တစ်နှစ်အောက်ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာ (၁၀) မျိုး
ဘေဘီလေးတွေကို အစားစကျွေးတဲ့အခါ ဟိုဟာလည်းကျွေးချင်၊ ဒီဟာလည်းကျွေးချင်ဖြစ်ကြဖူးမှာပါ။ စားလို့ကောင်းတာလေးဆို ကလေးပါးစပ်ထဲ တစ်တို့လောက်ဖြစ်ဖြစ် ခွံ့လိုက် တို့ပေးလိုက်ရမှ။ဘေဘီလေးတွေကတော့ မစားဖူးသေးတဲ့အရာ၊ စားလို့ကောင်းတဲ့အရာဆို အရသာခံနေမှာပါ။ အဲဒီအစားအစာက ဒီအရွယ်ကလေးငယ်အတွက် သင့်တော်ပါ့မလား၊ တည့်ပါ့မလား ဆိုတာတွေးရမှာတော့ မိဘတာဝန်ဖြစ်ပါတယ်။

တစ်နှစ်မပြည့်သေးတဲ့ အစားစားတတ်ခါစအရွယ်၊ ဘာမဆိုကောက်ဝါးတတ်ပြီး သွားလည်းအပြည့်အစုံမပေါက်သေးတဲ့ ကလေးငယ်အတွက်က မသင့်တော်တဲ့အစားအစာတွေရှိပါတယ်။ စပ်ကူးမပ်ကူးအရွယ်မှာ ကလေးကို ဘာကျွေးကျွေးသေချာစဉ်းစားစီမံမှဘေးကင်းကျန်းမာတဲ့သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ တစ်နှစ်အောက်ကလေးငယ်တွေအတွက် မကျွေးသင့်တဲ့ အစားအစာတွေကတော့ –
(၁) ပျားရည်
ပျားရည်က ကလေးရဲ့အူထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေပါနိုင်တာကြောင့်infantbotulism (အစာအဆိပ်သင့်ခြင်း)ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့အသက် တစ်နှစ်မပြည့်ခင် ပျားရည်မကျွေးတာကောင်းပါတယ်။
(၂) နွားနို့
နွားနို့ကခန္ဓါကိုယ်အတွက်ကောင်းပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ နွားနို့မတိုက်သင့်ပါဘူး။ ကလေးအတွက် အစာကြေဖို့ခက်နိုင်ပါတယ်။ တစ်နှစ်ပြည့်ပြီးမှ ထိုက်သင့်သလောက် တိုက်နိုင်ပါတယ်။
(၃) အသီးဖျော်ရည်
အသက် ၅ နှစ်အောက် ကလေးတွေကို မြေပဲအပါအဝင် အစေ့အဆံတွေမကျွေးသင့်သေးပါဘူး။ အဝင်လွဲပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့စေနိုင်လို့ပါ။ ဓါတ်မတည့်မှုဖြစ်တတ်တဲ့မိသားစုမျိုးရိုးမရှိဘူးဆိုရင်တော့မြေပဲကိုထောင်းပြီး၊ကြိတ်ပြီးဖြစ်ဖြစ် မုန့်ထဲထည့်ပြီးဖြစ်ဖြစ် ကလေးအသက် ၆ လအထက်မှာကျွေးလို့ရနိုင်ပါတယ်။
(၇) အဆီထုတ်ထားတဲ့အစားအစာတွေ
အဆီဓါတ်ဟာမွေးကင်းစတွေနဲ့ကလေးငယ်တွေအတွက် ကယ်လိုရီနဲ့ဗီတာမင်တွေရရှိနိုင်တဲ့ အရေးပါတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ အသက် ၂ နှစ်အောက် ကလေးတွေအတွက် အဆီမထုတ်ထားတဲ့ သဘာဝနွားနို့၊ဒိန်ချဉ်၊ချိစ်တွေပဲရွေးချယ်သင့်ပါတယ်။
(၈) မာကျူရီများတဲ့ ငါးများ
ကလေးငယ်တွေကို ငါးကျွေးတာက ဉာဏ်ရည်ကိုတိုးတက်စေနိုင်တယ်လို့ သုတေသနတွေကပြောကြပါတယ်။ ဒါပေမယ့် မာကျူရီပါဝင်မှုများတဲ့ ငါးတွေ(တူနာ၊ငါးသေတ္တာ၊မက်ခရယ် စတဲ့ပင်လယ်ငါးတွေကို မကျွေးသင့်ပါဘူး။ရေမသန့်တဲ့နေရာတွေကနေ ရရှိတဲ့ငါးတွေကိုလည်း မကျွေးသင့်ပါဘူး(ဥပမာ- ငါးမျှားပြီးရလာတဲ့ငါးတွေ)။ အဲဒီအစား တီလားပီးယား၊ ငါးကြင်း၊ပုဇွန် စတဲ့တခြားအမျိုးအစားတွေကိုကျွေးလို့ရပါတယ်။
(၉) မာတဲ့ အသီးအရွက်စိမ်းများ
မုန်လာဥနီလိုမျိုး မာတဲ့ဟင်းသီးဟင်းရွက်တွေလှီးထားပေးတာ၊စည်သွပ်ထားတဲ့အသီးအနှံတွေ၊စပျစ်သီးလို လုံးဝိုင်းတဲ့အသီးတွေ အားလုံးက အသက်ရှူလမ်းကြောင်းပိတ်ဆို့စေနိုင်တဲ့အရာတွေပါ။ကျွေးချင်တယ်ဆိုရင်သေးသေးလေးလှီးဖြတ်တာ၊ ကြိတ်ထားတာတွေကျွေးနိုင်ပါတယ်။
(၁၀)ပြည့်ဝဆီ
ကလေးတွေကို ဆီသိပ်များတာတွေ၊ အကြော်တွေ(ဥပမာ -အာလူးကြော်)၊ ဆီများတဲ့ဘီစကစ်နဲ့ကိတ်မုန့်တွေ များများမကျွေးပါနဲ့။ပြည့်ဝဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကိုပဲရွေးသင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။