ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အရေပြားပြဿနာကင်းတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင်ဂရုစိုက်ကြမယ်

အရေပြားပြဿနာက ကလေး၊လူကြီးမရွေးကြုံတွေ့ရနိုင်တဲ့ပြဿနာတစ်ရပ်ပါ။ အရေပြားက ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်သလို ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကျန်းမာစေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေလုပ်ဆောင်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဆိုလည်းမမှားပါဘူး။ ဒီလိုအရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းကို မဖြစ်မနေ ကျန်းမာနေအောင်လုပ်ဖို့လိုပါမယ်။ ခန္ဓါကိုယ်တွင်းကိုရောဂါဘယတွေမဝင်အောင်တားထားတာကလည်း အပေါ်ယံအရေပြားပါပဲ။ အရေပြားက ကိုယ်တွင်းကရေဓါတ်တွေနဲ့ သတ္တုဓါတ်တွေ ကုန်ဆုံးတာမျိုး မဖြစ်အောင်လည်းတားဆီးပေးပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မလိုအပ်တဲ့ အဆိပ်အတောက်တွေ နဲ့ ကူးစက်ရောဂါတွေ ကိုယ်တွင်းကိုမဝင်ရောက်အောင်တားဆီးပေးရမယ့်တာဝန်ကိုလည်း အရေပြားကပဲယူထားတာပါ။ ခန္ဓါကိုယ်အပူချိန်ထိန်းညှိဖို့ကိုလည်း လုပ်ဆောင်ပေးပါသေးတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားအကြောင်း တစေ့တစောင်း ကလေးငယ်လေးတွေရဲ့ အရေပြားကကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်၊ အအေးဒဏ်၊ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ၊ သွားရည်တွေကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ ညစ်ပေနေတဲ့သေးခံနဲ့ အကြာကြီးထိတွေ့ရာကနေဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ခုခံနိုင်ရည်တော်တော်လေးနည်းနေပါသေးတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုကတော့ ကလေးငယ်တွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာအချို့က အချိန်ကြာလာတာနဲ့အမျှသက်သာသွားတတ်ကြပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ ကလေးငယ်ကို baby cream၊ အဆီတစ်မျိုးမျိုး၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေ ရေချိုးရတာနဲ့ခေါင်းလျှော်ရတာကို ပျော်သွားစေမယ့် အချက် ၁၀ ချက်

ဘေဘီပေါက်စလေးတော်တော်များများကရေဆော့ရတာကို ကြိုက်ပေမယ့်ရေချိုးရတာကိုတော့ သိပ်မကြိုက်တတ်ကြပါဘူး။ အချို့ကလေးတွေဆိုရင်ရေချိုးဖို့ ပျင်းတာမျိုးတောင်ရှိပါတယ်။ ခေါင်းလျှော်ဖို့ကတော့ ကလေးတိုင်းကြောက်တဲ့ ကိစ္စတစ်ခုလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ ဒီလိုရေချိုးဖို့မကြိုက်၊ ခေါင်းလျှော်ရမှာကိုကြောက်တတ်တဲ့ ကလေးလေးတွေကိုရေချိုးခေါင်းလျှော်ရတာပျော်အောင်လုပ်ပေးဖို့က လည်း မိဘတွေရဲ့တာဝန်တွေထဲကတစ်ခုပါပဲ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ရေချိုးရမှာကိုကြောက်တတ်တဲ့ ကလေးငယ်တွေခေါင်းလျှော်တိုင်း ငိုတဲ့ကလေးလေးတွေကို ဘယ်လိုမျိုး ရေချိုးခေါင်းလျှော်ပေးရင် အဆင်ပြေမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။ ကလေးငယ်တွေရေချိုးရတာပျော်စေဖို့ ကလေးအများစုကရေချိုးတဲ့အခါ သူတို့ မျက်လုံးတွေထဲကိုရေဝင်တာကိုကြောက်ကြတာပါ။ ဒါကြောင့်ကလေးကိုရေချိုးပေးတဲ့အခါ မျက်လုံးထဲရေဝင်တာမျိုးမဖြစ်စေဖို့အတွက်ရေချိုးပေးနေတဲ့အနီးမှာ တဘက်အခြောက်တစ်ထည်ကိုယူထားပေးရပါမယ်။ မျက်လုံးကိုရေဝင်တဲ့အခါ အလွယ်တကူသုတ်ပေးနိုင်စေဖို့ပါ။ ရေချိုးကန်ထဲကို အရုပ်ယူခွင့်ပေးလိုက်ပါ ကလေးအများစုက သူတို့အရုပ်လေးတွေနဲ့အတူရေချိုးရတာကိုနှစ်သက်ကြပါတယ်။ ကိုယ်က သူကိုရေချိုးပေးသလို သူက သူ့အရုပ်လေးကိုရေချိုးပေးတာမျိုးလုပ်နေခွင့်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုရေချိုးပေးရလွယ်ကူစေမှာ အသေအချာပါပဲ။ ရေချိုးကန်ထဲမှာ အမြှုပ်လေးတွေဖြစ်အောင်လုပ်ပေးပါ ဆပ်ပြာပူဖောင်းလေးတွေနဲ့ မဆော့ချင်တဲ့ ကလေးဆိုတာက ခပ်ရှားရှားပါ။ ကလေးကိုရေမချိုးပေးခင်မှာရေချိုးကန်ထဲမှာ ဆပ်ပြာမြှုပ်လေးတွေဖျော်ပေးထားလိုက်ပါ။ ကလေးက ဆပ်ပြာမြှုပ်လေတွေကိုမြင်တဲ့အခါရေချိုးရမှာကို စိုးရိမ်နေတဲ့ စိတ်တွေက ဆပ်ပြာမြှုပ်တွေ ဆီကိုအာရုံရောက်သွားတာကြောင့်မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။ ရေချိုးကန်ထဲမှာ အရောင်လေးတွေထည့်ဖော်ျပေးပါ ကလေးငယ်ကိုရေချိုးပေးမယ့်ရေချိုးကန်ထဲမှာ အရောင်လှလှလေးတွေဖြစ်နေအောင် အစားအစာဆိုးဆေး နည်းနည်းထည့်ထားပေးလိုက်ပါ။ ကလေးက အရောင်လှလှလေးဖြစ်နေတဲ့ရေကိုမြင်တဲ့အခါရေချိုးချင်တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေအတွက် Hair Conditioner

ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းကခေါင်းအစခြေအဆုံးဂရုစိုက်ပေးဖို့က မိဘတွေရဲ့တာဝန်ပါ။ မိဘတွေအနေနဲ့ ကလေးငယ်စဉ်ကတည်းက အသားအရေအမျိုးအစားပေါ်လိုက်ပြီး အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေလည်းရွေးချယ်ပေးရသလို ဆံသားအမျိုးအစားကိုကြည့်ပြီးတော့ ခေါင်းလျှော်ရည်၊ conditionerတွေကိုလည်းရွေးချယ်ပေးရပါသေးတယ်။ ကလေးတစ်ယောက်မှာ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ဆိုင်ဖို့ဆိုရင် ငယ်စဉ်ကတည်းက ဂရုစိုက်ပေးဖို့လိုပါမယ်။ အခုတစ်ခေါက်မှာတော့ ကလေးငယ်ရဲ့ဆံသားတွေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကလေးဆံသားအမျိုးအစားခွဲခြားမယ် ကလေးငယ်လေးတွေမှာလည်း ဆံသားအမျိုးအစားက အမျိုးမျိုးရှိပါတယ်။ ဆံသားထိန်းသိမ်းမှုမလုပ်ခင် အရင်ဆုံးသိထားဖို့လိုမှာက ကိုယ့်ရင်သွေးရဲ့ ဆံသားအမျိုးအစားကိုပါ။ ကလေးငယ်က - ဖြောင့်စင်းတဲ့ ဆံသားပိုင်ရှင် လှိုင်းတွန့်ပါတဲ့ ဆံသားပိုင်ရှင် အဆီပြန်တဲ့ဆံသားပိုင်ရှင် ခြောက်သွေ့တဲ့ဆံသားပိုင်ရှင်လားဆိုတာကိုသေချာခွဲခြားရပါမယ်။ ကလေးတွေကို တစ်ပတ် ဘယ်နှကြိမ်လောက်ခေါင်းလျှော်ပေးသင့်လဲ ကလေးငယ်လေးတွေက လူကြီးတွေလောက်လှုပ်ရှားရတာမျိုးမရှိတာကြောင့် ခဏခဏခေါင်းလျှော်ပေးတာမျိုး မလုပ်လည်းရပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းမှုက ကျန်းမာရေးအတွက်အရေးပါတာကြောင့် ကလေးတွေကိုခေါင်းလျှော်တာကတော့ လုပ်ပေးဖို့လိုပါတယ်။ လမ်းလျှောက်တတ်စကလေးတွေဆိုရင်တော့ တစ်ပတ်ကို ၃ ကြိမ်လောက် ဆံပင်ဖြောင့်ပြီးအဆီပြန်တတ်တယ်ဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ်ခန့် ဆံပင်ဖြောင့်ပြီး အဆီမပြန်ဘူးဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်လောက် ဆံပင်ကကောက်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

Baby wipes ကိုအမြဲတမ်းတပါတည်း ယူသွားသင့်တဲ့အကြောင်းအရင်း

ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအနေနဲ့ အပြင်သွားတဲ့အခါ ကိုယ်နဲ့တပါတည်းယူဆောင်သွားရမယ့် အရာတွေကတော်တော်လေးတော့များပါတယ်။ ကလေးအတွက်နို့ဗူး၊ အဝတ်အစားအပိုတစ်စုံ၊ ဦးထုပ်၊ခြေအိတ်လက်အိတ်လေးတွေ၊ ကလေးသေးခံ နဲ့ baby wipes တို့ကိုယူသွားဖို့လိုပါမယ်။ ကလေးတွေနဲ့အပြင်သွားတဲ့အခါ သူတို့လေးတွေရော ကိုယ်တိုင်ပါအဆင်ပြေစေဖို့က သူတို့အတွက်လိုအပ်လောက်မယ့် ပစ္စည်းတွေကိုယူသွားဖို့ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေနဲ့ အပြင်သွားတဲ့အခါ ကလေးတွေအတွက်အသုံးပြုတဲ့ တစ်သျှူးအစို (baby wipes) လေးတွေကို ယူသွားတာက ဘယ်လိုအသုံးဝင်လဲဆိုတာလေးကိုပြောပြလိုပါတယ်။ Baby wipes ကဒီလိုလေးတွေ အသုံးတည့်ပါတယ် အလွယ်တကူသန့်ရှင်းအောင်လုပ်လို့ရပါတယ် ကလေးအတွက်ယူလာတဲ့ အသုံးအဆောင်တွေမတော်တဆပြုတ်ကျသွားရင်ဖြစ်ဖြစ်၊ ကစားစရာလေးတွေပေရေသွားရင်ဖြစ်ဖြစ် သန့်ရှင်းပေးဖို့သုံးလို့ရပါတယ်။ ကလေးကိုခြေလက်တွေသန့်စင်ပေးချင်တဲ့အခါမျိုးမှာလည်းရေအလွယ်တကူမရနိုင်တဲ့ အနေအထားမျိုးမှာ baby wipes ကိုအသုံးပြုပေးလို့ရပါတယ်။ Baby wipes ကို ကလေးငယ်တွေအတွက်တင်မကဘဲ ကိုယ်တိုင် လက်တွေကိုသန့်ရှင်းချင်တာပေရေသွားတဲ့အသုံးအဆောင်တွေကို သန့်စင်ချင်တဲ့အခါမျိုးမှာ အလွယ်တကူသုံးလို့ရပါတယ်။ သေးခံလဲပေးတဲ့အခါ သုံးလို့ရပါတယ် ကလေးကိုသေးခံလဲပေးတဲ့အခါမျိုးမှာလည်း ကလေးကိုသေးခံအသစ်မလဲပေးခင် baby wipes ကိုသုံးပြီး သန့်စင်ပေးလို့ရပါတယ်။သေးခံဝတ်ထားတဲ့နေရာတွေကိုလည်း baby wipes […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ကို နူးညံ့ချောမွတ်တဲ့အသားအရေ ပိုင်ဆိုင်စေဖို့ ဘာတွေလုပ်ပေးမလဲ

လူကြီးတွေမှာတောင် အသားအရေလေးက နူးညံ့နေတာပဲ၊ ကလေးလေးကျနေတာပဲလို့ ပြောတတ်ကြတယ်။ ကလေး တွေရဲ့အသားအရေက နူးညံ့တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီအတိုင်းဆက်ပြီး အပြစ်အနာအဆာကင်းပြီး ချောမွတ်နေဖို့၊ အသားအရေလှဖို့ကတော့ ဖေဖေမေမေတို့ရဲ့တာဝန်ပါပဲ။ ကလေးလေးတွေကို အာဟာရဓါတ်ပြည့်ဝအောင်ကျွေးမွေးဖို့ စဉ်းစားရသလို သူတို့ရဲ့အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးရပါမယ်။ ဒီအချက်လေးတွေအတိုင်း လုပ်ပေးမယ်ဆိုရင် အသားအရေနူးညံ့စိုပြေတဲ့ သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ အာဟာရကို ဂရုစိုက်ပါ ကလေးတွေက ပေါက်ကရ သရေစာတွေ၊မုန့်တွေ မက်မောပြီး အစားအသောက်ကိုကြေးထူတတ်ကြပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ညီတဲ့အစာတွေကိုဆိုရင်ပေါ့။ကွေကာအုပ်နဲ့ သစ်သီးတွေ မကြာခဏကျွေးခြင်းအားဖြင့် အာဟာရပိုပြည့်ဝစေမှာပါ။ အသီးအနှံတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး free radical တွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးမှုနဲ့ အသားအရောင်မညီခြင်းကို ထိန်းချုပ်ကုသနိုင်စွမ်းရှိလို့ ကလေးရဲ့အသားအရေအတွက် အကျိုးကျေးဇူးများပါတယ်။ ရေများများတိုက်ပါ ဘယ်သူမဆို ရေကို ထိုက်သင့်တဲ့ပမာဏအထိ သောက်သုံးသင့်သလို ကလေးငယ်တွေကိုလည်းရေတိုက်မနည်းပါစေနဲ့။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေမှ ခန္ဓါကိုယ်ကအဆိပ်အတောက်တွေမှန်သမျှ ရေနဲ့အတူစွန့်ထုတ်ပြီး အသားအရေကြည်လင်၊သန့်စင်လာစေမှာပါ။ ခရမ်းချဉ်သီးအနှစ်နဲ့ ဒိန်ချဉ် ခရမ်းချဉ်သီးဟာ ချေးချွတ်နိုင်တဲ့သဘာဝအာနိသင်ရှိပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု

အသားအရေထိန်းသိမ်းတာကို အရွယ်မရွေးလုပ်သင့်ပါတယ်။ အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ကိုတော်တော်လေး သက်ရောက်မှုရှိစေနိုင်တဲ့အရာပါ။ လူကြီးတွေက အသားအရေကို ကိုယ်တိုင်စောင့်ရှောက်နိုင်တယ်ဆိုပေမယ့်ဘေဘီလေးတွေကိုတော့မေမေတို့ကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေအသားအရေထက်တုံ့ပြန်လွယ်တာကြောင့်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အရမ်းဂရုစိုက်ပေးရလို့အလုပ်ရှုပ်မယ်လို့တော့မထင်ပါနဲ့။ လွယ်လွယ်ကူကူနဲ့ ကလေးအသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။ ဒါကတော့ ကလေးငယ်ကို Baby Lotionလူးပေးတာပါပဲ။ Baby Lotionက နူးညံ့ပါးလွှာပြီးထိခိုက်လွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။ ကလေးလေးတွေကို Baby Lotion လူးပေးတာက ဘယ်လိုအကျိုးရှိစေမလဲ ကလေးငယ်တွေကို Baby Lotionအသုံးပြုပေးတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ၁) အသားအရေမခြောက်သွေ့အောင်ကာကွယ်ပေးတယ် Baby Lotionတွေက ကလေးငယ်တွေရဲ့ အသားအရေကိုခြောက်သွေ့ကြမ်းတမ်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့တာက ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေရဲ့အကြောင်းရင်းခံဖြစ်တာကြောင့် အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မရတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ကလေးအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ကလေးကို Baby Lotionလေးပုံမှန်လူးပေးပါ။ ၂) နေမလောင်အောင်ကာကွယ်ပေးတယ် ကလေးငယ်လေးတွေဟာ ငယ်စဉ်အရွယ်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ခြေတော်တော်လေးများလာပါတယ်။ ကလေးငယ်လေးတွေရဲ့ အသစ်စက်စက်အရေပြားကနေရောင်ဒဏ်ကိုကာကွယ်နိုင်စွမ်းတော်တော်လေးနည်းပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကျန်းမာပျော်ရွှင်သော ရင်နှစ်သည်းချာလေးတွေဖြစ်စေဖို့

မိခင်တွေက သားသမီးတွေအပေါ် ကမ္ဘာပေါ်မှာရှိတဲ့ အခြားဘယ်အရာထက်မဆို ပိုပြီးချစ်ခင်ကြင်နာကြပါတယ်။ နေမင်းကြီးသာ အနောက်ကနေ ထွက်လာနိုင်မယ် မိခင်တွေရဲ့ သားသမီးတွေအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာကတော့ ဘယ်တော့မှ မပျောက်မပျက်နိုင်ပါဘူး။ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ဝမ်းထဲမှာ ကိုးလလောက်လွယ်ထားပြီ အသက်နဲ့ရင်းမွေးဖွားခဲ့ကြသူတွေဖြစ်လို့ မိခင်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအပေါ်မှာ အနှိုင်းမဲ့ပါ။ သားသမီးဆီကနေ ပြန်ရကောင်းစေသဘောထားပြီး ကျွေးမွေးပြုစုပျိုးထောင်တဲ့မိခင်ဆိုတာ မရှိတဲ့အတွက် မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာဟာ အဖြူထည်သပ်သပ်ဖြစ်ပြီး အေးချမ်းပါတယ်။ မိခင်ရော ဖခင်ရောဟာ သူတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ချစ်ခင်ကြင်နာတဲ့စိတ်နဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့သာ ဆန္ဒရှိကြသူတွေပါ။ သူတို့ရဲ့ သားသမီးလေးတွေနဲ့ပတ်သက်လို့ တခြားဘာရယူလိုမှုမှမပါ ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာမှုကသာ သူတို့အတွက် အနှိုင်းမဲ့ပီတိဖြစ်စေတာပါ။ ကလေးလေးတစ်ယောက်ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှုက သူတို့ရဲ့လေးတွေရဲ့ အနာဂတ်ဘဝအောင်မြင်မှုအပေါ်မှာပါ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကြီးပြင်းလာတဲ့တလျှောက် ပျော်ရွှင်မှုကို ခံစားလာရတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပိုများတတ်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်

သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။ ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခါ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ခေါင်းလျှော်ရမှာကြောက်တဲ့ကလေးအတွက် နည်းဗျူဟာ ၆ ခု

အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။ မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ နှစ်နှစ်ဝန်းကျင်ကလေးတွေဆိုခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက - အရင်တခေါက်က မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲကို ခေါင်းလျှော်ရည်ဝင်ခဲ့ဖူးတယ်ဆိုရင် ရေကြောက်တတ်ရင် ခေါင်းလျှော်ပေးတဲ့ပုံစံအနေအထားကိုမကြိုက်ရင် ခေါင်းလျှော်ရမှာကို မကြိုက်တာမျိုးဖြစ်ရင် စတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့ခေါင်းလျှော်ပေးရခက်တဲ့ကလေးရဲ့ မိဘတွေအနေနဲ့ အောက်မှာဖော်ပြတဲ့အထဲက နည်းလမ်းတစ်ခုခုကို သုံးလို့ရပါတယ် - (၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့ ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့်ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။ (၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးကခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီးလျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ရေစချိုးကတည်းကခေါင်းလျှော်ပေးပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် မိဘတွေရဲ့တာဝန်ဝတ္တရားတွေက စတင်လာပြီဖြစ်ပါတယ်။ ကလေးရဲ့ဝေယျာဝစ္စတွေကို အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့လည်းအရေးကြီးပါတယ်။ နုနယ်လှတဲ့ ကိုယ့်ရင်သွေးလေးကို အိမ်ကိုခေါ်လာမယ့်အချိန်အတွက် အရင်တည်းကကြိုတင်ပြင်ဆင်ထားကြရတာဖြစ်ပေမယ့် အိမ်ကိုပြန်ရောက်လာပြီဆိုတာနဲ့ ကလေးလေးချီပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးကလေးမွေးဖွားတဲ့မိဘတွေဆို အတွေ့အကြုံမရှိတာကြောင့် မွေးပြီးနောက်ပိုင်း ဒီလိုအခက်မကြုံရအောင် ကလေးနဲ့ပတ်သက်ပြီး အစတည်းက ကြိုတင်လေ့လာထားသင့်ပါတယ်။ အသစ်စက်စက် မိခင် ဖခင်တွေအနေနဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့အချိန် စနစ်တကျနဲ့ နည်းလမ်းမှန်မှန်လုပ်ဆောင်နိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။ ကလေးကို ချီတဲ့အခါ ကလေးသိပ်မချီဖူးတဲ့သူတွေ၊ကလေးတွေနဲ့အနေမနီးသူတွေ မိဘဖြစ်လာတဲ့အခါ ကလေးချီရင် မတော်တဆလွတ်ကျမှာကို စိုးရိမ်စရာရှိနိုင်ပါတယ်။ သတိထားသင့်တဲ့အခြေခံတချို့ကတော့ - ကလေးမချီခင် လက်ကိုသေချာဆေးကြောပါ( သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ)။မွေးကင်းစအရွယ်လေးတွေဟာ လူကြီးတွေလောက် ကိုယ်ခံအားမကောင်းသေးတာကြောင့်ရောဂါကူးစက်ခံရလွယ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ဘယ်သူပဲချီချီ လက်သန့်နေဖို့အရေးကြီးပါတယ်။ ပွေ့ချီတဲ့အခါ ကလေးရဲ့ခေါင်းနဲ့လည်ပင်းကို ထိန်းထားပေးဖို့ သတိထားပါ။ ကလေးကိုချီတဲ့အခါခေါင်းကို တံတောင်ဆစ်အကွေးမှာပွေ့ထားပေးပါ ဒါမှမဟုတ် ကလေးကိုထောင်ပြီးချီတဲ့အခါ၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း