှင့်အမျှ လူနာရဲ့ အခြေအနေမှာ ပိုမိုဆုတ်ယုတ်သွားတတ်ပါတယ်။ ကံအားလျော်စွာ ရောဂါကြွချိန်များ လျော့နည်းလာအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါဆိုတာဘာလဲ။ ရောဂါကြွနေချိန်ကို ဘယ်လိုသိရှိနိုင်မလဲ။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါမှာ အမျိုးသားရော အမျိုးသမီးတွင်ပါ ဖြစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါမှာ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင်အပါအဝင် သင့်မိသားစုဝင်များဟာ မိမိတို့ရဲ့ အဆုတ်ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါ ကိုဖြစ်စေတဲ့ အဓိက တွေ့ရအများဆုံး အကြောင်းအရင်းက ဆေးလိပ်သောက်ခြင်း ဖြစ်ပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ဖြစ်ပွားအောင် ပိုမိုအားပေးတဲ့ အကြောင်းအရာများကတော့ · ဆေးလိပ်သောက်သူ (သို့) အသက် (၄၀)နှစ်ကျော်သည်အထိဆေးလိပ်သောက်ခဲ့ဖူးသူဖြစ်ခြင်း · မိသားစုဝင်များတွင် နာတာရှည […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

မောခြင်းက အဆုတ်ရောဂါရဲ့ အဖြစ်အများဆုံးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ နှလုံးရောဂါ၊ သွေးအားနည်းရောဂါ၊ ဟော်မုန်းပြဿနာတွေလည်း မောနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ အဆုတ်ရောဂါကြောင့် မောတာကို အဓိကထားပြီး ပြောပါမယ်။ မောခြင်းကို ကုသတဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသရပေမယ့် အိမ်မှာ မောခြင်း သက်သာစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတော့ ဆေးလိပ်ဖြတ်ပါ။ သင်က ဆေးလိပ်သောက်သူဆိုရင် မောတာကို သက်သာဖို့ အရေးအကြီးဆုံးပြောင်းလဲသင့်တဲ့ အချက်ကတော့ ဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်း ၂-၃ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အဆုတ်ရဲ့ စွမ်းဆောင်ရည်က ဆေးလိပ်ဖြတ်လိုက်ရင် ပြန်ကောင်းလာတတ်ပါတယ်။ ဒါကြောင့် COPDလို့ခေါ်တဲ့ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းလူနာတွေမှာ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ လက္ခဏာတွေ ပြန်ကောင်းလာတာဖြစ်ပါတယ်။ လေ့ကျင့်ခန်း […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) ကဘာလဲ။ မီးလောင်မှုဖြစ်ပွားရာတွင် သေဆုံးရခြင်း၏ အကြောင်းများအနက် လောင်ကျွမ်းရာမှ ထွက်လာသည့် မီးခိုးငွေ့ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ပြီး သေဆုံးခြင်းသည် အများဆုံးဖြစ်သည်။ အပူကြောင့် ပစ္စည်းများလျှင်မြန်စွာ လာင်ကျွမ်းခြင်းကို မီးလောင်ခြင်းဟုခေါ်သည်။ မီးခိုးငွေ့ ဆိုသည်မှာ အပူကြောင့်ဖြစ်သော အမှုန်များနှင့် ဓါတ်ငွေ့များပေါင်းစပ်ထားခြင်းဖြစ်ပြီး မီးခိုးငွေ့တွင် ပါဝင်သော အမှုန်များကို မျက်စိနှင့် မမြင်နိုင်ပါ။ ပစ္စည်များ အပူနှင့် ထိတွေ့ရာမှ ဖြစ်ပေါ်လာသော အရာများနှင့် လေထဲမှအောက်ဆီဂျင်များ သည်မီးလောင်သော အခါ မီးခိုးငွေ့ အဖြစ်သို့ပြောင်းလဲသွားသည်။ Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မီးလောင်ခြင်းကြောင့် သေဆုံးရသူများ၏ ၅၀- ၈၀ % သည် မီးလောင်နာကြောင့် သေဆုံးခြင်းထက် မီးခိုးငွေ့များကို ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်းကြောင့် သေဆုံးခြင်းပိုဖြစ်ကြောင်းတွေ့ရသည်။ သို့သော် ထိုဖြစ်စဉ်ကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Byssinosis (ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Byssinosis (ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကဘာလဲ။ ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါသည် ဝါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များပြုလုပ်သော စက်ရုံ အလုပ်ရုံများရှိအလုပ်သမားများတွင် ဖြစ်သောရောဂါဖြစ်ပြီး Monday fever, brown lung disease, mill fever or cotton workers’ lung စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ထိုရောဂါဖြစ်ပွား မှုနှုန်းသည် ဥရောပတွင် ကျဆင်းလာသော်လည်း ကမ္ဘာအနှံ့တွင်မူ ဖြစ်နှုန်းပိုများလာကြောင်း တွေ့ရသည်။ ထိုရောဂါသည် ချည်ကို အပ်ချည် နှင့် အခြားအသုံးအဆောင်များ ပြုလုပ်သောစက်ရုံများရှိအလုပ်သမားများတွင်သာ တသတ်မတ်တည်းဖြစ်ခြင်း မျိုးမဟုတ်ပါ။ ထိုရောဂါသည် အဖြစ်များသော အဆုတ်ရောဂါမဟုတ်ပါ။ ဝါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များမှ အမှုန်များကိုရှုမိလျှင်ဖြစ်သောကြောင့် အညိုရောင်အဆုတ်ရောဂါဟုလည်း ခေါ်ကြသည်။ ထိုရောဂါသည် အလုပ်လုပ်ရင်းဖြစ်သောရင်ကျပ်ပန်းနာရောဂါဖြစ်ပြီး အမေရိကတွင်မူ အဓိကအားဖြင့် ဝါဂွမ်းနှင့်အဓိကထိတွေ့ရသော လုပ်သားများတွင် အဖြစ်များပြီး ဝါဂွမ်းထုတ်များကို ဖြေရသည့် ပထမအဆင့်တွင် […]


ရာသီတုပ်ကွေး

H7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်H7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ ) ကဘာလဲ။ H7N9 တုပ်ကွေးရောဂါသည် တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပုံမှန်အားဖြင့် လူများတွင် ထိုဗိုင်းရပ်စ်ကို မတွေ့ရဘဲ ဌက်များတွင်တွေ့ရပါသည်။ H7N9 တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်မျိုးကွဲများစွာရှိသည့်အနက် တရုတ်ပြည်တွင် ဖြစ်သွားခဲ့သော H7N9 တုပ်ကွေးရောဂါသည် အသွင်မတူညီသော ဗိုင်းရပ်စ်မျိုးကွဲ အသစ်တခုကြောင့် လူနှင့် ဌက်များအားကူးစက်ခြင်းဖြစ်ကြောင်းတွေ့ရသည်။ H7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ H7N9 တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင် ပြီး အသက် ၆၀ကျော်လျှင် ပိုဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများH7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါကူးစက်ခံရပြီး ၂ရက်မှ ၈ ရက်အတွင် ရောဂါလက္ခဏာများစတင်နိုင်ပါသည်။ ယင်းတို့သည် ဖြစ်နေကျ […]


ရာသီတုပ်ကွေး

H5N1 Influenza (ကြက်ငှက် တုပ်ကွေး)

အဓိပ္ပါယ်ဖွင့်ဆိုချက်H5N1 Influenza (ကြက်ငှက် တုပ်ကွေး) ကဘာလဲ။ H5N1 တုပ်ကွေးရောဂါသည် ကြက်ငှက်များတွင်ဖြစ်သော ပြင်းထန်သည့် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါမဖြစ်သည်။ ကြက်ငှက်တုပ်ကွေးကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများစွာရှိသော်လည်း H5N1 နှင့် H7N9 ဗိုင်းရပ်စ်ပိုးများသည် ဆရာဝန်များ အထူးဂရုထားသော ရောဂါပိုးများဖြစ်ပါသည်။ ထိုဗိုင်းရပ်စ်ပိုးများကို ငှက်ရိုင်းများတွင် စတွေ့ရပြီး ထိုရောဂါဖြစ်စော ကြက်၊ ငှက်၊ ဘဲများကို ဘူတို့စားသုံးမိရာမှ လူတို့တွင် ကူးစက်ပြီး သေစေနိုင်ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် H5N1 ရောဂါဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဘဂ်လားဒေ့ရှ်၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ ဖြစ်သည်။ H5N1 Influenza (ကြက်ငှက် တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ H5N1 တုပ်ကွေး သည် ငှက်များတွင် အဖြစ်များပြီး အမြစ်ပျောက်အောင်နှိမ်နင်းရန် ခက်ခဲသော ရောဂါဖြစ်သည်။ ထို့ပြင် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ H7N9 […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကဘာလဲ။ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် အဖြစ်များသောရောဂါဖြစ်ပြီး ၎င်းတွင် နှာခေါင်းလမ်းကြောင်းပတ်ပတ်လည်ရှိ လေအိတ်ခေါင်းများ ရောင်ရမ်း ထကြွခြင်းသည် ကုသမှုခံယူနေသော်လည်း ၁၂ ပတ်ထိ ဖြစ်ပွားနိုင်ပါသည်။ နာတာရှည် နှာစေးနှာပိတ်ခြင်းဟုလဲခေါ်ပြီး နှာရည်စီဆင်းခြင်းကိုနှောက်ယှက်ကာ အကျိအချွဲများကို စုပုံစေနိုင်ပါသည်။ နှာခေါင်းပေါက်ဖြင့် အသက်ရှူရခက်နိုင်ပါသည်။ မျက်လုံးပတ်ပတ်လည်နှင့် မျက်နှာတစ်ဝိုက်တွင် ရောင်ခြင်းများ ခံစားရနိုင်ပြီး မျက်နှာနာကျင်ခြင်းများကိုလည်း ခံစားရနိုင်ပါသည်။ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် ပိုးကူးစက်ခြင်း၊ လေအိတ်ခေါင်းများမှ အသားပိုများ သို့မဟုတ် နှာနုရိုးနေရာလွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ဒီအခြေအနေကို လူငယ်များ သက်လတ်ပိုင်းများတွင် အတွေ့ရများသော်လည်း ကလေးငယ်များတွင်ပါ ဖြစ်တတ်ပါသည်။ Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Lung Disease (အဆုတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lung Disease (အဆုတ်ရောဂါ) ကဘာလဲ။ အဆုတ်ရောဂါသည် အသက်ရှုခြင်းကို လုပ်ဆောင်သော အင်္ဂါဖြစ်သည့် အဆုတ်ကို ထိခိုက်စေသော ရောဂါများကို ဆိုလိုသည်။ အဆုတ်ရောဂါကြောင့် ဖြစ်သော အသက်ရှူခက်ခဲခြင်းပြသနာများသည် ခန္ဓါကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာမရခြင်းကို ဖြစ်စေသည်။ အဆုတ်ရောဂါများတွင် အောက်ပါတို့ပါဝင်သည်။ -ရင်ကြပ်ရောဂါ၊ နာတာရှည် လေပြွန်ရောင်ခြင်း၊ အဆုတ်ထဲရှိ လေအိတ်ငယ်လေးများ ပျက်စီးခြင်း၊ -တုပ်ကွေး နှင့် နမိုးနီးယားကဲ့သို့သောရောဂါပိုးဝင်ခြင်း -အဆုတ်ကင်ဆာ -Sarcoidosis and pulmonary fibrosis အဆုတ်သည် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူသွင်းရှူထုတ်နိုင်ရန် တစ်နေ့လျင် အကြိမ်များစွာ ဆန့်လိုက်၊ လျော့လိုက်လုပ်ရသည့် အစိတ်အပိုင်းများစွာ ပါဝင်သော အဂါၤတစ်ခုဖြစ်သည်။ အဆုတ်ရောဂါသည် အထက်ပါ အစိတ်အပိုင်းများထဲမှ တစ်ခုခု ပျက်စီးလျင် ဖြစ်နိုင်သည်။ အဆုတ်ရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသော ရောဂါများထဲမှ တစ်ခုဖြစ်သည်။ Lung Disease (အဆုတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အဆုတ်ရောဂါ သည် အလွန် […]


ပန်းနာရင်ကျပ်

အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးနည်း ၁၃ သွယ်

မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့ပြင်ဆင်ခြယ်သမှုကငွေကုန်ကြေးကျသိပ်မများလှပါဘူး။နေ့စဉ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုပုံစံကို အနည်းငယ်လောက်လေးပြောင်းလဲလိုက်တာက ကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝနေထိုင်မှုအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေနဲ့ထိတွေ့တာကိုရှောင်ရှားတာနဲ့ကန့်သတ်တာတွေက အဓိကထားလုပ်ဆောင်လေ့ရှိမယ့်အလေ့အထတွေလို့ယူဆပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုစ္စည်းတွေကနေရာတိုင်းလိုလိုမှာရှိနေနိုင်တာကြောင့် မထိတွေ့အောင်ရှောင်ဖို့ဆိုတာကလည်းတော်တော့်ကိုမလွယ်ကူတဲ့ ကိစ္စပါ။ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေမှာ အများဆုံးထိတွေ့မိတဲ့ဓါတုပစ္စည်းတွေက ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေပဲဖြစ်ပါတယ်။လေ့လာမှုတွေအရ ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေကိုရေရှည်ထိတွေ့တဲ့အခါ ဦးနှောက်နဲ့အာရုံကြောစနစ်ကိုထိခိုက်ပျက်စီးစေနိုင်သလို ပန်းနာရင်ကျပ်၊ ကင်ဆာနဲ့အခြားရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုဖန်တီးနိုင်စေဖို့အတွက် အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်လေးကိုဖန်တီးနိုင်မယ့်နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။   အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးနိုင်မယ့်နည်းလမ်းများ ၁. အိမ်တွင်း (သို့) အခန်းတွင်းမှာ အပင်စိုက်ပါ။ အိမ်တွင်း (သို့) အခန်းတွင်းမှာအပင်စိုက်တာက အဆိပ်အတောက်တွေကိုလျှော့ချပေးနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။ အပင်တွေက သဘာဝအတိုင်းလေသန့်စင်ပေးတဲ့အရာတွေဖြစ်ပါတယ်။ အပင်တွေက မိမိတို့အနီးဝန်းကျင်က ဓါတုပစ္စည်းတွေနဲ့အဆိပ်အတောက်ဖြစ်စေမယ့်အငွေ့တွေကို စုပ်ယူပြီး အစားအစာနဲ့စွမ်းအင်အဖြစ်ပြောင်းလဲကာ သန့်စင်တဲ့လေကိုထုတ်ပေးပါတယ်။   ၂. သဘာဝပစ္စည်းတွေကနေထုတ်တဲ့ သန့်စင်ဆေးတွေကိုအသုံးပြုပါ။ ပိုးသတ်ဆေးတွေက ပိုးမွှားတွေ၊ကြွက်တွေ၊ပိုးဟပ်တွေကိုသေစေနိုင်တယ်ဆိုပေမယ့်ရေရှည်မှာ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ဖြစ်တာ၊ သင်ယူမှုအပိုင်းမှာချို့ယွင်းတာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရတာမျိုးတွေဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်းပြုလုပ်ထားတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း