အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

ကိုယ့်ကြောင့်သူများဖျားနာမှု မခံစားရစေဖို့

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ သူတစ်ပါးကို အဖျားမကူးစေဖို့အတွက် ဒါတွေကိုလုပ်ပေးပါ။ လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ - လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ […]


အအေးမိဖျားနာခြင်း

အအေးမိတာလား၊ ဓါတ်မတည့်တာလား

ချောင်းဆိုးပြီး နှာစေးနေတယ်၊ လည်ချောင်းနာနေတယ်ဆိုရင် လူတော်တော်များများက ငါတော့ အအေးမြိပီဆိုပြီး ထင်တတ်ကြပါတယ်။ အအေးမိတာနဲ့ ဓါတ်မတည့်တာဟာ ရောဂါလက္ခဏာ တော်တော်များများ တူတယ်ဆိုပေမယ့် ခွဲခြားလို့တော့ ရပါတယ်။ အအေးမိခြင်း (Common Cold) ဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ဖျားနာခြင်းကို ဖြစ်စေပါတယ်။ အေးတဲ့ရာသီမှာသာမက ပူနွေးတဲ့ အချိန်တွေမှာလည်း အအေးမိဖျားနာ ဖြစ်နိုင်ပါတယ်။ ဖျားနေတဲ့သူတစ်ယောက် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ ရောဂါပိုးတွေက လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး ကူးစက်တာ ပိုများပါတယ်။ ဘယ်လောက်ပဲ ကျန်းမာနေသူဖြစ်ပါစေ တစ်နှစ်ကို ၂ကြိမ်မှ ၃ကြိမ်ထိ အအေးမိဖျားနာ ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်ရောဂါ ရှိသူတွေမှာ အအေးမိဖျားနာ ပိုဖြစ်တတ်ပြီး ကလေးတွေဆိုရင်လည်း ကိုယ်ခံအားစနစ် အားနည်းနေသေးတာ၊ လက်သေချာမဆေးဘဲ အစာစားတာ၊ လူများတဲ့ နေရာတွေကို သွားတာကြောင့် မကြာခဏဆိုသလို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

ချောင်းဆိုး တယ် ဆိုတာ ရာသီမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ စိုးရိမ်စရာတော့ မဟုတ်ပေမယ့် ဝေဒနာခံစားနေရတဲ့သူအတွက် ဒီချောင်းဆိုးနေရတဲ့ ဒုက္ခက မသေးလှပါဘူး။ လည်ချောင်းထဲက ယားသလိုဖြစ်နေတာကနေ ညဘက်တွေမှာ အိပ်လို့မရတော့တဲ့အထိ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေတာက ကိုယ့်အိပ်ချိန်ကိုလည်း ထိခိုက်စေသလို ဘေးပတ်ဝန်းကျင်ကလူတွေအတွက်လည်း စိတ်ညစ်ရတာပေါ့။ ဒီနေ့ဆောင်းပါးမှာ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ၁။ အိပ်နေတဲ့ ခေါင်းအနေအထားကို သေချာပြုပြင်ပါ။ ခေါင်းက လှဲနေတဲ့အချိန်ဆိုရင် လည်ချောင်းက ချောင်းဆိုးချင်စိတ်ကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒါကြောင့် ခေါင်းအောက်မှာ ခေါင်းအုံးနှစ်ထပ်လောက် ခံပြီးမှ အိပ်တာပိုကောင်းပါတယ်။ ၂။ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်တစ်လုံး ထားထားပါ။ ခုလိုရာသီဆိုရင် ပတ်ဝန်းကျင်မှာ ခြောက်သွေ့တဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

လေထုညစ်ညမ်းခြင်းနဲ့ ကျန်းမာရေး ။ ။

ခုတစ်လော သတင်းတွေထဲ မကြာခဏ ပါနေတဲ့ ထိုင်းမှာ လေထုညစ်ညမ်းမှု ြဖစ်နေတဲ့ဆိုတဲ့ သတင်းတွေ ကြားမိကြမှာပါ။ မော်တော်ယာဉ်တွေများပြားလာမှု၊ အပင်တွေရှားပါးလာမှုတို့နဲ့ စက်ရုံတွေ များပြားလာမှုကြောင့် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေရပါတယ်။ လေထုသန့်စင်မှုတိုင်းတာချက်အရ ချင်းုမိင်မြို့ရဲ့လေထုညစ်ညမ်းမှုနှုန်းက ညစ်ညမ်းမှု အမြင့်ဆုံးဖြစ်တဲ့ အမှတ်ထက်တောင် အများကြီးကျော်လွန်နေပြီး လေထုညစ်ညမ်းမှု အများဆုံး ပထမနေရာအဖြစ်ရပ်တည်နေပါတယ်။. သူ့နောက်မှာရှိတာက တရုတ်နိုင်ငံပါ။ နှစ်နိုင်ငံလုံးက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာကြောင့် လေထုညစ်ညမ်းမှုဟာ ကိုယ့်နိုင်ငံဆီ ရောက်မလာဘူးလို့ မပြောနိုင်ဘူးလေ။ ဒီတော့ လေထုညစ်ညမ်းရင် ဘယ်လိုကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်လဲဆိုတာ သိထားဖို့ လိုနေတာပေါ့။ လေထုညစ်ညမ်းတယ်ဆိုတာဘာလဲ ။ ။ လေထုထဲမှာ သက်ရှိလူသားတိရိစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင် လောကကို ဒုက္ခဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေ၊ ဓါတ်ငွေ့တွေ ပါတာကို ပြောတာပါ။ ဒါတွေကို ေလထုညစ်ညမ်းပစ္စည်း air pollutants လို့ခေါ်ပါတယ်။ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား

Inhaler လို့ခေါ်တဲ့ ရှူဆေးကိရိယာဟာ ပန်းနာရင်ကျပ်ရှိသူတွေ၊ ပန်းနာရင်ကျပ်ခံစားနေရတဲ့ ကလေးတွေရဲ့မိဘတွေအတွက် မစိမ်းတဲ့ အရာတစ်ခုပါ။ သူ့ကို ပန်းနာအပြင် နာတာရှည်အဆုတ်ရောဂါ၊ ဓါတ်မတည့်မှုတွေအတွက်လည်း သက်သာစေဖို့ သုံးကြပါတယ်။အသက်ရှူရင်ချောင်စေဖို့ အလွယ်တကူသုံးလို့ရတဲ့ ရှူဆေးဖြစ်ပေမယ့် အသုံးပြုပုံအသုံးပြုနည်းမှန်ကန်မှလည်း ထိရောက်နိုင်မှာပါ။ ရှူလည်းရှူတယ်၊ဆေးလည်းကုန်တယ်၊ အဆုတ်မှာလည်း မသက်သာလာဘူးဆိုရင် ဘာထူးတော့မှာလဲနော်။ဒါ့ကြောင့်Inhaler ကို နည်းလမ်းမှန်မှန် အသုံးပြုနိုင်ဖို့ ဒီဆောင်းပါးနဲ့အကြံပြုလိုက်ရပါတယ်။ ပန်းနာ Inhaler ဆိုတာဘာလဲ ပန်းနာရင်ကျပ်အတွက်Inhaler ဆိုတာ အဆုတ်ကိုဆေးတွေတိုက်ရိုက်ရောက်အောင်ဖြန့်ပေးတဲ့ ကိရိယာပါ။သောက်ဆေး၊ ထိုးဆေးတွေထက်ဘေးထွက်ဆိုးကျိုးနည်းပြီးဆေးအာနိသင်ရရှိမှုပိုမြန်တာမို့ အသုံးဝင်လှပါတယ်။ သူ့ကို သုံးမယ်ဆိုရင် -(၁) အဖုံးကို ဖွင့်ပါရှူရှိုက်ရတဲ့ ကိရိယာဖြစ်တဲ့အတွက် သန့်ရှင်းဖို့၊အမှုန်အမွှားတွေကင်းဖို့ အဖုံးက အရေးပါတဲ့အကာအကွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပြီးရင်လည်း အဖုံးကို သန့်တဲ့နေရာမှာပဲချထားပါ။ သုံးပြီးတာနဲ့ပြန်တပ်ထားပါ။(၂) Inhaler ကိုထောင်ပြီး ၅ မိနစ်လောက်လှုပ်ခါပါInhaler ကို လက်မ၊လက်ညှိုးနဲ့ထိန်းပြီးထောင်လျက်အနေအထားကိုင်ထားပါ။ ပါးစပ်နဲ့တေ့ရမယ့် အပေါက်ကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေ့စဉ်နဲ့အမျှ အရေးကြီးလာတဲ့ လေထုသန့်စင်မှု

အသက်ရှင်နေသမျှကာလပတ်လုံးနေ့စဉ်နဲ့အမျှလေကိုရှုသွင်းနေရတယ်နော်။ ဒါဆို နေ့စဉ်ရှုသွင်းနေတဲ့ လေထုက သန့်စင်ဖို့ အရေးမကြီးဘူးလား။လေထုအရည်အသွေးကျဆင်းလာနေတယ်ဆိုတာကလည်းနေ့စဉ်လိုလိုကြားနေရတဲ့သတင်းတွေထဲကတစ်ခုပါနော်။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကိုလေထုညစ်ညမ်းလာတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာလေထုညစ်ညမ်းတာကိုဖြေရှင်းဖို့ မတတ်နိုင်ပေမယ့် ကိုယ်တိုင်နဲ့ မိသားစုကျန်းမာရေးအတွက်တော့ အိမ်တွင်းေလထုသန့်စင်အောင်လုပ်ဖို့တော့ တတ်နိုင်ပါသေးတယ်နော်။ ဒီတစ်ခေါက်တော့ ချစ်ရတဲ့ Helloဆရာဝန်ပရိသတ်ကြီးအတွက် အိမ်တွင်းလေထုသန့်စင်နည်းလေးတွေပြောပြပေးမယ်နော်။ ဒီအချက်တွေကြောင့် အခန်းတွင်းလေထုကိုညစ်ညမ်းစေနိုင်ပါတယ် အိမ်တွင်းကလေထုသန့်စင်ဖို့အတွက် မဖြစ်မနေလုပ်ရမယ့်အချက်လေးတွေရှိပါတယ်။ ဒါကတော့ အိမ်သန့်ရှင်းရေးဂရုစိုက်တာပါ။ အခန်းတွင်းကဖုန်မှုန့်တွေ၊ ကြပ်ခိုးတွေကိုသေချာသန့်စင်မယ်။ ကြမ်းပြင်ကိုလည်းသေချာလေးသုတ်သင်မယ်။ အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တွေကိုလည်းခြောက်သွေ့သန့်ရှင်းအောင်ထားမယ်ဆိုရင် မှိုနဲ့ဘက်တီးရီးယားတွေတော်တော်လေးကင်းသွားမှာပါ။ ဒီနေရာမှာသိထားဖို့လိုမှာက အပြင်းစား ဓါတုပစ္စည်းတွေကို မသုံးမိဖို့ပါ။ အပြင်းစားဓါတုပစ္စည်းတွေကလည်း အခန်းတွင်းလေထုသန့်စင်မှုကို ထိခိုက်စေနိုင်ပါတယ်နော်။ လေထုမသန့်စင်ရင် ဘာဖြစ်လာမလဲ လေထုညစ်ညမ်းမှုကြောင့် အခုလိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့ အသက်ရှုကြပ်တာ အသက်ရှုလမ်းကြောင်းမှာ မအီမသာဖြစ်တာ မျက်လုံးတွေကျိန်းစပ်တာ အသားအရေတွခြောက်သွေ့တာ မျိုးခံစားရနိုင်ပါတယ်။ လေထုညစ်ညမ်းတဲ့အခါလေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီးအဆုတ်၊နှလုံး နဲ့ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ လေထုညစ်ညမ်းမှုကြောင့် – နှလုံးသွေးကြောဆိုင်ရာရောဂါ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ […]


ရောဂါလက္ခဏာများ

ချွဲကြပ် ခြင်း

ခုရက်ပိုင်း ရာသီဥတုလေးအေးလာတော့ လည်ချောင်းထဲက နာသလိုလို၊ ချောင်းဆိုးချင်သလိုလို၊ ချွဲကြပ် ချင်သလိုလိုဖြစ်နေတယ်ဟုတ်။ အေးမြတဲ့ရာသီဥတုက စိတ်ကြည်နူးစရာကောင်းပေမယ့် ရောဂါအခံရှိနေသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက်တော့ စိတ်ပျက်စရာပါ။ အေးမြတဲ့ အနေအထားမှာ ရောဂါပိုးတွေက ပိုမိုရှင်သန်ပေါက်ဖွားလွယ်တာက ချောင်းဆိုးချွဲကြပ်တာနဲ့ လည်ချောင်းနာတာမျိုးတွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးအောင် အားဖြည့်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ အဖြစ်အများဆုံးနဲ့ ခံစားရတော်တော်လေးခက်တာက ချွဲကြပ်တာပါ။ ချွဲကြပ်တာက အရမ်းပြင်းထန်တဲ့အခါ ရင်ဘတ်ထဲမှာနေရတာခက်ပြီး အသက်ရှူရကြပ်တာမျိုး ခံစားရနိုင်ပါတယ်။ ချွဲကြပ်တာက တစ်ခါတလေမှာ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါသေးတယ်။ သင့်အနေနဲ့ ချောင်းဆိုးတာက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပေးတာ အကောင်းဆုံးဖြစ်မှာပါ။ ချွဲကြပ် ခြင်း ချောင်းဆိုးတာက ပုံမှန်အားဖြင့်ကတော့ အဆုတ်နဲ့ လေပြွန်ထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ထုတ်ပေးတာပါ။ ချွဲကြပ်တဲ့အခါမှာတော့ ချွဲတွေက ပိုထူပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းတဟွတ်ဟွတ်အသံ မသက်သာရတဲ့ အကြောင်းရင်း (၈) ခု

ချောင်းသံတဟွတ်ဟွတ်နဲ့ တိုင်ပတ်နေပြီလား။ အအေးမိထားတာလည်း သက်သာတာကြာလှပြီ။ချောင်းဆိုးတာက ကပ်ကျန်နေတာနဲ့ လည်ချောင်းတွေကွဲရပါတော့မယ် ဆိုသူများ ဒါလေးဖတ်လိုက်ကြပါဦး။ အအေးမိ၊တုပ်ကွေးက သူ့အချိန်အတိုင်းအတာရောက်ရင် သက်သာပျောက်ကင်းသွားမှာဖြစ်ပေမယ့်ချောင်းဆိုကျန်နေတတ်ပါတယ်။ဆေးခန်းလည်းပြပါလျက်နဲ့ ဘာလို့ မပျောက်သေးတာလဲဆိုတာဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေပြောပြပေးမယ်နော်။ (၁) အအေးမိ၊တုပ်ကွေးဖြစ်ပြီး လည်ချောင်းပြဿနာဖြစ်ကျန်တာ အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်ရဲ့နောက်ဆက်တွဲအဖြစ်နဲ့ကျန်လေ့ရှိတဲ့ အဖြစ်များဆုံးလက္ခဏာပါ။ ဗိုင်းရပ်စ်ကြောင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းမှာရောင်ရမ်းစေပြီး တုံ့ပြန်နိုင်စွမ်းလွန်ကဲစေတဲ့အတွက်ချောင်းဆိုးတာက ရက်သီတင်းပတ်နဲ့ချီပြီး တာရှည်နိုင်ပါတယ်။ (၂) နောက်ကွယ်က ကျန်းမာရေးပြဿနာကြောင့်ဖြစ်နိုင်တယ် ဓါတ်မတည့်ခြင်း နဲ့ ပန်းနာရင်ကျပ်ေကြာင့်လည်းချောင်းတွေဆိုးနေနိုင်ပါတယ်။ အအေးမိခြင်းကနေ ပန်းနာရင်ကျပ်ရောဂါထစေနိုင်တာမျိုးလည်းရှိပါတယ်။ အစာအိမ်အက်စစ်ပြန်ဆန်တက်ခြင်းနဲ့Obstructive Sleep Apnea (အိပ်ပျော်စဉ်အသက်ရှူခေတ္တရပ်ခြင်း) တို့ကနေလည်း နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ပူခြင်းနဲ့ချောင်းဆိုးခြင်း တာရှည်လာရင် တီဘီရောဂါအန္တရာယ်လည်း စိုးရိမ်ရပါတယ်။ (၃) စိတ်ဖိစီးမှု စိတ်ဖိစီးမှုက တာရှည်လာတဲ့အခါမှာလည်းချောင်းဆိုးခြင်းကို တာရှည်စေပါတယ်။ချောင်းဆိုးနေတာကို သက်သာစေချင်ရင်နေမကောင်းဖြစ်တဲ့အချိန်မှာ စိတ်ဖိစီးမှုကိုလျော့အောင်ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကိုအတင်းတွန်းအားပေးတာက ပိုနေမကောင်းဖြစ်စေပါလိမ့်မယ်။ အနားယူခြင်းကပဲနေပြန်ကောင်းစေဖို့ အကောင်းဆုံးအားဆေးဖြစ်ပါတယ်။ (၄) ရေအလုံအလောက်မသောက်တာ အအေးမိ၊တုပ်ကွေးဖြစ်ပြီဆို အရည်များများသောက်ဖို့လိုပါတယ်။ရေ၊ဖျော်ရည်နဲ့ စွပ်ပြုတ်တွေသောက်ပေးရင် လည်ချောင်းထဲမှာ ချွဲချောင်စေပြီးချောင်းဆိုးထုတ်ဖို့လွယ်စေပါတယ်။ အရည်ဆိုပေမယ့် အရက်ဘီယာနဲ့ လက်ဖက်ရည်၊ကော်ဖီတွေကရေဓါတ်ပိုခန်းခြောက်စေတဲ့အတွက် […]


ရာသီတုပ်ကွေး

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ

အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ လက်ကို သေချာမဆေးမိတာကြောင့်၊ လူသူ ထူထပ်တဲ့ နေရာတွေကို သွားနေရတာကြောင့်၊ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးမပြုတာကြောင့် အစရှိသဖြင့် အအေးမိတုပ်ကွေးရောဂါပိုးဟာ လူတစ်ဦးကနေတစ်ဆင့် ကူးစက်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် နာလန်ပြန်မထူခင်အချိန်အထိ ပုံမှန်စားနေကျအစာတွေကို ခဏရှောင်ထားပြီး […]


အအေးမိဖျားနာခြင်း

မိုးမိတာနဲ့ အအေးမိဖျားနာ ဖြစ်နိုင်လား

ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ အကျိုးသက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။ မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။ လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း