ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အငှားဖြင့် ကလေးထိန်းခြင်း

ယနေ့ခေတ်တွင် မိဘများစွာသည် သူတို့၏ အချိန် သို့မဟုတ် ကျွမ်းကျင်မှု လိုအပ်သောကြောင့် အငှားဖြင့် ကလေးထိန်းခြင်းကို ရွေးချယ်နေကြသည်။ မကြာသေးမီက လေ့လာမှု တစ်ခုအရ အငှားဖြင့် ကလေးထိန်းခြင်းသည် ကလေးနှင့် မိသားစု တစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။ သင့်တွင် တာဝန်ရှိသောအလုပ်များကို အခြား တစ်ယောက်အား ငှား၍ လုပ်ခိုင်းရန် တကယ်ပဲ လိုအပ် ပါသလား။ အငှားဖြင့် ကလေးထိန်းခြင်းဆိုတာ ဘာလဲ။ အငှားဖြင့် ကလေးထိန်းခြင်းဆိုသည်မှာ အချို့အလုပ်များ ဥပမာ- လက်မစုပ်သည့်အကျင့်ကို တားခြင်း၊ သင့်အိမ်တွင် ကလေးအား ကာကွယ်ပေးခြင်း၊ သင့်ကလေးအား အိပ်ယာ ပို့ပေးခြင်း၊ ကျောပုတ်ပေးခြင်း အစရှိသည်ကို ဆောင်ရွက်ရန် တစ်စုံတစ်ယောက်အား ငှားရမ်းခြင်းဖြစ်သည်။ အချို့တွင် မိဘများသည် ကလေးကို ထိန်းသိမ်းရန်အတွက် ဗီဒီယိုဂိမ်း၊ စမတ်ဖုန်း၊ ကွန်ပြူတာ အစရှိသော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ဖန်တီးနိုင်စွမ်းနဲ့ မိမိဖာသာဖော်ပြနိုင်စွမ်းကို မြေတောင်မြှောက်ပေးခြင်း

အများစုရဲ့ ယုံကြည်မှုနဲ့ မကိုက်ညီတာက ဖန်တီးနိုင်စွမ်းဟာ မွေးရာပါစွမ်းရည်ကြောင့်သာ မဟုတ်ဘဲ မိဘများရဲ့ မြေတောင်မြှောက်ပေးခြင်းနဲ့ သင်ယူဖြည့်ဆည်းနိုင်ပါတယ်။ မိမိခံစားမှုကို ဖော်ထုတ်ပြနိုင်စွမ်းဟာလည်း ကလေးများဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာ လေ့လာကြည့်ရအောင်။ တီထွင်ဖန်တီးနိုင်စွမ်း တီထွင်ဖန်တီးနိုင်ခြင်းဆိုရာမှာ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကိစ္စတွေအားလုံး အကျုံးဝင်ပါတယ်။ ဖန်တီးနိုင်စွမ်းရှိခြင်းဟာ ကလေးတွေကို ပြသနာဖြေရှင်းနိုင်သူများ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်သူများ ဖြစ်လာစေပါတယ်။ ဒီအချက်တွေဟာ အောင်မြင်မှုအတွက် သော့ချက်ပါပဲ။ အောက်ပါအချက်တွေကတော့ တီထွင်ဖန်တီးနိုင်စွမ်းကို ပျိုးထောင်ပေးရာမှာ မှတ်သားသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ လွတ်လပ်မှုပေးပါ ဒီနေရာမှာ အချိန်နဲ့နေရာကို ဆိုလိုပါတယ်။ အချိန်ဟာ တီထွင်ဖန်တီးနိုင်မှုအတွက် အဓိကကျတဲ့ အချက် ဖြစ်ပါတယ်။ ကလေးတွေကို ရှာဖွေစူးစမ်းဖို့၊ ထိတွေ့မြင်ယောင်ဖို့၊ သူတို့စိတ်ကူးစိတ်သန်းနဲ့ လုပ်ကိုင်နိုင်ဖို့ အချိန်တခုပေးပါ။ ကစားစရာအသစ်တွေ ပေးတိုင်းမှာ စည်းမျဉ်းအသစ်တွေ မပြောပြဘဲ သူတို့ဖာသာ စူးစမ်းပါစေ။ နေရာဟာလည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးစေရန် ပြုစုပျိုးထောင်ခြင်း

မိဘများအနေဖြင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ကလေးကို လိမ္မာရေးခြား ရှိစေချင်၊ ပါရမီတစ်ခုခု ပါစေချင်ကြသည်။ အနည်းဆုံး တန်ဖိုးရှိအသုံးဝင်သော လူတစ်ယောက် ဖြစ်လာစေ ချင်ကြသည်။ အချို့မိဘများသည် သူတို့ကလေးများအား ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း စသည်တို့နှင့် ရင်းနှီးစေ ကြသည်။ အချို့မှာ အားကစားတစ်ခုခုနှင့် ရင်းနှီးကျွမ်းဝင် စေသည်။ ဂီတဆိုရင်ရော? သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးအောင် ဘယ်လို ပြုစုပျိုးထောင်မလဲ။ အသံတွေအကြောင်း ပထမဆုံးသင်ကြားပေးပါ။ ဂီတသည် ပတ်ဝန်းကျင်မှာ ရှိသည့် ရိုးရှင်းသော အရာတွေစီမှ လာတယ်ဆိုတာကို သင့်ကလေးအား သိပါစေ။ အိမ်အပြန်လမ်း တွင် သင့်ကလေးအား ထရပ်ကားများ၏ အသံကို စက္ကန့် အနည်းငယ် ပေးနားထောင်ပါ။ မီးဖိုချောင်ထဲတွင် ချက်ပြုတ် နေစဉ် သစ်သီးဖျော်စက်မှ ဆူညံသံကို သင့်ကလေးအား သတိထား နားထောင်ခိုင်းကြည့်ပါ။ ကဗျာဆန်ဆန်ဆိုလျှင် သင့်ကလေး အား […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးလေးကို အစာကျွေးဖို့ခက်နေသလား

ကလေးအများစုက အစာထွေးထုတ်ခြင်း၊ ကျွေးနေကျမဟုတ်တဲ့အစာတွေကို စားဖို့ငြင်းဆန်ရန်ကြိုးစားခြင်း၊ အချို့အချိန်တွေမှာ အစားစားဖို့ငြင်းခြင်းစတဲ့ အစားနဲ့ဆိုင်တဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သာ ကြည့်တတ်ကြပြီး ကလေးနေမကောင်းဖြစ်နေတယ်လို့ မမြင်တတ်ကြပါဘူး။ ကလေးက အချိန်အတော်ကြာ အစားကိုစိတ်မဝင်စားဘဲ အစာတွေ အရည်တွေကို ငြင်းနေမယ်ဆိုရင် သတိပြုရမယ့်ပြဿနာတွေရှိနေနိုင်ပါတယ်။ ကလေးအစားကျွေးမရခြင်းပြဿနာရဲ့ လက္ခဏာများ အစားကျွေးမရတဲ့ကလေးတွေမှာ လက္ခဏာအတော်များများပြတတ်ပါတယ်။ တစ်ယောက်ချင်းစီက သက်ဆိုင်ရာအခြေအနေနဲ့ အစားကျွေးမရခြင်းပြဿနာအပြင်းအထန်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အစာကျွေးမရတဲ့ကလေးငယ်တွေရဲ့ လက္ခဏာတွေက အစာကျွေးနေစဉ် နောက်ကျောနဲ့ ကိုယ်တစ်ကိုယ်လုံး ကုန်းနေခြင်း အစားကျွေးနေချိန် စိတ်ဝင်စားမှုမရှိခြင်း အစာအစာ၊ အရည်တွေကို ငြင်းဆန်ခြင်း အရောင်အဆင်းကွဲသွားတဲ့ အစာတွေကို ငြင်းဆန်ခြင်း အစားစားချိန်ကြာလွန်းခြင်း အစားဝါးရခက်ခြင်း နို့ဘူး ဒါမှမဟုတ် နို့တိုက်ရခက်ခြင်း အစားစားနေစဉ် ချောင်းဆိုးခြင်း၊ ပျို့ခြင်း သွားရည် တမြားမြားကျခြင်း အစားစားနေစဉ်၊ အရည်သောက်နေစဉ်တွင် အသက်ရှူခက်ခြင်း ထွေးထုတ်ခြင်း၊ အော့အန်ခြင်း အဆုတ်ရောင်ရောဂါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို သတိတရားရှိအောင် စတင်သင်ကြားပါ

မိဘများဟာ ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားတတ်ကြသလို စိတ်ပိုင်းဆိုင်ရာကိုလည်း လစ်လျူရှုထားလို့ မရပါဘူး။ ယနေ့ခေတ်ကာလမှာ အရာရာဟာ မြန်ဆန်လွန်းတာမို့ မိမိကိုယ်ကို သိပ်ပြီး ဂရုစိုက်နေချိန်မရပါဘူး။ အဲဒီအခါ အပျက်သဘောဆောင်တဲ့ အတွေးတွေ၊ ခံစားမှုတွေ ဝင်လာပါတယ်။ အပျက်သဘောအတွေးတွေ လျှော့ချဖို့အတွက် ငယ်ရွယ်စဉ်ကတည်းက သတိတရား လက်ကိုင်ထားတတ်အောင် လေ့ကျင့်ယူရပါမယ်။ သင့်ကလေးများကို အခုကတည်းက စတင်သင်ကြားပေးရအောင်။ သတိတရားဆိုတာဘာလဲ သတိတရားရှိခြင်းဆိုတာ တကယ်တော့ ရိုးရှင်းပါတယ်။ မျက်မှောက် ဖြစ်ပျက်နေတာတွေကို သတိရှိရှိ သိမှတ်နေပြီး ဘဝကို အကဲဖြတ်ခြင်းမရှိဘဲ တွေ့ကြုံခံစားနေခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခတွေ ကြုံလာတိုင်း စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ နည်းလမ်းဖြစ်ပါတယ်။ သတိတရားရှိခြင်း၏ အကျိုးကျေးဇူး သတိတရားဆိုတာ သင့်ရဲ့ အတွေးအခေါ်၊ အမူအကျင့်ကို ပိုပြီး သတိပြုနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ မျက်မှောက်ကာလကို အာရုံစိုက်နိုင်ပြီး လုပ်ကိုင်ဆောင်ရွက်မှု […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ကိုယ်နေဟန်ထားမှန်ကန်ရေး

ကိုယ်နေဟန်ထားမှန်ကန်ခြင်းဟာ ကိုယ်ခန္ဒါရဲ့ အစိတ်အပိုင်းတချို့ကို အလွန်အကျွံ အားစိုက်ရခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒီအားစိုက်မှုဟာ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု ရှိပါတယ်။ ကလေးများအတွက် ဘယ်လို ကိုယ်နေဟန်ထားတွေက ကောင်းသလားဆိုတာ တွေးတောဖူးပါသလား။ ကိုယ်နေဟန်ထား မကောင်းရတဲ့ အကြောင်းအရင်းများ ကလေးများမှာဆိုရင် - ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ - အာဟာရဓါတ်မပြည့်ဝမှု - စံမမီသော ဖွံ့ဖြိုးတိုးတက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ ကျောင်းနေ ဆယ်ကျော်သက်အရွယ်တွေဆိုရင် - အဝလွန်ခြင်း - အလှုပ်ရှားနည်းပြီး အထိုင်များသော လူနေမှုပုံစံ - ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း - အတုခိုးမှားခြင်း။ ၃-၅နှစ်အရွယ် ကလေးများဟာ တခြားလူတွေရဲ့ ကိုယ်နေဟန်ထားကို အတုခိုးတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါကြောင့် အတုခိုးမှားရင် ကိုယ်ဟန်နေထား မကောင်း ဖြစ်သွားတတ်ပါတယ်။ - ကျောင်းလွယ်အိတ်အလေးကြီးများ သယ်ရခြင်း။ ကလေးများအတွက် သင့်တော်တဲ့ ကျေင်းလွယ်အိတ် အလေးချိန်ကတော့ အဲဒီကလေး ကိုယ်အလေးချိန်ရဲ့ ၃၀% ပဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို အစားစကျွေးချိန် သိသင့်သော အချက် ၆ချက်

သင့်ကလေးကို အစားစကျွေးချိန်ဟာ အရေးအကြီးဆုံး ဖွံ့ဖြိုးမှုမှတ်တိုင်တခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သင့်ကလေးကို အစားစကျွေးချိန်မှာ သိသင့်တဲ့အချက်တွေ ဆွေးနွေးထားပါတယ်။ အစားစကျွေးဖို့ သင့်တော်တဲ့အချိန်ရွေးချယ်ပါ ကျွမ်းကျင်သူများကတော့ ကလေးအသက် ၄-၆လမှာ အစားစကျွေးဖို့ ညွှန်းဆိုကြပါတယ်။ ဒါပေမယ့် ကလေးအားလုံးဟာ တပြေးညီတော့ မဟုတ်ပါဘူး။ တချို့ကလေးများဟာ အစားစစားဖို့ အချိန်ပိုယူ ရတတ်ပါတယ်။ အစာစကျွေးဖို့ သင့်တော်တဲ့ အချိန်ကတော့ ကလေးဟာ အကူအညီမလိုဘဲ မတ်မတ်ထိုင်နိုင်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကလေးများ ခေါင်းလှည့်နိုင်တဲ့အချိန်၊ အစားကို ဝါးစားနိုင်တဲ့အချိန် ဖြစ်ပါတယ်။ ကလေးများကို မိခင်နို့ဆက်တိုက်သင့်ပါတယ် မိခင်နို့ကနေ အဖတ်ကို လုံးဝပြောင်းကျွေးလိုက်ရင် ကလေးရဲ့ အစာခြေစနစ်ကို ခက်ခဲစေပါတယ်။ ရုတ်တရက်ပြောင်းလဲလိုက်မယ့်အစား အဖတ်ကို ဖြည်းဖြည်းချင်းပြောင်းကျွေးရပါမယ်။ မိခင်နို့နေရာမှာ လုံးဝအစားမထိုးဖို့ သတိပြုပါ။ ကလေးပြောင်းဆန်များကို စကျွေးပါ ကလေးပြောင်းဆန်များ (Cereal) စကျွေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ အရသာမျိုးစုံနဲ့ ရနိုင်ပါတယ်။ သံဓါတ်အားဖြည့်ထားတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်

လူတိုင်းကျန်းမာဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ် ဆိုတာကို ပြောစရာမလိုအောင်ကို သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုတဲ့ နေရာမှာလည်း ခေါင်းအစခြေအဆုံး သန့်ရှင်းဖို့ လိုပါမယ်။ ခြေသည်းလက်သည်းတွေ ကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ ခြေသည်းလက်သည်းတွေ ရှည်လာတဲ့အခါ လက်သည်းတွေကြားမှာ မသန့်ရှင်းတဲ့အရာတွေ ကပ်ညှိပြီး လက်ကနေတဆင့် ပါးစပ်ထဲဝင်သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကိုလည်း ရောဂါကင်းတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက လက်သည်းတွေကို သေချာသန့်စင်ပေးဖို့ လိုပါမယ်။ လူတွေက ကိုယ့်လက်သည်းကို ကိုယ်တိုင်ညှပ်ကြတာများပါတယ်။ ကိုယ့်လက်သည်းခြေသည်းတွေကို ကိုယ်တိုင်ညှပ်တဲ့အခါ သိပ်ပြဿနာ မရှိပေမယ့် ကလေးတွေရဲ့လက်သည်းကို ညှပ်ပေးဖို့ကျတော့ မတော်တဆ ထိခိုက်သွားမှာကိုစိုးရိမ်ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက် ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ဘယ်အချက်လေးတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ကလေးလေးတွေရဲ့ လက်သည်းလေးတွေက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကိုဆေးတိုက်တဲ့အခါ မိဘတွေလုပ်မိနေတဲ့ အမှားများ

မိဘတွေအတွက် ကိုယ့်ကလေးနေမကောင်းဖြစ်နေတာလောက် စိတ်ပင်ပန်းရတာမရှိပါဘူး။ သားသမီးတွေအတွက် ပူပင်နေရတဲ့စိတ်ဒုက္ခက လူပင်ပန်းရတာထက်ကိုပိုပါတယ်။ ကလေးနေမကောင်းဖြစ်တာနဲ့ ချက်ချင်းကိုဆေးခန်းပြေးကြတာဆိုပေမယ့် ဆရာဝန်ပြပြီးပြန်လာတဲ့အခါ ကလေးကိုပြုစုကုသဖို့က ကိုယ့်တာဝန်ဖြစ်လာပါတယ်။ ကလေးငယ်ငယ်လေးကို ပြုစုရတဲ့အခါဆေးတိုက်ကျွေးရတဲ့အလုပ်ကလည်း မလွယ်တဲ့အလုပ်ပါ။ အအေးမိ၊ချောင်းဆိုးနဲ့ ရာသီတုပ်ကွေးတို့က အဖြစ်များတဲ့ပြဿနာတွေဖြစ်ပြီးဆေးတိုက်ကျွေးမှုအမှားအယွင်းတွေလည်း မသိလိုက်ဘဲလုပ်မိနိုင်တဲ့အခါတွေဖြစ်ပါတယ်။ ကလေးမှာဝေဒနာခံစားနေရတာကို မကြည့်ရက်တာနဲ့ဘဲ ပျာယာခတ်ကာ မြန်မြန်သက်သာလိုဇောနဲ့ အမှားလုပ်မိတတ်ပါတယ်။ ဥပမာ -အဖျားကျဆေး၊ချောင်းဆိုးပျောက်ဆေးတွေကဆေးရည်တွေများတာမို့ ထိခိုက်လွယ်ပြီးနုနယ်လွန်းတဲ့ ကလေးလေးတွေအတွက် တိုက်ကျွေးတဲ့အခါ အတိုင်းအဆပမာဏ ကအစ အမှားမရှိအောင် ဂရုစိုက်ရပါတယ်။ ရင်နှစ်သည်းချာလေးတွေနဲ့ပတ်သက်လာရင် စိတ်တည်ငြိမ်ပြီး တိကျတဲ့မိဘတွေတောင်မှ အမှားလုပ်မိတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကိုဆေးတိုက်တဲ့အခါ ကိုယ်တိုင်မသိလိုက်ဘဲ လုပ်မိနေတဲ့အမှားတွေကို သတိထားဆင်ခြင်သင့်ပါတယ်။ အအေးမိချောင်းဆိုးအတွက် ဆေးတိုက်ကျွေးမှုလွန်ကဲခြင်း ကလေးက ညတိုင်းချောင်းဆိုးနေရတာကို မကြားရက်နိုင်တဲ့အခါချောင်းဆိုးပျောက်ဆေးရည်ပြေးဝယ်တိုက်တာမျိုး လုပ်မိမှာပါ။ ဒါပေမယ့် အအေးမိချောင်းဆိုးပျောက်ဆေးရည်တွေက ရောဂါလက္ခဏာအမျိုးမျိုးကို သက်သာစေနိုင်တဲ့ပါဝင်ဆေးဝါးတချို့ တူနေတတ်ပါတယ်။ ဥပမာ - အအေးမိပျောက်ဆေးမှာ ပါရာစီတမောပါဝင်တတ်တယ်။ ကလေးကနှာစေးနေလို့ ဒီဆေးကိုတိုက်မယ်၊ပြီးရင် Biogesic […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ

ဆေးသောက်ရတာကို သဘောကျတဲ့ ကလေးရယ်လို့ ရှိမယ်မထင်ပါဘူး။ ကလေးတိုင်းက ဆေးထိုးဖို့ကြောက်သလို ဆေးသောက်ရတာကိုလည်း မကြိုက်ကြပါဘူး။ ကလေးတွေကို ဆေးတိုက်တိုင်း တိုက်ပွဲတစ်ခုဝင်နေရသလို မိဘတိုင်းခံစားကြရမယ် ထင်ပါတယ်။ တစ်ခါတလေများဆို ကလေးက ဆေးကိုမျိုမချဘဲ ထွေးထုတ်တာမျိုးတောင် ကြုံရနိုင်ပါသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးကို ဆေးတိုက်မှဖြစ်မယ်ဆိုတဲ့ အသိပဲခေါင်းထဲရောက်ပြီး ကလေးက ဆေးကိုမမျိုချရင် နှာခေါင်းပိတ်ပြီးတိုက်လိုက်မယ်လို့ တွေးမိလုပ်မိတာရှိနိုင်ပါတယ်။ ဒါက မလုပ်သင့်ပါဘူး။ မတော်တဆကလေးက အသက်ရှူရပ်သွားတာမျိုးဖြစ်နိုင်သလို အသက်ဆုံးရှုံးတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆေးတိုက်ရခက်တဲ့ ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ ဆိုတာနဲ့ ဆေးတိုက်ရလွယ်အောင် ဘာတွေ လုပ်ဆောင်ပေးရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ဆေးဘယ်လိုတိုက်မလဲ ကလေးကို ဆေးမတိုက်ခင်မှာ အရင်ဆုံးလုပ်ရမှာက ဆေးညွှန်းအတိုင်း မှန်ကန်အောင် တိုက်ဖို့ပါ။ နောက်ထပ်သတိထားရမှာတစ်ခုက ဆေးကို နည်းစနစ်မှန်မှန်ထိန်းသိမ်းဖို့ပါ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း