Motion sickness ကြောင့် morning sickness ပိုဆိုးသွားနိုင်သလား
မေမေဖြစ်တဲ့သူတိုင်းတော့ မဟုတ်ပေမယ့် မေမေတော်တော်များများကတော့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရချိန်မှာ morning sickness လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုလက္ခဏာကိုခံစားရလေ့ရှိကြပါတယ်။ ဘာပဲစားစား အန်ချင်နေမယ်၊ အနံ့တစ်မျိုးမျိုးရရင်တောင် အန်ချင်နေတာမျိုးပေါ့။ ဒီလိုအချိန်မှာ မဖြစ်မနေသွားစရာပေါ်လာလို့ ခရီးသွားရပြီဆိုပါတော့ နဂိုကတည်းက ကားကလည်း မူးတတ်တယ်ဆိုရင် သေချာတာကတော့ Motion sickness (ကားမူးတာ) ကိုရော morning sickness လို့ခေါ်တဲ့ (ကိုယ်ဝန်ဆောင်ကာလပျို့အန်မှုလက္ခဏာ) ကိုပါ ခံစားရတော့မှာပါ။ အရမ်းပင်ပန်းမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ လေဒီဗိုက်လေးတို့ မေးချင်နေမယ် မေးခွန်းတစ်ခု ဒီနေရာမှာ ခရီးသွားမယ့် လေဒီဗိုက်လေးအနေနဲ့ မေးချင်နေမိနိုင်တဲ့ မေးခွန်းတစ်ခုကတော့ ဘေဘီလေးကို လွယ်ထားရတာ ကြောင့် ခံစားရနိုင်တဲ့ morning sickness ကြောင့် Motion sickness ပိုဆိုးသွားမလားဆိုတာပါ။ အဖြေလေးကို တူတူဆက်ကြည့်လိုက်ရအောင်နော်။ လေဒီဗိုက်လေးသိချင်နေမယ့် မေးခွန်းအတွက်အဖြေ ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေရချိန်မှာ ကိုယ်တွင်းမှာ human […]








































































