brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

ကိုယ်ဝန်ပထမအပတ်
ကိုယ်ဝန်ပထမအပတ်
ကိုယ်ဝန်ဒုတိယပတ်
ကိုယ်ဝန်ဒုတိယပတ်
ကိုယ်ဝန်တတိယပတ်
ကိုယ်ဝန်တတိယပတ်
ကိုယ်ဝန်၄ပတ်မြောက်
ကိုယ်ဝန်၄ပတ်မြောက်
ကိုယ်ဝန်၅ပတ်မြောက်
ကိုယ်ဝန်၅ပတ်မြောက်
ကိုယ်ဝန်၆ပတ်မြောက်
ကိုယ်ဝန်၆ပတ်မြောက်
ကိုယ်ဝန်၇ပတ်မြောက်
ကိုယ်ဝန်၇ပတ်မြောက်
ကိုယ်ဝန်၈ပတ်မြောက်
ကိုယ်ဝန်၈ပတ်မြောက်
ကိုယ်ဝန်၉ပတ်မြောက်
ကိုယ်ဝန်၉ပတ်မြောက်
ကိုယ်ဝန်၁၀ပတ်မြောက်
ကိုယ်ဝန်၁၀ပတ်မြောက်
ကိုယ်ဝန်၁၁ပတ်မြောက်
ကိုယ်ဝန်၁၁ပတ်မြောက်
ကိုယ်ဝန်၁၂ပတ်မြောက်
ကိုယ်ဝန်၁၂ပတ်မြောက်
ကိုယ်ဝန်၁၃ပတ်မြောက်
ကိုယ်ဝန်၁၃ပတ်မြောက်
ကိုယ်ဝန်၁၄ပတ်မြောက်
ကိုယ်ဝန်၁၄ပတ်မြောက်
ကိုယ်ဝန်၁၅ပတ်မြောက်
ကိုယ်ဝန်၁၅ပတ်မြောက်
ကိုယ်ဝန်၁၆ပတ်မြောက်
ကိုယ်ဝန်၁၆ပတ်မြောက်
ကိုယ်ဝန်၁၇ပတ်မြောက်
ကိုယ်ဝန်၁၇ပတ်မြောက်
ကိုယ်ဝန်၁၈ပတ်မြောက်
ကိုယ်ဝန်၁၈ပတ်မြောက်
ကိုယ်ဝန်၁၉ပတ်မြောက်
ကိုယ်ဝန်၁၉ပတ်မြောက်
ကိုယ်ဝန်၂၀ပတ်မြောက်
ကိုယ်ဝန်၂၀ပတ်မြောက်
ကိုယ်ဝန်၂၁ပတ်မြောက်
ကိုယ်ဝန်၂၁ပတ်မြောက်
ကိုယ်ဝန်၂၂ပတ်မြောက်
ကိုယ်ဝန်၂၂ပတ်မြောက်
ကိုယ်ဝန်၂၃ပတ်မြောက်
ကိုယ်ဝန်၂၃ပတ်မြောက်
ကိုယ်ဝန်၂၄ပတ်မြောက်
ကိုယ်ဝန်၂၄ပတ်မြောက်
ကိုယ်ဝန်၂၅ပတ်မြောက်
ကိုယ်ဝန်၂၅ပတ်မြောက်
ကိုယ်ဝန်၂၆ပတ်မြောက်
ကိုယ်ဝန်၂၆ပတ်မြောက်
ကိုယ်ဝန်၂၇ပတ်မြောက်
ကိုယ်ဝန်၂၇ပတ်မြောက်
ကိုယ်ဝန်၂၈ပတ်မြောက်
ကိုယ်ဝန်၂၈ပတ်မြောက်
ကိုယ်ဝန်၂၉ပတ်မြောက်
ကိုယ်ဝန်၂၉ပတ်မြောက်
ကိုယ်ဝန်၃၀ပတ်မြောက်
ကိုယ်ဝန်၃၀ပတ်မြောက်
ကိုယ်ဝန်၃၁ပတ်မြောက်
ကိုယ်ဝန်၃၁ပတ်မြောက်
ကိုယ်ဝန်၃၂ပတ်မြောက်
ကိုယ်ဝန်၃၂ပတ်မြောက်
ကိုယ်ဝန်၃၃ပတ်မြောက်
ကိုယ်ဝန်၃၃ပတ်မြောက်
ကိုယ်ဝန်၃၄ပတ်မြောက်
ကိုယ်ဝန်၃၄ပတ်မြောက်
ကိုယ်ဝန်၃၅ပတ်မြောက်
ကိုယ်ဝန်၃၅ပတ်မြောက်
ကိုယ်ဝန်၃၆ပတ်မြောက်
ကိုယ်ဝန်၃၆ပတ်မြောက်
ကိုယ်ဝန်၃၇ပတ်မြောက်
ကိုယ်ဝန်၃၇ပတ်မြောက်
ကိုယ်ဝန်၃၈ပတ်မြောက်
ကိုယ်ဝန်၃၈ပတ်မြောက်
ကိုယ်ဝန်၃၉ပတ်မြောက်
ကိုယ်ဝန်၃၉ပတ်မြောက်
ကိုယ်ဝန်၄၀ပတ်မြောက်
ကိုယ်ဝန်၄၀ပတ်မြောက်

ကိုယ်ဝန်၁၀ပတ်မြောက်

မျှဝေပါ။

10 ပတ်

10 ပတ် မြောက်မှာကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

10 ပတ် အရွယ်သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

ဒီအပတ်မှာ ၃ စင်တီမီတာလောက်ရှိပါပြီ။ 10 ပတ် မြောက်မှာ အင်္ဂါအစုံပေါ်နေပါပြီ။ ဒါပေမယ့် ဆက်ကြီးထွားလာဖို့တော့ လိုပါသေးတယ်နော်။ ခြေထောက်မှာ ဒူးတွေ၊ ခြေချင်းဝတ်တွေဖြစ်လာဖို့ အရိုး၊ အရိုးနုတွေ စဖြစ်လာပါပြီ။ တစ်ချိန်တည်းမှာ လက်မောင်းတွေက ပုံပေါ်လာပြီး ပိုသန်မာလာပါတယ်။

10 ပတ်

အရိုးတွေ သန်မာလာပြီဆိုတော့ သွားဖုံးအောက်မှာ သွားတွေပေါ်လာနေပါပြီနော်။ မွေးပြီး ၆လ မတိုင်ခင်အထိ သွားတွေက သွားဖုံးကို မဖောက်နိုင်ပါဘူး။ တခြားနေရာတွေမှာလည်း ကိုယ်တွင်းအင်္ဂါတွေက ကြီးထွားနေပါတယ်။ အစာခြေအဖွဲ့အစည်းကလည်း အစာခြေရည်တွေ ထုတ်နေသလို ကျောက်ကပ်ကလည်း မေမေတွေရဲ့ ဆီးနဲ့အတူပါသွားမယ့် ရှူးရှူးတွေကို ထုတ်နေပါပြီ။ သားသားလေးဖြစ်မယ်ဆို ကပ္ပာယ်အိတ်ကနေ ကျားဟော်မုန်း (တက်စတိုစတီရုန်း)တွေ စထွက်ပါပြီ။

ခန္ဓာကိုယ်နဲ့ အနေအထိုင် အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကိုယ်ဝန်မရှိခင်က သားအိမ်က အရွယ်သေးသေးလေးပါ၊၊ ဒီအပတ်မှာတော့ အရွယ်ပိုကြီးလာပါပြီ။ အဲဒီတော့ ဗိုက်လေးကရှေ့ကို ထွက်လာတော့တာပေါ့။ ဗိုက်ဖုံးအင်္ကျီလေးတွေလည်း ဝတ်ချင်လာလောက်ရောပေါ့။ အဲလောက်ထိမလိုသေးပေမယ့် ပုံမှန်အဝတ်အစားတွေက သက်သောင့်သက်သာမရှိတော့ဘဲ ရင်ဘတ်မှာကျပ်လာပါပြီ။ ပုံမှန်အဝတ်အစားနဲ့ ဗိုက်ဖုံးအင်္ကျီကြား ဗျာများနေရင်တော့ ဆွဲသား (ဗိုက်အောက် ခါးအောက်ရောက်တဲ့) ဘောင်းဘီ၊ စကပ်တွေ ဝတ်တာ အဆင်ပြေစေပါတယ်နော်။

သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန်တက်လာမှာကိုလည်း စိတ်ပူနေကြမှာပေါ့နော်။ ဒါက ဖြစ်နေကျသဘာဝမို့ ရှောင်လို့မရပါဘူးနော်။ ကိုယ်အလေးချိန် ဘယ်လောက်အထိတက်တာက သင့်တော်လဲဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်၊၊

မိမိက ကိုယ်ဝန်မဆောင်ခင်က ပုံမှန်ကိုယ်အလေးချိန် ရှိသူလား၊၊ အဝလွန်သူလား၊၊ ကိုယ်အလေးချိန် မပြည့်သူလားဆိုတာကို သိဖို့ လိုပါတယ်၊၊ ဒီပေါ်မှာ မူတည်ပြီး ကိုယ်အလေးချိန် ဘယ်လောက်တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ပါတယ်၊၊

ဒီအလေးချိန်တွေ ဘယ်ကနေရောက်လာတာလဲ၊၊

တက်လာတဲ့ ကိုယ်အလေးချိန်တွေက ဘယ်ကနေ ရောက်လာတာပါလိမ့်၊၊ တစ်နေ့ တစ်နေ့ စားနေသောက်နေလို့ ဒီလိုကြီး ဝလာတာလားလို့ မတွေးပါနဲ့နော်၊၊ ဒီအလေးချိန်တွေက ကိုယ်ဝန်ဖွံ့ဖြိုးလို့ တက်လာတာ ဖြစ်ပါတယ်၊၊

ဥပမာအနေနဲ့၁၅ကီလိုလောက် အလေးချိန်တက်လာရင် အလေးချိန်မျှဝေပုံက

  • ကလေး- ၃.၇၅ကီလို
  • အချင်း- ဝ.၇၅ကီလို
  • ရေမြွာရည်– ၁ကီလို
  • ကြီးလာတဲ့သားအိမ်အလေးချိန်- ၁ကီလို
  • ရင်သားတစ်ရှူး-၁ကီလို
  • တိုးလာတဲ့ သွေးထုထည်- ၂ကီလို
  • တစ်ရှူးထဲကအရည်- ၂ကီလို
  • အဆီ- ၃.၅ကီလို

ကိုယ်အလေးချိန်တက်လာတာကို စိတ်ဖိစီးမနေကြပါနဲ့။ ဒါက ဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ၊၊ မျှတကျန်းမာတဲ့ အာဟာရကို စားပေးနေသမျှတော့ ကလေးက လိုအပ်တဲ့အာဟာရကို စုပ်ယူပြီး ပုံမှန်ကြီးပြင်းလာမှာပါ။

ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ပင်ပန်းတာတွေ မောတာတွေ ပိုဖြစ်လာသေးလား။ ဒါက ပထမသုံးလမှာ ပုံမှန်ဖြစ်လေ့ရှိတာမျိုးပါ။ အလုပ်ကို ထိခိုက်လာတဲ့အထိဖြစ်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ပင်ပန်းစေတဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ အဓိကကတော့ ဖွံ့ဖြိုးနေတဲ့ကလေးလေးကိုပါ အထောက်အပံ့ပေးဖို့ အလုပ်ပိုလုပ်ရလို့ပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကလည်း သွေးပမာဏကို တိုးလာစေပြီး ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုပါ ပြောင်းလဲစေလို့ပါ။ အဲဒီတော့ အားနည်းတယ်ဆိုတာ မဆန်းပါဘူးနော်။ ဘယ်လိုခံစားနေရတယ်ဆိုတာတွေကို ဆရာဝန်ကို ပြောပြပါ။ ဆရာဝန်က သက်သာစေမယ့်နည်းတွေကို ကူညီရှာဖွေပေးမှာပါနော်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

အဓိကလိုအပ်တာပေါ်မူတည်ပြီး ဆရာဝန်က အောက်ပါစစ်ဆေးမှုတွေကို စစ်ပေးမှာပါ။

  • ကိုယ်အလေးချိန်နဲ့ သွေးဖိအားတိုင်းခြင်း
  • ဆီးထဲက သကြားဓာတ်နဲ့ အသားဓာတ် စစ်ဆေးခြင်း
  • သားအိမ်အရွယ်အစားကို သိဖို့ အပြင်ကနေ စမ်းခြင်း

စစ်ဆေးတဲ့အခါကျရင် မရှင်းတာတွေကို ဆရာဝန်ဆီပြန်မေးလို့ရပါတယ်။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ။

  • ကိုယ်ဝန်ဆောင်ထားချိန်မှာ လိင်ဆက်ဆံလို့ရရဲ့လား။

ပုံမှန်ကိုယ်ဝန်ဆိုရင်ရပါတယ်။ ဆန္ဒရှိပြီး နေလည်းကောင်းတယ်ဆို လိင်ဆက်ဆံဖို့ ဝန်လေးနေစရာမလိုပါဘူး။ မောတာ၊ ပျို့ချင်တာတွေကြောင့် လိင်စိတ်ကိုလျော့ကျစေနိုင်ပေမယ့် လိင်အင်္ဂါနဲ့ ရင်သားတစ်ဝိုက်သွေးလည်ပတ်မှုကောင်းတဲ့ အမျိုးသမီးတွေကတော့ လိင်စိတ်မြင့်နေမှာပါ။

သေချာအောင်ဆရာဝန်ကို မေးကြည့်ဖို့တော့ မမေ့ကြပါနဲ့နော်။ လိင်ကိစ္စကို ရှောင်သင့်တဲ့ အမျိုးသမီးတွေကတော့

  • လမစေ့ဘဲ မွေးလာနိုင်သူတွေ
  • မိန်းမကိုယ် သွေးဆင်းနေသူတွေ
  • ရေမြွှာရည် နည်းနေသူတွေ
  • အမြွာကိုယ်ဝန်
  • သားအိမ်အဝ စောပွင့်သူတွေ
  • အချင်းက သားအိမ်အဝမှာ ပိတ်နေသူတွေ (အချင်းအရှေ့ရောက်ခြင်း) ပဲ ဖြစ်ပါတယ်၊၊

ဒီအချက်တွေမဖြစ်ဘူးဆိုရင်တော့ လိင်ဆက်ဆံလို့ ရနိုင်ပါတယ်။ ပိုပြီးသေချာချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်၊၊

နောက်အပတ်မှာ ဆက်တွေ့ကြရအောင်နော်။

ရေးသားသူ- Hmwe San Eain

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel မှ ရေးသားသည်။ · 10/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။