ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဘေဘီလေးတိုင်း အာဟာရ ပြည့်ဝဖို့ လိုပါမယ် ဘေဘီလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

ကြော်ချက်လေးပဲ ချက်ချက်၊ မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းလေးပဲ ချက်ချက် စားကောင်းတဲ့ ဘူးသီးလေးက အကျိုးများတယ်လို့ အရင်တစ်ခေါက်က ပြောပြထားဖူးပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုစားစား စားလို့အရသာရှိတဲ့ ဘူးသီးကြော်လေး စားနေတုန်း ဘေဘီလေးက သားသားလည်း စားချင်တယ်ဆိုလို့ ကျွေးရပါ့ မကျွေးရပါ့နဲ့ ဗျာများနေတဲ့ မေမေတို့ တီတီတို့ ရှိလား ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေး ဖတ်ပြီးရင်တော့ ဘေဘီလေးကို ဘူးသီး ကျွေးလို့ ရမလား မရဘူးလားဆိုတဲ့ အဖြေထွက်မှာ အသေအချာပါပဲ။ ဘူးသီး ဆိုတာ ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို […]


ကလေးငယ်အာဟာရ

ဘေဘီလေး နဂါးမောက်သီး စားလို့ရလား

အမြင်ဆန်းသလို အရသာလည်း ရှိတဲ့ နဂါးမောက်သီး စားရင်း ဘေဘီလေးဆို ကြိုက်မှာ ကျွေးလို့ရမလားဆိုပြီး သိချင်နေတဲ့ ဘွားဘွားတို့ တီတီတို့ ရှိလား .... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေး နဂါးမောက်သီး စားလို့ရလား ဆိုတာကို ပြောပြပေးသွားပါမယ်။ နဂါးမောက်သီး ဆိုတာ နဂါးမောက်သီး ဆိုတဲ့နေရာမှာ အဖြူရောင် နဲ့ အနီရောင်ဆိုပြီး ၂ မျိုး ရှိပါတယ်။ အဖြူရောင်က အတွင်းသား အဖြူရောင်မှာ အမည်းအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပြီး အနီရောင်ကတော့ အတွင်းသား အနီရောင်မှာ အမည်းအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပါတယ်။ အဖြူရောင် အသီးက ခပ်ရှည်ရှည် ဖြစ်ပြီး အနီရောင်မျိုးက ခပ်ဝိုင်းဝိုင်းလေးတွေပါ။ မြန်မာနိုင်ငံမှာ ပေါက်ရောက်သလို အာရှနိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ နဂါးမောက်သီးမှာ ဘယ်လို အာဟာရတွေ […]


ကလေးငယ်အာဟာရ

ဘေဘီလေး ကြက်မောက်သီး စားလို့ ရလား

ကြက်မောက်သီး က ချိုချိုလေးနဲ့ အရသာရှိသလို ကလေးတွေ အကြိုက်တွေ့မယ့် အရသာမျိုးပါ။ ဒီလို အသွင်အပြင်ကအစ ဘေဘီလေးတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ကြက်မောက်သီးလေးကို ဘေဘီလေးက စားချင်တယ်လို့ ဆိုလာရင် ကျွေးလို့ ရပါ့မလား ..... ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား .... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ကြက်မောက်သီး ဆိုတာ ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ကြီး တစ်ပင်ရဲ့ အသီးတွေပါ။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။ ကြက်မောက်သီးက နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။

အရင်က ဘေဘီလေးတွေက ဆလတ်ရွက် စားလို့ရတယ် မရဘူးဆိုတာကို သိပ်အရေးစိုက်စရာ မလိုဘဲ အခုနောက်ပိုင်း ဘေဘီလေးတွေက ဆူရှီတွေ ရေဘဝဲလုံးကြော်လို စားစရာမျိုးတွေကို စားတတ်လာချိန်မှာတော့ ဘေဘီလေးကို ဆလတ်ရွက် ကျွေးလို့ရလားဆိုတာက မေမေတိုင်း သိချင်မယ့် မေးခွန်းလေး တစ်ခု ဖြစ်တာပြီ ထင်ပါတယ်။ ဆလတ်ရွက်က ဘာဂါ၊ ထမင်းလိပ်တွေ ထဲမှာ အများဆုံးပါတတ်ပြီး ဘေဘီလေးတွေ  အကြိုက်ဖြစ်တဲ့ မရောနိစ်လေးနဲ့ တို့စားရင် အတော်လေး စားလို့ ကောင်းပါတယ်။ ဒါကြောင့် ဘေဘီလေးနဲ့ ဆလတ်ရွက်က တည့်လား.... ဘေဘီလေးက ဘယ်အရွယ်ရောက်ရင် ဆလတ်ရွက် စားလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ဆလတ်ရွက် ဆိုတာ ဆလတ်ရွက်ဆိုတာ အရွက် အနားတွန့်ဖားဖားလေးနဲ့ အစိမ်းနုရောင် အရွက်လေးပါ။ ရိုးတံလေးက ဖြူုဖြူကြွပ်ကြွပ်လေးပါ။ စားရင် နည်းနည်းလေး ခါးသက်သက်ဖြစ်ပေမယ့် မယောနိစ်လေးနဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေ သံဓာတ် ပြည့်ဝစေချင်

သံဓာတ် အရင်က မရင်းနှီးပေမယ့် အခုနောက်ပိုင်းတော့ သံဓာတ် ဆိုတဲ့ စကားလုံးလေးတွေက လူတိုင်းနဲ့ ရင်းနှီးလာခဲ့ပါတယ်။ သံဓာတ်ပြည့်အောင် ဘာစားရမလဲ မသိပေမယ့် သံဓာတ်ချို့တဲ့ရင် မူးမောတာတွေဖြစ်သလို သွေးအားနည်းတာဖြစ်စေမယ်။ ဘေဘီလေးတွေမှာဆိုရင် ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းမယ်ဆိုတာတွေကိုတော့ ကျန်းမာရေး အသိပေးမှုတွေကနေတဆင့် လူတိုင်းလိုလို သိလာကြပါတယ်။ သံဓာတ်ဆိုတာ ဘာလဲ။ သံဓာတ်ဆိုတာက ဘေဘီလေးတွေ သန္ဓေသားအရွယ် ကစလို့ အရွယ်ရောက်တဲ့အချိန်အထိ ကောင်းကောင်း ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ သန္ဓေသားဘဝ၊ မွေးဖွားပြီး ၂၈ ရက်အကြာနဲ့ မွေးကင်းစဘေဘီ၊ လမ်းလျှောက်တတ်စ ဘေဘီလေးတွေအကုန်လုံးမှာ သွေးနီဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့၊ ကြွက်သားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်က သံဓာတ်ပါ။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးသောက်ရတဲ့အားဆေးက ဖောလစ်အက်စစ်နဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား .....

ဆောင်းတွင်းလို အေးတဲ့ရာသီမျိုးမှာ ရင်ကြပ်တာတွေ အအေးမိဖျားနာတာတွေ ကင်းပြီး တုပ်ကွေးဖြစ်တာမျိုး ကင်းဝေးစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့အတွက် မုန်လာဥဖြူ ကို ချဉ်ဟင်းချက်စားတာ၊ ကြက်သားနဲ့ စွပ်ပြုတ် လုပ်သောက်ကြတာတွေ ရှိပါတယ်။ ဒီလို ချက်စားဖြစ်တဲ့အခါ ဘေဘီလေးကိုလည်း ကိုယ်ခံအား ကောင်းအောင် မုန်လာဥဖြူလေးများ ကျွေးလို့ ရမလားဆိုပြီး တွေးနေတဲ့ မေမေတွေ ရှိလား ...... ဒါဆိုရင်တော့ အဖြေလေး ထွက်သွားအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးက မုန်လာဥဖြူ စားလို့ရလား ....... ဒီမေးခွန်းအတွက် အဖြေကတော့ ဟုတ် ..... စားလို့ ရပါတယ်။ ဘယ်အရွယ်မှာ စားလို့ ရမလဲဆိုတော့ အသက် ၆ လပြည့်ပြီဆိုရင် စားလို့ ရပါပြီ။ သေချာ နူးအိအောင် ကြိတ်ခြေပြီး ပြင်ဆင်ပေးဖို့တော့ လိုပါမယ်။ အသက် ၁၂ လပြည့်ပြီဆိုရင်တော့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ

စပါးလင် က အနံ့မွှေးသလို ခံတွင်းရှင်းစေနိုင်တဲ့ ပူရှိန်းရှိန်း အရသာ ရှိပါတယ်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးများပါတယ်။ ဒီတစ်ခေါက်တော့ စပါးလင်ပါတဲ့ ဟင်းရည်တွေ၊ စပါးလင်နိုင်နိုင်နဲ့ ချက်ထားတဲ့​ ဟင်းတွေကို ဘေဘီလေးတွေ စားလို့ ရမလား .... ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို စပါးလင် ကျွေးပေးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား ...... ဘေဘီလေး ဘယ်အရွယ်ဆို စပါးလင်ကျွေးလို့ရမလဲ ....... ဘေဘီလေးက အသက် ၆ လဆိုရင် အစာမာတွေကို စစားနိုင်မှာ ဆိုပေမယ့် ဘေဘီလေးက အသက် ၁၂ လ (၁ နှစ်) ပြည့်မှ စပါးလင်ကို နည်းနည်း ချင်း စကျွေးလို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ

မုန်လာဥနီ က ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပါတယ်။ ဒီအကျိုးကျေးဇူးများတဲ့ မုန်လာဥနီကို ဘေဘီလေး ကျန်းမာစေဖို့ ကျွေးလို့ ရမလား။ ကျွေးရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလား။ ဘေဘီလေးကိုရော ထိခိုက်စေနိုင်လားဆိုတာကို သိချင်နေတဲ့ မေမေတွေများ ရှိမလား...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ သိချင်နေတဲ့အကြောင်းအရာလေးကို သေသေချာချာလေး ​ပြောပြပေးနိုင်မှာပါ။ ကဲ ..... မုန်လာဥနီလေးက ဘေဘီလေး ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘေဘီလေးက ဘယ်အရွယ်ဆို မုန်လာဥနီ စားလို့ ရပြီလဲ ........ ဘေဘီလေးတွေက အသက် ၆ လပြည့်ပြီဆိုတာနဲ့ solid food စစားလို့ရပါပြီ။ Solid food (အစာမာ) စစားလို့ ရပြီဆိုကတည်းက ဘေဘီလေးကို မုန်လာဥနီ စတင် မိတ်ဆက်ပြီး ကျွေးပေးလို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ငရုတ်ကောင်း ကျွေးလို့ရလား .......

ငရုတ်ကောင်း က ကျန်းမာရေး အကျိုးကျေးဇူးတွေ များပါတယ်။ ဟင်းလျာတွေကို အနံ့အရသာ တိုးစေသလို အခိုးပွင့်စေတာကြောင့် အေးတဲ့ ရာသီဥတုတွေမှာ အဖျားဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ကြက်စွပ်ပြုတ်ထဲ၊ ဆန်ပြုတ်စတာတွေထဲကို ငရုတ်ကောင်းမှုန့်လေး ထည့်လိုက်တဲ့ ရနံ့က စားချင်စရာကောင်းတာကြောင့် ဘေဘီလေးက စားမယ်လို့ ပြောတဲ့အခ့ ငရုတ်ကောင်း ပါနေလို့ ကျွေးလို့မှ ဖြစ်ပါ့မလားလို့ စိတ်ပူနေတဲ့ ဖွားဖွား မေမေ တီတီတွေ ရှိလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ပူနေတာလေးအတွက် အဖြေထုတ်ပေးနိုင်မှာပါ။ ဘေဘီလေးက ငရုတ်ကောင်း စားလို့ရလား ........ ဟုတ် ..... စားလို့ ရပါတယ်။ ဘေဘီလေးက စပ်တဲ့အရာတွေကို စားလို့ မရသေးဘူးဆိုပေမယ့် ငရုတ်ကောင်းကိုတော့ အခြား ငရုတ်သီးတွေထက် စောစော စားလို့ရသလို ဘေဘီလေးနဲ့လည်း တည့်ပါတယ်။ ဒါဆို နောက်ထပ် သိချင်နေမယ့် […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ဘယ်အရွယ်ဆို ငရုတ်သီး စားလို့ ရပြီလဲ .......

ဘေဘီလေး တွေက အသက် ၆ လ ပြည့်ပြီဆိုရင် အစာမာ စစားလို့ ရပါပြီ။ ဒီလို စစားလို့ ရပြီဆိုတဲ့ အချိန်မှာ လူကြီးတွေ စားသလိုတော့ ထမင်း၊ ဟင်းတွေ စားလို့ မရသေးပါဘူး။ အသက် ၆ လပြည့်ချိန်မှာ ဘေဘီလေးတွေက ထမင်းကို သေချာတိုက်ပြီး ကျိုထားတာကို ကြက်သားအရေခွံမပါဘဲ ပြုတ်ထားတဲ့ ပြုတ်ရည်၊ သေချာ ကြိတ်ခြေထားတဲ့ ရွှေဖရုံသီး၊ မုန်လာဥနီတွေနဲ့ စစားရတာပါ။ ဒီလိုနဲ့ အသက် ၁ နှစ်ပြည့်တဲ့အခါ အရင် ၆ လကထက် အစာတော်တော်များများကို စားတတ်လာပြီ။ စားလို့လည်း ရလာပြီဆိုပေမယ့် မေမေ၊ ဖေဖေတို့ စားသလို ငရုတ်သီး စပ်စပ်လေး၊ အရောင်လှလှလေးနဲ့ ချက်ထားတဲ့ ဟင်းတွေကိုတော့ စားလို့ မရသေးဘူးပေါ့။ ဒါဆို ဘယ်အရွယ်ရောက်မှ ဘေဘီလေးက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း