အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် နေထိုင်မှုပုံစံများနှင့်ပတ်သက်ပြီး သိကောင်းစရာများ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းဝေဒနာများကို သက်သာအောင်လုပ်ပြီး ဘဝနေထိုင်မှုပုံစံများမြင့်တက်လာအောင် ပြုလုပ်သော နည်းလမ်းများစွာ ရှိပါသည်။ အောက်ပါတို့သည် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များအတွက် ရောဂါများသိသိသာသာ သက်သာလာအောင် ပြုမူနေထိုင်ရမည့် အချက်များ ဖြစ်ပါသည်။ ကာကွယ်ဆေးများထိုးပါ။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည် အအေးမိခြင်း၊ တုပ်ကွေးမိခြင်းများဖြစ်လျှင် ရောဂါပြန်ထနိုင်သောကြောင့် နှစ်စဉ်နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေးများ ထိုးသင့်ပါသည်။ နှာခေါင်းအတွင်းသို့ ဖြန်းသောဆေးများကို သုံးမည့်အစား ကာကွယ်ဆေးများထိုးခြင်းကသာ အထိရောက်ဆုံးဖြစ်ကြောင်း သတိပြုသင့်ပါသည်။ နှာခေါင်းဖြန်း ကာကွယ်ဆေးများသသည် အသက်ရှင်နေသော ပိုးကောင်မျာ းပါဝင်သောဆေး ဖြစ်သောကြောင့် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ထို့ပြင် နမိုးနီးယား အဆုတ်ရောင်ကာကွယ်ဆေးများကိုလည်း အနည်းဆုံး တစ်ကြိမ်ထိုးပြီး ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုအပ်လျှင် ထပ်ထိုးနိုင်ပါသည်။ ဆုံဆို့ကြက်ညှာချောင်းဆိုးများ မဖြစ်အောင်လည်း ဆုံဆို့ ကြက်ညှာ မေးခိုင် သုံးမျိုးစပ် ကာကွယ်ဆေးကိုလည်း ထိုးထားသင့်ပါသည်။ ထို့ကြောင့် တုပ်ကွေး၊ နမိုးနီးယားနှင့် သုံးမျိုးစပ် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ကျန်းမာစေမည့် အစားအသောက်များ

အသက်ရှုရခက်ခဲနေသူများသည် နေ့စဉ်အလုပ်ကို လုပ်ဖို့ မဆိုထားနှင့်၊ အစားအသောက်စားလျှင်ပင် ပင်ပန်းနေပါလိမ့်မည်။ ထို့ကြောင့် အဆုတ်ပွခြင်းနှင့် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းအပါအဝင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကိုခံစားနေရသူများအတွက် ကျန်းမာစေမည့် အစားအသောက်များကို စားရန် အရေးကြီးပါသည်။ ထို့ပြင် အကျိုးရှိအောင်စားသောက်ရမည့် နည်းလမ်းများကိုလည်း လိုက်နာသင့်ပါသည်။ စိတ်အပန်းဖြေပါ။ အစားအစာများ စားချိန်တွင် သင့်ကို စိတ်အပန်းပြေစေမည့် ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ စားပါ။ မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ဖြစ်စေ၊ မိမိတစ်ယောက်တည်းဖြစ်စေ မိမိအတွက် အကောင်းဆုံးဖြစ်စေမည့် နေရာကို ရွေးချယ်ပါ။ ပတ်ဝန်းကျင်ကောင်းတွင် အတွေ့အကြုံကောင်းများကို ရယူပြီး သင်နှစ်သက်သော အစားအစာများကို စားသင်ပါသည်။ ရိုးရှင်းစွာ ပြုလုပ်ပါ။ ပြင်ဆင်ရလွယ်သော အစားအစာများကို ရွေးချယ်ခြင်းက အစားအစာများပြင်ဆင်ရခြင်းဝန်ကို ပေါ့စေပါသည်။ ရိုးရှင်းသော အစားအစာဖြစ်လေလေ သင့်အတွက် ကောင်းလေလေဖြစ်ပါသည်။ အလုပ်မရှုပ်စေဘဲ ဟင်းအမျိုးမျိုးဖြင့်စားနိုင်သော အစားအစာများကို ရွေးချယ်ပါ။ အစားအစာများ ပိုလျှံနေပါက နောက်တကြိမ်တွင် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ဝေဒနာနှင့် အောက်ဆီဂျင် ကုထုံးအကြောင်း သိကောင်းစရာ

အောက်ဆီဂျင် ကုထုံးဆိုတာ ဘာလဲ။ အောက်ဆီဂျင်ကို လုံလောက်သော ပမာဏမရရှိသောသူများနှင့် သွေးထဲတွင် အောက်ဆီဂျင် ပမာဏနည်းနေသူများတွင် အောက်ဆီဂျင်ရှုရခြင်းဖြစ်ပါသည်။ အထူးသဖြင့် အဆုတ်ရောဂါရှိသူများသည် အဆုတ်ထဲတွင် လုံလောက်သော အောက်ဆီဂျင်ပမာဏကို ရရှိရန်အတွက် ရုန်းကန်ပြီး ရှုရှိုက်ကြရပါသည်။ ယခုဖော်ပြမည့် အောက်ဆီဂျင် ကုထုံးတွင် အောက်ဆီဂျင်ကို ဆလင်ဒဗူးမှတဆင့် အဆုတ်ထဲသို့ ပိုက်ဖြင့်ရှုသွင်းခြင်းကို ဖော်ပြပါမည်။ အောက်ဆီဂျင်ရှုသည့် နှာခေါင်းပိုက်တွင် နှာခေါင်းပေါက်လေးများအတွင်းသို့ သွင်းမည့် ပလတ်စတစ်ပိုက်ကလေးများပါရှိပါသည်။ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသည့် မျက်နှာဖုံးပါရှိပါသည်။ အောက်ဆီဂျင်ပိုက်ငယ်လေးကို သင့်လည်ပင်းအရှေ့ဘက်မှ အသက်ရှုလမ်းကြောင်းသို့ပေးသောနည်းတွင် ဆရာဝန်က ဓါးဖြင့် အရာသေးသေးပေးပြီး အောက်ဆီဂျင်ပိုက်ကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုနည်းသည် လည်ချောင်းပြွန်မှ အောက်ဆီဂျင်ပေးသော နည်းဖြစ်ပါသည်။ အောက်ဆီဂျင် ကုထုံး အမျိုးအစားတွေက ဘာတွေလဲ။ အောက်ဆီဂျင်ကို အရည်သို့မဟုတ် အငွေ့ပုံစံဖြင့် ရရှိနိုင်ပါသည်။ အောက်ဆီဂျင် ပုံစံ ၂ မျိုးစလုံးကို သယ်ယူသွားနိုင်သော ဗူးများထဲတွင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ

ဆေးရှုစက်ဆိုသည်မှာ ပလပ်ပေါက်ကြိုးတပ်ပြီး လျှပ်စစ်ဖြင့်လည်ပတ်ရသော စက်သို့မဟုတ် ဘက်ထရီပါဝင်ပြီး အားသွင်းရသောစက်ဖြစ်ပါသည်။ ထိုစက်သည် ဆေးအရည်များကို ရေမှုန်ကလေးများဖြစ်သွားစေပြီး နှာခေါင်းနှင့် ပါးစပ်ကို အုပ်သော မျက်နှာဖုံးမှတဆင့် ထိုဆေးငွေ့မှုန်လေးများကို အဆုတ်ထဲသို့ ရှုသွင်းရခြင်းဖြစ်ပါသည်။ ထိုအခါ လူနာသည် ပိုပြီး အသက်ရှုရကောင်းလာစေပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဆေးရှုစက်ကို အိမ်တွင် ဘယ်လို အသုံးပြုရမလဲကိုဖော်ပြသွားမည်ဖြစ်ပါသည်။ ပြင်ဆင်ပုံများ 1. လက်ဆေးပါ။ လက်ကို ဆပ်ပြာ၊ ရေများများဖြင့် စက္ကန့် ၂၀ ခန့်ဆေးပြီး ရေများကိုခြောက်အောင် သုတ်ပါ။ ထိုအချိန်တွင် ရေဘုံဘိုင်ခေါင်းကို ပိတ်ထားပါ။ 2. ရှုမည့်ဆေးကို ဆေးရှုစက်အတွင်းသို့ ထည့်ပါ။ ဆေးရှုစက် အဖုံးကိုဖွင့်ပြီး ရှုမည့်ဆေးကို ထည့်ပါ။ အများစုသော ရှုဆေးများသည် သတ်မှတ်ထားသော ပမာဏအတိုင်း ရှိကြသည်။ သို့သော် သင့်တွင် မရှိပါက ဆရာဝန်ပြောသည့် ပမာဏအတိုင်း ချင်တွယ်ပြီးမှ ထည့်ပါ။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

သင့်ကို အသက်ရှူရပိုလွယ်ကူစေမည့် သဘာဝနည်းလမ်းများ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများစွာရှိသည့်အနက် အဓိကအားဖြင့် အသက်ရှူမဝခြင်းပြဿနာကို အခက်ခဲဆုံးရင်ဆိုင်ရပါသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို မကုသနိုင်သော်လည်း အသက်ရှူချောင်စေမည့် နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။ ရိုးရှင်းသော ဘဝ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် အိမ်အလုပ်များကို တစ်ပတ်တစ်ခါ ကြိုတင်စီမံထားခြင်းများကို ပြုလုပ်သင့်ပါသည်။ ရိုးရှင်းလွယ်ကူသော အစားအစာများကို ပြင်ဆင်ခြင်း၊ ပိုလျှင် အလွယ်တကူသိမ်းထားပြီး ပြန်နွှေးစားနိုင်သော အစားအစာများကို စီမံထားခြင်းတို့ ပြုလုပ်သင့်ပါသည်။ မည်သည့်တာဝန်ကို မဆို မစမီတွင် သေချာစွာ စဉ်းစားပါ။ မြင်ယောင်ကြည့်ပါ။ အကောင်းဆုံးကို ဆောင်ရွက်ပါ။ ဖြတ်လမ်းနည်းများကို စဉ်းစားပါ။ အသက်ရှုမဝခြင်းဝေဒနာများ စတင်ခံစားလာရပြီ ဆိုလျှင် အနားယူပါ။ အရေးအကြီးဆုံးအချက်မှာ အခြားသူများကို အကူအညီတောင်းရန် အားမနာပါနှင့်။ လေ့ကျင့်ခန်းများ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှိသူများတွင် ပိုမောစေမည်ဟု ထင်ရသော်လည်း စနစ်တကျပြုလုပ်ခြင်းက ပိုပြီး အသက်ရှူရကောင်းစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းရှိကြွက်သားများ ပုံစံမှန်လာသောအခါ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို စောင့်ရှောက်သူတဦးအနေဖြင့် သိထားရမည့် အချက်များ

ကျွန်ုပ်တို့သည် မိမိချစ်သောသူတို့ကို ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးချင်ကြသည်။ ကျန်မာရေးစောင့်ရှောက်မှုပေးရာတွင် အချို့သည် ဝတ်ကျေတန်းကျေမျှသာဖြစ်ပြီး အချို့မှာ လူရောစိတ်ရောနှစ်ကာစေတနာထားတတ်သူများလည်းရှိပေသည်။ ထိုသို့လူနာများကိုစောင့်ရှာက်ရာတွင် မိမိကျန်းမာရေးအတွက်လည်း လုံခြုံမူရှိစေရန် အောက်ပါအချက်အချို့ကို သိထားသင့်သည်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတစ်ယောက်အနေဖြင့်- ၁။ သင့်ကိုယ်သင်ဂရုစိုက်ပါ။ လူနာကိုစောင့်ရှောက်သလို သင့်ကျန်းမာရေးကိုလည်း ဂရုထားရန်မမေ့လျော့ပါနှင့်။ အနားယူပါ။ လေ့ကျင့်ခန်းပြုလုပ်ပါ။ အားရှိစေသောအစာများ ကိုစားပါ။ သင်ကျန်းမာနေမှ သင့်လူနာအတွက် စံနမူနာကောင်းတယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ သင့်လူနာ၏ရောဂါများ သင့်ထံမကူးစက်စေရန် အတတ်နိုင်ဆုံးကြိုးစားနေထိုင်သင့်သည်။ ၂။ စိတ်ဖိစီးမှုကင်းအောင်ကြိုးစားနေထိုင်ပါ။ သင်သည်လည်း လူသားတဦးဖြစ်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုများရှိနိုင်ပါသည်။ ဥပမာ သင်သည် အဆုတ်ရောဂါရှိသူတဦးကို စောင့်ရှောက်မှုပေးနေရလျှင် သင့်တွင်လည်း ကျန်းမာရေးပြသနာများရှိလာနိုင်သည်။ ဖြစ်လေ့ရှိသော စိတ်ဖိစီးမှုများမှာ · အလိုလိုနေရင်း ဝမ်းနည်းခြင်း · စိတ်ထိခိုက်လွယ် ၍ ငိုကြွေးခြင်း · အားအင်ချိနဲ့ခြင်း · သင်ကိုယ်သင် အချိန်မပေးနိုင်သောသူ အဖြစ်ခံစားမိခြင်း · အိပ်ပျော်ရန်ခက်ခြင်းနှင့် မနက်ဖက်တွင် အိပ်ရာမထချင်ခြင်း · အစားအသောက်မူမမှန်ခြင်း၊ လွန်ကဲစွာစားခြင်း · အပေါင်းအသင်း […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Epiglottitis (လေပြွန်အဖုံးရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epiglottitis (လေပြွန်အဖုံးရောင်ရမ်းခြင်း) ကဘာလဲ။ လေပြွန်အဖုံး နီရဲရောင်ရမ်းနေခြင်းဟာ ဒီရောဂါရဲ့ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာတခုပဲ ဖြစ်ပါတယ်။ လေပြွန်အဖုံးရောင်ရမ်းခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါတခုပါ။ လေပြွန်ဝအဖုံးဟာ သင့်လျှာရဲ့ အရင်းမှာ ရှိပြီး အရိုးနုလေးတွေနဲ့ အဓိက ပြုလုပ်ဖွဲ့စည်းထားပါတယ်။ သင်အစာစား၊ရေသောက်တဲ့အခါ လေပြွန်ထဲကို အစာတွေ၊ရေတွေ မဝင်ရအောင် ဒီလေပြွန်အဖုံးက ကာကွယ်ပေးပါတယ်။ လေပြွန်ဖုံးမှာ ပါဝင်ဖွဲ့စည်းထားတဲ့ တစ်ရှူးတွေဟာ ကူးစက်ပိုးဝင်ပြီဆိုရင် ရောင်ရမ်းလာပြီး လေဝင်ရာလမ်းကြောင်းကို ပိတ်ဆို့လိုက်ပါတော့တယ်။ တကယ်လို့ သင် ကိုယ်တိုင် ဒါမှမဟုတ် သင်မိသားစု၊မိတ်ဆွေတယောက်ယောက်မှာ လေပြွန်အဖုံး ရောင်ရမ်းတဲ့ ဝေဒနာခံစားနေရပြီလို့ ယူဆရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ခံယူရပါမယ်။ Epiglottitis (လေပြွန်အဖုံးရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ လေပြွန်ဖုံးရောင်ရမ်းခြင်းဟာ ရှေးယခင်ကဆိုရင်တော့ ကလေးတွေမှာသာ အဖြစ်များတဲ့ ရောဂါတမျိုးဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အရွယ်ရောက်ပြီးသား လူကြီးတွေမှာပါ ပိုပိုပြီး တွေ့လာရပါပြီ။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ရောဂါကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pneumonitis (အဆုတ်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Pneumonitis (အဆုတ်ရောင်ခြင်း ) ကဘာလဲ။ Pemphigus ဆိုတာ ရှားပါးတဲ့ အရေပြားရောဂါဖြစ်ပြီး အရေပြားနဲ့ ဂလင်းအလွှာတွေဖြစ်တဲ့ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာတွေ အရည်ကြည်ဖုတွေပေါက်လာတမျိုးဖြစ်ပါတယ်။ အဓိကအားဖြင့်၂မျိုးရှိပါတယ်။pemphigus vulgaris နဲ့ pemphigus foliaceus တို့ဖြစ်ပါတယ်။ Pemphigus vulgaris ကတော့ ပါးစပ်မှာစဖြစ်ပြီး နာပါတယ်။Pemphigus foliaceus ကတော့ အရေပြားကိုအဓိကတိုက်ပြီး နာတာထက်ယားတာပိုများပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာဖြစ်တာများပါတယ်။ Pneumonitis (အဆုတ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ PasteTextHere လက္ခဏာများPneumonitis (အဆုတ်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ Pemphigus ရဲ့ လက္ခဏာတွေကတော့ – အရေပြားနဲ့ ဂလင်းအလွှာတွေမှာ အရည်ကြည်ဖုတွေပေါက်တာဟာ သူ့ရဲ့လက္ခဏာပါ။ အဲ့ဒါတွေဟာ ပေါက်လွယ်ပြီး အနာပွင့်တစ်ခုဖြစ်ကာ အရည်ကြည်ထွက် ပိုးဝင်တာမျိုးဖြစ်တတ်ပါတယ်။ Pemphigus […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

pulmonary fibrosis (အဆုတ်အသားမာတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်pulmonary fibrosis (အဆုတ်အသားမာတက်ခြင်း) ကဘာလဲ။ အဆုတ်ပျက်စီးပြီး အမာရွတ်တွေဖြစ်လာတဲ့ အဆုတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆုတ်တစ်ရှုးတွေ ထူထဲသွားတာကြောင့် ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ ခက်ခဲသွားပြီး ပိုဆိုးလာတဲ့အခါမှာ အသက်ရှုရခက်ခဲလာပါတယ်။ အဆုတ်အမာရွတ်ဖြစ်ခြင်းဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အခြေအနေတော်တော်များများမှာတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်တွေ မပြောနိုင်ကြပါဘူး။ ရောဂါရင်းမြစ်ကို မရှာဖွေနိုင်တော့ဘူးဆိုရင်တော့ အကြောင်းအရင်းမသိရှိရသော အဆုတ်အသားမာတက်ခြင်းလို့ သတ်မှတ်လိုက်ပါတယ်။ ထိုအခြေအနေကြောင့်ဖြစ်သော အဆုတ်ပျက်စီးခြင်းဟာ ပြန်လည်မပြုပြင်နိုင်ပါဘူး။ ဒါပေမယ့်လည်း ဆေးဝါးတွေ၊ကုထုံးတွေနဲ့ကတော့ ရောဂါလက္ခဏာတွေကို သက်သာစေပြီး နေရထိုင်ရအဆင်ပြေလာစေပါလိမ့်မယ်။ အချို့လူတွေမှာတော့ အဆုတ်အစားထိုးခြင်းက သင့်တော်နိုင်ပါတယ်။ pulmonary fibrosis (အဆုတ်အသားမာတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများpulmonary fibrosis (အဆုတ်အသားမာတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ချောင်းခြောက်ဆိုးခြင်း အဝလွန်ခြင်း ဘာကြောင့်မှန်းမသိဘဲ သူ့အလိုလို ကိုယ်အလေးချိန်ကျနေခြင်း ကြွက်သားများနာကျင်၊ကိုက်ခဲခြင်း လက်ထိပ်၊ခြေထိပ်တွေ ဖောင်းလာခြင်း (Clubbing) အဆုတ်အသားမာတက်ခြင်းရဲ့ ဖြစ်ပေါ်ပုံတွေ၊ ရောဂါလက္ခဏာဆိုးရွာမှုတွေဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားကြပါတယ်။ အချို့လူတွေက […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) ကဘာလဲ။ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ကူးစက်ဝင်ရောက်တဲ့ဗိုင်းရပ်ပိုးဖြစ်ပါတယ်။ အသက်၂နှစ်ကလေးတွေမှာ အများဆုံးကူးစက်ခံ၇ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ကူးစက်ခံရနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေနဲ့ အသက်ကြီးတွေသူ၊ ကျန်းမာတဲ့ကလေးတွေမှာ လက္ခဏာတွေက သိပ်မပြင်းထန်တတ်ပြီး အအေးမိတုပ်ကွေးနဲ့ ဆင်တူလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းက မသက်မသာဖြစ်ခြင်းများကို သက်သာစေနိုင်ပါတယ်။ အချို့တွေမှာ ပိုဆိုးရွားသွားနိုင်ပါတယ်။ ထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေမှာ လမစေ့ဘဲမွေးတဲ့ကလေးတွေမှာ ဖြစ်ပါတယ်။ အသက်ကြီးသူတွေ၊ နှလုံးအဆုတ်ရောဂါအခံရှီသူတွေ၊ ခုခံအားကျနေသူတွေမှာ ပိုပြီးပြင်းထန်နိုင်ပါတယ်။ Respiratory Syncytial Virus (RSV) Infection (အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်နိုင်ငံ တစ်နှစ်အောက်ကလေးတွေမှာ လေပြွန်များရောင်ရမ်းခြင်းနဲ့ အဆုတ်ရောင်ခြင်းရဲ့ အဖြစ်အများဆုံးအကြေင်းရင်းဖြ်စပါတယ်။ အသက်ကြီးသူတွေမှာ အဆုတ်မကျန်းမာခြင်းရဲ့ အဓိကအကြေင်းရင်းဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများRespiratory Syncytial Virus […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း