ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အသက် ၆နှစ်ကနေ ၁၂နှစ်ကြား၊ ကျောင်းနေအရွယ်ကလေးတွေက အရပ်ရော ကိုယ်အလေးချိန်ရော တက်လာသလို ကျောင်းစာတွေကိုလည်း စတင် သင်ယူနေရပါပြီ။ ဒီအချိန်မှာ မှန်ကန်မျှတတဲ့ အာဟာရကို ရမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပါ။ ကလေးရဲ့ အာဟာရကို ဘယ်လိုဖြည့်စွက်ပေးသင့်လဲဆိုတာကို ဒီမှာ ကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

ကျောင်းနေအရွယ် ဖြစ်ကြတဲ့ ( အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား) သားသားမီးမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားဖို့ လိုအပ်ပါမယ်။ ကြီးထွားနေတဲ့အရွယ်ဆိုပေမယ့် ကြီးထွားမှု နှေးကွေးတာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့ကို အစား ၄ ကြိမ်ကနေ ၅ကြိမ်လောက် ကျွေးမွေးဖို့ လိုပါတယ်။ ဒီကာလမှာ ဘာကိုတော့ဖြင့် မစားချင်ဘူး။ ဘာကိုမှ ကြိုက်တာဆိုပြီး အစားရွေးတာမျိုးတော့ ရှိပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ တီဗွီအစီအစဉ်တွေကို ကြည့်ပြီး အစားအသောက်ရွေးချယ်တာ၊ စားသောက်မှု အလေ့အထ ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေက အခြားအရွယ်မွေးချင်းတွေထက် အစားအစာတွေကို ပိုမို စုံလင်အောင် စားချင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျောင်းမှာ စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ […]

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်

မိုးရာသီ အစမှာ ကျောင်းတွေလည်းဖွင့်တော့မယ်ဆိုတော့ကျောင်းသုံးပစ္စည်းလေးတွေဝယ်၊ အဝတ်အစားအသစ်၊ ထီး၊ ဖိနပ်နဲ့ ထမင်းဘူး၊ရေဘူးတွေ ဝယ်ပေးတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ကျောင်းတက်ရတော့မယ်ဆိုတော့ ကလေး တွေစိတ်အလှုပ်ရှားဆုံးအချိန်ပေါ့။ အိမ်ကနေ ခွဲခွာပြီးကျောင်းတက်ရတော့မှာဖြစ်လို့ ငိုယိုနေတဲ့ အိမ်ပျော်လေးတွေလည်း ရှိသေးတယ်။ အခုမှကျောင်းစတက်မယ့် ကလေးတွေအတွက်စီစဉ်ရင်းနဲ့ ဖေဖေမေမေ တို့လည်း အလုပ်တွေရှုပ်နေမှာပါ။ ဒါပေမယ့် တခြားအရာတွေထက် အလေးထားသင့်တဲ့ တကယ်အရေးကြီးတဲ့အချက်ရှိနေသေးတာကို မမေ့လိုက်ပါနဲ့နော်။ အဲဒါကတော့ ကလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အစာအာဟာရ ပေးနိုင်ဖို့ပါ။ အိမ်မှာရှိနေတုန်းတော့ အရိပ်တကြည့်ကြည့်နဲ့ ကျွေးလို့မွေးလို့ရနိုင်ပေမယ့် မိဘနဲ့ခွဲပြီးကျောင်းစတက်ရမယ့်ကလေးဟာ အရင်လောက် အာဟာရပြည့်ဝအောင် အစားဝင်နိုင်ပါ့မလား။ ထမင်းခွံ့မယ့်အမေ မပါတော့ မစားဖြစ်ရင် ဘယ်လိုလုပ်ပါ့မလဲတွေးပူကြပါလိမ့်မယ်။ သရေစာကြိုက်တဲ့ကလေးက မုန့်စားဆင်းချိန်မှာဘေးကင်းမကင်း မသိရတဲ့မုန့်တွေ ဝယ်စားရင်ရော။ ဒီလိုတွေတွေးပူမနေရဖို့ အသုံးဝင်မယ့် အကြံပြုချက်လေးတွေပြောပြမယ်နော်။ အာဟာရပြည့်တဲ့ မနက်စာကျွေးပါ။ မနက်စာကောင်းကောင်းစားတဲ့ ကလေးတွေဟာ မှတ်ဉာဏ်ပိုကောင်းပြီး ခွန်အားပြည့်ဝတယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခွန်အားပြည့်ဝမှုအတွက် ကွေကာ၊ နို့၊ ကြက်ဥ၊ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

မိုးရာသီမှာ ကလေးတွေကို ဘာတွေကျွေးလို့ ဘာတွေ မကျွေးသင့်ဘူးလဲ

မိုးလေးလည်းစရွာနေပြီ ကလေးတွေလည်း ကျောင်းတက်ရာသီရောက်လာပြန်ပြီနော်။ ကျောင်းနေအရွယ်ကလေးတွေအနေနဲ့ ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုအပ်တယ်ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း အာဟာရဖြစ်တာကို စားမှ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှာပါ။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ ဘာတွေကို ကျွေးသင့်ပြီး ဘာတွေကိုရှောင်သင့်လဲဆိုတာပြောပြပေးပါရစေ။ မိုးရာသီမှာ သားသားမီးမီးတွေကို ကျွေးသင့်တာလေးတွေက စွပ်ပြုတ် ပူပူနွေးနွေး အာဟာရဖြစ်စေပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ရာသီဥတုအေးတာကြောင့် အဖျားမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသားတွေ နဲ့ အသီးအရွက်တွေနဲ့ စွပ်ပြုတ်ချိုချိုလေးပြုတ်ပြီး ခပ်နွေးနွေးလေးတိုက်ပေးပါ။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားကို ကောင်းမွန်စေတဲ့အတွက် ကြက်သွန်ဖြူကိုလည်း ကလေးအတွက်ပြင်ဆင်တဲ့ အစားအစာတွေထဲမှာ ထည့်သွင်းပြင်ဆင်ပေးပါ။ အယ်လ်မွန်စေ့ အယ်လ်မွန်စေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းဗိုက်ပြဿနာကင်းစင်စေမှာပါ။ မိုးရာသီမှာ ဖြစ်တတ်တဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ရှောင်ရှားနိုင်စေဖို့အတွက် အယ်လ်မွန်စေ့ကိုကျွေးပေးပါ။ သလဲသီး သလဲသီးက ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပါတယ်။ ကလေးကို သလဲသီးကျွေးပေးလို့ရသလို သလဲသီးကို ကြိတ်ပြီးဖျော်ရည်အဖြစ်ဖျော်တိုက်လို့လည်း […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

စာမေးပွဲဖြေရမယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်အားပေးမလဲ

စာမေးပွဲအချိန်တွေဆို ကလေးတွေရော မိဘတွေပါ စိတ်လှုပ်ရှားပင်ပန်းကြရတာအမှန်ပါပဲ။ဖြေဆိုမယ့်ကလေးတွေရဲ့စိတ်ဖိစီးမှုကတော့ ပိုသိသာတာပေါ့။ "ငါစာတွေတကယ်ရရဲ့လား၊ ဘာများကျန်နေသေးလဲမသိဘူး၊ ငါထပ်ရောကျက်နိုင်ပါတော့မလား၊ အချိန်ကသိပ်မကျန်တော့ဘူး၊ စာတွေမှတ်မိပါ့မလား" စတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်ရင်းခေါင်းပိုရှုပ်နေရတတ်ပါတယ်။ ဒီဘာသာကိုတော့ပိုင်ပြီ ဟိုဘာသာရပ်ကိုကြောက်တာ စတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပြန်တဲ့အခါ ရပြီးသားစာတွေကိုပြန်နွှေးတာတောင် အခက်တွေ့ရတတ်ပါတယ်။ အခုဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရတော့မှာပါ။ တက္ကသိုလ်ဝင်တန်းဆိုတာ ကလေးတွေရဲ့အသက်မွေးပညာလမ်းကြောင်းကို အပြောင်းအလဲဖြစ်စေမယ့် အချိုးအကွေ့တစ်ခုဖြစ်တာကြောင့် မိဘတွေကလည်း အရမ်းကိုမျှော်လင့်ထားကြတဲ့စာမေးပွဲပါ။ ဒီလိုစာမေးပွဲကာလမှာ အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ကလေးတွေကိုဘေးကအားပေးကူညီကြတဲ့ မိဘတွေရဲ့ပံ့ပိုးမှုကလည်း အရေးကြီးပါတယ်။ ပျင်းနေတဲ့ကလေးကို စာကြိုးစားအောင်၊ စာကြိုးစားတဲ့ကလေးကို အတိမ်းအစောင်းမဖြစ်အောင်၊စေ့စပ်သေချာတဲ့ကလေးကို ပိုအောင်မြင်အောင် ပံ့ပိုးနိုင်သလို ဖိအားတွေများလွန်းလို့ သို့မဟုတ် ထိန်းသိမ်းတဲ့နည်းလမ်းမမှန်လို့ ကလေးရဲ့အရည်အချင်းတွေ တိမ်ငုပ်သွားစေတာလည်း မိဘတွေရဲ့လက်ထဲမှာပါပဲ။ ဘယ်လိုအားပေးကူညီမလဲ ကလေးမှာ စိတ်ဖိစီးနေတဲ့လက္ခဏာတွေရှိလာသလားစောင့်ကြည့်ပါ ကလေးက အရမ်းစိတ်ပူပန်နေမယ်၊ ထိလွယ်ရှလွယ် စိတ်ခံစားချက်ပြင်းထန်နေမယ်၊ခေါင်းကိုက်တာ ဗိုက်အောင့်တာတွေဖြစ်လာတယ်၊စိတ်ဆတ်လာတယ်၊ကောင်းကောင်းအိပ်မပျော်ဘူး၊ အစားစားဖို့သိပ်စိတ်မပါတော့ဘူး၊စိတ်အလိုမကျတဲ့ပုံဖြစ်လာတယ် စတဲ့စိတ်ဖိစီးမှု လက္ခဏာတွေရှိလာနိုင်ပါတယ်။ မိဘတွေအနေနဲ့သတိထားမိတဲ့အခါ ကလေးကို ပိုဂရုစိုက်ပေးရပါမယ်။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်

ဦးနှောက်ဖွံ့ဖြိုး မှုဆိုတာ ကလေးတိုင်းအတွက် အရေးပါပါတယ်။ ဦးနှောက်ကောင်းကောင်း ဖွံ့ဖြိုးမှ ငယ်စဉ်မှာ အထိုင်အထ နောက်မကျမှာ ဖြစ်သလို ကြီးလာလို့ စာသင်ကြားတဲ့အခါမှာလည်း စာတွေလိုက်နိုင်ပြီး ထက်မြက်တဲ့ ကလေးဖြစ်လာမှာပါ။ မေမေတို့ ဖြစ်စေချင်တာလည်း ဒါပဲဟုတ်။ ဒီလို ဖြစ်ဖို့ ကလေးတွေရဲ့ အစားအစာတွေထဲမှာ အာဟာရဓာတ်တစ်မျိုး ဖြည့်စွက်ပေးဖို့ လိုတယ်ဆိုတာ မေမေတို့ သိပြီးပြီလား။ ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့လိုအပ်တဲ့ DHA ဆိုတာက DHA ရဲ့ အဓိပ္ပာယ်အပြည့်အစုံကDocosahexaenoic acid လို့ခေါ်ပါတယ်။ DHA က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုး မှုအတွက်အရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ဦးနှောက်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း DHA ကိုလိုအပ်ပါတယ်။ ကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် DHA ချို့တဲ့နေမယ်ဆိုရင် ကလေးတွေ သင်ယူနိုင်စွမ်းအားနည်းနိုင်ပါတယ်။ DHA က […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကော်ဖီသောက် ခြင်းသည် ကလေးအတွက် ဘာကြောင့် မကောင်းတာလဲ

နိုင်ငံအများစုတွင် ကလေးကို ကော်ဖီတိုက်ခြင်းသည် ကြီးကြီးမားမား ကန့်ကွက်သော အရာဖြစ်သည်။ ကလေးကို ဂဏှာမငြိမ်ဖြစ်စေသည့်အပြင် ကော်ဖီနှင့် ကဖင်းပါသော အချိုရည်များသည် ကလေးနှင့် ဆယ်ကျော်သက်များအား အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာလည်း သက်ရောက်စေပါသည်။ သွားပိုးပေါက်များ ကော်ဖီသည် ၎င်းတွင် ပါဝင်သော အက်ဆစ်ဓာတ်ကြောင့် ကလေး၏ သွားများကို သွားပိုးပေါက်များဖြစ်စေသည်။ ကလေးများ၏ သွားများသည် လူကြီးများထက် ပိုနုနယ်ပြီး ခံနိုင်ရည်အားနည်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အက်ဆစ်ဓာတ်ပါသော ကော်ဖီသည် သူတို့လေးတွေ၏ သွားများကို အလွယ်တကူ အားနည်းစေပြီး သွားကြွေလွှာများကို ပျက်စီးစေကာ သွားပိုးပေါက်များ ဖြစ်စေသည်။ ငယ်သွား ဆုံးရှုံးပြီး ကြီးသွားလဲသောအခါတွင် ကြွေလွှာအသစ် သန်စွမ်းကြံ့ခိုင်ဖို့ နှစ်နဲ့ ချီပြီးကြာပါသည်။ ကော်ဖီသောက်သောကလေးများသည် လူကြီးများထက်ပိုပြီး သွားပိုးပေါက်နှင့် ကြွေလွှာဆုံးရှုံးခြင်း ကဲ့သို့သော ခံတွင်းကျန်းမာရေး ပြဿနာ ပိုအဖြစ်များပါသည်။ ဂဏှာမငြိမ်ခြင်း ကော်ဖီသည် ကလေးကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ်

ယနေ့ခေတ်တွင် ကိုယ်အလေးချိန် လွန်ကဲသော ကလေးများစွာရှိနေသော်လည်း ကိုယ်အလေးချိန် တက်လာဖို့ လိုတဲ့ ကလေးများလည်း ရှိပါသည်။ ကယ်လိုရီများကို တိုးတိုးထဲ့ခြင်းဖြင့် ကလေးများ၏ အစားအသောက်ပုံစံများကို တဖြည်းဖြည်း ပြောင်းလဲယူနိုင်ပါသည်။ အောက်ပါတို့သည် ကိုယ်အလေးချိန်နည်းသော ကလေးများကို အထောက်အကူဖြစ်စေမည့် နည်းလမ်းများဖြစ်ပါသည်။ သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ် သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ် ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်လား။ အကြောင်းရင်းကို သိရှိနားလည်ခြင်း အောက်ပါတို့သည် ကလေးများအတွက် ကိုယ်အလေးချိန် တက်ရန် ခဲယဉ်းစေသော အချက်များဖြစ်ပါသည်။ · ဟော်မုန်းနှင့် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များ · သောက်နေသောဆေးများ · ဆော့လွန်းခြင်းသည် ပုံမှန်ထက်အဆီများကိုလောင်းကျွမ်းစေသည်။ · အစားအစာများနှင့် ဓါတ်မတည့်ခြင်းများ · သူငယ်ချင်းများထံမှ ရသော စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်များ ထိုသို့ဖြစ်လာပါက မိဘများအနေဖြင့် ကလေးဆရာဝန်နှင့် တိုင်ပင်ရန် ဝန်မလေးသင့်ပါ။ သင့်ကလေး၏ ကြုံတွေ့နေရသော အခက်အခဲများနှင့် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများ

ကလေးများ ကြီးထွားဖွံဖြိုးမှုအတွက် အစာတစ်ခုတွင် ပါဝင်ရမည့် မရှိမဖြစ်အာဟာရများ များစွာလိုအပ်ပါသည်။ သို့သော် လမ်းလျှောက်စအရွယ်များတွင် အစားကျွေးချိန်၌ စားချင်သလောက် များများစားမည့် ဝမ်းဗိုက်လေးများအတွက်တော့ ခက်ခဲနိုင်သည်။ တစ်နည်းပြောရလျှင် ကလေးကို သေချာထိုင်ခိုင်းပြီး အစာကောင်းကောင်းကျွေးနိုင်ဖို့က မိခင်အတွက် ဒုက္ခတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် အာဟာရပြည့် သရေစာများသည် ကွာဟနေမည့် အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်နေရာတွင် အရေးပါပါသည်။ ကလေးများတွင် ကျန်းမာရေးနှင့် ညီညွတ်သော သရေစာများက အခရာကျသော အစာပင်ဖြစ်သည်။ ကလေးများအတွက် ကျန်းမာရေးနှင့်ညီသော သရေစာစားရန် အချိန်ကောင်းတစ်ခု ဒီနည်းလမ်းသည် ကလေးများ ကျန်းမာသော ကိုယ်အလေးချိန် ရရှိစေမည့် အခြေခံများဖြစ်သည်။ နည်းနည်းနှင့် ခဏခဏကျွေးခြင်း - ပုံမှန်အစားအစာအား ၆ ကြိမ်ကျွေးမည့်ပုံစံကို ခွဲလိုက်ပါ။ ဆိုလိုသည်မှာ ကလေးများ ၂-၃ နာရီ ခြားတစ်ခါ ထမင်း (သို့မဟုတ်) သရေစာ စားရမည်ဖြစ်သည်။ ထိုသို့ဖြင့် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အသီးအရွက်နဲ့ သစ်သီးတွေကို ကလေးတွေအကြိုက်ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ

အသီးအရွက်စားခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ကလေးအများစုက အသီးအရွက်တွေရဲ့ အရသာကို မကြိုက်တာကြောင့် သိပ်မစားဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကလေးတွေ အကြိုက်တွေ့စေမယ့် အသီးအရွက် ပြင်ဆင်နည်း ၁၀ ခုကို ရေးသားလိုက်ရပါတယ်။ (၁) ဖျော်ရည်လုပ်တိုက်ပါ။ လတ်ဆတ်တဲ့ သစ်သီးတွေကို အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် ဒါမှမဟုတ် နို့နဲ့ ရောဖျော်ပြီး တိုက်နိုင်ပါတယ်။ စတော်ဘယ်ရီဖျော်ရည်၊ ငှက်ပျောသီးဖျော်ရည်တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေအပြင် omega-3 fatty acid ပါဝင်တဲ့ အသီးတွေဆို ပိုကောင်းပါတယ်။ DHA (Docosahexaenoic acid) ဆိုတဲ့ omega-3 fatty acid က ကလေးတွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတာကြောင့် ကလေးတွေ စားသုံးမယ့် အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

၄ နှစ် နှင့် ၅ နှစ် ကလေးများအတွက် အစားအသောက်နှင့် အာဟာရ

ကလေးတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားရတဲ့အခါမှာ ပိုပြီးနေကောင်းကြပါတယ်။ မူကြိုနဲ့ သူငယ်တန်းအရွယ်တွေမှာ သင့်ရဲ့ကလေးဟာ အခြားသောမိသားစုဝင်တွေစားတဲ့အစာအတိုင်း စားသင့်နေပါပြီ။ သင့်ရဲ့တာဝန်ကတော့ ကလေးအတွက် ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာ အာဟာရ ပြည့်ဝတဲ့အစာတွေကို ဖန်တီးဖို့နဲ့ စားချိန်မှန်အောင် အချိန်တစ်ခု သတ်မှတ်ပေးဖို့ပါပဲ။ သင့်ကလေးတွေဟာ သူတို့ဆာ၊မဆာဆိုတာနဲ့ ရလာတဲ့ခွဲတမ်းကို ဘယ်လောက်များများစားမလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ မူကြိုကလေးလေးက ဘာတွေစားသင့်တာလဲ။ သင့်ရဲ့ကလေးဟာ သူတို့ကိုယ်တိုင်စားတတ်နေပြီး အစားအစာအမျိုးမျိုးကိုလည်း စမ်းသပ်စားသုံးကြည့်နိုင်ပါပြီ။ သင်က သူတို့အတွက် ရွေးချယ်စရာအမျိုးမျိုးပေးသင့်သလို ပုံစံအသစ်၊အရောင်သစ်နဲ့ အရသာအသစ်တွေကိုလည်း ဖန်တီးေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေပျော်ရွှင်ဖို့အတွက် စားစရာတွေကို ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးပါ။ ကလေးတွေဟာ အောက်ပါ အစာအုပ်စုတွေကို စုံအောင် စားဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအစာအုပ်စုတွေကတော့ အနှံ၊ အသီးအရွက်၊ အသီးအနှံ၊ နို့နဲ့ အသားတွေပါ။ မူကြိုကလေးအရွယ်ဟာ ဘယ်လောက်များများ စားသင့်သလဲ။ သူတို့ဘာကိုစားမလဲ၊ ဘယ်လောက်စားမလဲဆိုတာ သင့်ကလေးတွေကို ကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်ပါ။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သင့်ကလေး၏ မုန့်ပဲသရေစာ စားခြင်းနှင့်ပတ်သက်ပြီး သင်ဘာတွေသိသင့်သလဲ

မုန့်ပဲသရေစာစာစားခြင်းသည် တစ်ကမ္ဘာလုံးရှိ ကလေးများတွင် တွေ့ရသော အဓိကအစားစားခြင်း အလေ့အထဖြစ်လာသည်။ ယနေ့ခေတ် ကလေးများသည် တစ်နေ့ထက်တစ်နေ့ မုန့်ပဲသရေစာ ပိုစားလာသည်။ သင်သိသင့်တာကတော့ ဤအလေ့အကျင့်သည် သင့်ကလေး၏ အစာစားချင်စိတ်ကို ပျက်စီးစေနိုင်ရုံသာမက ကလေးများတွင် အဝလွန်ခြင်းနှင့် အဝလွန်ခြင်းဆိုင်ရာပြဿနာများ ဖြစ်စေနိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော မုန့်ပဲသရေစာစားခြင်း အလေ့အထများကို အာဟာရဆရာဝန်များမှ အောက်ပါအတိုင်း လမ်းညွှန်ပေးထားသည်။ ၁။ ကလေး၏ သရေစာစားချိန်ကို အချိန်ဇယားသတ်မှတ်ထားပါ။ မိဘအများစုသည်ကလေးများ ထမင်းစားပွဲတွင်ထိုင်၍ ထမင်းစားရန်ငြင်းဆိုကြခြင်းနှင့်ပတ်သက်ပြီး အလွန်စိတ်ဒုက္ခရောက်ရသည်။ ကလေး၏ အစာစားချင်စိတ်သည် တစ်နှစ်နှင့်တစ်နှစ်ပြောင်းလဲနိုင်သော်ငြားလည်း အဓိကအားဖြင့် အစာမစားချင်ဖြစ်ခြင်း၏ အဓိကအကြောင်းရင်းမှာ မုန့်ပဲသရေစာစားခြင်းကြောင့်ဖြစ်သည်။ မိဘအချို့သည် သူတို့၏ကလေးများကို ထမင်းစားချိန်မတိုင်ခင် ကွတ်ကီးများသကြားလုံးများစားခွင့်ပြုကြသည်။ ထို့ကြောင့် ထမင်းစားချိန်တွင် ထမင်းစားရတော့မည်ဆိုပါက အစာစားချင်စိတ်လျော့ပါးစေသည်။ သို့ဖြစ်၍ သရေစာများကို ထမင်းစားချိန်မတိုင်မီ အနည်းဆုံးတစ်နာရီလောက်အချိန်တွင် မကျွေးသင့်ပါ။ အကယ်၍ သင့်ကလေးသည် ထမင်းစားချိန်မတိုင်မီ ဗိုက်ဆာသည်ဆိုပါက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း