ကျောင်းနေအရွယ်

၆နှစ်ကနေ ၁၂နှစ်ကြား ကျောင်းနေအရွယ်ကလေးက အရပ်ရော ကိုယ်အလေးချိန်ရော မြန်မြန်ဖွံဖြိုးနေပါပြီ။ ဘာသာစကား သင်ယူတာတွေ၊ လူမှုဆက်ဆံရေးတွေလည်း တိုးတက်လာပါပြီ။ ဒီအရွယ်ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်

ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

ကျောင်းနေအရွယ် ဖြစ်ကြတဲ့ ( အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား) သားသားမီးမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားဖို့ လိုအပ်ပါမယ်။ ကြီးထွားနေတဲ့အရွယ်ဆိုပေမယ့် ကြီးထွားမှု နှေးကွေးတာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့ကို အစား ၄ ကြိမ်ကနေ ၅ကြိမ်လောက် ကျွေးမွေးဖို့ လိုပါတယ်။ ဒီကာလမှာ ဘာကိုတော့ဖြင့် မစားချင်ဘူး။ ဘာကိုမှ ကြိုက်တာဆိုပြီး အစားရွေးတာမျိုးတော့ ရှိပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ တီဗွီအစီအစဉ်တွေကို ကြည့်ပြီး အစားအသောက်ရွေးချယ်တာ၊ စားသောက်မှု အလေ့အထ ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေက အခြားအရွယ်မွေးချင်းတွေထက် အစားအစာတွေကို ပိုမို စုံလင်အောင် စားချင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျောင်းမှာ စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ […]

ကျောင်းနေအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျောင်းနေအရွယ် ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအစခြေလှမ်း

ပတ်ဝန်းကျင်မှာ အရမ်းဉာဏ်ကောင်းပြီး ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒီလိုကလေးတွေရဲ့ ဘဝကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ပင်ကိုယ်သဘာဝကိုက ကြိုးစားချင်စိတ်ရှိတယ်၊ မိဘတွေကလည်း နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ၊ လိုအပ်တဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်တဲ့အပြင် သားသမီးနဲ့ မိဘကြားမှာ အဆင်ပြေပြေ စကားပြောဆိုဆက်ဆံလို့ရတဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတတ်ပါတယ်။ ကိုယ့်သားသမီးကိုလည်း သူတို့လိုမျိုး ဉာဏ်ရည်ထက်မြက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ စေတနာ မေတ္တာပါပဲ။ ဒီဆောင်းပါးလေးမှာ ကိုယ့်ကလေးကို ဘယ်လိုထူးချွန်ထက်မြက်အောင် ပုံသွင်းပေးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိဘတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။ ၁။ ကိုယ်ဝန်ဆောင်နေစဉ် ကာလသည် ပထမခြေလှမ်းပါ။ မေမေတွေ ကိုယ်ဝန်ရှိနေတဲ့အချိန် စားလိုက်သမျှ အစားအစာတွေ၊ နေထိုင်စားသောက်မှုပုံစံတွေ၊ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားမှုရှိမရှိ စတဲ့အချက်တွေက ဗိုက်ထဲမှာ ရှိနေတဲ့ သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဝါသနာကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

ကလေးဆိုတဲ့အရွယ်ကို အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိပြီး အတုမြင်အတတ်သင်ကြမယ့် အရွယ်ကောင်းတစ်ခုပါပဲ။ ပြောရမယ်ဆိုရင် လူကြီးတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်လျှောက်လှမ်းဖို့ ပထမဆုံး ခြေလှမ်းစတင်ရမယ့် အရွယ်ပဲပေါ့။ ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ ဘယ်လိုဝါသနာတွေ ရှိလဲ၊ ဘယ်လိုနေရာမှာ ထက်မြက်လဲ၊ သူတို့လေးတွေရဲ့ အရည်အချင်းကို ဘယ်လိုသွေးပေးရမလဲဆိုတာ သိမှပဲ ကလေးရဲ့ ကောင်းမွန်စွာ ကြီးပြင်းလာနိုင်မှုမှာ အထောက်အကူဖြစ်မှာပါ။ ဝါသနာတွေဟာ ကလေးတွေရဲ့ ဘဝကို ဘယ်လိုပြောင်းလဲပေးနိုင်လဲ။ ကလေးတစ်ယောက် ကိုယ်သဘောကျတာကို လုပ်နေရတဲ့အချိန်ဟာ သူတို့လေးတွေအတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်ပါပဲ။ ဒါ့အပြင် ဝါသနာဆိုတာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူချင်စိတ် ရှိစေတယ်။ ကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာနိုင်သလို သူတို့တွေ ကြိုးစားရင် ဘာမဆိုဖြစ်အောင် လုပ်နိုင်တဲ့စိတ်ကို ပုံသွင်းပေးတယ်။ ဒီတော့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ

ကလေးတစ်ယောက် ပြုစုပျိုးထောင်ရတာမှာ နို့စို့အရွယ်က သိပ်ပြဿနာမရှိပေမယ့် တခြားအစားအစာတွေ စားတတ်လာပြီဆိုတာနဲ့ အလုပ်က စပါပြီ။ ဘာလေးကျွေးရမလဲ၊ ဘာလေးတွေက ကလေးအတွက်ကောင်းမလဲ၊ ဒါက ကလေးနဲ့တည့်ပါ့မလား၊ ကလေးကို မကျွေးသင့်တာတွေ ဘာတွေဖြစ်မလဲ မေးခွန်းပေါင်းများစွာနဲ့ မေမေတို့ခေါင်းစားရပါတော့တယ်။ လမ်းလျှောက်တတ်စအရွယ်ရောက်တဲ့အထိ ဒီလိုဂရုစိုက်လာခဲ့ပေမယ့် သရေစာတွေ စစားတတ်တဲ့ ဒီအရွယ်မှာ လူကြီးစားသမျှအကုန်မိတ်ဆက်ကျွေးလိုက်လို့တော့ မဖြစ်သေးဘူးနော်။ နောက်တစ်ချက်က စျေးကွက်မှာရှိသမျှ အစားအသောက်တွေ ကလေးကို အကုန်မကျွေးလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ မေမေတို့ သိပ်သတိမထားမိကြတဲ့ အန္တရာယ်တွေရှိနေနိုင်လို့ပါပဲ။ မေမေတို့မသိသေးတဲ့ ကလေးတို့အတွက် အန္တရာယ် ကလေးတို့ရဲ့ကျန်းမာတဲ့ဖွံ့ဖြိုးမှုအတွက် အားပေးမယ့် အစားအသောက်ဖြစ်စေဖို့က ထမင်းအပြင် သရေစာတွေကလည်း သက်ရောက်မှုများပါတယ်။ ကလေးကို ကျွေးတဲ့သရေစာမုန့်နဲ့ သောက်စရာတွေက ဘေးကင်းစိတ်ချရမှုမရှိဘူးဆိုရင် ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် ကလေးအဝလွန်၊ ကလေးဆီးချို စတဲ့ ကြောက်စရာရောဂါတွေအထိ ဖြစ်လာနိုင်ပါတယ်။ အသင့်သောက် ဘူးလေးတွေ အားရှိတယ်၊ ဉာဏ်ကောင်းတယ်၊ သွက်လက်ထက်မြက်စေတယ်လို့ အာဟာရဖြည့်စွက်ထားတဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

တစ်နှစ်နောက်ကျမှ ကလေးကို ကျောင်းထားခြင်းရဲ့ အကျိုးဆက်

မိဘတိုင်းတော့ မဟုတ်ပေမဲ့ တချို့မိဘတွေမှာ ကလေးကို တစ်နှစ်နောက်ကျပြီးမှ ကျောင်းစတက်ဖို့ ပြင်ဆင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မိဘတချို့မှာလည်း ထိုနည်းတူပါပဲ။ အဲ့တော့ ဘာကြောင့် တစ်နှစ်နောက်ကျပြီးမှ ကျောင်းထားရတာလဲလို့ လေ့လာကြည့်တဲ့အခါမှာ မိဘတွေအများစု ပြောခဲ့တာကတော့ • ကလေးက ဖွံ့ဖြိုးမှုနှေးကွေးတယ်လို့ ခံစားရလို့ • တခြားကလေးတွေထက် ကိုယ့်ကလေးကို လူကောင်ကြီးတယ်လို့ မြင်စေချင်လို့ • အားကစားဘက်မှာလည်း အတန်းတူကလေးတွေထက် ပိုအားထုတ်နိုင်ဖို့ • ကလေးအပေါ် သံယောဇဉ်အရမ်းတွယ်လွန်းနေတဲ့ စိတ်ကြောင့် ကျောင်းကိုလွှတ်လိုက်ရဖို့ စိတ်ထဲ မတင်မကျဖြစ်ခြင်း • ကလေးအတွက် ကျောင်းစရိတ် ပိုရှာဖို့ အချိန်လိုအပ်တာ စတဲ့ အကြောင်းရင်းတွေကြောင့်ဆိုတာကို တွေ့ရပါတယ်။ အဲ့တော့ မိဘတွေအနေနဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးတွေ ကျောင်းတက်ဖို့ကို နောက်ဆုတ်ပစ်လိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ကောင်းကျိုးတွေလည်း ရှိနိုင်သလို အဆင်မပြေမှုတွေလည်း ကြုံလာရနိုင်တယ်ဆိုတာကိုတော့ သေချာသိထားသင့်ပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ • မိဘတွေ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

စာမေးပွဲဖြေမယ့် ကလေးအတွက် ပြင်ဆင်ပေးသင့်တဲ့ အစားအစာ(၆)မျိုး

ကျောင်းသားအရွယ်မှာ စာမေးပွဲကာလဟာ ကလေးတွေအတွက် အပင်ပန်းရဆုံး၊ အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ စာကျက်ဖို့ ကလေးကိုပဲ တွန်းအားပေးနေတာထက် မေမေ၊ဖေဖေတို့ရဲ့ဘေးကနေကူညီပံ့ပိုးမှုက သိပ်ကိုအရေးပါပါတယ်နော်။ ကလေးကို အားပြည့်အောင် ဆိုပြီး အစားအသောက်တွေစီစဉ်ပေးကြပေမယ့် တကယ်တမ်းအထောက်အကူဖြစ်စေမယ့်အစားအစာတွေ မပါဘဲ လွဲချော်နေရင် အထောက်အကူမဖြစ်ပါဘူးနော်။ ဒီတော့ ကလေးရဲ့မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက်ရော၊ ခွန်အားပြည့်ကျန်းမာနေဖို့အတွက်ရော ဘာတွေကျွေးရမလဲ။ မေမေတို့ ပြင်ဆင်ပေးသင့်တဲ့ အစားအစာ (၆) မျိုးကို ပြောပြပေးမယ်နော်။ (၁) ကြက်ဥ ကြက်ဥဟာ ခွန်အားရှိစေတဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမယ့် ဒီနေရာမှတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်းဓါတ်ကြောင့် ပိုပြီးအကျိုးရှိစေပါတယ်။ ကိုလင်းဓါတ်က မှတ်ဉာဏ်စွမ်းရည်ကိုမြင့်တက်စေနိုင်တဲ့အပြင် ပရိုတင်းဓါတ်ကြောင့် ကလေးကို အားပြည့်လန်းဆန်းစေနိုင်ပါလိမ့်မယ်။ ပေါင်မုန့်ကြက်ဥကြော်၊ ကြက်ဥပြုတ်တို့အပြင် ကြက်ဥပါတဲ့မုန့်နဲ့ အစားအစာလေးတွေ ကိုယ်တိုင်စီမံပေးတာက အပြင်ကဝယ်ကျွေးတာထက် ပိုကောင်းပါတယ်နော်။ (၂) အစေ့အဆန် ပရိုတင်း၊ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်နေတဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းစတက်ရမယ့် သားသားမီးမီးတို့အတွက် မေမေတို့ရဲ့သောကတွေပြေစေဖို့

ပထမဆုံး ကျောင်းစတက်ရတဲ့အချိန်ဆိုတာ ကိုယ်သိပ်ချစ်ရတဲ့ ကလေးတွေအတွက်ရော မေမေတို့အတွက်ပါ ဘဝရဲ့ ပထမဆုံးအမှတ်တရ ကျောက်တိုင်တစ်ခုပါပဲ။ ကလေးတွေကျတော့လည်း မိဘရိပ်အောက်ကနေ ခဏတာထွက်လာပြီး တကယ့်လူ့လောကအလယ်မှာ သူစိမ်းတွေနဲ့ စတင်ထိတွေ့ဆက်ဆံရတဲ့အချိန်မို့ စိတ်ထဲက စိုးရိမ်ထိတ်လန့်ရတယ်။ မေမေတွေကလည်း ကိုယ့်ကလေး ကျောင်းမှာ အဆင်ပြေပါ့မလား၊ ငိုနေမလား၊ ဗိုက်ဆာနေမလား၊ ၅နှစ်လုံးလုံး ကိုယ့်မျက်စိအောက်က အပျောက်မခံ၊ ကိုယ်တိုင်ပဲ ထိန်းကျောင်းလာခဲ့ရတာဆိုတော့ အိမ်မှာ ကလေးမရှိတဲ့အခါ ဟာတာတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်တာ သဘာဝပါပဲ။ ဒီတော့ မေမေတို့ရဲ့ သောကတွေ ပြေစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ ၁။ ကလေးမရှိတဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးချပါ။ ကလေးတစ်ခုခုများဖြစ်မလားဆိုပြီး စိတ်နဲ့လူနဲ့ မကပ် ပူလောင်နေတာထက် သူမရှိတဲ့အချိန် အိမ်မှာလုပ်လို့ရတာတွေ ရှိပါတယ်။ ဥပမာ - ထမင်း၊ ဟင်းချက်ပြုတ်ပြင်ဆင်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ဒါမှမဟုတ်လည်း ကိုယ့်မိဘဆွေမျိုးတွေဆီ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းပြန်တက်မယ့် ကလေးအတွက်ဘယ်လိုပြင်ဆင်ကြမလဲ

မိုးလေးစရွာတာနဲ့အတူ သားသားမီးမီးတွေ ကျောင်းပြန်တက်ရမယ့် အချိန်ရောက်လာပါပြီ။ ကျောင်းတက်ဖို့ တက်ကြွနေမယ့် သားသားမီးမီးတွေရှိနေနိုင်သလို ဖေဖေမေမေကိုမခွဲနိုင်ပါဘူးဆိုပြီး ကျောင်းမတက်ချင်လို့ ငိုမယ့် သားသားမီးမီး တွေလည်းရှိမှာပါ။ ကျောင်းတက်ချင်တဲ့ကလေးကို ကျောင်းပို့ရတာမခက်ပေမယ့် ကျောင်း မတက်ချင်ပါဘူးဆိုတဲ့ သားသားမီးမီးတွေကိုကျောင်းပို့ဖို့ကျ မေမေတို့အတွက် စိတ်မကောင်းဖြစ်ရသလို အရမ်းလည်းခက်ခဲနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ကလေးကိုကျောင်းပို့တော့မယ်ဆိုရင် စိတ်အပူဆုံးဖြစ်မယ့် မေမေတို့အတွက် နည်းလမ်းကောင်းလေးအချို့ ကိုယ်ချစ်ရတဲ့ ကိုယ်ပွားလေးတွေကို ကျောင်းပြန်တက်ဖို့ဆိုရင် အရင်ဆုံးက ကျောင်းတက်ချင်စိတ်ဖြစ်အောင်လှုံ့ဆော်ရမှာပါ။ အကြောင်းကတော့ ကျောင်းတက်ရတာက တစ်ရက်နှစ်ရက်အလုပ်မဟုတ်လို့ပါပဲ။ တစ်နှစ်ရဲ့ ၃ ချိုး ၂ ချိုးကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့လိုမှာပါ။ ဒီတော့ ကျောင်းတက်ရာသီကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ကလေးကို ဒါလေးတွေပြင်ဆင်ပေးပါနော်။ အဝတ်အစား ကလေးကို အရင်နှစ်ကအဝတ်အစားတွေပဲ ပြန်ပေးမဝတ်ပါနဲ့။ အသစ်တစ်စုံနှစ်စုံလောက်ချုပ်ပေးပါ။ သူ့စိတ်ကြိုက်ဖြစ်မယ့် အဝတ်အစားလေးတွေ ဝယ်ပေးပါ။ ကလေးကို အဝတ်အစားဝယ်ပေးတဲ့အခါ ခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းစေဖို့အတွက် လုံခြုံမှုရှိတဲ့ အဝတ်အစားလေးတွေကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေပျော်သူလေးဖြစ်စေဖို့

ကိုယ့်ကလေးကို အများထက် မထူးချွန်ရင်တောင် အများနည်းတူ ဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်မဟုတ်လား မေမေတို့ရေ။ ဒီလိုဖြစ်ဖို့ မေ့ထားလို့မရတဲ့ အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ ကျောင်းနေပျော်မှစာတော်မယ်ဆိုတဲ့အချက်ပါ။ ကလေးတစ်ယောက် ထူးချွန်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်က ကျောင်းသွားရတာ၊ စာဖတ်ရတာကို ပျော်နေဖို့ပါ။ ဒီတော့ ထူးချွန်ထက်မြက်တဲ့ ကလေးဖြစ်လာစေဖို့အတွက် ကျောင်းနေပျော်တဲ့ အလေ့အထလေးကို ငယ်စဉ်ကတည်း ကမွေးမြူပေးဖို့ ပြောပါရစေနော်။ ကလေးတစ်ယောက်အတွက် ကျောင်းတက်ရတာက အတွေ့အကြုံသစ်တစ်ခုပေါ့။ ဒီအခြေအနေကို သားသားမီးမီးတွေအကောင်းဆုံးကျော်လွှားနိုင်အောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလို့ရပါတယ်။ ဒီတော့ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်အောင် ဘာတွေများလုပ်ပေးမလဲ။ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးလေးဖြစ်စေဖို့ ကျောင်းနေပျော်ပြီး စာတော်စေဖို့ဆိုရင် သူတို့လေးတွေကို စိတ်ချမ်းသာအောင်အရင်ဆုံးထားရမှာပါ။ ဘာတွေကများ ကလေးကို စိတ်ချမ်းသာစေမလဲလို့ တွေးရခက်နေလား။ အများကြီးမတွေးပါနဲ့။ ကလေးဘဝမှာ လိုချင်တာစားချင်တာတွေရနေရင်ကို စိတ်ချမ်းသားခဲ့ဖူးတယ်ဟုတ်။ ဒီလိုပါပဲ။ ကလေးတွေကလည်း သူတို့စိတ်ကြိုက်ပစ္စည်းလေးတွေရရင် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ဆယ်တန်းစာမေးပွဲကြီးနီးလာပြီနော်။ ကိုယ့်ကလေးကို ဘာတွေကျွေးပြီး ဘယ်လိုပြုစုရမလဲ ။ ။

ကျောင်းသားဖြစ်ရင်တော့ စာမေးပွဲ နဲ့ ကင်းလွတ်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ရောက်လာတော့မှာပါ။ ဒီလို စာမေးပွဲရာသီဆိုတာ ကလေးရော မိဘရော စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းကြတဲ့အချိန်ပါ။ ဒီအချိန်လေးက ကလေးရဲ့ ရှေ့လျှောက်ဘဝကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် အတိမ်းအစောင်း နည်းနည်းလေးတောင်ခံလို့ မရတဲ့အတွက် ဒီ စာမေးပွဲရာသီ အတွင်းမှာ အားအင်တွေ ပြည့်နေအောင် မိဘတွေဘက်က ကိုယ့်ကလေးကို ဘယ်လို ပြုစု စောင့်ရှောက်ရမလဲ ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ် ။ အစားအသောက်က အရေးအကြီးဆုံးပါ။ ။ စာမေးပွဲ နီးလာပြီဆိုတာနဲ့ စာတွေကျက်ရတာ၊ ပူပန်မှုတွေ များရတာနဲ ကလေးတွေ အစားဘက်ကို အာရုံ မရောက်နိုင်ကြတော့ပါဘူး။ အစားအသောက်ဆိုတာ အားအင်ပြည့်ဝနေဖို့ ခေါင်းကြည်နေဖို့ အတွက် တစ်ဘက်တစ်လမ်းက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း