ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အသက် ၆နှစ်ကနေ ၁၂နှစ်ကြား၊ ကျောင်းနေအရွယ်ကလေးတွေက အရပ်ရော ကိုယ်အလေးချိန်ရော တက်လာသလို ကျောင်းစာတွေကိုလည်း စတင် သင်ယူနေရပါပြီ။ ဒီအချိန်မှာ မှန်ကန်မျှတတဲ့ အာဟာရကို ရမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပါ။ ကလေးရဲ့ အာဟာရကို ဘယ်လိုဖြည့်စွက်ပေးသင့်လဲဆိုတာကို ဒီမှာ ကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

ကျောင်းနေအရွယ် ဖြစ်ကြတဲ့ ( အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား) သားသားမီးမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားဖို့ လိုအပ်ပါမယ်။ ကြီးထွားနေတဲ့အရွယ်ဆိုပေမယ့် ကြီးထွားမှု နှေးကွေးတာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့ကို အစား ၄ ကြိမ်ကနေ ၅ကြိမ်လောက် ကျွေးမွေးဖို့ လိုပါတယ်။ ဒီကာလမှာ ဘာကိုတော့ဖြင့် မစားချင်ဘူး။ ဘာကိုမှ ကြိုက်တာဆိုပြီး အစားရွေးတာမျိုးတော့ ရှိပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ တီဗွီအစီအစဉ်တွေကို ကြည့်ပြီး အစားအသောက်ရွေးချယ်တာ၊ စားသောက်မှု အလေ့အထ ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေက အခြားအရွယ်မွေးချင်းတွေထက် အစားအစာတွေကို ပိုမို စုံလင်အောင် စားချင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျောင်းမှာ စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ […]

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေအတွက် မသင့်တော်တဲ့အစားအစာ (၇)မျိုး။

ကိုယ့်ကလေးကို သူများတွေထက်၊ ပိုထွားစေချင်တာ ၊ ဉာဏ်ပိုကောင်း အာဟာရပိုပြည့်စေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းက ဆန္ဒပါ။ ကလေးအသက်၂ နှစ်ကျော် လူကြီးစားတဲ့ အစာကျွေးလို့ရတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ ကိုယ့်ကလေး အာဟာရပြည့်ပါစေဆိုတဲ့ စိတ်နဲ့ မေမေတို့ စကျွေးပါပြီ။ ကလေးက အစားမက်တဲ့သူဖြစ်လို့ကတော့ ပွဲပြီးပြီပေါ့။ ကလေးစားရင် ပြီးရောဆိုပြီး ကလေးနဲ့ တည့်တာ မတည့်တာ မစဉ်းစားတော့ဘဲ ရှိသမျှ အကုန်ကျွေးပါတော့တယ်။ ခက်တာက လူကြီးစားတဲ့ အစားအသောက်တိုင်းက ကလေးနဲ့ မတည့်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်စေတနာကြောင့် ကလေးကို ဝေဒနာတွေ မပေးမိစေဖို့ ကလေးအတွက် မကောင်းတဲ့ အစားအသောက် ၇ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးကိုကျွေးဖို့ မသင့်တော်တဲ့အစားအစာ။ ။ ၁။ ပျားရည် သိမ်းထားတာ ကြာတဲ့ ပျားရည်မှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့Clostridium botulinum ဘက်တီးရီးယားတွေရဲ့မျိုးမှုန်တွေ တစ်ခါတစ်လေ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျန်းမာရေးအစ သန့်ရှင်းတဲ့အစားအသောက်က။ ။

စိတ်ချ လုံခြုံရတဲ့ အစားအသောက်တစ်ခုဆိုတာ အချက် ၂ ချက်နဲ့ ပြည့်စုံရပါမယ်။ အာဟာရလည်း ပြည့်ဝရမယ်၊ ရောဂါပိုးတွေကနေလည်း ကင်းဝေးရပါမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်ဝတဲ့ အစားအသောက်တွေကို ဖန်တီးပြီး ကိုယ့်ကလေးကို ကျန်းမာအောင်လုပ်ဖို့က မေမေတို့ တတ်အပ်တဲ့ ပညာတွေပါ။ ကျန်းမာစေချင်လို့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးကာမှ ရောဂါပိုးတွေ ကလေးကိုယ်ထဲထည့်ပေးမိသလို မဖြစ်စေဖို့ ခုအကြံပေးထားတဲ့ အချက် ၅ ချက်ကို မေမေတို့ သိထားဖို့လိုတယ်နော်။ ။ အစားအသောက်တွေ ဘာကြောင့်သန့်ရှင်းဖို့ အရေးကြီးတာလဲ။ ။ အစားအသောက်တွေဆိုတာ အပြင်ကပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုပါ။ ရောဂါပိုးတွေက အဲ့ဒီ လမ်းကြောင်းကနေ အများဆုံးဝင်နေတာပါ။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေ သန့်ရှင်းနေဖို့ဆိုတာ အိမ်ရှင်မတွေဖြစ်တဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ

အစားအစာတွေက ခန္ဓာကိုယ်ကို ခွန်အားထောက်ပံ့ပေးတာထက် ပိုတယ်ဆိုတာ အမှန်ပါပဲ။ ဖျားတဲ့နာတဲ့အခါ ထိခိုက်ဒဏ်ရာတစ်စုံတစ်ခုရထားတဲ့အခါ အစားအစာကို မှန်ကန်အောင်စားသောက်ပေးမယ်ဆိုရင် ဖျားနာမှုကို သက်သာစေသလို အနာတွေကိုလည်း ကျက်စေနိုင်ပါတယ်။ အချို့သောအစားအစာတွေက အားဖြစ်စေတယ်ဆိုတာထက်ပိုစေပြီး အအေးမိဖျားနာတာတွေကိုပါ တိုက်ထုတ်ပေးနိုင်တာပါ။ ဒါကြောင့် အဖျားတာတို စေအောင် ကလေးကို ဘယ်လိုကျွေးမွေးရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဖျားနာနေတဲ့ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ ကြက်စွပ်ပြုတ် ဒီအစားအစာက အဖျားသက်သာစေနိုင်တယ်လို့ လူတော်တော်များများလက်ခံထားတဲ့ အစားအစာတစ်ခုပေါ့။ ကြက်စွပ်ပြုတ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ပရိုတင်းနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်နေတာကြောင့် ဖျားနာနေတဲ့ ကလေးငယ်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစာကြေလွယ်တဲ့ အစားအစာတစ်မျိုးပေါ့။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်မှာပါ။ အုန်းရည် နေထိုင်မကောင်းတဲ့အခါ ချွေးထွက်တာကြောင့်ဖြစ်ဖြစ်၊ အော့အန်တာကြောင့်ဖြစ်ဖြစ် ရေဓာတ်တွေဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်က မရှိမဖြစ်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် မြန်မြန်ကျန်းမာဖို့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အချိုစားသုံးမှုများတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအန္တရာယ်

သကြားပါဝင်မှုများတဲ့ အစားအစာ၊ ဖျော်ရည်တွေဟာ ကလေးတွေအတွက် ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ရေရှည်မှာလည်း စားသောက်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေ နေ့စဉ်အမြဲ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ဆီ၊ ဆား၊ သကြား ကို တတ်နိုင်သလောက် လျှော့စားဖို့ လူကြီးမိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ အရေးကြီးပါတယ်။ သကြားဓါတ်ဟာ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် အဝလွန်တာ၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါကြောင့် အချိုစားသုံးမှုများတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ အဝလွန်လာမယ်။ အချိုစားသုံးမှုများတာကြောင့် သွေးတွင်းသကြားဓါတ်များနေတဲ့ ကလေးတွေမှာ သာမန်ကလေးတွေထက် အဝလွန်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ နောက်ထွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ၊ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ။ ။

အဆီတိုင်းမကောင်းတာမဟုတ်ပါဘူး။ ခုမှ ကြီးထွားဖို့ တာဆူနေတဲ့ ကလေးတွေအတွက် အာဟာရပြည့်ဝဖို့အတွက် အဆီတွေရော၊ အသားတွေရော တစ်ခြားအရာတွေရော အကုန် မျှတအောင်စားမှ ရမှာပါ။ ဒါကြောင့် ခုပြောပြပေးချင်တာကတော့ ကလေးတွေ ရဲ့ ကျန်းမာရေးအတွက် fatty acids ေတွက ဘယ် အခန်းကနေ ပါဝင်နေလဲ၊ ဘာကြောင့် စားဖို့လိုအပ်လဲဆိုတာလေးတွေပဲ ဖြစ်ပါတယ်။ အဆီစားတိုင်းကောင်းသလား။ ။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရမျိုးစုံရအောင် အဆီတွေပါစားရမယ်ဆိုပေမယ့်လည်း သင့်တော်တဲ့ ပမာဏသာ စားဖို့လိုအပ်ပါတယ်။ အဆီစားများရင် ကလေးအတွက် အဝလွန်စေတဲ့ ပြဿနာ ဖြစ်တတ်သေးတယ်မဟုတ်လား။ ။ ဘာကြောင့် ကိုယ်ခန္ဓါအတွက် fatty acid တွေက မရှိမဖြစ်လိုအပ်တာလဲ။ ။ fatty acid တွေက အာရုံကြောစနစ်ရဲ့ ဆဲလ်တွေတည်ဆောက်တဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်တယ်။ နှလုံးကြွက်သားတွေကို အားကောင်းစေတယ်။ ခုခံအားစနစ်ကိုအားကောင်းစေတယ်။ လိုအပ်တဲ့အာဟာရတွေ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား

ကျန်းမာရေးနဲ့ ညီညွတ်အောင် သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)တွေ စားကြတယ်နော်။ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) က ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူ ပြုတယ်လို့ လက်ခံယူဆထားကြပါတယ်။ ဒီလို ကျန်းမာရေးအတွက် အထောက်အကူ ပြုတဲ့ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) က ကလေးတွေ အတွက်ရော အထောက်အကူ ပြုလား သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)ဆိုတာ Organic Food ဆိုတာက ဓါတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေလုံးဝ အသုံးပြုထားတာမျိုးမရှိဘဲ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအသောက်တွေနဲ့ အသီးအနှံတွေပါ။ မျိုးဗီဇပြောင်းလဲထားတာမျိုးလည်းမရှိသလို ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓါတုပစ္စည်းတွေလည်း ပါဝင်ခြင်းမရှိတဲ့ အစားအသောက်တွေပေါ့။ တိုးတက်လာတဲ့ခေတ်ကြီးကြောင့် ခန္ဓါကိုယ်နဲ့ကျန်းမာရေးကိုထိခိုက်ပျက်စီးစေနိုင်တဲ့ ဓါတုပစ္စည်းတွေနဲ့ ခပ်ကင်းကင်းနေခွင့်ရအောင် ကူညီပေးမယ့်စားစရာလေးပေါ့။ ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား ကလေးကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။

အစာအာဟာရဆိုတာ ကလေး တစ်ယောက်အတွက် အရေးအကြီးဆုံးဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို အရေးကြီးတဲ့ အာဟာရတွေရဖို့ဆိုတာ ကလေးစားမှပဲ ရတာမဟုတ်လား။ ခက်တာက ကလေးတွေဆိုတာ အစားထက် အဆော့ ပိုမက်ကြတယ်လေ။ ဒီတော့ ကလေးအစားစားချင်စိတ်ကို မြင့်တက်စေတဲ့ အစားအသောက်တွေ ရွေးကျွေးဖို့တော့ လိုတာပေါ့။ ခုပြောပြတဲ့ အစားအသောက် ၇ မျိုးဟာဆိုရင် ကလေးတို့အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ တစ်နေ့တာ အစားအသောက်တွေထဲမှာ ဒီ ၇ မျိုး မဖြစ်မနေပါရမယ့်အကြောင်း မေမေတို့ သိထားဖို့ လိုတယ်နော်။ ။ ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။ ၁။ အုတ်ဂျုံ။ ။ အုတ်ဂျုံဆိုတာ အစားသင့်ဆုံး မနက်စာတစ်ခုပါ။ တခြား ပါကင်ဘူးတွေနဲ့လာတဲ့ အသင့်စား cereals […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက်

အားလပ်ရက်တွေ ၊ ပိတ်ရက်တွေနီးပြီဆို စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ကြတဲ့မိသားစုတွေကို ကြည့်ရင်းတွေးမိတယ်။ ဒီလောက်စားစရာတွေအများကြီးကို ဘယ်လိုကုန်အောင်စားပစ်ကြမှာလဲလို့။ တချို့မိသားစုဆို လူသိပ်များပုံမှမရတာ။ မိသားစုလူစုံတုန်း စားသောက်စရာတွေပြင်ဆင်ပြီး စားပွဲလေးတွေလုပ်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ကျန်းမာရေးအတွက်ကောင်းတာ၊ မကောင်းတာ ဘာတွေပါသလဲ၊ ဘယ်လောက်ပမာဏများများစားလို့သင့်တော်မလဲ(တချို့အစားအစာတွေက အများကြီးစားရင် ဘေးဖြစ်တတ်ပါတယ်)၊ ကလေးတွေအတွက် သင့်တော်ရဲ့လား၊ လူကြီးမိဘတွေအတွက်ရော ဘယ်အရာကိုရွေးချယ်သင့်သလဲ စတဲ့ ထည့်တွေးစရာတွေကအများကြီးပါ။ အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက် ဒီတော့ အားလပ်ရက်တွေ အတွက်အစားအစာတွေပြင်ဆင်တဲ့အခါ ပျော်စရာလည်းဖြစ်၊ အာဟာရလည်းပြည့်၊ဘေးလည်းကင်းစေဖို့ ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေ အကြံပြုလိုက်မယ်နော်။ ဈေးတွေလျှောက်မဝယ်ခင်မှာ အစီအစဉ်ဆွဲပါ အိမ်မှာပဲလား၊ ခရီးသွားကြမှာလားဆိုတာကလည်း အရင်တွေးတာကောင်းပါတယ်။ ဒါမှ လိုအပ်သလို ကြိုတင်ပြင်ဆင်ရမှာကိုး။ ဥပမာ ခရီးသွားကြမယ်ဆို လမ်းမှာစားဖို့ မုန့်တွေ၊ စားစရာတွေ ဝယ်ရမယ်၊ ကျန်းမာရေးနဲ့ညီတာဖြစ်ဖို့တော့လိုတာပေါ့။ ကလေးအတွက်ဆောင်သွားရမယ့် အာဟာရနို့မှုန့်ဘာညာနဲ့ အသုံးအဆောင်တွေလည်းပြင်ဆင်ရမယ်။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့

မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးတွေ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့ မိဘတွေဘက်က သေချာထိန်းကျောင်းပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း ၄ချက်ကို ဝေမျှပေးလိုက်ပါတယ်။ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့  ၁။ ကျန်းကျန်းမာမာနဲ့ ကြီးထွား စေဖို့ စားသောက်မှုပုံစံကို ဂရုစိုက်ပေးပါ။ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာကောင်းတွေကို ကလေးတွေ နေ့စဉ်စားပေးမှသာ တစ်နေ့တာအတွက် လုံလောက်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို ရရှိမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။ မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ကိုယ်ခံအားကောင်းလို့ ရောဂါတွေ လွယ်လွယ်နဲ့မဖြစ်လာအောင် ခန္ဓာကိုယ်က ခုခံတားဆီးပေးနိုင်တယ်။ ကိုယ်ခန္ဓာ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကိုယ့်ရဲ့ကလေးကို အချိုလျှော့စားအောင် ဘယ်လိုကူညီမလဲ

ကလေးတွေအတွက်တော့ အချိုကြိုက်တာဟာ သဘာဝဖြစ်စဉ်ပေမယ့် မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ကိစ္စတစ်ခုလို ဖြစ်နေတတ်ပါတယ်။ အချိုဓာတ်ကြောင့် ကိုယ့်ရဲ့ ကလေးကျန်းမာရေး ထိခိုက်လာနိုင်လား၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ အချိုစားလွန်းတဲ့ ကလေးတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိလာနိုင်လား၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။ ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက် အာဟာရဓာတ် မယ်မယ်ရရ မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို တောင့်တတတ်တာ သဘာဝပါ။ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ကျွေးပေးတာက ကလေးတွေ အချို အလွန်အကျွံစားတဲ့ ပြဿနာကို ကောင်းကောင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း