ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဘေဘီလေးတိုင်း အာဟာရ ပြည့်ဝဖို့ လိုပါမယ် ဘေဘီလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ ၂၇မျိုး

သရေစာစားချိန်ဟာ ကလေးတိုင်းရဲ့ အကြိုက်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို အသင့်စားနိုင်အောင် ပြုပြင်ထားတဲ့ စားစရာတွေ၊ သကြားများတဲ့ စားစရာတွေ မကျွေးသင့်ပါဘူး။ ယခုဖော်ပြမယ့် သရေစာ ၂၇မျိုးကို စမ်းကျွေးကြည့်ပါ။ သင့်ကလေး ပျော်ရွှင်ပြီး ကျန်းမာသန်စွမ်းပါလိမ့်မယ်။ ကလေးများကို သရေစာ ဘယ်နှကြိမ် ကျွေးသင့်လဲ ကလေးများအတွက် သရေစာတွေကို အစားတကြိမ်နဲ့ တကြိမ်ကြား ကျွေးနိုင်ပါတယ်။ နေ့လယ်ပိုင်းမှာ ကျွေးတဲ့သရေစာဟာ ညစာစားသည့်တိုင်အောင် အာဟာရနဲ့ စွမ်းအင်ကို ပေးနိုင်ပါတယ်။ ပုံမှန်အချိန်နဲ့ စားတဲ့ သရေစာများဟာ သင့်ကလေး ဆာပြီး ဂျီမကျအောင် အကူအညီပေးပါတယ်။ ဒါပေမယ့် သရေစာစားတာ လွန်သွားရင်လည်း ညစာလွတ်သွားနိုင်ပါတယ်။ ဒါဆိုရင် အချိန်မှန်အောင် ဘယ်လို ရွေးချယ်ကြမလဲ။ သင့်အနေနဲ့ ကလေးတွေ ဆာနေပုံရတဲ့အချိန်မှ ကျွေးသင့်ပါတယ်။ ဒါဟာ သူတို့ဘဝတလျှောက်လုံးအတွက် ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်အောင် […]


ကလေးငယ်အာဟာရ

ကလေးငယ်များစားသောက်မှုပုံစံများအတွက် သိမှတ်ဖွယ်ရာများ

သင့်ကလေးကို ပုံစံတကျ ကျွေးဖို့ စီမံထားရင် မေးစရာတွေ ရှိလာနိုင်ပါတယ်။ နွားနို့နဲ့ ပဲနို့ ဘယ်ဟာကို ရွေးရမလဲ။ တံဆိပ်တွေက အဆင်ပြေရဲ့လား။ ဘယ်တံဆိပ်က အကောင်းဆုံးလဲ။ အောက်ပါ အချက်တွေကတော့ ကလေးငယ်များအတွက် ပုံစံတကျကျွေးရာမှာ သိသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ ကလေးငယ်များကို ပုံစံတကျကျွေးရာမှာ ဘာတွေက အဓိက အမျိုးအစားတွေလဲ တရားဝင်ခွင့်ပြုချက်များအရ ကလေးများကို ပုံစံတကျကျွေးဖို့ အဓိကအမျိုးအစား ၃ခု ရှိပါတယ်။ - နွားနို့ပရိုတိန်းအခြေပြုပုံစံ။ အတွေ့ရအများဆုံး ပုံစံဖြစ်ပြီး မိခင်နို့နဲ့ အများဆုံးဆင်တူပါတယ်။ ဒီအမျိုးအစားမှာသုံးတဲ့ နွားနို့ဟာ ကလေးငယ်များ အစာခြေဖျက်ရ လွယ်ကူစေဖို့နဲ့ အာဟာရဓါတ်ပိုမို ပါဝင်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ် အများစုဟာ နွားနို့နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ နွားနို့ဓါတ်မတည့်မှုရှိရင် တခြားပုံစံကို ရွေးချယ်သင့်ပါတယ်။ - ပဲနို့အခြေခံပုံစံ။ နွားနို့နဲ့ lactose မတည့်တဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး

ဘေဘီလေးတွေကို ကျန်းမာတဲ့ သွားတွေပိုင်ဆိုင်စေဖို့နဲ့ အစားအစာတွေကိုကောင်းကောင်းစားနိုင်စေဖို့အတွက် ငယ်စဉ်ချိန်ကတည်းက သွားနဲ့ခံတွင်းကျန်းမာစေဖို့ မိဘတွေကသေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ မိမိရင်သွေးလေးတွေကိုပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ခံတွင်းနဲ့သွားတွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ ရင်သွေးလေးတွေ သွားနဲ့ခံတွင်းကျန်းမာစေဖို့ ဘာတွေကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။ ကလေးခံတွင်းနဲ့သွားကျန်းမာစေဖို့ အစားအစာ (၅) မျိုး ပန်းသီး ကလေးတွေကို ပန်းသီးကျွေးပေးမယ်ဆိုရင် သွားမှာကပ်ညှိနေတဲ့ သွားချေးလိုမျိုးအရာတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပန်းသီးတင်မဟုတ်ပါဘူး။ အမျှင်ဓါတ်ပါတဲ့ အသီးတွေကလည်း ကလေးရဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်ပါတယ်။ ပန်းသီးက ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်စေဖို့ အထောက်အကူပြုပေးပါတယ်။   ဥအမျိုးမျိုး ကြက်ဥ၊ဘဲဥနဲ့ငုံးဥတို့လိုမျိုး ဥတွေမှာ ကယ်လ်ဆီယမ်၊ပရိုတင်းနဲ့ဗီတာမင် D တို့လိုမျိုး ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်ဆိုတာကိုတော့ဖေဖေမေမေတို့ သိပြီးဖြစ်မှာပါ။ ဥအမျိုးမျိုးမှာ DHA လို့ခေါ်တဲ့ […]


ကလေးငယ်အာဟာရ

သင့်ကလေးကို စကျွေးသင့်တဲ့အသီး (၅) မျိုး

ကလေးကို အစားစကျွေးတဲ့အချိန်( နို့ဖြတ်တဲ့အချိန်၊ ထမင်းစကျွေးတဲ့အချိန်)ဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရမ်းအရေးပါတဲ့ကာလဖြစ်ပါတယ်။ ဒါပေမယ့် နို့စို့အရွယ်ကနေ အစားစစားချိန်မှာ ကလေးကို ဘာတွေကျွေးသင့်သလဲ၊ ဘာတွေမကျွေးသင့်ဘူးလဲဆိုတာမေမေတို့အတော်များများမှာခေါင်းစားရတဲ့ပြဿနာပါ။ အထူးသဖြင့် အသီးအနှံကျွေးတဲ့အခါပေါ့။ ဒီအတွက် မေမေတို့ စိတ်မရှုပ်ရအောင် ကလေးငယ်တွေအတွက် အာဟာရဓါတ်အပြည့်ဝဆုံးနဲ့ အသင့်တော်ဆုံး အသီး (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ (၁)ထောပတ်သီး ကလေးကို အဆီဓါတ်ပါဝင်မှုများတဲ့စားစရာတွေ မကျွေးသင့်ဘူးလို့ မိဘတော်တော်များများက ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ အဆီဓါတ်ဟာ ဗီတာမင် A၊ C၊ D နဲ့ E တို့လို အဆီမှာပျော်ဝင်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူပေးနိုင်တာကြောင့် ကလေးငယ်ရဲ့စားသုံးမှုအာဟာရထဲမှာမဖြစ်မနေပါဝင်သင့်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့အရေပြားကျန်းမာရေးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ထောပတ်သီးမှာ monounsaturated fats တွေနဲ့ ဗီတာမင် E လို အကျိုးပြုအဆီဓါတ်တွေအပြင်folate ၊ ပိုတက်စီယမ်နဲ့ဗီတာမင်ဘီအုပ်စုတွေ ကြွယ်ဝတာကြောင့် ကလေးတွေအတွက် […]


ကလေးငယ်အာဟာရ

တစ်နှစ်အောက်ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာ (၁၀) မျိုး

ဘေဘီလေးတွေကို အစားစကျွေးတဲ့အခါ ဟိုဟာလည်းကျွေးချင်၊ ဒီဟာလည်းကျွေးချင်ဖြစ်ကြဖူးမှာပါ။ စားလို့ကောင်းတာလေးဆို ကလေးပါးစပ်ထဲ တစ်တို့လောက်ဖြစ်ဖြစ် ခွံ့လိုက် တို့ပေးလိုက်ရမှ။ဘေဘီလေးတွေကတော့ မစားဖူးသေးတဲ့အရာ၊ စားလို့ကောင်းတဲ့အရာဆို အရသာခံနေမှာပါ။ အဲဒီအစားအစာက ဒီအရွယ်ကလေးငယ်အတွက် သင့်တော်ပါ့မလား၊ တည့်ပါ့မလား ဆိုတာတွေးရမှာတော့ မိဘတာဝန်ဖြစ်ပါတယ်။ တစ်နှစ်မပြည့်သေးတဲ့ အစားစားတတ်ခါစအရွယ်၊ ဘာမဆိုကောက်ဝါးတတ်ပြီး သွားလည်းအပြည့်အစုံမပေါက်သေးတဲ့ ကလေးငယ်အတွက်က မသင့်တော်တဲ့အစားအစာတွေရှိပါတယ်။ စပ်ကူးမပ်ကူးအရွယ်မှာ ကလေးကို ဘာကျွေးကျွေးသေချာစဉ်းစားစီမံမှဘေးကင်းကျန်းမာတဲ့သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ တစ်နှစ်အောက်ကလေးငယ်တွေအတွက် မကျွေးသင့်တဲ့ အစားအစာတွေကတော့ - (၁) ပျားရည် ပျားရည်က ကလေးရဲ့အူထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေပါနိုင်တာကြောင့်infantbotulism (အစာအဆိပ်သင့်ခြင်း)ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့အသက် တစ်နှစ်မပြည့်ခင် ပျားရည်မကျွေးတာကောင်းပါတယ်။ (၂) နွားနို့ နွားနို့ကခန္ဓါကိုယ်အတွက်ကောင်းပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ နွားနို့မတိုက်သင့်ပါဘူး။ ကလေးအတွက် အစာကြေဖို့ခက်နိုင်ပါတယ်။ တစ်နှစ်ပြည့်ပြီးမှ ထိုက်သင့်သလောက် တိုက်နိုင်ပါတယ်။ (၃) အသီးဖျော်ရည် အသီးဖျော်ရည်ကကောင်းကျိုးတွေရှိတယ်ဆိုပေမယ့် ကလေးငယ်တွေအတွက်လိုအပ်တဲ့ အဆီဓါတ်၊ပရိုတင်း၊ကယ်လ်စီယမ်၊ဇင့်နဲ့ ဗီတာမင်ဒီဓါတ်တွေမပါဝင်ပါဘူး။ အသီးဖျော်ရည်တွေကြောင့် တစ်နှစ်အောက်ကလေးငယ်တွေအတွက် အဓိကအာဟာရဖြစ်တဲ့ မိခင်နို့ သို့မဟုတ် […]


ကလေးငယ်အာဟာရ

ကလေးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ

ကလေးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ ကလေးတိုင်း ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုတာက အာဟာရသင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုအပ်တယ်ဆိုတာကို မိဘတိုင်းလိုလို သိရှိပြီးဖြစ်ကြမှာပါ။ ကလေးတွေကို အာဟာရမျှတအောင်ကျွေးမွေးနိုင်စေဖို့အတွက် ကလေးတွေမှာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်အချို့နဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပရိုတင်း ကြွက်သားတွေနဲ့ ကလေးရဲ့ကိုယ်ခန္ဓာက အခြားတစ်ရှုးတွေကို တည်ဆောက်ပေးတဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ပရိုတင်းဓါတ်ပါဝင်တဲ့အစားအစာများ - ငါး ကြက်သား ကြက်ဆင်သား အဆီမပါတဲ့အသား အခွံမာသီးတွေ ဥအမျိုးမျိုး နို့အမျိုးမျိုး ဒိန်ချဉ် ချိစ် မြေပဲထောပတ် ပဲပိစပ်အစိမ်း ကာဗိုဟိုက်ဒရိတ်ဓါတ် -ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အတွက်အလွန်အရေးပါလှတဲ့ စွမ်းအင်အရင်းအမြစ်တစ်ရပ်ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်က ကလေးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ဖို့နဲ့ တစ်ရှုးတွေပြုပြင်ဖို့အတွက် အဆီတွေနဲ့ ပရိုတင်းတွေကို အသုံးပြုရာမှာ အထောက်အကူပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို အစားအသောက်အမျိုးမျိုးကနေရရှိနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ရရှိနိုင်တဲ့အစားအသောက်များ - ပေါင်မုန့် cereals ထမင်း ခရက်ခ်ကာ ပတ်စတာ အာလူး သံဓာတ် ခန္ဓာကိုယ်အတွက်အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတဲ့သွေးနီဥဆဲလ်တွေဖြစ်ပေါ်အောင် အထောက်အပံ့ပေးပါတယ်။ ကလေးတွေကြီးထွားဖို့အတွက်ထောက်ကူပေးပါတယ်။ […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဘယ်လိုအစာကျွေးရမလဲ

ကလေးတစ်ယောက်ကို ကြီးပြင်းလာတဲ့ထိ ပြုစုစောင့်ရှောက်ဖို့ဆိုတာ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ လိုအပ်ချက်တွေလို့ ဆိုရာမှာလည်း ဗဟုသုတ၊ သည်းခံနိုင်စွမ်းနဲ့ အတွေ့အကြုံတွေကလည်း မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ ဒီအရာတွေအားလုံးထဲမှာ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ကလေးအတွက် အစားအစာကို သူ့ကအသက်အရွယ်နဲ့လိုက်ပြီး အာဟာရပြည့်အောင် ပြင်ဆင်ရတာပါပဲ။ ဒီဆောင်းပါးမှာတော့ ကလေးရဲ့ ဘဝအစ ပထမ ၆လအတွင်း အစာတွေကို ဘယ်လို ဘယ်အချိန်မှာ ကျွေးရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်ကိုလိုက်ပြီး အစာကျွေးနည်း လမ်းညွှန် ကလေးရဲ့ ပထမ ၄လတာကာလကျွေးမွေးမှု အနေအထား (ပုံစံ) ဒီအသက်အရွယ်မှာတော့ သင့်ကလေးဟာ နို့စို့ဖို့အတွက် နို့သီးခေါင်းဘက်ကို လှည့်ရှာနိုင်နေပါပြီ။ ကျွေးရမည့်အရာ မိခင်နို့ သို့မဟုတ် နို့မှုန့်သာ တိုက်ပါ။ တစ်ရက်တာ ကျွေးမွေးမှု ပမာဏ ကလေးနို့ပမာဏဘယ်လောက်စို့လဲသိရဖို့ဆိုရင် နို့ဘူးတိုက်တဲ့အချိန်မှာ လေ့လာထားနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်နေတဲ့အချိန်မှာတော့ ကလေးက တစ်နေ့တာအတွက် လုံလောက်တဲ့ အာဟာရပမာဏကို ရ၊မရဆိုတာ လက္ခဏာအချို့ပေါ် အခြေခံလို့ ဆုံးဖြတ်နိုင်ပါတယ်။ ကလေးကို […]


ကလေးငယ်အာဟာရ

ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

အထူးသဖြင့် အစာရွေးတဲ့ ကလေးတွေမှာ အစာကျွေးချိန်တွေဟာ မိဘတွေအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ကလေးက အသက်ကြီးလာတဲ့အခါ သူတို့ လုပ်ချင်တာနဲ့ စားချင်တဲ့အစာတွေနဲ့ ပတ်သက်ပြီး အမှီအခို ကင်းလာကြပါတယ်။ အစမှာတော့ ဒါဟာ အလွန် စိတ်ရှုပ်စရာကောင်းပါတယ်။ အစာရွေးခြင်းဟာ ကလေးရဲ့ အစပထမနှစ်တွေမှာ အဖြစ်များပါတယ်။ ဒါဆို ဒီလို အစာရွေးတဲ့ ကလေးကို အစာကျွေးစဉ်မှာ ဘာတွေ သိထားသင့်သလဲ ကြည့်လိုက်ကြရအောင်။   ဖြစ်နိုင်ရင် ကလေးကို အခြားမိသားစုဝင်တွေနဲ့ အတူ စားခွင့်ပေးပါ။ မိဘအများစုဟာ ကလေးကို မိသားစု ထမင်းဝိုင်းမှာ စားခွင့်ပေးမယ်ဆိုရင် စိတ်တိုခြင်း၊ အာခံခြင်းမရှိပဲ ကလေးတွေ ကောင်းကောင်းစားတာကို တွေ့ရမှာပါ။ ဒါဟာ အစာစားရုံတင်သာမက မိသားစုအချင်းချင်း ရင်းနှီးမှုရတဲ့ အချိန်လည်းဖြစ်ပါတယ်။ သူတို့တစ်နေ့တာအကြောင်းကို မေးမြန်းခြင်းအားဖြင့် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီကျခြင်းကို မေ့အောင်ပြုလုပ်နိုင်ပါတယ်။ သူတို့ကို စားပွဲမှာအတင်းထိုင်ခိုင်းမယ့်အစား […]


ကလေးငယ်

သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုမှာ ပါဝင်သင့်တဲ့ မဂ္ဂနီဆီယမ်

ကယ်လ်ဆီယမ် ဒါမှမဟုတ် အခြားသော သတ္တုဓါတ်တွေလို အလေးပေးအရေးတယူပြုခြင်းမခံရပေမယ့် မဂ္ဂနီဆီယမ်ဟာ သင့်ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။   မဂ္ဂနီဆီယမ်က ဘာလုပ်ပေးသလဲ။ ခန္ဓါကိုယ်မှာရှိတဲ့ အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက် မဂ္ဂနီဆီယမ်က အရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓါတ်ကို လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်မရှိဖူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကနေ စွမ်းအင်ထုတ်ပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ကြွက်သားတွေကလည်း တချိန်လုံးတင်းပြီး ညှစ်နေကြမှာဖြစ်ပါတယ်။ ကိုလက်စထရောထုတ်လုပ်မှုနဲ့ သွေးထဲပို့ဆောင်မှုတွေကိုလည်း ကောင်းကောင်းထိန်းညှိနိုင်တော့မှာ မဟုတ်ပါဘူး။   မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့နည်းပါးရင် ဘာတွေ ဖြစ်လာနိုင်သလဲ။ မဂ္ဂနီဆီယမ်ဓါတ်နည်းပါးခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ သင့်ကလေးရဲ့ သွေးတွင်းမဂ္ဂနီဆီယမ်ပမာဏကို ဂရုတစိုက်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အိပ်မပျော်ခြင်း။ ဝမ်းချုပ်ခြင်း။ ADHD or ADD growth pains လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားစဉ် […]


ကလေးငယ်

သင့်ကလေးကို ဘယ်အစာတွေ စကျွေးမလဲ

ကလေးလေးတွေကို အစာ စတင်ပြီးကျွေးရတဲ့ အချိန်ဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်ဖြစ်သလို မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ် (အထူးသဖြင့် သားဦး၊သမီးဦး မွေးထားသူတွေမှာပေါ့)။ ကလေးငယ်အများစုကို အသက် ၆လဝန်းနောက်ပိုင်းမှာ ဖြည့်စွက်အစာစတင်ပြီး ကျွေးလေ့ရှိပါတယ် (ကလေးတယောက်နဲ့ တယောက်တော့ မတူဖူးပေါ့)။ ဒါကြောင့် သင့်ကလေးကို အစာစတင်ပြီး ကျွေးသင့်မကျွေးသင့် သေချာစွာ သိရှိနိုင်စေဖို့အတွက် ကလေးအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ဒီစိတ်လှုပ်ရှားစရာ အချိန်လေးမှာ သင့်အနေနဲ့ ပိုပြီးမိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက် အချို့သော အရပ်စကားတွေကို ချေဖျက်ကြည့်ကြရအောင်။ အရပ်စကား တကယ်လို့ ကလေးဟာ အဖေ၊အမေရဲ့ ထမင်းပန်းကန်တွေကို ဆွဲရင် ဒါမှမဟုတ် အစားအစာတွေကို လိုက်ကိုင်ရင် သူလေးအနေနဲ့ အစာ စပြီး စားဖို့ အဆင်သင့်ဖြစ်နေပြီ။ အမှန် အစားအသောက်အပေါ် စိတ်ဝင်စားခြင်းဟာ အစာ စကျွေးသင့်ပြီဆိုတဲ့ အချက်နဲ့ ဆိုင်ချင်မှဆိုင်ပါလိမ့်မယ်။ ပိုကောင်းတဲ့ နည်းလမ်းက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း