မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဘယ်လိုဖွံ့ဖြိုးလာသလဲ။ ကလေးလေးရဲ့ အသက်  ၁နှစ် ကနေ ၅ နှစ်တာကာလအတွင်းမှာ အရပ်အမောင်းရော ကိုယ်အလေးချိန်ပါ ပြောင်းလဲလာပါပြီ။ ပုံပန်းသဏ္ဍာန်လေးလည်း ပြောင်းလဲလာတော့မှာပါ။ ကလေးက တစ်နှစ်ကို ၃ လက်မလောက် အရပ်တက်လာမှာ ဖြစ်သလို ကိုယ်အလေးချိန်ကလည်း တစ်နှစ်ကို ၄ ပေါင်ခွဲလောက်စီကို တိုးလာတော့မှာပါ။ ကလေးက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နေပါပြီ။ အရိုးတွေ၊ ဦခေါင်းခွံနဲ့၊ မျက်နှာတွေ ကြီးထွားဖွံ့ဖြိုးလာပါပြီ။ ဒီကာလမှာ မျက်နှာဝိုင်းဝိုင်းလေးကနေ မျက်နှာကျပုံစံ အမျိုးမျိုး ပြောင်းလာတော့မှာပါ။ အကြောင်းကတော့ သားသားမီးမီးတို့ရဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့တွေက ထင်းထင်းလာပါပြီ။ မေးရိုးတွေကျယ်လာပြီး သွားတွေလည်း စုံလာပြီ။ ပခုံးလေးကျဉ်းလာပြီး ဗိုက်ကလေးက ချပ်ရပ်လာပြီ။ ကိုယ်နေဟန်ထား […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား

ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ကျန်းမာတယ်၊ ထွားတယ်၊ ပျော်ရွှင်လန်းဆန်းနေတယ်ဆိုတာက မေမေတစ်ယောက်ကို စိတ်ချမ်းသာစေမယ့် အချက်တစ်ခုဆို မမှားလောက်ဘူးထင်ပါတယ်။ ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းလာဖို့ဆိုရင် ကျန်းမာဖို့က အရေးကြီးပါတယ်။ ကျန်းမာဖို့ဆိုရင်တော့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအားကောင်းတဲ့ သားသားမီးမီးဖြစ်ဖို့ပါ။ ကိုယ်ခံအားဆိုတာ ဘာလဲ...... ခန္ဓာကိုယ်ကျန်းမာဖို့ ကာကွယ်ပေးတဲ့ ခံတပ်တစ်ခုပါ။ လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေ၊ပရိုတင်းတွေ၊တစ်ရှူးတွေ နဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးတဲ့အရာပါ။ ကိုယ်ခံအားက ဘာလုပ်ပေးလဲ.... ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ခံတပ်ကြီးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးပြီး ကျန်းမာပျော်ရွှင်နေစေဖို့လုပ်ဆောင်ပေးပါတယ်။ ကလေးတစ်ယောက်က ရောဂါကင်းပြီး ကျန်းမာမှ ပျော်ရွှင်စွာနဲ့ ကြီးပြင်းနိုင်မှာပါ။ ကလေး နဲ့ ကိုယ်ခံအား ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားကအပြည့်အဝတော့မဖွံ့ဖြိုးသေးပါဘူး။ ကံကောင်းတာတစ်ခုက လူတွေမှာတော့ သန္ဓေသားက မိခင်နဲ့ဆက်ထားတဲ့အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။ နောက်ပိုင်းကာလမှာတော့အရွယ်ရောက်လာတာနဲ့အမျှ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အကျိုးပြုဘက်တီးရီးယား အကျိုးကျေးဇူးများသလား

Probiotic ဆိုတာ ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကို အကျိုးပြုတဲ့ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ ဘက်တီးရီးယားဆိုတာနဲ့ရောဂါဖြစ်စေတဲ့ပိုးတွေလို့ အများအားဖြင့်ယူဆကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ မြောက်မြားစွာရှိနေတဲ့ ဘက်တီးရီးယားတွေကကောင်းတာရော၊ မကောင်းတာပါရှိပါတယ်။ Probiotic ကတော့ အစာခြေစနစ်နဲ့ အူလမ်းကြောင်းကျန်းမာစေဖို့ အကျိုးပြုတဲ့ဘက်တီးရီးယားတွေဖြစ်ပါတယ်။ ဒီလိုအကျိုးပြု Probiotic က ကလေးတွေရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေဖို့ အထောက်အကူပေးနိုင်မှာကိုလည်း မိဘတွေသိကြမှာပါ။ ဒါပေမယ့် ကလေးရဲ့ကျန်းမာရေးမှာProbiotic က တခြားဘယ်လိုအရေးပါတဲ့နေရာက အကျိုးကျေးဇူးတွေပေးနေသလဲ၊ ဘာအတွက်ကောင်းသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။ ကလေးရဲ့ခန္ဓာကိုယ်ဇီဝလုပ်ဆောင်ချက် တွေနဲ့ ကိုယ်အလေးချိန်ကို သက်ရောက်မှုရှိတယ်။ အူတွင်းဘက်တီးရီးယားတွေ လုံလောက်တဲ့ပမာဏရှိနေတာက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာ ကလေးရဲ့ဦးနှောက်ကျန်းမာရေးကိုထောက်ပံ့ပေးတယ်။ အစာကြေလွယ်စေပြီး ကလေးရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ‌တွေကို အူလမ်းကြောင်းက အပြည့်အဝစုပ်ယူနိုင်ဖို့ ကူညီပေးတယ်။ ကိုယ်ခံအားကောင်းစေတယ်။ Probiotic ပုံမှန်ရရှိတဲ့ ကလေးဟာ ကိုယ်ခံအားစနစ်ပိုအားကောင်းနိုင်ပါတယ်။ ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းပိုကျန်းမာလာပြီးရောဂါပိုးတွေကို ခုခံနိုင်စွမ်းပိုကောင်းလာပါလိမ့်မယ်။ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် အဖြစ်များတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတွေ ဟင်းသီးဟင်းရွက်စားအောင် ဘယ်လိုလုပ်ရမလဲ

ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက်က အာဟာရသင့်တင့်မျှတအောင်စားသုံးဖို့လိုပါမယ်။ ကလေးတွေအတွက်ကတော့ကလေးဘဝအရွယ်ကတည်းက အာဟာရမျှတအောင် စားသုံးတတ်ဖို့ မိဘတွေက သင်ကြားပေးဖို့လိုပါမယ်။ ကလေးဆိုတာက ပုံသွင်းလို့လွယ်တဲ့ ဖယောင်းလေးတွေပါ။ ဒါကြောင့် သားသားမီးမီးတွေကို ငယ်စဉ်အရွယ်ကတည်း ကအာဟာရမျှတအောင်စားသုံးတတ်ဖို့ မိဘတွေက သင်ကြားပေးရမှာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက ကလေးတွေ ကြိုက်တတ်ကြတဲ့ အာလူးကြော်၊သကြားလုံး၊ အချိုကဲတဲ့ အသင့်စား အစားအသောက်တွေ၊ ဟမ်ဘာဂါ တို့ထက်ပိုပြီးကျန်းမာရေးနဲ့သင့်တော်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်၊ အမျှင်ဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးမှာပါ။ သားသားမီးမီးတွေ ဟင်းသီးဟင်းရွက်စားဖြစ်စေဖို့ ကလေးက ငယ်သေးတဲ့အခါ မိဘက ခွံကျွေးသမျှကို စားသုံးပေမယ့် လမ်းလျှောက်တတ်စအရွယ်ေလာက်ရောက်လာတဲ့အခါ အစားအစာတွေကို စပြီး စိတ်ကြိုက်ရွေးလာပါပြီ။ သစ်သီးတွေကို စားဖြစ်ကောင်းစားဖြစ်နိုင်ပေမယ့် ဟင်းသီးဟင်းရွက်တွေကိုတော့ စားခဲလာပါမယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးရဲ့ အစာခြေစနစ်မှာ အမျှင်ဓါတ်လုံလောက်အောင်မရရှိဘဲ ဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဟင်းသီးဟင်းရွက်တွေစားဖြစ်စေဖို့ဆိုရင်တော့ အခုပြောပြမယ့်နည်းလေးတွေသုံးကြည့်နော်။ ဟင်းသီးဟင်းရွက်တွေကိုSmoothie ထဲထည့်ပေးပါ ဟင်းသီးဟင်းရွက်တွေကို Smoothie […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတော်တော်များများစားမိနေတဲ့ သကြားဓာတ်များတဲ့ အစားအစာတွေ

အရာရာဖွံ့ဖြိုးဖို့အားယူနေဆဲ ကလေးအရွယ်မှာ နေ့စဉ်အစားအသောက်တွေထဲ အာဟာရဖြစ်မယ့်အရာတွေချည်း ပါနေသင့်တဲ့အပြင် ဆိုးကျိုးဖြစ်စေမယ့်အရာတွေ ကင်းနေမှဖြစ်မှာပါ။ ဖေဖေမေမေတို့ကတော့ အာဟာရပြည့်စေဖို့၊ ဖွံ့ဖြိုးမှုမြန်စေဖို့၊ ကလေးစိတ်ကျေနပ်စေဖို့ အန္တရာယ်ကင်းမယ့် အကောင်းဆုံးတွေကို ရွေးချယ်ပေးကြမှာပါပဲ။ ဒါပေမယ့် တချို့သော ကလေးအစားအသောက်တွေရဲ့ နောက်ကွယ်မှာ အသံတိတ်အန္တရာယ်တစ်ခု ရှိနေခဲ့တာ သတိပေးပါရစေ။ အဲဒါကတော့ သကြားဓာတ်များနေတဲ့ အစားအသောက်တွေပါပဲ။ ကိုယ့်ကလေးစားမိနေတဲ့ အစားအသောက်တွေထဲ အချိုဓာတ်များတာတွေ ပါဝင်နေနိုင်တာကို မိဘတွေ သတိထားမိဖို့ အရေးကြီးပါတယ်။ မေမေတို့ သတိထားလို့ရအောင်လို့ သကြားဓာတ်များနေနိုင်တဲ့ ကလေးကြိုက်အစားအသောက်တွေကို ဥပမာ ဖော်ပြပေးလိုက်ပါတယ် - သကြားလုံးနဲ့ ဂျယ်လီ ဒါတော့ အသိသာဆုံးပါနော်။ သကြားလုံးကတော့ အရွယ်ကြီးတဲ့အထိ ကလေးတိုင်း ကြိုက်တဲ့ထဲ ထိပ်ဆုံးကပေါ့။ သကြားလုံးနဲ့ ဂျယ်လီတွေမှာ ကလေးအတွက်လိုအပ်တဲ့ဓာတ်တွေ ဘာတစ်ခုမှမပေးတဲ့ အပြင် ကယ်လိုရီလည်း မပါရှိပါဘူး။ အဆိုးဆုံးက သူတို့ကို စားတာများရင် ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးပျိုးထောင်ရာမှာ ပြုလုပ်တတ်တဲ့ မိဘတွေရဲ့ စေတနာအမှားများ

မိဘရယ်လို့ ဖြစ်လာရင် ကိုယ်ချစ်တဲ့သားသမီးတွေကို ကျန်းမာပျော်ရွှင်စေချင်ကြတယ်။ တခြားကလေးတွေထက်လည်း ဉာဏ်ကောင်းထက်မြက်ပြီး ထူးချွန်စေကြတယ်မလား။ အဲ့လိုမျိုး ကိုယ့်ကလေးအနာဂတ်အတွက် ဖြစ်စေချင်တဲ့ စေတနာတွေ၊ ဆန္ဒတွေ များလွန်းတဲ့အခါ တစ်ခါတလေ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သူတို့တွေရဲ့ စိတ်ခံစားချက်တွေ၊ ထူးချွန်ထက်မြက်မှုကို အဟန့်အတားဖြစ်သွားစေနိုင်တဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒီတော့ ကိုယ့်ကလေးကို ထူးချွန်စေချင်ကြတဲ့ မိဘတွေတိုင်း သိထားသင့်တဲ့ မလုပ်သင့်ဆုံးအမှားလေးတွေကို ခုဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။ ၁။ ကလေးဘာလုပ်နေလဲဆိုတာ မျက်စိဒေါက်ထောက် လိုက်ကြည့်နေခြင်း မိဘဆိုတာကတော့ ကိုယ့်ကလေးကို စိုးရိမ်ပူပန်တဲ့စိတ်နဲ့ သူတို့ဘာလုပ်နေလဲ၊ ဘာစားနေလဲ၊ စာမှလိုက်နိုင်ရဲ့လား အစရှိသဖြင့် အချိန်ပြည့် လိုက်ကြည့်တတ်ပါတယ်။ အဲ့ဒီအခါ ကလေးတွေအနေနဲ့ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့သလို သူတို့ ဘာလုပ်လုပ် အနောက်ကနေ စောင့်ကြည့်နေမယ့်၊ အပြစ်တင်နေမယ့်၊ ဝေဖန်နေမယ့် မိဘတွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း

မေမေတို့ရေ... ကလေးတို့ရဲ့ကျန်းမာဖွံ့ဖြိုးမှုအတွက် အာဟာရမလုံလောက်မှာ ဒါမှမဟုတ် အစားအသောက်ကနေ ဘေးဖြစ်စေမှာ စိုးရိမ်ရတာနဲ့ ရင်မောနေရောပေါ့။ ကိုယ့်ရဲ့တန်ဖိုးအထားရဆုံး ရင်သွေးရတနာတွေ အတွက် အစားအသောက်ရွေးချယ်ရာမှာ မေမေတို့ သတိထားသင့်တဲ့ အချက်တစ်ခုကို အခုပဲ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ကလေးအတွက် အစားအသောက်တွေမဝယ်ခင် သူ့ရဲ့ပါကင်ဘူး သို့မဟုတ် အထုပ်မှာပါတဲ့ Label (ပါဝင်မှုအညွှန်း) ကို အရင်ဖတ်ဖို့ပါပဲ။ Label ဖတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ Label ဆိုတာ ဒီအစားအသောက်ထုတ်ကုန်မှာ ဒါတွေ ပါဝင်ပါတယ်လို့ ထင်သာမြင်သာ ဖော်ပြပေးထားတဲ့ ပါဝင်မှုအညွှန်းဖြစ်ပြီး သူတို့ရဲ့ အချိုးအစားပမာဏကိုလည်း နှုန်းအတိအကျ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးဗိုက်ထဲ ဝင်မယ့် အစားအသောက်တွေကို မဝယ်ခင် သေချာစစ်ဆေးနိုင်တယ်၊ ရွေးချယ်နိုင်တယ်၊  ကျန်းမာရေးအတွက် မသင့်တော်တာ ပါနေပြီဆို ရွေးချယ်မှုစာရင်းက ချက်ချင်းဖယ်လိုက်လို့ရတယ်။ ဒီတော့ Label ကို ဘယ်လိုကြည့်ကြမလဲ တစ်ခါစားပမာဏအတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအာဟာရမှာ ထည့်သွင်းပေးဖို့ မေမေတို့ မေ့နေတတ်တာ ဘာဖြစ်မလဲ

ကလေးကို ဘာအားဆေးလေးတိုက်ရမလဲ၊ ဉာဏ်ရည်ထက်အောင် ဘာကျွေးရမလဲ ဆိုတဲ့ မေးခွန်းတွေက မေမေတို့အတွေးမှာ စိုးမိုးထားလေ့ရှိပါတယ်။ ကလေးအတွက် စီစဉ်သမျှတွေထဲမှာ အမြင်အာရုံဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးမှုတို့အတွက် ဦးစားပေးကြတယ်။ အစားအသောက်၊ ကစားနည်း၊ အားဆေး၊ ဖြည့်စွက်အာဟာရ စတဲ့ အသွင်ပုံစံအမျိုးမျိုးနဲ့ ဒီဖွံ့ဖြိုးမှုတွေကို အားဖြည့်ပံ့ပိုးကြတယ်လေ။ ဒါပေမယ့် ကလေးရဲ့အလုံးစုံကျန်းမာရေးအတွက် အဓိကကျတဲ့ အရာတစ်ခုကို မေ့နေတတ်တာကို သတိပေးချင်ပါတယ်။ အဲဒါကတော့ ကလေးရဲ့အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ အစာခြေစနစ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာမှု၊ ဖွံ့ဖြိုးမှု၊ ထိန်းသိမ်းကုသနိုင်မှု၊ ရောဂါကာကွယ်နိုင်မှုတို့ အားလုံးအတွက် အဓိကအရေးပါနေပါတယ်။ ဘာလို့ဆို စားသမျှ၊ သောက်သမျှတွေဆီက အာဟာရဓာတ်တွေကို သူကပဲစုပ်ယူပြီး လိုအပ်သလိုစီမံပေးတာမို့ပါပဲ။ အစာခြေစနစ် မကျန်းမာရင် အားဆေးဘယ်လောက်တိုက်တိုက်၊ အစားဘယ်လောက်ကျွေးကျွေး ကလေးရဲ့ကျန်းမာရေးအတွက် အရာရောက်မှာ မဟုတ်ပါဘူး။ ကလေးက ချူချာပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးမှာ သင့်တင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ရစေဖို့

မိဘဆိုတာ ကိုယ်ချစ်တဲ့သားသမီးအတွက်ဆိုရင် အရာရာကို အကောင်းဆုံး ဖြစ်စေချင်ကြတာပါပဲ။ အဲ့တော့ ကလေးနဲ့ပတ်သက်သမျှ ကိစ္စတိုင်းအတွက် အမြဲတမ်းလိုလို တွေးပူနေရတာတော့ပေါ့။ အထူးသဖြင့် ကလေးရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအပိုင်းမှာ မိဘတွေအနေနဲ့ ဘာလုပ်သင့်လဲ၊ ဘာကျွေးသင့်လဲ၊ ကိုယ်လုပ်နေတာ၊ ကျွေးနေတာတွေက ကိုယ့်ကလေးအတွက်ရော မှန်ကန်နေရဲ့လား၊ ကိုယ့်ကလေးက ပိန်လွန်းနေလား ဒါမှမဟုတ် ဝလွန်းနေလား အစရှိသဖြင့် အမေးများနေတတ်ကြပါတယ်။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘာတွေက သက်ရောက်မှုရှိစေလဲ။ ကြီးထွားဖွံ့ဖြိုးခြင်းဆိုတဲ့နေရာမှာ ကလေးတစ်ယောက်ရဲ့ အသက်နဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးစတာတွေ အဓိကပါဝင်ပါတယ်။ ဒီအရာတွေကို မိဘမျိုးရိုးဗီဇ • တစ်နေ့တာ ဘာတွေစားသုံးလဲ • အာဟာရပြည့်ဝမှုရှိခြင်း မရှိခြင်း • အိပ်ချိန်အပြည့်အဝ ရရဲ့လား • ကလေးက အထိုင်များနေလား။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရဲ့လား • အားကစားလိုက်စားလား • မကြာခဏ ဖျားနာနေတတ်လား • ရောဂါအခံ သို့မဟုတ် ကျန်းမာရေးပြဿနာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတစ်ယောက် ကောင်းမွန်စွာကြီးပြင်းလာစေဖို့ ဘယ်လိုဂရုစိုက်မလဲ

ပြောတော့သာလွယ်တာပါနော်။ ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ရတာ အတော်လေးဂရုစိုက်ရပါတယ်။ ကလေးက ကျန်းမာဖွံ့ဖြိုးရမယ့်အပြင် သွက်လက်ပျော်ရွှင်နေဖို့ကိုလည်း ဦးစားပေးရပါလိမ့်မယ်။ ကနေ့ခေတ် ထူးချွန်ထက်မြက်တဲ့ သားသမီးတွေကို မွေးထုတ်ပေးနိုင်တဲ့ မိဘတွေက ဒီအကျိုးရလဒ်ကို လွယ်လွယ်နဲ့ရခဲ့တယ်ထင်ပါသလား။ ကလေးကို စားချင်တာဝယ်ကျွေး၊ လိုချင်တာဝယ်ပေးပြီး စိတ်ချမ်းသာအောင် အလိုလိုက်ထားရုံနဲ့ ကျန်းမာပျော်ရွှင်စေမှာလား ဒါမှမဟုတ် စည်းကမ်းကောင်းကောင်း ကြပ်မတ်ထားရုံနဲ့ ထူးချွန်ထက်မြက်စေမှာတဲ့လား… ဒီလိုဆို မိဘတွေက ဘယ်လိုဂရုစိုက်ပေးရမှာလဲ၊ ဘယ်လိုပျိုးထောင်ပေးရမှာလဲ။ ဒီမေးခွန်းကို အဓိကအဖြေကတော့ နေ့စဉ်ဘဝမှာ ကလေးရဲ့အာဟာရနဲ့ လှုပ်ရှားမှုအလေ့အကျင့်‌တွေပဲဖြစ်ပါတယ်။ ကိုယ့်ကလေး နေ့တိုင်းစားသောက်နေတဲ့အာဟာရထဲမှာ သူ့ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်နေတဲ့ဓာတ်တွေ ပါနေရဲ့လား၊ သွက်လက်ထက်မြက်မှုကို အားပေးတဲ့ လှုပ်ရှားမှုတွေနဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေရဲ့လား သိဖို့ အရေးကြီးပါတယ်။ ဖေဖေမေမေတို့ကို အကြံပေးချင်တာကတော့ - (၁) ကလေးကို အကြိုက်ဆော့ခွင့်ပေးပါ အမြဲအလိုလိုက်ပြီး မျောက်ရှုံးအောင် ဆော့ခွင့်ပေးထားဖို့ကို မဆိုလိုပါဘူးနော်။ အချိန်နဲ့နေရာ သတ်သတ်မှတ်မှတ်ဆော့ကစားခွင့်ပေးပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ

မိဘရယ်လို့ ဖြစ်လာရင် ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ တွေးပူပြီး အမြဲတမ်းစောင့်ကြည့်လေ့လာနေရတတ်တာ သဘာဝပါပဲ။ ကလေးဆိုတာက လူကြီးတွေလိုမဟုတ်ဘဲ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်ကလည်း နုသေးတယ်။ ပြီးတော့ ဟိုဟာမစား ဒီဟာမစားနဲ့ ကြေးများတတ်တော့ ပိုဆိုးတာပေါ့။ အထူးသဖြင့် ဒီလိုမျိုး အစားရွေးတတ်တဲ့ကလေးတွေက တခြားကလေးတွေထက် ပိုပြီးပိန်ညှက်တတ်တယ်၊ ဖျားနာဖို့လည်း ပိုလွယ်ပါတယ်။ သင့်ကလေးရော ခဏခဏဖျားနေတတ်လား။ ပုံမှန်ဆိုရင်တော့ ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၃-၄ကြိမ်ထိ ဖျားနာတတ်ပါတယ်။ လူကြီးတွေလည်း အဲ့ဒီအတိုင်းပါပဲ။ ဒီအကြိမ်ရေထက် ပိုများသွားပြီဆိုရင်တော့ ကလေးက ကိုယ်ခံအားနည်းနေလား၊ သူ့ကြည့်ရတာ အားမရှိသလို ပျော့ခွေနေလား၊ အစားရော ကောင်းကောင်းစားနိုင်ရဲ့လား၊ စတာတွေကို လေ့လာဖို့လိုတဲ့အပြင် ကလေးအထူးကုဆရာဝန်နဲ့လည်း သေချာပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ခဏခဏ ဖျားတတ်တဲ့ ကလေးကို ဘာကျွေးမလဲ။ အမြဲတမ်းလိုလို ဖျားနေတတ်တဲ့ ကလေးတစ်ယောက်က ကိုယ်ခံအားသိပ်မရှိဘဲ ပျော့ခွေပြီး နုံးနေသလို၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း