ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းနဲ့ ပတ်သတ်တဲ့သိကောင်းစရာများ။

မွေးကင်းစကလေးငယ်တွေ အတော်များများဟာ မွေးပြီးရက်အနည်းငယ်အတွင်းမှာ အသားဝါ တဲ့ ပြသနာကို ကြုံတွေ့နေကြရပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ အသားဝါခြင်းဟာ တစ်ခါတစ်လေမှ သူ့ဘာသာ ပျောက်သွားနိုင်ပေမယ့် တစ်ခါတစ်လေမှာ အဝါဓာတ်က ဦးနှောက်ထဲထိရောက်သွားတဲ့အခါ မသန်မစွမ်းဖြစ်ခြင်း ၊ဉာဏ်ရည်ချို့တဲ့ ခြင်း တွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ အသားဝါလာတယ်၊ မျက်သားအဖြူနေရာမှာ ဝါလာတယ် ဆိုရင်တော့ မပေါ့လျော့ဘဲ ကလေးဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘာ့ကြောင့် အသားဝါ ရသလဲ။ မွေးကင်းစကလေးငယ် အသားဝါခြင်းဟာ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အဝါဓာတ်ကို ဖြစ်စေတဲ့ billirubin လို့ခေါ်တဲ့ ပစ္စည်းတွေများလာတာကြောင့်ပါ။ မွေးကင်းစအရွယ် အသားဝါခြင်းကို ၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါခြင်း( physiological jaundice)နဲ့ ၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (Pathological jaundice) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ၁။ ဇီဝကမ္မ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ဘေဘီလေးတွေ ဆော့ကစားရင်းဖြစ်ဖြစ် မြက်ခင်းလို နေရာမျိုးတွေပေါ်မှာ လမ်းလျှောက်ရင်းက ဖြစ်ဖြစ် မတော်တဆ ပုရွက်ဆိတ် ကိုက်ခံရတာမျိုး ဖြစ်နိုင် ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘေဘီလေးကို ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ ဖေဖေမေမေတို့ရေ.... ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့ ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ နောက်ဆက်တွဲ ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ရှားစောင်းလက်ပပ် ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာကို ရှားစောင်းလက်ပပ် အတွင်းသားနဲ့ ပွတ်ပေးလိုက်ပါ။ အရေပြား ယားယံတာ နဲ့ နီမြန်းတာတွေကို သက်သာစေမှာပါ။ ရေခဲဝတ် ကပ်ပါ ပုရွက်ဆိတ် ကိုက်ခံရတယ်ဆိုတာကို သိသိချင်း ရေခဲတုံးတွေကို တဘက်စသန့်သန့်ထဲထည့်ပြီး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက ပုရွက်ဆိတ်ကိုက်တာ​ကြောင့် အရေပြား ယားယံတာနဲ့ ရောင်ရမ်းနီမြန်းတာကို သက်သာစေနိုင်မှာပါ။ ပျားရည် ပုရွက်ဆိတ်ကိုက်တဲ့နေရာကို ပျားရည်ခပ်ပါးပါးလေးလိမ်းပေးလို့ ၁၀ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး တို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

မေမေတို့ရဲ့ ဘေဘီလေး တွေကို အသားဖြူစေချင်၊ အသားလှစေချင်လွန်းလို့ သိပ်ဂရုစိုက်ပေးကြတယ် မဟုတ်လား။ ပင်ကိုယ် ကိုက နုနယ်၊ နူးညံ့လွန်းတဲ့ အရွယ်လေးတွေဆိုတော့ လူကြီးတွေလို အသားအရေထိန်း ပေးလို့လည်း မရဘူးလေ။ တကယ်လို့ ဂရုစိုက်ပုံ မှားနေခဲ့ရင် ကလေးအသားအရေ၊ ကလေးအရေပြားမှာ ထိခိုက်ရနိုင်ခြေ များပါတယ်။ ဒါ့ကြောင့်ပဲ ဘေဘီလေး တို့ရဲ့ အသားအရေ ကျန်းမာစေဖို့ ဒီအချက်တွေ မေမေတို့ သတိထားပေးပါနော်။ ဘေဘီလေး တွေကို ရေချိုးဖို့ မလောပါနဲ့။ လူကြီးတွေရဲ့ အရေပြားထက် အဆပေါင်းများစွာ ပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေ ခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာ ရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌ နေ့တိုင်း ရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။ သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။ တစ်လဝန်းကျင် ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တစ်နှစ်အောက် ကလေး ရုတ်တရက်သေဆုံး ခြင်း

ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ ခေါ်ပါတယ်။ တစ်နှစ်အောက် ကလေးတစ်ယောက် အကောင်းကြီးကနေ ရုတ်တရက် (အထူးသဖြင့် အိပ်နေချိန် အတွင်းမှာ) သေဆုံးသွားလို့ရှိရင် ဒီလိုခေါ်ပါတယ်။ ပုခက်တွင်း ရုတ်တရက်သေဆုံး ခြင်းလို့လဲ ခေါ်ပါတယ်။ အကြောင်းက တော်တော်များများကို ပုခက်ထဲမှာ သေလျက် အနေအထားနဲ့ တွေ့ရလို့ပါ။ သေရတဲ့ အကြောင်းရင်းကို မသိပေမယ့် ယူဆကြတာက ကလေးရဲ့ ဦးနှောက်မှာ အသက်ရှူတာနဲ့ ပြန်နိုးထတဲ့ အပိုင်းက မွေးရာပါ ချို့ယွင်းချက်ရှိနေလို့ပါတဲ့။ ဒီလို အခြေအနေမှာ တချို့သော အပြုအမူတွေက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ ကလေးတွေ ရုတ်တရက်သေဆုံး ရတာလဲ။ ကလေးမှာရှိတဲ့ နဂိုရောဂါအခံ ရှိလို့ပဲဖြစ်ဖြစ်၊ အိပ်တဲ့ ပုံစံမမှန်လို့ပဲဖြစ်ဖြစ် ရုတ်တရက်သေဆုံး နိုင်ချေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်နေအိမ်ထဲမှာ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့နေရာ အမြောက်အများရှိနေတာ သိကြရဲ့လား

ကိုယ့်ရဲ့ ရင်သွေးလေးကို အိမ်မှာ ပြုစုစောင့်ရှောက်ကြပြီဆိုတဲ့အခါမျိုးမှာ ဘေဘီလေး ဘေးအန္တရာယ်ကင်းကင်း၊ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ထားရှိနိုင်ဖို့က မိဘတိုင်းရဲ့ မျှော္လင့်ချက်ဖြစ်ပါတယ်။ ရင်သွေးလေးတွေဆိုတာလည်း အရာရာကို ပြည့်ပြည့်ဝဝနားမလည်နိုင်သေးကြသူတွေမို့ ပစ္စည်းတွေ ဆွဲချတာမျိုး၊ တွေ့ကရာကောက်ဝါးမိတာမျိုးတွေ မကြာခနပြုမူတတ်ကြတယ်လေ။ တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် ဘေဘီလေးတွေ တစ်စုံတစ်ရာ ထိခိုက်မိရင် အရင်ဆုံး ရင်ပူရ၊ စိတ်သောက ရောက်ရတာက မိဘတွေကိုယ်တိုင်၊ ကိုကို မမ၊ ဘိုးဘိုး ဘွားဘွားတွေ ကိုယ်တိုင်ပါပဲ။ မိမိရဲ့ နေအိမ်ထံမှာ ဘေဘီလေးတွေကို ထိခိုက်စေနိုင်တဲ့ နေရာတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေ ရှိနေတာကို ကြိုတင်သတိပြမိထားမယ်ဆိုရင် ဒီပြဿနာကို အတော်များများ ဖြေရှင်းလို့ရနိုင်မှာဖြစ်သလို ရင်သွေးလေးကိုလည်း ကောင်းကောင်းကာကွယ်နိုင်မှာပါ။ ဒီတော့ ဘေဘီလေးတွေကို ဘေးအန္တရာယ်ဖြစ်စေနိုင်မယ့် နေရာတွေကို ကြိုတင်သိထားအောင် ပြောပြပေးချင်ပါတယ်။ ရင်သွေးလေးတွေကို ထိခိုက်စေနိုင်တဲ့ မိမိ အိမ်တွင်းက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးမှာပေါက်တဲ့ ရေကျောက် သက်သာစေဖို့

ရေကျောက်ဆိုတာက ကလေးတွေမှာ တော်တော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ရေကျောက်က ရေယုန်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ အသက် ၁၂ နှစ်အောက် ကလေးအများစုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ ရေကျောက်ဖြစ်တဲ့အခါ ကလေးက အဖျားတက်ပြီး ခန္ဓာကိုယ်အနှံ့မှာ ယားယံတဲ့ အနီရောင် အဖုအပိမ့်တွေ ထွက်လာပါမယ်။ ဒီပြဿနာကို ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရေကျောက်ပေါက်တဲ့အခါ ဘေဘီလေးမှာ ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ ......... ရေကျောက်ပေါက်တဲ့အခါ စဖြစ်ကာစမှာ ဘေဘီလေးမှာ အဖျားရှိမယ် ခေါင်းကိုက်မယ် လည်ချောင်းနာမယ် ဗိုက်အောင့်မယ် စတဲ့လက္ခဏာတွေက ရက်အနည်းငယ်ကြာဖြစ်ပါလိမ့်မယ်။ ဒီလိုကနေတဖြည်းဖြည်း ကိုယ်အပူချိန်က ၁၀၁ ဒီဂရီဖာရင်ဟိုက် ကနေ ၁၀၂ ဒီဂရီဖာရင်ဟိုက်ရှိလာပါလိမ့်မယ်။  အဲ့ဒီနောက်မှာတော့ ဗိုက်၊ ရင်ဘတ် နဲ့ မျက်နှာတို့မှာ ယားယံတဲ့ အနီရောင်အဖုအပိမ့်တွေဖြစ်လာပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေနာရောဂါ ကိုဘယ်လိုသက်သာအောင်လုပ်ကြမလဲ။

ကလေးလေနာရောဂါ ကိုမိခင်တိုင်းကြောက်ကြပါတယ်။ လေနာရောဂါဖြစ်ရင် ကလေးတွေက တက်မတက် ချက်မတက် ငိုကြတာကိုး။ ချော့မရ ပြုမရနဲ့ မိခင်တွေလည်း စိတ်သောက ရောက်ရပါတယ်။ လေနာရောဂါအကြောင်းကို သိထားမယ်။ လေနာထရင် ဘယ်လိုလုပ်ရမယ်ဆိုတာသိထားရင် မိခင်လည်း စိတ်သက်သာပြီး ကလေးလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာမှာပါ။ လေနာရောဂါဆိုတာ ဘာလဲ။ ကလေးတွေမှာ လေနာရောဂါလို့သတ်မှတ်ဖို့ တစ်နေ့ကို ၃နာရီနဲ့အထက် တစ်ပတ်ကို ၃ရက်ထက်ပိုပြီး လေနာရောဂါ ခံစားရပါမယ်။ ၃ပတ်ထက်ပိုရပါမယ်။ ဒါမှ ကလေးလေနာလို့ သတ်မှတ်နိုင်မှာပါ။ ကလေးတွေ လေနာပြီဆိုရင် -ပြင်းပြင်းထန်ထန်ငိုပါတယ်။ ငိုတာထက် နာလို့အော်တာနဲ့ ပိုတူပါတယ်။ -အကြောင်းရင်းမရှိဘဲ ငိုပါတယ်။ ဗိုက်ဆာလို့၊ သေးခံလဲချင်လို့ မဟုတ်ဘဲ ဒီတိုင်းကို ငိုတာပါ။ -အငိုတိတ်တာတောင် ဂျီကျလို့မပြီးပါဘူး။ -အချိန်မှန်ပါတယ်။ ညနေရောက်ရင် လေနာလေ့ရှိတဲ့ကလေးက ညနေဆို ငိုပါပြီ။ ပြီးရင် အလိုလိုပျောက်သွားပါတယ်။ -ငိုတဲ့အခါ မျက်နှာရဲလာတာ၊ နှုတ်ခမ်းအရောင်ဖျော့လာတာ ဖြစ်ပါတယ်။ -ငိုတဲ့အခါ တစ်ကိုယ်လုံးတောင့်တက်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေတို့ကြောက်တဲ့ ဘေဘီတို့ရဲ့ ခေါင်းလျှော် ချိန်

ကလေးဝေယျာဝစ္စတွေထဲမှာ အနှီးလေးပတ်ထားရတဲ့အရွယ်တုန်းက လုပ်ပေးရလွယ်ကူသလောက် ကြီးလာလေ ခက်ခဲလာလေ ဖြစ်ရတာက ရေချိုးပေးတဲ့အချိန်ပါပဲ။ ရေချိုးတဲ့အချိန် ရေဆော့ချင်တဲ့ ဘေဘီတို့အတွက် ပျော်စရာဖြစ်ပေမယ့် ခေါင်းလျှော် တဲ့အချိန်တော့ မေမေတို့ပြဿနာတက်ရတဲ့ ကလေးတွေရှိပါတယ်။ ကလေးက ဘာလို့ ကြောက်တာလဲ ကလေးက ခေါင်းလျှော်ဖို့ကို ဒီလောက်ကြောက်နေရအောင် ဘာအကြောင်းရင်းတွေကြောင့်လဲဆိုတာ အရင်ဆုံးတွေးရပါမယ်။ ဒါမှရေချိုးချိန်၊ ခေါင်းလျှော်ချိန်တွေမှာ သူပျော်လာအောင် ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာ စဉ်းစားလို့ရမှာပေါ့။ ဥပမာ – ကလေးကရေထိမှာ၊ ရေစိုမှာကို ကြောက်တာ သို့မဟုတ် မကြိုက်တာကြောင့်လား၊ ရေဆော့ရတာပျော်ပေမယ့် ခေါင်းကိုရေစိုရင် အေးခနဲခံစားချက်ကိုကြောက်တာလား၊ ခေါင်းကိုရေပိုက်နဲ့ဖြစ်ဖြစ်၊ရေခွက်နဲ့ဖြစ်ဖြစ် ရေလောင်းချမှာကို ကြောက်တာလား (ရေမွန်းမှာကြောက်တဲ့စိတ်ပါ)၊ ခေါင်းလျှော်ရည်ကြောင့် မျက်စိစပ်မှာကြောက်တာလား စသည်ဖြင့် ကိုယ့်ကလေးရဲ့အမူအကျင့်နဲ့အကြိုက်တွေကို အခြေခံပြီးတွေးကြည့်ပါ။ ပြီးမှ သူ့မှာဒီလိုကြောက်စိတ်တွေဖြစ်လာစေအောင် ကိုယ်ရေချိုးပေးတဲ့၊ ခေါင်းလျှော်ပေးတဲ့နည်းလမ်းတွေက ဘာတွေများမှားနေသလဲ၊ ဘာလိုအပ်ချက်တွေရှိနေလဲဆိုတာ ပြန်ဆန်းစစ်သင့်ပါတယ်။ ချိုးပေးတဲ့ရေကအေးနေတာများလား၊ ကလေးရဲ့နှာခေါင်းတွေ၊ နားတွေထဲရေဝင်အောင် လုပ်မိနေသလား၊ ရေလောင်းပေးတဲ့ပုံစံကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး တွေမှာဖြစ်တဲ့ လည်ချောင်းနာ သက်သာစေဖို့

ဘေဘီလေး တွေက လည်ချောင်းနာတတ်လို့လားလို့ မေးစရာရှိနေမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ နာတတ်တာပေါ့လို့ပဲ ပြန်ဖြေရမှာပါပဲ။ အကြောင်းကတော့ လည်ချောင်းနာတာက အရွယ်မရွေးဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်နေတာမို့ပါ။ ဒီတော့ ခံစားနေရတဲ့ ဝေဒနာကိုသေချာမပြောပြတတ်သေးတဲ့ ဘေဘီလေး ကို လည်ချောင်းနာ သက်သာစေဖို့ဘာတွေလုပ်ပေးလို့ရမလဲ...... ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေး လည်ချောင်းနာ နေတာလား........... ဘေဘီလေး တွေက လူကြီးတွေလို ခံစားနေရတဲ့ ဝေဒနာကို မပြောပြတတ်ကြပါဘူး။ ဒီတော့ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို လူကြီးကို လက္ခဏာတွေ၊ သူတို့လေးတွေရဲ့ အပြုအမူလေးတွေကို ကြည့်ပြီး ဆုံးဖြတ်ကြရပါတယ်။ ဘေဘီလေးက လည်ချောင်းနာနေမယ်ဆိုရင် ကိုယ်နွေးနေမယ် နေရထိုင်ရတာ သက်သောင့်သက်သာမရှိသလိုဖြစ်နေမယ် အစာကျွေးရခက်နေမယ် ရေပဲ သောက်ချင်နေမယ် ဂျီကျနေမယ် စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ဘေဘီလေးကို လည်ချောင်းနာ စေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ...... ဘေဘီလေး ကို လည်ချောင်းနာစေနိုင်တဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း

လေပြွန်ရောင်ရမ်းတာက အရွယ်ရောက်ပြီးသူတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ လေပြွန်ရောင်ရမ်းခြင်းဆိုတာ ဘာလဲ............... လေပြွန်ရောင်ရမ်းခြင်းဆိုတာ လေပြွန်လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းမှာပါဝင်နေတဲ့ လေပြွန်ရောင်ရမ်းတာပါ။ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတာက ပြင်းထန်တဲ့အမျိုးအစားပါ။ လေပြွန်ရောင်ရမ်းခြင်းကို ဘာကများဖြစ်စေတာလဲ......... ပြင်းထန်တဲ့ လေပြွန်ရောင်ရမ်းခြင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ များသောအားဖြင့်ကတော့ အဖျားဝင်ပြီးနောက်မှဖြစ်တာပါ။ ကလေးတွေကို လေပြွန်ရောင်စေနိုင်တဲ့အရာတွေကတော့ ဓာတ်မတည့်မှု ဖုန်မှုန့်တွေ ဆေးလိပ်ငွေ့ တို့လိုမျိုးအရာတွေက လေပြွန်ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ကြောင့်လည်း လေပြွန်ရောင်ရမ်းနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေရှိလဲ.............. လေပြွန်ရောင်တဲ့လက္ခဏာက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့်ကတော့ နှာစေးမယ် အဖျားငွေ့ငွေ့လေးရှိမယ် မအီမလည်ဖြစ်မယ် လည်ချောင်းနာမယ် ကြွက်သားတွေ နာကျင်ကိုက်ခဲမယ် ချောင်းဆိုးမယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးနိုင်သလို အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်ချွဲတွေဖြစ်နိုင်ပါတယ်။ လေပြွန်မှာ ချွဲတွေပိတ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘေဘီလေးက အသက်ရှူရတာခက်နေမယ်။ အဖျားက တစ်ပတ်လောက်ကြာတဲ့အထိ မပျောက်ဘဲဖြစ်နေမယ်ဆိုရင်တော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း