ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အသစ်စက်စက် မေမေဖေဖေတို့ သိထားရမယ့် ဘေဘီလေးကို အနှီးထုတ်နည်း လမ်းညွှန်

ကလေးတစ်ယောက် ပျိုးထောင်ရတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အတွေ့အကြုံ မရှိသေးတဲ့ ဖေဖေမေမေတို့ဆိုရင် ပိုလို့တောင် ခက်ပါဦးမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ချိန်ကစလို့ မွေးဖွားသည်အထိ ဂရုတစိုက်နေထိုင်ခဲ့ရတဲ့ မေမေတို့ နဲ့ ဘေးကနေ လိုလေသေးမရှိ ဂရုစိုက်ပေးတဲ့ ဖေဖေတို့ရေ ဘေဘီလေးကို မွေးဖွားပြီးတဲ့အခါ ဘယ်လို အနှီးထုတ်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။ ဘေဘီလေးက နုနယ်သေးတဲ့အချိန်မှာ အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီကာလမှာ အနှီးထုတ်တာကစလို့ ရေချိုး သန့်စင်ပေးတာအထိ အကုန်လုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက မေမေဖေဖေတို့ရဲ့ လုပ်ဆောင်မှု တစ်ချက်ချင်းစီတိုင်းက ဘေဘီလေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်တာကြောင့်ပါ။ ဘေဘီလေးကို ဘယ်လို အနှီးထုတ်မလဲ မွေးကင်းစ ဘေဘီလေးတွေကို အနှီးထုတ်တာက ရင်းနှီးကျွမ်းဝင်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဘေဘီလေးကို အနှီးထုတ်တာက ရှေးယခင်ကာလတွေကတည်းက လိုက်နာကျင့်သုံးခဲ့တဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ကလိထိုးသင့်ရဲ့လား............

ဘေဘီလေးကို ချစ်လို့ ခိုးခိုးခစ်ခစ်ရယ်တဲ့ အသံလေးကို ချစ်လိုက်တာဆိုပြီး ကျီးဖြူကျီးမဲ ဆော့ရင်း ကလိထိုးနေမိလား........ မေမေဖေဖေတို့ရေ။ ဒါဆိုရင်တော့ ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ရယ်တာလား....... ဘာကြောင့် ရယ်တာလဲ ဆိုတာကို သေသေချာချာသိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကလိထိုးတဲ့အခါ ဘေဘီလေးက ရယ်တာ ပျော်လို့လား............. ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ မဟုတ်ပါဘူး။ ကလိထိုးလို့ ကသိကအောင့် ဖြစ်နေတာကို ရပ်ပါလို့ ပြောရခက်နေတာကြောင့်ပါ။ ကလိထိုးလို့ ကသိကအောင့် ဖြစ်တယ်ဆိုရင် ကလေးက ဘာလို့ မငိုတာလဲလို့ မေးစရာရှိနေနိုင်ပါတယ်။ ကလိထိုးတဲ့အခါ ရယ်တာက အလိုလျောက်ဖြစ်လာတဲ့ တုံ့ပြန်မှု တစ်ရပ်ပါ။ ကလေးကတော့ ကလိထိုး မရပ်သရွေ့ ရယ်နေမှာပါပဲ။ ဒါကြောင့် ကလေးက ရယ်တယ်ဆိုပြီး တောက်လျောက် ကလိထိုး မနေဖို့ ပြောချင်ပါတယ်။ ကိုယ်တိုင် ကြုံဖူးမယ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

တော်တော်များများ လက်ခံထားကြတာက ကလိထိုးတာဟာ ကလေးကို တုံ့ပြန်မှု ကောင်းစေပြီး ဖွံ့ဖြိုးမှု မြန်ဆန်စေတယ် ဆိုတာပါ။ ဒီလိုထင်ရတာက ကလေးကို ကလိထိုးတဲ့အခါ ကလေးက ရယ်တယ်။ ငိုတယ်၊ အသံအမျိုးမျိုးနဲ့ အော်တယ် စတဲ့ တုံ့ပြန်မှုတွေ ကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ကလေးရဲ့ နေ့စဉ် လှုပ်ရှားမှုတွေထဲမှာ ကလိထိုးတာကို ထည့်လိုက်လို့ မဖြစ်ပါဘူး။ ကလိထိုးတာက ကောင်းကျိုးထက် ဘေဘီလေးတွေအတွက် ဆိုးကျိုးပိုများနိုင်လို့ပါ။ ဒါကြောင့် ဘေဘီလေးကို ကလိထိုးတာမျိုး မလုပ်ခင် ကိုယ် သိထားတာတွေ မှန်ရဲ့လားဆိုတာကို သိနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း ဆန်းစစ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ကလိထိုးတာနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ အလွဲများ တဆင့်စကားတဆင့်နားနဲ့ ဘေဘီလေးကို ကလိထိုးတာနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အကြောင်းအရာလေးတွေကတော့ Myth (1) - ကလိထိုးတာက ကလေးကို စကားပြောအောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား

ကလေး ခြေထောက်ခွင် နေရင် အသားလေးနှိပ်နယ်ပြီး ဆန့်ပေးရတယ်တဲ့။ အများစု ပြောလေ့ရှိကြ၊ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ပေးရင် ခွင်နေတဲ့ ခြေထောက်လေး တကယ်ရော ပြန်ဆန့်သွားရဲ့လား။ ခြေထောက်ခွင် တယ် ဆိုတာ ကလေးတွေမှာ ခြေထောက်ခွင်တာဟာ အမေ့ဝမ်းထဲမှာတုန်းက နေရာကျဉ်းလေးထဲ ဖွံ့ဖြိုးလာရတဲ့အတွက် အရိုးဖွံ့ဖြိုးမှုပုံစံ ကြောင့် ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို ကလေးဖွံ့ဖြိုးမှုမှာ ပုံမှန်အဆင့် လို့ ခေါ်ပါတယ်။ ကလေး လမ်းစလျှောက်တဲ့အချိန်မှာ ခြေထောက်ခွင်တာ သိသာလာမှာ ဖြစ်ပေမယ့် အများအားဖြင့် အရွယ်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းသက်သာသွားမှာပါ။ လမ်းစလျှောက်တာ စောတဲ့ ကလေးတွေမှာတော့ ပိုသိသာတတ်ပါတယ်။ ဒါ့ကြောင့် လမ်းစောစောလျှောက်ခိုင်းလို့ ခြေထောက်ခွင်တာလို့တောင် လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ ဘာကြောင့် ခြေထောက်ခွင် သလဲ ကလေးအများစု ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ မွေးစတည်းက သဘာဝအလျောက် ဖြစ်လာတာ ဆိုပေမယ့် ဖြစ်ခဲတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား

မွေးကာစ ကလေးလေး တွေကို ဖယောင်းရုပ်လေးတွေ လို့ ခေါ်ကြတယ်နော်။ လိုသလို ပုံသွင်း လို့ ရတဲ့အရွယ်ပါတဲ့။ ဒီအရွယ်လေးမှာ နှာတံ ပေါ်အောင် ဆွဲပေးရတယ်၊ နှာခေါင်း ထိပ်လေး ညှစ်ဆွဲပေးရတယ် နဲ့ မေမေတို့ အလုပ်ကို ရှုပ်နေပါရောလား။ ဘေဘီလေး ကို ချောစေ၊ လှစေချင်တာကိုး… တကယ်ရော ထိရောက်ရဲ့လား နိုးပါ။ ကလေး ရဲ့ နှာခေါင်းပုံစံက သူ့ရဲ့ မျိုးဗီဇ အရ သတ်မှတ်ထားပြီးသားပါ။ နှာခေါင်းလေးကို ညှစ်တာ၊ ဆွဲတာ၊ နှိပ်နယ်တာတွေ နဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ နှာခေါင်း ကို ညှစ်ဆွဲကာမှ ကလေးမှာ နာကျင်စေတာပဲ အဖတ်တင်မှာပါနော်။ ဘေဘီလေး ရဲ့ နှာခေါင်းဟာ အမေ့ဝမ်းထဲ ပထမဆုံး စတင်ဖြစ်တည်တဲ့ အစိတ်အပိုင်းတွေထဲ ပါဝင်သလို ကိုယ်ဝန် ၇ ပတ် […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး ဖုန်း တွေကို အသုံးပြုလာကြပါတယ်။ ဖုန်းတွေ၊ ကွန်ပြူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အင်တာနက် နဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် ဆက်သွယ်ရလွယ်ကူလာတယ်၊ သိချင်တဲ့အရာတွေကို အလွယ်တကူရှာဖွေ လေ့လာနိုင်တယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ဖြစ်လာပေမယ့် လူတွေက ဖုန်းသုံးတာကို စွဲလမ်းလာကြတဲ့အခါ၊ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အသုံးမပြုကြတဲ့အခါ တဖြည်းဖြည်း ဘေးအန္တရာယ်တွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ တချို့မိဘတွေက ကလေးငယ်လေးတွေနဲ့ ကစားပေး၊ သင်ပေး တာတွေထက် ကလေးကို ဖုန်းတွေနဲ့ အချိန်ကုန်စေလာတာကို တွေ့လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်တွေ ဖုန်းအသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သုံးသင့်၊ မသုံးသင့်ဆိုတာလေးကို မျှဝေပေးသွားမှာပါ။ ဖုန်း သုံးခြင်းရဲ့ ဆိုးကျိုးများ။ ၁။ အဝလွန်ခြင်း။ လှုပ်ရှားမှုတွေ နည်းလာပြီး အဆီတွေစုလာခြင်း၊ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံး၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

အမြွှာဆိုတော့ ပိုဆိုးပြီပေါ့။ သေသေချာချာ မစီစဉ်ထားဘူးဆိုရင် သူတို့နှစ်ယောက်ကို ပျိုးထောင်ရ၊ ထိန်းရတာနဲ့ တစ်အိမ်လုံး ကမ္ဘာပျက်သွားနိုင်ပြီး ကလေးတွေလည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမြွှာလေး တွေ မွေးထားတဲ့သူတွေအတွက် အကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးသွားချင်ပါတယ်။ ၁။ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို ချရေးထားပါ။ အမြွှာမွေးထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် အလုပ်ပိုများ၊ ပိုပင်ပန်းတဲ့ အတွက် ကလေးတွေအတွက် အိပ်ချိန်၊ စားချိန် နဲ့ ဘယ်အချိန်လောက်မှာ ဘာလုပ်မယ် ဆိုတာကို အချိန်ဇယားကြိုဆွဲထားပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားမယ် ဆိုတာကို လည်း ချရေးမှတ်ထားသင့်ပါတယ်။ တခြား အမြွှာမွေးဖူးတဲ့ အသိတွေရှိရင် အကြံဉာဏ်တောင်းကြိုတောင်းပြီး ကိုယ်ဝန်ဆောင်ချိန်ကတည်းက လေ့လာထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဆိုတဲ့ အတိုင်း ကြိုတင်ပြင်ဆင်မှုရှိထားတာက တစ်နေ့တာအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်အောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီ ပျော်ရဲ့လား..........

မိဘတိုင်းကတော့ သားသမီးတိုင်းကို ပျော်ရွှင်စေချင်မှာပါ။ ဒါဆိုရင် ကလေးတွေ တောင့်တတဲ့ ပျော်ရွှင်မှုက ဘာလဲဆိုတာကိုရော သတိထားမိရဲ့လား............ ကလေးတွေက ပျော်ရွှင်ဖို့ လိုအပ်တယ်ဆိုတာကတော့ တကယ့်ကို မှန်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေက အချိန်တိုင်းတော့ မပျော်ရွှင်နေနိုင်ပါဘူး။ လူကြီးတွေလိုပဲ သူတို့မှာလည်း စိတ်ဖိစီးတာ၊ စိတ်ညစ်စရာလေးတွေရှိနိုင်ပါတယ်။ လူတိုင်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ အထီးကျန်ခြင်း စတဲ့ ခံစားချက်အထွေထွေက ငယ်စဉ်ကာလကတည်းက ခံစားတတ်ခဲ့တဲ့ အရာတွေပါ။ ဒီတော့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုထားမယ် စိတ်ကူးလဲ မေမေဖေဖေတို့ရေ။ ကလေးကို အချိန်တိုင်းပျော်အောင် ထားလို့ရတယ်လို့ စိတ်ကူးနေတယ် ကြီုးစားနေတယ်ဆိုရင်တော့ ဒီကြိုးပမ်းမှုက ရေရှည်မှာ စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကို ပြောပြပါမယ်။ ဘေဘီလေး စိတ်ညစ်နေတာလား............. ကလေးဆိုတာက အချိန်တိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး

မိခင် နဲ့ ဘေဘီလေးတို့ကြားက ချစ်ခြင်းမေတ္တာမှာ မျက်စိနဲ့မြင်လို့ မရတဲ့ စွမ်းအားတွေ အများကြီးရှိနေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးတို့အတွက် အကောင်းဆုံးတွေပဲ ပေးစွမ်းမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရရော အများရဲ့ ယုံကြည်လက်ခံမှုတွေအရပါ မိခင်မေတ္တာက ဘေဘီလေးတို့အတွက် အဖိုးဖြတ်လို့ မရတဲ့ အရာပါ။ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းသလဲ............. ငယ်စဉ်ကာလမှာ မေမေရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ရရှိတဲ့ ဘေဘီလေးတွေက ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းတယ် ငယ်ငယ်မှာ မေမေ့ဆီက ချစ်ခင် ဂရုစိုက်မှုရတဲ့ ကလေးလေးတွေဟာ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးကြသူတွေပါ။ သူတို့လေးတွေဟာ သင်ယူနိုင်စွမ်း ကောင်းသလို၊ တီထွင်ကြံဆမှုလည်းကောင်းကြတယ်။ ဘဝစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပြီး ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာစွာနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ ကလေးငယ်လေးတွေမှာ ဖြစ်နိုင်တဲ့ အရေးပေါ်အခြေအနေများ။

မွေးကင်းစ ကလေးငယ်လေးတွေဟာ ဂရုမစိုက်မိရင် အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ နုနုနယ်နယ် အရွယ်လေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို အိမ်မှာပြုစုစောင့်ရှောက်တဲ့အခါမှာ ဘယ်လိုလက္ခဏာတွေက ပြသနာရှိနိုင်တယ်၊ ကလေးအတွက် အရေးကြီးတယ်ဆိုတာလေးကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။ အိမ်မှာ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်နေရတဲ့ သူတိုင်း အောက်ပါ အချက်တွေကို သတိထားပေးရပါမယ်။ ၁။ ကလေးတွင် အသက်ရှုရခက်ခဲနေတဲ့ ရောဂါလက္ခဏာများ တွေ့ရခြင်း။ အသက်ရှုမြန်နေခြင်း (သို့) အသက်ရှုတာ ပုံမမှန်ဖြစ်နေခြင်း။ မျက်နှာ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာခြင်း။ အသက်ရှုတဲ့ အခါမှာ အခက်အခဲဖြစ်နေတယ်လို့ ထင်ရခြင်း။ အသက်ရှုတဲ့အခါ ရင်ဘတ်ကြွက်သားများ၊ နံရိုးကြား ကြွက်သားများ ချိုင့်ဝင်သွားခြင်း။ အဆက်မပြတ် ချောင်းဆိုးခြင်း၊ တရွှီရွှီ အသံကြားရခြင်း။ စတဲ့ လက္ခဏာတွေ ဖြစ်လာမယ်ဆိုရင် ဆေးရုံကို အမြန်ဆုံးသွားဖို့ လိုအပ်ပါတယ်။ ၂။ ကိုယ်အပူချိန် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း