ကျောင်းနေအရွယ်

၆နှစ်ကနေ ၁၂နှစ်ကြား ကျောင်းနေအရွယ်ကလေးက အရပ်ရော ကိုယ်အလေးချိန်ရော မြန်မြန်ဖွံဖြိုးနေပါပြီ။ ဘာသာစကား သင်ယူတာတွေ၊ လူမှုဆက်ဆံရေးတွေလည်း တိုးတက်လာပါပြီ။ ဒီအရွယ်ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်

ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

ကျောင်းနေအရွယ် ဖြစ်ကြတဲ့ ( အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား) သားသားမီးမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားဖို့ လိုအပ်ပါမယ်။ ကြီးထွားနေတဲ့အရွယ်ဆိုပေမယ့် ကြီးထွားမှု နှေးကွေးတာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့ကို အစား ၄ ကြိမ်ကနေ ၅ကြိမ်လောက် ကျွေးမွေးဖို့ လိုပါတယ်။ ဒီကာလမှာ ဘာကိုတော့ဖြင့် မစားချင်ဘူး။ ဘာကိုမှ ကြိုက်တာဆိုပြီး အစားရွေးတာမျိုးတော့ ရှိပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ တီဗွီအစီအစဉ်တွေကို ကြည့်ပြီး အစားအသောက်ရွေးချယ်တာ၊ စားသောက်မှု အလေ့အထ ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေက အခြားအရွယ်မွေးချင်းတွေထက် အစားအစာတွေကို ပိုမို စုံလင်အောင် စားချင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျောင်းမှာ စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ […]

ကျောင်းနေအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျောင်းနေအရွယ် ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သင့်ကလေး၏ မုန့်ပဲသရေစာ စားခြင်းနှင့်ပတ်သက်ပြီး သင်ဘာတွေသိသင့်သလဲ

မုန့်ပဲသရေစာစာစားခြင်းသည် တစ်ကမ္ဘာလုံးရှိ ကလေးများတွင် တွေ့ရသော အဓိကအစားစားခြင်း အလေ့အထဖြစ်လာသည်။ ယနေ့ခေတ် ကလေးများသည် တစ်နေ့ထက်တစ်နေ့ မုန့်ပဲသရေစာ ပိုစားလာသည်။ သင်သိသင့်တာကတော့ ဤအလေ့အကျင့်သည် သင့်ကလေး၏ အစာစားချင်စိတ်ကို ပျက်စီးစေနိုင်ရုံသာမက ကလေးများတွင် အဝလွန်ခြင်းနှင့် အဝလွန်ခြင်းဆိုင်ရာပြဿနာများ ဖြစ်စေနိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော မုန့်ပဲသရေစာစားခြင်း အလေ့အထများကို အာဟာရဆရာဝန်များမှ အောက်ပါအတိုင်း လမ်းညွှန်ပေးထားသည်။ ၁။ ကလေး၏ သရေစာစားချိန်ကို အချိန်ဇယားသတ်မှတ်ထားပါ။ မိဘအများစုသည်ကလေးများ ထမင်းစားပွဲတွင်ထိုင်၍ ထမင်းစားရန်ငြင်းဆိုကြခြင်းနှင့်ပတ်သက်ပြီး အလွန်စိတ်ဒုက္ခရောက်ရသည်။ ကလေး၏ အစာစားချင်စိတ်သည် တစ်နှစ်နှင့်တစ်နှစ်ပြောင်းလဲနိုင်သော်ငြားလည်း အဓိကအားဖြင့် အစာမစားချင်ဖြစ်ခြင်း၏ အဓိကအကြောင်းရင်းမှာ မုန့်ပဲသရေစာစားခြင်းကြောင့်ဖြစ်သည်။ မိဘအချို့သည် သူတို့၏ကလေးများကို ထမင်းစားချိန်မတိုင်ခင် ကွတ်ကီးများသကြားလုံးများစားခွင့်ပြုကြသည်။ ထို့ကြောင့် ထမင်းစားချိန်တွင် ထမင်းစားရတော့မည်ဆိုပါက အစာစားချင်စိတ်လျော့ပါးစေသည်။ သို့ဖြစ်၍ သရေစာများကို ထမင်းစားချိန်မတိုင်မီ အနည်းဆုံးတစ်နာရီလောက်အချိန်တွင် မကျွေးသင့်ပါ။ အကယ်၍ သင့်ကလေးသည် ထမင်းစားချိန်မတိုင်မီ ဗိုက်ဆာသည်ဆိုပါက […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်းက သင့်ကလေး၏ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

တီဗွီ ကို ဘယ်သူမှ ကြည့်မနေရင်တောင်မှ ဒီအတိုင်းဖွင့်ထားခဲ့တာမျိုး အလွန်ကို အဖြစ်များပါတယ်။ ဒါပေမယ့် လေ့လာမှု အသစ်တစ်ခုအရ တကယ်လို့ သင့်အိမ်မှာ ငယ်ရွယ်တဲ့ ကလေးငယ်ရှိမယ်ဆိုရင် တီဗွီမကြည့်ဘဲဖွင့်ထားခြင်း ဟာ ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်း ဟာ ကလေးတွေမှာ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ကောက်ခံတဲ့ အချက်အလက်တွေအရ တီဗွီမကြည့်ဘဲဖွင့်ထားခြင်းဟာ ငယ်ရွယ်တဲ့ကလေးတွေမှာ သင်ယူခြင်း၊ စာဖတ်ခြင်းတွေအတွက် လေးနက်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နယူးမက္ကဆီကို တက္ကသိုလ် ကလေးဌာန ပရော်ဖက်ဆာ Victor Strasburger က ကလေးငယ်တွေဟာ အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်း မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက အသက် ၈ လကနေ ၈ နှစ်အတွင်း ကလေးငယ်တွေရှိတဲ့ အိမ်ပေါင်း ၁၄၅၁ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအပျော်ဆုံးအချိန်ပါ။ ကျောင်းတက်စရာ၊စာကျက်စရာမလို၊ တီဗီကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အပြင်ထွက်ကစားမယ်ဆိုပြီးတော့ပေါ့။ အားလပ်တဲ့အချိန်လေး ကလေးတွေပျော်တာလည်းကောင်းပေမယ့် အပျော်အပါးနဲ့အကြာကြီးလွှတ်မထားသင့်ပါဘူး။ သုံးလပိတ်ပြီးရင်ကျောင်းပြန်တက်ရမှာပဲဆိုတော့ ကလေးတွေစိတ်လေသွားလို့မဖြစ်ဘူးလေ။ တီဗီကြည့်၊ ဂိမ်းတွေချည်းဆော့လို့ မျက်စိထိခိုက်လာတာ၊ အပြင်တွေချည်းထွက်ကစားလို့ စိတ်ပူနေရတာတွေမဖြစ်ရအောင် စည်းနဲ့ကမ်းနဲ့တော့ ရှိသင့်ပါတယ်။ ဘယ်အချိန်က ဘယ်အချိန်အတွင်း လွတ်လွတ်လပ်လပ်ကစားကြ ဆိုပြီး အချိန်တစ်ခုကန့်သတ်ပေးတာကောင်းပါတယ်။ကျောင်းပိတ်တုန်းလေး အားလပ်ရက်မှာ ကလေးတွေကို ပုံစံချ တင်းကျပ်ဖို့တော့ မလုပ်ပါနဲ့။ပေါ့ပေါ့ပါးပါးနေရင်း အကျိုးရှိစေမယ့်ပျော်ရွှင်စရာလှုပ်ရှားမှုတွေဖန်တီးပေးတာက ကလေးတွေအတွက်ပျော်လည်းပျော်၊ ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါဆို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် ဘာတွေစီစဉ်ပေးရကောင်းမလဲ.... မိသားစုလိုက် ခရီးထွက်မယ် အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ မိသားစုလိုက် ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ် ကမ်းခြေ ခရီးသွားတာမျိုးမှာပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေပြောပြပေးပါ။ ဂီတတူရိယာတစ်ခုခု တီးခတ်ဖို့ သင်ပေးပါ အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း