ကျောင်းနေအရွယ်

၆နှစ်ကနေ ၁၂နှစ်ကြား ကျောင်းနေအရွယ်ကလေးက အရပ်ရော ကိုယ်အလေးချိန်ရော မြန်မြန်ဖွံဖြိုးနေပါပြီ။ ဘာသာစကား သင်ယူတာတွေ၊ လူမှုဆက်ဆံရေးတွေလည်း တိုးတက်လာပါပြီ။ ဒီအရွယ်ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်

ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

ကျောင်းနေအရွယ် ဖြစ်ကြတဲ့ ( အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား) သားသားမီးမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားဖို့ လိုအပ်ပါမယ်။ ကြီးထွားနေတဲ့အရွယ်ဆိုပေမယ့် ကြီးထွားမှု နှေးကွေးတာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့ကို အစား ၄ ကြိမ်ကနေ ၅ကြိမ်လောက် ကျွေးမွေးဖို့ လိုပါတယ်။ ဒီကာလမှာ ဘာကိုတော့ဖြင့် မစားချင်ဘူး။ ဘာကိုမှ ကြိုက်တာဆိုပြီး အစားရွေးတာမျိုးတော့ ရှိပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ တီဗွီအစီအစဉ်တွေကို ကြည့်ပြီး အစားအသောက်ရွေးချယ်တာ၊ စားသောက်မှု အလေ့အထ ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေက အခြားအရွယ်မွေးချင်းတွေထက် အစားအစာတွေကို ပိုမို စုံလင်အောင် စားချင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျောင်းမှာ စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ […]

ကျောင်းနေအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျောင်းနေအရွယ် ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

လူစိမ်းတွေနဲ့ ဆက်ဆံပုံအကြောင်း ကလေးကို ဘယ်လိုသင်ကြားပေးမလဲ

သင့်ကလေးကို သူစိမ်းတွေထံမှ တစ်ချိန်လုံး ကာကွယ်ပေးထားနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြုမူသင့်တဲ့ အပြုအမူတွေနဲ့ လွန်ကဲလာရင် ဘာတွေ လုပ်ရမယ်ဆိုတာကိုတော့ သင်ထားပေးဖို့ ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေက သင်ကလေးအနားမှာ မနေနိုင်စဉ်မှာ ကလေးကို လုံခြုံစိတ်ရဖို့အတွက် ကူညီပေးနိုင်ပါတယ်။ သင့်ကလေးကို သူစိမ်းတွေအကြောင်း ဘယ်လိုပြောမလဲ။ အခြေခံ ကိုယ်ခန္ဓါလုံခြုံမှုကနေ စတင်ပါ။ လူစိမ်းတွေအကြောင်း စတင်ပြောဆိုဖို့အတွက် အသက် ၂ နှစ် ၃ နှစ်ကလေးတွေနဲ့ ယေဘုယျ လုံခြုံမှုအကြောင်း ပြောပြပါ။ သင်တို့ အပြင်ထွက်သွားစဉ်မှာ ကလေးတွေကို သင့်နားမှာထားပါ။ ဒါ့ပြင် ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ရဲ့ လိင်အင်္ဂါ အခေါ်အဝေါ်တွေကို သင်ယူဖို့အတွက် လုံလောက်ပြီဖြစ်ပြီး ဒီနေရာတွေကို အခြားသူ ထိတွေ့ခြင်းဟာ မသင့်လျော်ဘူးဆိုတာ သိနိုင်ပြီ ဖြစ်ပါတယ်။ လူစိမ်းတွေအကြောင်းပြောပါ။ ကလေးတွေဟာ အသက် ၄ နှစ်လောက် ရောက်ချိန်မှာ စတင်ဆွေးနွေးနိုင်ပြီ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်ကလေးက သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေရင် ဘယ်လိုကူညီမလဲ

သင့်ကလေးကို မွေးဖွားလိုက်တာနဲ့ တစ်ပြိုင်နက် သင်ဟာ ယောကျာ်းလေးမှန်းသိပြီး သူ့ကို ဒီပုံစံအတိုင်း ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ကလေးဟာ သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လာပါတော့တယ်။ ဒါဟာ သူ့အတွက်ရော သင့်အတွက်ပါ လန့်စရာ စိတ်ရှုပ်စရာ ကောင်းပါတယ်။ သင်ဘယ်လိုပဲ ခံစားရသည်ဖြစ်ပါစေ သင့်ကလေးဟာ သင်သူ့အတွက် အမြဲအဆင်သင့်ရှိနေခြင်းကို အရာအားလုံးထက်ပိုပြီး လိုအပ်တယ်ဆိုတာ မမေ့သင့်ပါတယ်။ သင့်ကလေးကို ဘယ်လို ထောက်ပံ့ပေးသင့်တယ်ဆိုတာ မသိဘူးဆိုရင် အောက်ပါအချက်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။   ၁။ တရားသေ မယူဆပါနဲ့။ သူ့ဘဝရဲ့ အစပထမနှစ်တွေမှာ သင့်ကလေးဟာ လိင်ပုံစံမျိုးစုံကို စမ်းကြည့်နိုင်ပါတယ်။ ဒါဟာ ကြီးပြင်းလာခြင်းရဲ့ သဘာဝကျတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သူဟာ ပန်းရောင်ကို ဝတ်ဆင်ချင်တာမျိုး၊ သူငယ်ချင်းတွေနဲ့ ကစားချိန်မှာ အမေနေရာက သရုပ်ဆောင်ချင်တာမျိုး ရှိနိုင်ပါတယ်။ ဒါဟာ သူအသက်ကြီးလာတဲ့အခါ မိန်းမစိတ်ပေါက်တော့မယ်လို့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးများရန်ဖြစ် လျှင် မိဘများက ဘယ်လိုတားမလဲ

ကလေးများရန်ဖြစ် ခြင်းသည် သဘာဝပင်ဖြစ်ပြီး မောင်နှမများသည် မိဘတို့၏ အာရုံစိုက်မှုကို ရရှိစေရန် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြီးရန်ဖြစ်ခြင်းများပြုလုပ်တတ်ကြသည်။ မောင်နှမတိုင်းတွင် ပဋိပက္ခဖြစ်တတ်သည်မှာ ပုံမှန်ဖြစ်ပြီး သဘောထား မတိုက်ဆိုင်ခြင်းများကလည်း ရှောင်လွဲမရတတ်ပါ။ သို့သော် ကလေးများကြား ဆက်ဆံရေးပြန်လည် ကောင်းမွန်စေရန် အချက်မှာ ရန်ဖြန်တာကို ဘယ်လိုပြန်ဖြေရှင်းသလဲပေါ် မူတည်ပါသည်။ ညီအစ်ကို မောင်နှမချင်း ရန်ဖြစ်တာ မဆန်းပါ။ ဖြစ်ကိုဖြစ်တတ်သည်ကို သင်သိထားရပါမည်။ သို့သော် တခြားအရာများလိုပင် သင်ကိုင်တွယ်ရမည့်နည်းလမ်းနှင့် ဗျူဟာများတော့ လိုပါလိမ့်မည်။ ကလေးတွေ ဘာကြောင့် ရန်ဖြစ်ရသလဲ။ ပထမဆုံးအနေနှင့် ကလေးများရန်ဖြစ် ရသည့် အကြောင်းရင်း၄ ခုရှိသည်ကို သိထားသင့်ပါသည်။ တစ်ခုစီကလည်း ခံစားချက်တစ်မျိုးစီကို အခြေခံပါသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများရန်ဖြစ်ခြင်းသည် များသောအားဖြင့် ခံစားချက်တွေကြောင့်ဖြစ်ပြီး ဟုတ်တိပတ်တိအကြောင်းများကြောင့် မဟုတ်ပါ။ ပျင်းရိခြင်း သင့်ကလေး ပျင်းလာသည့်အခါ သူ့ကိုပြန်တုန့်ပြန်မှာ သေချာသည့် တစ်ယောက်ယောက်ကို အပျော်စနောက်ရန်ရှာတာထက် ကောင်းတဲ့နည်းလမ်းရှိမှာ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အသီးအရွက်နဲ့ သစ်သီးတွေကို ကလေးတွေအကြိုက်ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ

အသီးအရွက်စားခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ကလေးအများစုက အသီးအရွက်တွေရဲ့ အရသာကို မကြိုက်တာကြောင့် သိပ်မစားဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကလေးတွေ အကြိုက်တွေ့စေမယ့် အသီးအရွက် ပြင်ဆင်နည်း ၁၀ ခုကို ရေးသားလိုက်ရပါတယ်။ (၁) ဖျော်ရည်လုပ်တိုက်ပါ။ လတ်ဆတ်တဲ့ သစ်သီးတွေကို အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် ဒါမှမဟုတ် နို့နဲ့ ရောဖျော်ပြီး တိုက်နိုင်ပါတယ်။ စတော်ဘယ်ရီဖျော်ရည်၊ ငှက်ပျောသီးဖျော်ရည်တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေအပြင် omega-3 fatty acid ပါဝင်တဲ့ အသီးတွေဆို ပိုကောင်းပါတယ်။ DHA (Docosahexaenoic acid) ဆိုတဲ့ omega-3 fatty acid က ကလေးတွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတာကြောင့် ကလေးတွေ စားသုံးမယ့် အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အရုပ်သေနတ်က သင့်ကလေးစိတ်ကို ကြမ်းတမ်းစေသလား

အရုပ်သေနတ် တွေဟာ သင့်ကလေးကို ပိုမိုကြမ်းတမ်းစေတယ်ဆိုပြီး သင်ပူပန်ဖူးပါသလား။ မိဘအတော်များများဟာ ကလေးတွေကို အရုပ်သေနတ် နဲ့ ဆော့ခွင့်မပြုတတ်ကြပါဘူး။ ဒါပေမယ့် ငယ်ရွယ်စဉ်မှာ အရုပ်သေနတ်နဲ့ ကစားခဲ့ကြတဲ့ ယောက်ျားလေးတွေဟာ အရွယ်ရောက်ချိန်မှာ ပြစ်မှုကျူးလွန်ခြင်း မျိုး မရှိကြပါဘူး။ အရုပ်သေနတ်တွေဟာ ယောက်ျားလေးတွေကို လက်တွေ့ဘဝမှာ အကြမ်းဖက်မှုတွေ ပြုလုပ်စေပါသလား။ ကလေးစိတ်အထူးကု ဆရာဝန် ဒေါက်တာ Michael Thompson က ငယ်ရွယ်စဉ်မှာ စစ်တိုက်တိုင်းကစားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝမှာ ဒေါသကြီးခြင်းကို ဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက် မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကစားနည်းတွေဟာ ကလေးရဲ့ လိင်ပေါ်မှာ မူတည်ပါတယ်။ ယောက်ျားလေးတွေဟာ ပြင်းထန်တဲ့ ဆော့ကစားခြင်းတွေ ဖြစ်တဲ့ လူဆိုးတွေကို တိုက်ခိုက်ခြင်း၊ စစ်တိုက်တိုင်း ကစားတတ်ကြပေမယ့် မိန်းကလေးတွေကတော့ အရုပ်၊ ဟင်းချက်တိုင်း၊ မိသားစုလုပ်တိုင်း ဆော့ကစားနည်းတွေကို ကစားလေ့ရှိကြပါတယ်။ မကြာသေးမီက […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

၄ နှစ် နှင့် ၅ နှစ် ကလေးများအတွက် အစားအသောက်နှင့် အာဟာရ

ကလေးတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားရတဲ့အခါမှာ ပိုပြီးနေကောင်းကြပါတယ်။ မူကြိုနဲ့ သူငယ်တန်းအရွယ်တွေမှာ သင့်ရဲ့ကလေးဟာ အခြားသောမိသားစုဝင်တွေစားတဲ့အစာအတိုင်း စားသင့်နေပါပြီ။ သင့်ရဲ့တာဝန်ကတော့ ကလေးအတွက် ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာ အာဟာရ ပြည့်ဝတဲ့အစာတွေကို ဖန်တီးဖို့နဲ့ စားချိန်မှန်အောင် အချိန်တစ်ခု သတ်မှတ်ပေးဖို့ပါပဲ။ သင့်ကလေးတွေဟာ သူတို့ဆာ၊မဆာဆိုတာနဲ့ ရလာတဲ့ခွဲတမ်းကို ဘယ်လောက်များများစားမလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ မူကြိုကလေးလေးက ဘာတွေစားသင့်တာလဲ။ သင့်ရဲ့ကလေးဟာ သူတို့ကိုယ်တိုင်စားတတ်နေပြီး အစားအစာအမျိုးမျိုးကိုလည်း စမ်းသပ်စားသုံးကြည့်နိုင်ပါပြီ။ သင်က သူတို့အတွက် ရွေးချယ်စရာအမျိုးမျိုးပေးသင့်သလို ပုံစံအသစ်၊အရောင်သစ်နဲ့ အရသာအသစ်တွေကိုလည်း ဖန်တီးေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေပျော်ရွှင်ဖို့အတွက် စားစရာတွေကို ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးပါ။ ကလေးတွေဟာ အောက်ပါ အစာအုပ်စုတွေကို စုံအောင် စားဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအစာအုပ်စုတွေကတော့ အနှံ၊ အသီးအရွက်၊ အသီးအနှံ၊ နို့နဲ့ အသားတွေပါ။ မူကြိုကလေးအရွယ်ဟာ ဘယ်လောက်များများ စားသင့်သလဲ။ သူတို့ဘာကိုစားမလဲ၊ ဘယ်လောက်စားမလဲဆိုတာ သင့်ကလေးတွေကို ကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်ပါ။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ကလေးကို ဘာကြောင့်ရေကူးသင်ပေးသင့်ပါသလဲ

ရေကူးခြင်းသည် ကလေးများ အနှစ်သက်ဆုံးသော ကစားနည်းဖြစ်သည်။ ကလေးများသည် ရေကူးကန်ထဲတွင် တစ်နေကုန်ဆော့ရခြင်းကို နှစ်သက်ကြသည်။ သို့သော် ရေကူးခြင်းသည် အပျော်သက်သက်သာမဟုတ်ပဲ သေချာစွာလေ့ကျင့်သင်ကြားပေးလျှင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရနိုင်သည့်အပြင် အသက်ကိုလည်း ကယ်နိုင်သည်။ ၁။ ဘေးကင်းလုံခြံမှု မတော်တဆ ရေနစ်ခြင်းသည် တစ်နှစ်မှ လေးနှစ်အတွင်းတွင် ကလေးများသေဆုံးသော အကြောင်းရင်းထဲမှ တစ်ခုဖြစ်သောကြောင့် သင့်ကလေးကို ထိုအန္တရာယ်မှ ကာကွယ်ရန် ရေကူးသင်ပေးသင့်သည်။ ထို့ကြောင့် သင့်ကလေးကို တတ်နိုင်သမျှမြန်မြန် ရေကူးသင်တန်းသို့ သွားရောက်အပ်နှံသင့်သည်။   ၂။ ဖျော်ဖြေရေး ကလေးအများစုသည် ရေကူးကန်သို့ ရေသွားကူးရန် မိဘများကို တောင်းဆိုကြသည်။ ပူအိုက်သည့်ရာသီတွင် ရေကူးရခြင်းသည် ဘာနဲ့မှမလဲနိုင်ပေ။ ထို့ကြောင့် သင့်ကလေးကို ဘေးကင်းစွာ ရေကူးနိုင်ရန် ပြင်ဆင်ပေးထားသင့်သည်။ သင့်ကလေးကို ရေရှိသည့်နားသို့ မသွားခိုင်းမည့်အစား ရေကူးတတ်စေရန် သင်ပေးသင့်သည်။ သင့်ကလေး ကျွမ်းကျင်စွာရေကူးတတ်လျှင် သူ၏ သူငယ်ချင်းများနှင့် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်ကလေးတွင် သူငယ်ချင်းမရှိလျှင် မည်သို့လုပ်မည်နည်း

ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ကလေးများကို အကောင်းဆုံးများကိုသာ ရစေလိုကြသည်။ ဖြစ်နိုင်လျှင် အကောင်းဆုံးအစားအစာ၊ အကောင်းဆုံးပညာရေး၊ အကောင်းဆုံး အဝတ်အထည်များကိုသာ ပေးလိုကြသည်။ သို့သော် ကလေးများအတွက်မိဘများ ဘယ်သောအခါမှ မဝယ်ပေးနိုင်သည့် အရာများလည်း ရှိပါသည်။ ထိုအရာများထဲမှတစ်ခုသည် သူငယ်ချင်းမိတ်ဆွေဖြစ်သည်။ သင့်ကလေးကိုသူငယ်ချင်းများရစေရန် ဝယ်မပေးနိုင်သော်လည်း သင့်ကလေးကို ကောင်းမွန်သော လူမှုဆက်ဆံရေးပတ်ဝန်းကျင်ရစေရန် ပြုလုပ်ပေးနိုင်ပါသည်။   သင့်ကလေးကို အခြေခံ လူမှုစည်းကမ်းများကို သင်ကြားပေးပါ။ သင်နှင့် သင့်ကလေးသည် ကျောင်းတွင်တစ်နေ့တာအကြောင်းကို ပြောဆိုဆွေးနွေးရန် အချိန်ပေးနိုင်လျှင် ကောင်းပါသည်။ ထိုအချိန်တွင် သင့်ကလေးနှင့် ဆက်ဆံရေးပိုကောင်းလာပြီး သင့်ကလေးအတွက် အကြံဉာဏ်ကောင်းများပေးနိုင်သော အချိန်လည်း ဖြစ်သည်။ သင့်ကလေးကို အောက်ပါတို့ကို သင်ကြားပေးပါ။ သူငယ်ချင်းခင်မင်မှု၏ အရေးကြီးပုံ။ သူတို့၏ ရွယ်တူသူငယ်ချင်းများကို မည်သို့ကောင်းအောင် ဆက်ဆံရမည်။ မည်သို့ မရိုင်းစေရန် ပြောဆိုပြုမူရမည်။ သူငယ်ချင်းများမှ အန္တရာယ်ရှိသော အရာအတွက်အဖော်ခေါ်လျှင် မည်သို့ငြင်းရမည်ဆိုတဲ့ နည်းလမ်းများကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးကို ကျောင်းမှာ ဘေးကင်းစိတ်ချရအောင် ဘယ်လိုလုပ်မလဲ

ကျောင်းသည် ကလေးငယ်များအတွက် အလုံခြုံဆုံးနေရာဖြစ်သော်လည်း မိဘအများစုအတွက်တော့ မိမိရင်သွေး ဘေးကင်းစိတ်ချရေးသည် စိုးရိမ်ပူပန်မှုကြီးတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ထိုစိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် အောက်ပါနည်းများကို ကျင့်သုံးကြည့်ပါ။ ၁။ ကလေးက သူ့နာမည်အပြည့်အစုံ၊ လိပ်စာ နှင့် မိဘ တယ်လီဖုန်းနံပါတ်များကို သိတာသေချာပါစေ။ ကလေးသိတတ်နားလည်သောအရွယ် ရောက်တာနဲ့ အရေးပေါ်အခြေအနေမျိုးမှာ မဖြစ်မနေလိုအပ်သော အရေးကြီးသည့် သတင်းအချက်အလက်အားလုံး (ဥပမာ- ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ရဲစခန်းဖုန်းနံပါတ်)ကို သတိရစေဖို့ လေ့ကျင့်ပေးပါ။ ၂။ အကယ်၍ ကလေးသည် ဆေးဝါးလိုအပ်သော နာတာရှည်ရောဂါ (ဥပမာ-ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချိုရောဂါ) သို့မဟုတ် ပြင်းထန်ဓါတ်မတည့်မှုပြဿနာရှိလျှင် တာဝန်ရှိသူများကို အသိပေးဖို့လိုအပ်သည်။ မိဘတို့သည် ကလေးကျန်းမာရေးအတွက် တာဝန်ရှိသော ကျောင်းသူနာပြု၊ ကျောင်းအတွင်းရေးမှူးနဲ့ တွေ့ဖို့လိုအပ်သည်။ မိဘသည် ကလေး ဆရာ/ဆရာမ ၊ ကျောင်းအုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကလေးရောဂါ အကြောင်းကိုပြောပြကာ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

၄-၅ နှစ်အရွယ် ကလေးကို ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

ကလေးတွေရဲ့အသက်အရွယ်ကိုလိုက်ပြီး ကြီးထွားဖို့လိုအပ်တဲ့အာဟာရဓါတ်တွေကလည်း မတူညီပါဘူး။ မူကြိုတက်တဲ့အရွယ်ဟာ အပြောင်းအလဲကာလတခု ဖြစ်ပါတယ်။ သင့်ကလေး အသက်လေးနှစ်အရွယ်ရောက်တဲ့အခါ မိသားစုတွေစားတဲ့အစားအစာတွေအတိုင်း အတူတကွလိုက်စားသင့်ပါပြီ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ဘယ်လိုရွေးချယ်မလဲဆိုတာနဲ့အစားအသောက်ရွေးတဲ့ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီး မိဘတွေကို အကူအညီပေးနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ ၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေအများကြီးနဲ့ ကလေးကို မိတ်ဆက်ပေးပါ။ ကလေးတွေအနေနဲ့အစားအစာမျိုးစုံကို စားခွင့်ရတဲ့အခါ ဘယ်အစားအစာက သူတို့အတွက်ကောင်းပြီး ဘယ်အစားအစာကတော့ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာ ပိုပြီးသိလာပါလိမ့်မယ်။ ဒါ့အပြင် အစားမျိုးစုံစားပေးခြင်းအားဖြင့် ကလေးရဲ့ ကိုယ်ခန္ဓါဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကို မျှတစွာရရှိစေမှာ ဖြစ်ပါတယ်။ ပရိုတင်းဓါတ်ပါတဲ့ အစားအစာ (ပဲ၊ ကြက်၊ ကြက်ဆင်၊ ငါး၊ အသားများများပါတဲ့ဟမ်ဘာဂါ၊ တို့ဖူးနဲ့ဥမျိုးစုံစသည်)၊ အစေ့အဆန်၊ ပေါင်မုန့်၊ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အဆီနည်းတဲ့နို့ထွက်ပစ္စည်းတွေ (နွားနို့၊ ဒိန်ခဲ၊ဒိန်ချဉ်စသည်)ဟာရွေးချယ်သင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။   ၂။ ကလေး စားနိုင်သလောက်ပဲ ချင့်ချိန်ကျွေးပါ။ ကလေးတွေဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း