ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဘေဘီလေးတိုင်း အာဟာရ ပြည့်ဝဖို့ လိုပါမယ် ဘေဘီလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

သင့်ကလေးကိုသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကျွေးသောအခါဘာတွေသိထားသင့်သလဲ

သူငယ်ချင်းများနှင့် ဆွေမျိုးသားချင်းများသည် သင့်ကလေးကို ဘယ်လိုအစားအစာမျိုးကို ဘယ်အချိန်မှာ ကျွေးရမလဲဆိုသည်ကို အကြံဉာဏ်များပေးကြပါသည်။ သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ သင့်ကလေးကို အသက်ခြောက်လရောက်မှသာ အစာအမာများစတင်ကျွေးဖို့ အကြံပြုထားပါသည်။ ဘယ်လိုအစားအစာမျိုးတွေ အရင်စကျွေးသင့်သလဲ။ ကလေးဆရာဝန်အများစုကတော့ အစေ့အဆံများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စတင်ကျွေးခြင်းက ကျန်းမာစေပြီး လက်ခံနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မိဘများသည် ကလေးတွေကို သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ စတင်ကျွေးသင့်သလား။ အသက်ခြောက်လကျော်သော ကလေးများကို ဓါတ်မတည့်ခြင်းဖြစ်လေ့ဖြစ်ထရှိသော အစားအစာများ စတင်ကျွေးခြင်း မပြုလုပ်သင့်ကြောင်း အကြံပြုထားပါသည်။ ဆိုလိုသည်ကတော့ မိသားစုထဲတွင်ဓါတ်မတည့်ခြင်း ဖြစ်စဉ်ဖြစ်ဖူးခဲ့သောကလေးများသို့မဟုတ် အစာဓါတ်မတည့်ခြင်းဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသော ကလေးများတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည်ကလေးများကို ပထမဆုံး ကျွေးကြည့်သင့်သော အစားအစာဖြစ်သည်ဟုဆိုလိုပါသည်။ ဟင်းသီးဟင်းရွက်များနှင့်သစ်သီးများသည် ဗီတာမင်စီနှင့် ဖောလိတ်အက်ဆစ်ကဲ့သို့သောအရေးကြီးသည့် ဗီတာမင်များ၏ အဓိကအရင်းအမြစ်များဖြစ်သည်။ အချို့သောဟင်းသီးဟင်းရွက်များသည် ကင်ဆာ၊ နှလုံးရောဂါဖြစ်ပွားခြင်းများကို ကာကွယ်လျော့ချနိုင်စွမ်းရှိသည်ဟုဆိုကြသည်။ ကလေးများကို ကျွေးသင့်သောအစားအစာများမှာ အာလူး၊ ကန်စွန်းဥ၊ […]


ကလေးငယ်အာဟာရ

သင့်ကလေးက အသီးအရွက်တွေ၊သစ်သီးတွေစားဖို့ ကြေးများနေရင် ဘယ်လိုလုပ်သင့်သလဲ

ကလေးတွေကို အသီးအရွက်တွေ၊ သစ်သီးတွေ အသာတကြည်စားအောင်ကျွေးဖို့ဆိုတာ မိဘတိုင်းအတွက် ပြင်းထန်တဲ့တိုက်ပွဲပါပဲ။ တချို့မိဘတွေက ကလေးတွေဘာမှ မစားတော့မှာစိုးတဲ့အတွက် အသီးအရွက်တွေကို ထမင်းစားပွဲကနေ လုံးဝဖယ်ထုတ်ထားတတ်ကြပါတယ်။ ဒါဟာ မှန်ကန်တဲ့ဖြေရှင်းမှုတော့ မဟုတ်ပါဖူး။ ဒီလိုလုပ်ရင် ကြာလာလေ ပိုဆိုးလာလေပဲ ဖြစ်မှာပါ။ သင့်ကလေး အသီးအရွက်တွေကို စားချင်လာအောင် ဘယ်လိုဆွဲဆောင်သိမ်းသွင်းမလဲဆိုတာ ဒီဆောင်းပါးမှာ အကြံဉာဏ်တချို့ပေးထားပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေရဲ့အရေးပါမှု သူတို့တွေဟာ အမျှင်ဓါတ်ကို အဓိကပေးနိုင်တဲ့ တာရှည်ခံဆေးဝါးတွေလုံးဝမပါဝင်သော သဘာဝထွက်ကုန် အစားအစာတွေဖြစ်ကြတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုလည်း အလျှံပယ်ပေးစွမ်းနိုင်ပါသေးတယ် ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေဟာ ဝမ်းမှန်စေပြီး အဝလွန်တာကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ကလေးတွေကို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေပုံမှန်ကျွေးမယ်ဆိုရင် ကင်ဆာရောဂါတွေဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံး၊ သွေးတိုးစတဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်ခေတ်ပိုင်းရဲ့ အစားအသောက်ပုံစံဟာ ကစီဓါတ်တွေ၊ ကယ်လ်လိုရီတွေ အရမ်းများတဲ့အတွက် ရောဂါဘယတွေ ဖြစ်လွယ်စေပါတယ်။ ဒီလိုရောဂါဘယတွေဘေးက ကင်းဝေးရလေအောင် သင့်ကလေးကို […]


ကလေးငယ်အာဟာရ

သင့်ကလေးကိုအစာအမာများမကျွေးခင်သင်သိသင့်သောအချက်များ

သင့်ကလေးကို အစာအမာကျွေးခြင်းသည် သင့်ကလေး၏ အသက်ပထမတစ်နှစ်တွင် စိတ်လှုပ်ရှားစရာကောင်းသောမှတ်တိုင်တစ်ခုဖြစ်သည်။ အစာအမာများ ပထမဆုံးစကျွေးခြင်းသည် ကမ္ဘာပေါ်တွင်ရှိသောအရသာမျိုးစုံကို စတင်စမ်းသပ်ခွင့်ရဖို့ ကနဦးအစပင်ဖြစ်သည်။ မည်သည့်အချိန်တွင်ကလေးကိုအစာအမာ စတင်ကျွေးသင့်သနည်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အမေရိကန်ကလေးဆရာဝန်များ အဖွဲ့အစည်းသည် ကလေးများကို လေးလနှင့်ခြောက်လအတွင်းတွင် အစာအမာများ စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ ထိုအချိန်ကတည်းကပင် ကလေး၏အစာချေစနစ်သည် အစာမျိုးစုံကိုချေရန် လုံလောက်စွာ ဖွံ့ဖြိုးနေပြီဖြစ်သည်။ အချို့ကိစ္စရပ်များတွင် သင်သည် ကလေးကို အနည်းငယ်နောက်ကျပြီးမှ အစာအမာကိုစတင်ကျွေးနိုင်သည်။ (ခုနစ်လ ပတ်ဝန်းကျင်)။ အရမ်းအစောကြီး အစာအမာစတင်ကျွေးခြင်းသည် မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဓါတ်မတည့်ခြင်း တုံ့ပြန်မှုများနှင့်တွေ့ကြုံနိုင်ရသောကြောင့် သို့မဟုတ် အသက်ကြီးလာလျှင် အဝလွန်ခြင်းနှင့် ဆက်စပ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အသက်ရှစ်လ၊ကိုးလအထိ အစာအမာ မကျွေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွယ်တွင် အစာစားသည့် အလေ့အကျင့်ကို ပြောင်းလဲရ ခက်ခဲလာသောကြောင့်ဖြစ်ပါသည်။ သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီး […]


ကလေးငယ်အာဟာရ

ကလေးကို မကျွေးသင့်သော အစားအစာများ

ကလေးတွေဟာ နုနယ်ပြီး အထိအခိုက်မခံနိုင်ပါဘူး။ သူတို့ ခန္ဓါကိုယ်လေးဟာ ပတ်ဝန်းကျင်နဲ့ အပြည့်အဝ အသားမကျသေးပါဘူး။ ဒါကြောင့် ကလေးတွေကို အရေးတယူနဲ့ ကာကွယ်မှုပေးရပါမယ်။ နည်းလမ်းတွေထဲက တစ်ခုကတော့ ကလေးတွေကို အောက်တွင်ဖော်ပြထားသော မတည့်တဲ့ အစားအစာတွေ မကျွေးခြင်းဘဲဖြစ်ပါတယ်။ ပျားရည် ပျားရည်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ Clostidium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ သူက ကလေးတွေကို ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေကိုတော့ ဒီဘက်တီးရီးယားတွေက ဘေးဥပါဒ်မဖြစ်စေနိုင်ပါဘူး။ လမ်းလျှောက်တတ်စ ကလေးတွေမှာ ကိုယ်ခံအားစနစ်က ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်လောက်အောင် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အသက်တစ်နှစ်မပြည့်သေးတဲ့ ကလေးတွေကို ပျားရည်မတိုက်ကျွေးသင့်ပါဘူး။ ဆား လမ်းလျှောက်တတ်စကလေးတွေ ဆားများစွာပါတဲ့ အစားအစာကိုစားမိပါက သူတို့ရဲ့ကျောက်ကပ်တွေဟာ နဂိုထက်ပို၍အလုပ်လုပ်ကြရပါတယ်။ ဒါ့အပြင် အသက်ကြီးလာချိန်တွင်လည်း ငန်တဲ့အစားအစာတွေကို စားတတ်တဲ့အလေ့အကျင့် ရသွားတတ်ပါတယ်။ ထိုအခါ သွေးတိုးရောဂါ၊ နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများ […]


ကလေးငယ်အာဟာရ

သင့်ကလေးနှင့် အတူ ဘေးကင်းပျော်ရွှင်ဖွယ် ဟင်းချက်ပြုတ်ချိန်

ကလေးများအတွက် မီးဖိုချောင်ဆိုသည်မှာ အလွန် ပျော်စရာကောင်းသော နေရာဖြစ်သည်။ ကလေးများကို မီးဖိုချောင်ထဲတွင် ကူလုပ်ပေးရန် ခေါ်ထားဖို့တော့ အမြဲတမ်း အဆင်မပြေနိုင်ပါ။ သို့သော်လည်း အဆင်ပြေသည့် အချိန်တွင် ကလေးများကို မီးဖိုချောင်တွင် ကူညီလုပ်ခိုင်းသင့်ပါသည်။ အောက်တွင် အကြံပြုချက်များ ဖော်ပြထားပါသည်။ မှန်ကန်သောအချိန်တွင် မှန်ကန်သော တာဝန်များ ရွေးချယ်ပြုလုပ်ခိုင်းပါ သင်သည် သင့်ကလေးကို မီးဖိုချောင်ထဲခေါ်မည်ဆိုလျှင် အနည်းငယ် ကြိုတင်စီစဉ်သင့်ပါသည်။ အကယ်၍ သင့်ကလေးဟာ ငယ်သေးသည်ဆိုပါက အသုပ် သို့မဟုတ် ထောပတ်နှင့် ပူပူနွေးနွေး စားရသည့် ပေါင်မုန့်အဝိုင်း စသော လွယ်ကူသည့် စားသောက်စရာများဖြင့် စတင်ပါ။ ပီဇာပြင်ဆင်ခြင်းသည်လည်း အကြံဉာဏ်ကောင်း တစ်ခုပင်ဖြစ်ပါသည်။ သင့်ကလေးများကို ရှိသောပစ္စည်းများ၊ ပါဝင်သော ပစ္စည်းများနှင့် ပီဇာတစ်ခု ပြုလုပ်ပုံကို သင်ကြားပေးခြင်းသည်လည်း အလွန်ကောင်းပါသည်။ ကလေးများကို အပေါ်ယံလွှာ၊ အချဉ်ရည်နှင့် ချိစ်တို့ကို သူတို့ကို […]


ကလေးငယ်အာဟာရ

မွေးကင်းစ ကလေးငယ်တိုင်းအတွက် လိုအပ်တဲ့ မရှိမဖြစ် အရာ ငါးမျိုး

အချို့မိဘတွေအတွက်ကတော့ သူတို့ကလေးအတွက် လိုအပ်တာလေးတွေဝယ်ခြင်းဟာ မိဘဘဝရဲ့ ပျော်ရွှင်ကျေနပ်ဖွယ် အချိန်လေးတွေ ဖြစ်ပါတယ်။ တချို့ကျတော့ ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာ မသိတဲ့အတွက် စိတ်ရှုပ်တတ်ကြပါတယ်။ ဘယ်အရာဟာ ကလေးငယ်အတွက် သင့်လျော်ပါသလဲ။ ဘာကိုလိုအပ်ပါသလဲ။ ဒီဆောင်းပါးမှာတော့ ကလေးငယ် အစွမ်းကုန် ကြီးထွား ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ မရှိမဖြစ် ကိရိယာ ငါးခုကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ (၁) ကလေး အဝတ်အစား ပထမ သုံးလအတွက် အဝတ်အစား - ဝတ်စုံ တစ်စုံ ၊ အင်္ကျီ ( လည်ပင်းပေါက် သေးတဲ့ အင်္ကျီတွေကို ရှောင်ကြဉ် သင့်ပါတယ်။) + ဆွဲဆန့်နိုင်တဲ့ ဘောင်းဘီ ၊ ဦးထုပ် (အေးတဲ့အချိန်မှာ ကလေးနားရွက်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ပူတဲ့အချိန်မှာ မျက်လုံးတွေကို နေရောင်ကနေ ကာကွယ်ပေးဖို့ ဦးထုပ်နှစ်မျိုးကို […]


ကလေးငယ်အာဟာရ

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓါတ်များ

သင့်ကလေးကိုယ်ရောစိတ်ပါကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလျှင် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓါတ်များကြွယ်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသည်လည်းအလွန်အရေးပါပါသည်။ ကလေးများအတွက်အရေးအကြီးဆုံးသောဗီတာမင်များနှင့်သတ္တုဓါတ်များ ဗီတာမင်အေ ဗီတာမင်အေသည် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီးတစ်သျှူးများနှင့်အရိုးဖွံ့ဖြိုးမှုကိုလည်းအားပေးကာကျန်းမာသောအရေပြားနှင့်မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေသောကြောင့် ကလေးများပုံမှန်ကြီးထွားဖို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်အေကို နွားနို့၊ချီးစ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ကြက်ဥဘဲဥ ကဲ့သို့ဥအမျိုးမျိုး၊အဝါရောင်သို့မဟုတ်ရွှေဝါရောင်ရှိသောဟင်းသီးဟင်းရွက်များဥပမာမုန်လာဥဝါစသည်တို့တွင်တွေ့နိုင်သည်။ ဗီတာမင်ဘီအုပ်စု ဗီတာမင်ဘီအုပ်စု(အထူးသဖြင့် ဗီတာမင်B2,B3,B6,B12)စသည်တို့သည်ကလေး၏ဇီဝရုပ်ဖြစ်ပျက်ခြင်း၊စွမ်းအင်ထုတ်လုပ်ခြင်းအာရုံကြောစနစ်များတွင်အထူးထောက်ပံ့ပေးသည်။ ဗီတာမင်ဘီကြွယ်ဝသောအစားအစာများမှာ အသား၊ကြက်သား၊ဥများ၊နို့၊ပဲများ၊ပဲနို့်၊ငါးစသည်တို့ဖြစ်ကြသည်။ ဗီတာမင်စီ ဗီတာမင်စီသည်ကလေးများ၏အရေပြားတစ်သျူးနှင့်ကြွက်သားများအတွက်အလွန်ကောင်းမွန်သည်။ ခရမ်းချဉ်သီး၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊ချဉ်သောအရသာရှိသည့်သစ်သီးများသည်ဗီတာမင်စီကြွယ်ဝသည်။ ဗီတာမင်ဒီ ဗီတာမင်ဒီသည်ခန္ဓါကိုယ်၏ကယ်လစီယမ်စုပ်ယူမှုကိုအားပေးသောကြောင့်အရိုးများသန်မာစေသည့်ဂုဏ်သတ္တိရှိပါသည်။နေရောင်ခြည်သည်ဗီတာမင်ဒီ၏အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ ထို့အပြင်ဗီတာမင်ဒီပါဝင်သောအစားအစာများမှာငါး၊ကြက်ဥအနှစ်၊စီရီယယ်လ်၊လိမ္မော်သီးစသည်တို့ဖြစ်သည်။ ကယ်လ်စီယမ် ဗီတာမင်ဒီကဲ့သိုပင်ကယ်လစီယမ်သည်ခန္ဓါကိုယ်၏အရိုးကြံ့ခိုင်မှုအတွက်ကူညီပေးသည်။ ကယ်လ်စီယမ်ကြွယ်ဝသောအစားအစာများမှာ ဒိန်ချဉ်၊နို့၊ချိစ်၊တို့ဖူးများဖြစ်ကြသည်။ သံဓါတ် ကြွက်သားများနှင့်သွေးနီဆဲလ်များသည်သံဓါတ်မရှိပါကကောင်းမွန်စွာအလုပ်မလုပ်နိုင်ပါ။ မိန်းကလေးများအတွက်ဆိုလျှင် ရာသီလာချိန်တွင်သံဓါတ်များဆုံးရှုံးသည့်အတွက် အလွန်အရေးကြီးသည်။ အနီရောင်အသားများကြက်ဆင်သားဒေါက်ခွရွက်နှင့်ပဲများသည်သင့်ကလေးအားသံဓါတ်ပေးစွမ်းသည်။ သင့်ကလေးများအားမရှိမဖြစ်လိုအပ်သော သတ္တုဓါတ်များဖြည့်ဆည်းပေးဖို့နည်းလမ်းအမျိုးမျိုး။ ကျန်းမာရေးနှင့်ညီသောအစားအစာသည်သင့်ကလေးလိုအပ်သောဗီတာမင်နှင့်သတ္တုဓါတ်များဖြည့်ဆည်းပေးသောအကောင်းဆုံးနည်းလမ်းဖြစ်သော်လည်းအချို့သောအခြေအနေများတွင် အားဖြည့်ဆေးများသောက်သင့်ပါသည်။ မလိုလားအပ်သောဘေးထွက်ဆိုးကျိုးများကိုရှောင်ရှားရန်အောက်ပါအကြောင်းအချက်များကိုလိုက်နာသင့်ပါသည်။ သင့်ကလေးကိုဗီတာမင်အားဖြည့်ဆေးမတိုက်ကျွေးမီကလေးအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ကလေးသည်ဆေးတစ်မျိုးမျိုးသောက်နေရပါကမလိုလားအပ်သောဆေးအချင်းချင်းဓါတ်ပြုမှုမရရှိစေရန်ဖြစ်သည်။ အသက်လေးနှစ်အောက်ကလေးများသည်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဗီတာမင်အားဖြည့်ဆေးများမတိုက်ကျွေးသင့်ပါ။ သင့်ကလေးအားအားဆေးများကိုသကြားလုံးများဟုထင်မှတ်မမှားစေပါနှင့်။ ကလေးများလက်လှမ်းမမီနိုင်သည့်နေရာတွင်ထားပါ။ ကလေးများအားအားဆေးများသည်သကြားလုံးများမဟုတ်ဘူးဟုပွင့်ပွင့်လင်းလင်းပြောပြပါ။ အကယ်၍သင့်ကလေးသည် အားဆေးပြားများအားဆေးရည်များမသောက်ချင်ဘူးဆိုပါကဝါးစားလို့ရသော ဆေးများကိုရွေးချယ်နိုင်ပါသည်။ သင့်ကလေးများကိုဗီတာမင်ပမာဏများစွာပါဝင်သောအားဆေးများမတိုက်သင့်ပါ။ ဆေးပမာဏလိုသည်ထက်ပိုသွားမည်စိုးသောကြောင့်ဖြစ်သည်။ ဒါတွေတင်မကသေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးလာစေဖို့အတွက် အရေးပါတဲ့ DHA နဲ့ အစာခြေလမ်းကြောင်းစနစ်ကိုကျန်းမာစေနိုင်တဲ့ lcFos ကိုလည်းချန်ထားလို့မဖြစ်ပါဘူး။ ကလေးကိုကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းပြင်ဆင်ပေးလိုက်ပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ […]


ကလေးငယ်အာဟာရ

သင့်ကလေးကို အစပ်တွေပေးစားလို့ရနိုင်မလား

ကလေးများသည်အသက်ကြီးလာသည်နှင့်အမျှ နို့၊ စီရီယယ်လ်၊အစပ်ပါသောအစားအစာများကိုပါကျွေးလို့ရပါသည်။ မိဘများသည်ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်ပါသောအစားအစာများအပါအဝင် အစားအစာပုံစံအမျိုးမျိုးကိုစတင်ကျွေးသင့်ပါသည်။ ယနေ့ခေတ်တွင် ကလေးများစားသောအစားအစာများသည် ထူးခြားသောပုံပန်းသွင်ပြင်မရှိသကဲ့သို့ စိတ်ဝင်စားစရာလည်းမကောင်းပါဘူး။ ကျွမ်းကျင်သူများသည် ကလေးများကို အနံ့အရသာအမျိုးမျိုးနှင့် အစားအစာအမျိုးမျိုးကိုစတင်ကျွေးမွေးဖို့ကြိုးစားကြပါသည်။သို့သော်လည်း မိဘများစွာသည် အစပ်ပါသော အစားအစာများသည် ကလေးများအားဗိုက်အောင့်ဗိုက်နာစေလိမ့်မည် အစာခြေခြင်းဆိုင်ရာ ပြဿနာများဖြစ်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အမှန်တကယ်တော့ကလေး၏ အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်အများအပြား ထည့်သင့်သည်ဟုမဆိုလိုပါဘူး။ ကလေးများ၏အစာခြေစနစ်သည်ထိခိုက်လွယ်သည်။ အစပ်ပါသောအစားအစာများများစွာစားခြင်း (ငြုပ်သီးပါသောအစားအစာများများစွာစားခြင်း)သည် ကလေး၏အစာအိမ်အတွက်ပြဿနာများဖြစ်စေနိုင်ပါသည်။ သင့်ကလေးအတွက် စားနေကျမဟုတ်သော သို့မဟုတ်အစပ်ပါသော အစားအစာများစကျွေးခြင်းသည် အန္တရာယ်များနိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်ကို ရိုးရှင်းပြီး အစပ်အနည်းငယ်သာပါသော အစားအစာများ စတင်ကျွေးသင့်ပါသည်။ ဘယ်လိုဟင်းခတ်အမွှေးအကြိုင်တွေကို ကလေးကိုကျွေးလို့ရပါသနည်း။ သစ်ကြပိုးခေါက်-သစ်ကြပိုးခေါက်ကိုရာစုနှစ်ပေါင်းများစွာ ကျန်းမာရေးနှင့်ဆိုင်သောရည်ရွယ်ချက်များအတွက်အသုံးပြုခဲ့ကြပါသည်။ မန်းဂနိစ်၊သံဓါတ်၊အမျှင်နှင့်ကယ်လ်စီယမ်တို့၏အရင်းအမြစ်ဖြစ်သောသစ်ကြပိုးခေါက်သည်ကလေးများ၏အစာခြေစနစ်ကိုကူညီပေးပြီး အီးကိုလိုင်(coli)ကဲ့သို့သောဘက်တီးရီးယားများကိုသေစေနိုင်ပါသည်။ သစ်ကြပိုးခေါက်၏အနံ့သည် ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါသည်။ သင့်ကလေး၏စွပ်ပြုတ်သို့မဟုတ်စားစရာထဲသို့သစ်ကြပိုးခေါက်အနည်းငယ်ထည့်ကျွေးနိုင်ပါသည်။ ကြက်သွန်ဖြူ- ကြက်သွန်ဖြူသည်အစွမ်းထက်သောဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ရုံသာမက ကလေး၏အစားအစာစားချင်စဖွယ်ဖြစ်စေရန်ကလေး၏နေ့စဉ်အစားအစာထဲတွင် ကြက်သွန်ဖြူကိုထည့်နိုင်ပါသည်။ ကြက်သွန်ဖြူ၏အရသာသည်အခြားအစပ်များကဲ့သို့အနံ့မပြင်းပါ။ ထို့ကြောင့်သင်သည်သင့်ကလေးအတွက် စွပ်ပြုတ်၊ခေါက်ဆွဲ […]


ကလေးငယ်အာဟာရ

သင့်ကလေး၏ အစားအသောက်ထဲတွင် ပါဝင်သော ကိုလက်စထရောနှင့်ပတ်သက်၍သင်သိသင့်သည့် အချက်များ

ယခုခေတ်အခါတွင် မိဘများသည် ကလေးများစားလိုသမျှ ကျွေးခြင်းထက် ကလေးများ၏ အာဟာရနှင့်ပက်သက်၍ ပိုမိုဂရုစိုက်လာကြပါသည်။ မိခင်များ စိတ်ပူသောကိစ္စရပ်များထဲမှ တစ်ခုသည် အစားအစာထဲတွင်ပါဝင်သော ကိုလက်စထရောပမာဏပင် ဖြစ်ပါသည်။ ကိုလက်စထရောပမာဏများခြင်းသည် နှလုံးရောဂါများနှင့် ခန္ဓာကိုယ်အလေးချိန်နှင့်ဆိုင်သော ရောဂါများကို ဖြစ်ပွားစေပါသည်။ မိဘများ ကိုလက်စထရောနှင့် ပက်သက်၍ သိချင်လေ့ရှိသည့် မေးခွန်းများကို အောက်တွင်ဖော်ပြထားပါသည်။ ကလေး၏ အစားအစာထဲတွင် ကိုလက်စထရော ပမာဏများလျှင် ဘယ်လိုအန္တရာယ် တွေရှိလာနိုင်သလဲ။ ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် မကောင်းသည့် ပစ္စည်းဟု သိထားသော်ငြားလည်း သင့်ကလေးသည် ခန္ဓာကိုယ်ဟော်မုန်းညီမျှဖို့ ဆဲလ်တစ်ရှူး တည်ဆောက်ဖို့နှင့် အာရုံကြောများကို ကာကွယ်ဖို့အတွက် ကိုလက်စထရောအနည်းငယ်ကိုတော့ လိုအပ်ပါသည်။ သို့သော်လည်း ကိုလက်စထရောပမာဏ အလွန်များပြားနေမည်ဆိုလျှင် ၎င်းတို့သည် သွေးကြောများကိုပျက်ဆီးစေပါသည်။ ပိုလျှံနေသော ကိုလက်စထရောတွေသည် သွေးကြောနံရံများပေါ်တွင် စုပုံလာပြီး အချပ်ပြားတစ်ခု အနေနှင့် အနည်ထိုင်လာပါလိမ့်မည်။ အာဟာရမျှမျှတတ […]


ကလေးငယ်အာဟာရ

ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

ဗီတာမင် ဘီ အုပ်စုတွင် ပုံစံများစွာ ရှိပါသည်။ ဗီတာမင်B1၊ဗီတာမင်B2 ၊ဗီတာမင်B6၊ဗီတာမင်B12 ၊ဗီတာမင် B3(နိုင်ရာစင်)၊ဘိုင်အိုတင်၊ပန်တိုသီးနစ်အက်ဆစ်စသောပုံစံများဖြစ်ပါသည်။ ဗီတာမင် ဘီ အုပ်စုသည်ခန္ဓါကိုယ် မှစွမ်းအင်ထုတ်လုပ်ခြင်းနဲ့ လိုအပ်သောအခါထိုစွမ်းအင်ကို ထုတ်လွှတ်ပေးသောဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်အဓိက အခန်းကဏ္ဍမှာပါဝင်ပါသည်။ သွေးနီဥများ ခန္ဓါကိုယ်တစ်လျှောက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာတွင်လည်း ဗီတာမင်ဘီ အုပ်စုကို လိုအပ်ပါသည်။ ဤဗီတာမင်ဘီ အုပ်စုသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါပါသည်။ ၁။ ဗီတာမင် B1 (Thiamine) ဗီတာမင်B1သည် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အဓိကအရေးပါသည်။ ၎င်းသည်သကြားနှင့်အခြား ကာဗိုဟိုက်ဒရိတ်များကိုစွမ်းအင်အဖြစ်သို့ ကူညီပြောင်းလဲပေးသည်။ ၎င်းသည်အာရုံကြောအဖွဲ့အစည်းကို ထိခိုက်ခြင်း၊ပျက်စီးခြင်းများမှလည်း ကာကွယ်ပေးသည်။ အာရုံကြောအဖွဲ့အစည်း မှသတင်းအချက်အလက်များကို ခန္ဓါကိုယ်၏အခြားအင်္ဂါအမျိုးမျိုးသို့ပို့ဆောင်ပေးရာတွင်လည်းအသုံးဝင်သည်။ ကလေးများသည်တစ်နေ့လျှင်ဗီတာမင် B1 ငါးရာမှကိုးရာ မိုက်ခရိုဂရမ်ထိလိုအပ်သည်။ ဗီတာမင် B1 ကို နေကြာစေ့အခွံ့မာသီးများ၊ ပဲပြုတ်၊ပဲစိမ်း၊ဂျုံဖြင့်ပြုလုပ်သော ပေါင်မုန့်များမှရရှိနိုင်သည်။ သို့သော်ဗီတာမင် B1 […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း