ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ ....... ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိထွေးဖထွေးတို့ လုပ်သင့်သည် မလုပ်သင့်သည်များ

ခံစားမှုများအရ သံယောဇဉ်တွယ်ခြင်း၊ ယုံကြည်အားကိုးခြင်း ချစ်ခင်ခြင်းတို့သည့် ကလေးများအားပြုစုပျိုးထောင်ရာတွင် တံခါးပေါက်များဖြစ်သည်။ ထိုတံခါးပေါက်များအား ဖွင့်လိုက်သည်နှင့် မိဘ၊ အဘိုးအဖွား၊ မွေးစားမိဘ သို့မဟုတ် မိထွေးဖထွေးတို့သည် ကလေးတစ်ဦးကို ဦးဆောင်နိုင် စည်းကမ်းပြုပြင်ပေးနိုင်ပါပြီ။ တစ်ခြားနည်းဖြင့်ပြောရလျှင် ဆိုရိုးဟောင်းတစ်ခုအရ စည်းမပါသောဆက်ဆံရေးသည် ပုန်ကုန်မှုကိုဖြစ်စေပါသည်။ ပညာရှိသောမိထွေးဖထွေးမျာက ထိုအချက်ကိုသိထားကြပြီး သြဇာညောင်းသည့် ဆက်ဆံရေးကို ဖန်တီးနိုင်ကြ၏။ ခိုင်မြဲသောဆက်ဆံရေးမရှိပါပဲ သြဇာညောင်းနိုင်၏။ သို့သော် ၎င်းတွင်ကန့်သတ်ချက်များရှိသည်။ ရဲသားတစ်ယောက်က သင့်ကိုဖမ်းနိုင်သည်၊ အလုပ်ရှင်က သင့်ကိုဘာလုပ်ဆိုပြီး စေခိုင်းနိုင်သည်၊ ကျောင်းဆရာက အခန်းစည်းကမ်းများကို လိုက်နာခိုင်းနိုင်သည် သို့သော် မေတ္တာမရှိသော မလေးစားသော သြဇာရှင်ကို လိုက်နာမည့်သူမရှိနိုင်ပါ။ မိထွေးဖထွေးများက ကလေးနှင့် မေတ္တာသံယောဇဉ် မတွယ်နိုင်သေးသ၍ ဘောင်များကန့်သတ်သည့် ပြင်ပကအာဏာရှင်များသာဖြစ်သည်။ ထို့ကြောင့် မိသားစုတစ်ခုတွင် မိထွေးဖထွေးများက ထိုကန့်သတ်ချက်များကို သိရှိပြီး မိရင်းဖရင်းများ၏ အာဏာကို ငှားသုံးရမည်ဖြစ်သည်။ သူတို့နှင့်သက်ဆိုင်သလောက်ထက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်က အသေးစိတ်လိုက်ထိန်းချုပ်နေတဲ့ မိဘမျိုးလား

မိဘတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ချစ်ရတဲ့ သားသမီးတွေရဲ့ ဘဝကို လှလှပပတည်ဆောက်ပေးလိုကြသူတွေချည်းပါပဲ။ ဒါပေမဲ့ အသေးစိတ်ကစ လိုက်ပြီး အုပ်ချုပ်နေတဲ့အခါ ကောင်းဖို့ထက် ဆိုးဖို့ကို ဦးတည်ွားစေပါတယ်။ သင့်ကိုယ်သင် အသေးစိတ်လိုက်အုပ်ချုပ်နေတတ်တဲ့ မိဘ ဖြစ်နေတာလားဆိုတာ သိချင်ရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။ ဒေါက်တာ Marc Nemiroff ကတော့ အသေးစိတ်ထိန်းချုပ်ခြင်းဟာကလေးရဲ့သဘာဝဖွံ့ဖြိုးမှုတွေနဲ့ မိမိကိုယ်ကိုအားကိုးမှုတွေကို ဖျောက်ဖျက်ပစ်နိုင်တယ်လို့ဆိုပါတယ်။ မိဘတစ်ယောက်ရဲ့တာဝန်ဟာ ညွှန်ကြားဖို့ပါ။ ထိန်းချုပ်ဖို့မဟုတ်ပါဘူး။ တကယ်လို့များ သင့်မှာ ဒီလက္ခဏာတွေတွေ့နေရတယ်ဆို သင်က အသေးစိတ်လိုက်ထိန်းချုပ်တတ်တဲ့ မိဘမျိုးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ကလေးတွေရဲ့ ပြဿနာကို သူတို့ကိုယ်တိုင် ဖြေရှင်းခွင့် ဘယ်တုန်းကမှ မပေးဘူး။ ပြဿနာဖြစ်နေစဉ်အတွင်းကလေးမှာ အန္တရာယ်မရှိသ၍တော့ မိဘတွေဟာ ကလေးတွေကို ကိုယ်တိုင်ဖြေရှင်းခွင့် ပေးထားသင့်တယ်လို့ ဆိုပါတယ်။ ကာကွယ်လွန်ခြင်းဟာ ကလေးတွေရဲ့ ပြဿနာအဖြေရှာနိုင်တဲံ့ စွမ်းရည်ကို လျော့ကျစေပြီး နောက်ပိုင်း သူတို့ရဲ့ ဘဝကိုပါ ထိခိုက်လာစေပါတယ်။ တကယ်လို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်က သင့်ကလေးအပေါ် စည်းကမ်းအရမ်းတင်းကြပ်လွန်းနေခြင်းရဲ့ လက္ခဏာများ

သင်က သင့်ကလေးအပေါ် စည်းကမ်းကြပ်လွန်းနေတယ်ဆိုတာကို ညွှန်ပြနေတဲ့ လက္ခဏာအချို့နဲ့ သင်ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ စည်းကမ်းအများကြီးထားခြင်း တကယ်လို့သင်က စည်းကမ်းတွေအများကြီးထားထားမယ်ဆိုရင်တော့ သင်ဟာ အတော်ကို ခက်ထန်တဲ့ မိဘတစ်ယောက်ဖြစ်နေပါပြီ။ အဲ့ဒီလိုလုပ်မယ့်အစား စည်းကမ်းကို နည်းနည်းလျှော့လိုက်ပြီး ဒါကိုပဲ တိတိကျကျလိုက်နာခိုင်းလိုက်ပါ။ သာမန်ထက်ပိုပြီးခြိမ်းခြောက်ခြင်း တကယ်လို့များ သင်က “ ငါမင်းကို အိမ်အပြင်ကို ကိုင်ပေါက်မှာနော်”လို့များ ပြောခဲ့ရင် ဒါအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ကလေးကများ ဟုတ်ကဲ့ လို့ပြန်ဖြေလိုက်ရင် သင်လုပ်နိုင်တာတစ်ခုက ဘာမှမလုပ်တော့ရုံပါပဲ။ သင်လုပ်လိုက်တဲ့အပြုအမူဟာ အရာမရောက်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး သင့်ကလေးကို ဆိုးဆိုးရွားရွား ပြုမူတတ်အောင် သင်ပေးလိုက်တာပါပဲ။ တစ်ခုခုကို မပြောလိုက်ခင်မှာပဲ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားသင့်ပါတယ်။ သင့်အချစ်မှာ ကန့်သတ်ချက်တွေပါနေခြင်း သင်က သင့်ကလေးကို အမြဲတမ်းချစ်နေမှာပေမယ့် ဒီလိုလေးတွေ လုပ်ဖို့ကိုတော့ မျှော်လင့်မိတယ်ဆိုတဲ့သဘောမျိုးရောက်အောင်ပြောပြပါ။ “ မင်းဒီလိုမလုပ်ဘူးဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာမဟုတ်ဘူး။ အမှိုက်သာသာပဲ” ဆိုတာမျိုး မပြောပါနဲ့။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရတော့မယ့် ဖေဖေတို့အတွက် လမ်းညွှန်

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ သမုဒ္ဒရာခရီးတစ်ခုပါပဲ။ ပြင်းထန်တဲ့မုန်တိုင်းတွေ၊ လှိုင်းကြမ်းတွေနဲ့ တစ်ခါတလေတော့လည်း နေသာသာနဲ့ ငြိမ်းချမ်းတဲ့ အရသာလေးတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုပါ။ စိတ်တူကိုယ်တူ လက်တွဲဖော်ရှိရင်တောင် ဒါဟာအတော်ကို ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ သင်တစ်ယောက်တည်း ဒီအလုပ်ကို လုပ်ရတော့မယ်ဆိုရင်တော့ ခက်ခဲမှုက နှိုင်းဆလို့မရတဲ့ အခြေအနေထိ မြင့်တက်သွားပါပြီ။ ကမ္ဘာတစ်လွှားက မိဘတွေဟာ ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ကြပါတယ်။ နှစ်ယောက်လှော်ရမယ့်လှေကို သင်တစ်ယောက်တည်း လမ်းပြ တစ်ယောက်တည်းလှော်နေရလို့ မိဘအုပ်ထိန်းမှုဆိုတဲ့ ရေယဉ်ကြောကြီးကို သင်မဖြတ်သန်းနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အောက်ပါအချက်တွေက သင့်ရဲ့ခရီးလမ်း ဖြောင့်ဖြူးချောမွေ့စေဖို့ ကူညီနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ အဆင့်မြင့် ဇိမ်ခံ spa တွေသွားတာက တကယ်ကို ကောင်းမွန်တယ်ဆိုပေမယ့် မိဘနေရာရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဆိုတဲ့စကားက သင့်ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းတာထက် ပိုလာပါပြီ။ တကယ်လို့များ သင့်ကို သတိပေးမယ့် လက်တွဲဖော်မရှိတော့ဘူးဆိုရင်တော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သားဦးမိဘတွေ မေးနိုင်တဲ့ မေးခွန်းများ

ကလေးတစ်ယောက်ကိုမွေးဖွားရတာ ပိုပြီး ပျော်စရာ၊ ချစ်စရာကောင်းပေမယ့် စိတ်ပူစရာတွေ၊ စိုးရိမ်စရာ မေးခွန်းတွေကလည်း များပြားလှပါတယ်။ ခုမှ မိဘဖြစ်မယ့်သူတွေ မေးချင်တဲ့ မေးခွန်းတွေကလည်း ထောင်ပေါင်းများစွာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးကတော့ အမေးအများဆုံး မေးခွန်း ၄မျိုးကိုပဲ ဖြေပေးသွားမှာဖြစ်ပြီး ဒါလေးကို တစ်ချက်ကြည့်လိုက်တာနဲ့ ခုမှ မိခင်ဖြစ်မယ့် အမေကလည်း ကလေးကို ဂရုစိုက်နိုင်ဖို့ သေချာ ပြင်ဆင်ပေးသွားနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ ကလေးဟာ အာဟာရပြည့်မပြည့်ဘယ်လိုသိနိုင်မလဲ။ ကလေးရဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးတာက အယုံကြည်ရဆုံး နည်းလမ်းပါပဲ။ တကယ်လို့ သင်က သင့်ကလေးရဲ့ အလေးချိန်ဟာ တစ်ပတ်ကို ၁ကီလိုကနေ ၃ကီလိုအထိတိုးလာတာ တေ့ရမယ်ဆိုရင် သူတို့ဟာ လုံလောက်တဲ့ အာဟာရတွေကို ရရှိနေတာပါပဲ။ ဖြစ်နိုင်ချေရှိတဲ့ အခြားနည်းလမ်းတစ်ခုကတော့ သင့်ကလေးအတွက် အစာကျွေးချိန်ကို စီစဉ်လိုက်တာပါ။ နို့တိုက်ချိန်ကိုပဲ ကြည့်မယ်ဆိုရင် တစ်ရက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို စာဖတ်ဝါသနာပါအောင် အားပေးပါ

သင့်ကလေးကို ငယ်ရွယ်သော အချိန်မှစပြီး စာဖတ်ခြင်း အကျင့်ဖြစ်အောင် သွန်သင်ပေးခြင်းသည် သူတို့၏ နားလည် သဘောပေါက်မှုနှင့် အသိညဏ်ဖွံ့ဖြိုးမှုကို တိုးတက် စေသည်။ သင့်ကလေးသည် ဝတ္ထုစာအုပ်၊ မဂ္ဂဇင်း၊ ဆောင်း ပါး သို့မဟုတ် မွေးနေ့ကတ်တစ်ခုကို ဖတ်ရန်နှစ်သက်ပါက သူတို့သည် ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ်အရာများကို အမြဲ သင်ယူနိုင်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ထိုအကျင့် ကောင်းများကို အားပေးရမည်။ စာဖတ်ခြင်းကို ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းအောင် ကြိုးစားပေးသင့်သည်။ စာဖတ်ခြင်းကို ပျော်ရွှင်ဖွယ်ကောင်းသောအလုပ် ဖြစ်အောင် ပြုလုပ်ပါ။ မိဘများသည် သားသမီးများနှင့် စာအတူလိုက်ဖတ်ပေး ပါက စာဖတ်ခြင်းသည် ကလေးများအတွက် ပိုပြီး စိတ်ဝင်စား ဖွယ်ကောင်းနိုင်သည်။ အတူတူစာဖတ်ခြင်းသည် မိသားစု သံယောဇဉ်ကို ခိုင်မာစေရုံသာမက သင့်ကလေး၏ စာအုပ်များ အပေါ် ချစ်ခင်စိတ်ကိုလည်း ဖန်တီးပေးသည်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အိမ်ထောင်ကွဲမိသားစုအတွင်း ကျန်းမာပျော်ရွှင်နေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း

လက်ထပ်လိုက်ပြီးတဲ့နောက်ပိုင်းတော့ ကွဲဖို့ကွာဖို့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝဆိုတာ နတ်သမီးပုံပြင်တွေလို သင့်ရဲ့ မင်းသားလေးနဲ့တွေ့ပြီး ထာဝရပျော်ရွှင်စွာ နေထိုင်သွားရလေသတည်းလို့ အဆုံးသတ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ်မှ မဟုတ်တာ။ တကယ်လို့များ သင်က ကံဆိုးစွာနဲ့ပဲ ကွာရှင်းခြင်းကသာ နှစ်ဦးနှစ်ဘက်လုံးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရင်လည်း နောက်ပိုင်းမှာ သင့်ကလေး ပိုကောင်းတဲ့ ဘဝရစေဖို့အတွက် အခွင့်အရေးရလာတယ်လို့သာ နှလုံးသွင်းပါ။ ဒီမှာတော့ ပြိုကွဲသွားတဲ့ အိမ်ထောင်စုအတွင်းမှာ ကလေးတွေကို ဘယ်လို ပျော်ရွှင်ကျန်းမာအောင် ပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ အိမ်ထောင်ကွဲခြင်းရဲ့ ကလေးတွေအပေါ် လွှမ်းမိုးမှုများ ကျွန်တော်တို့အားလုံးသိထားကြသလို အိမ်ထောင်တွေကွဲကြပြီဆိုရင် မိဘတွေပဲ ခံစားကြရတာမဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေပါ ခံစားကြရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကွဲကွာမှုမျိုးက သင့်ကလေးအပေါ် ဘယ်လိုလွှမ်းမိုးထားတယ်ဆိုတာနဲ့ ဒီလို ရှုပ်ထွေးတဲ့ လွှမ်းမိုးမှုကြီးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ တကယ်ရောသိကြပါရဲ့လား။ Stop Screaming and […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆုပေးခြင်းစနစ် ၊ အမှန်နှင့်အမှား

ကလေးများကို အပြုသဘောဆောင်သော တွန်းအား ဖြစ်စေရန် ဆုပေးရန် လိုအပ်သည်။ သို့သော်လည်း လူအများ သည် ကလေးကို မှန်ကန်သော နည်းလမ်းဖြင့် ဆုပေးရန် မသိရှိပါ။ မှားယွင်းသော ဆုပေးခြင်းဆိုတာဘာလဲ။ မှားယွင်းသော ဆုပေးခြင်းဆိုသည်မှာ အပျက်သဘော ဆောင်သော တွန်းအားပေးမှုတစ်ခု ဖြစ်သည်။ ဥပမာ- သင့် ကလေးသည် သူ့အခန်းကို သန့်ရှင်းရေး မလုပ်ပါက သင်သည် သန့်ရှင်းရေးလုပ်ရန် ပြောမည့်အစား အခန်းသန့်ရှင်းရေး လုပ်ပြီးပါက ဆုအဖြစ် အရုပ်အသစ် တစ်ရုပ်ပေးမည်ဟု ပြောနိုင်သည်။ ကလေး၏ အပျက် သဘောဆောင်သော ရလဒ် သို့မဟုတ် မနှစ်သက်သော ခံစားမှုကို ဖယ်ရှားခြင်းဖြင့် သူတို့၏ တုံ့ပြန်မှု သို့မဟုတ် အပြု အမှုကို သန်မာစေသည်။ သင့်ကလေးသည် သူတို့ဆောင် ရွက်သောအခါ သင့်ဆီမှ စိတ်ဝင်စားမှု သို့မဟုတ် သူတို့လို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

လေ့လာချက်အရ အရေပြားအချင်းချင်းထိတွေ့မှုသည် ကလေးငယ်များ၏ ဦးနှောက်ကို အကျိုးရှိစေသည်

ကလေးငယ်တစ်ယောက်၏ ညဏ်စွမ်းရည် ကျန်းမာမှု သည် မိခင်တိုင်း၏ အဓိက ဦးစားပေးမှု ဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းစေရန် အကောင်းဆုံး အာဟာရများကို ရှာဖွေ ကျွေးမွေးကြခြင်း ဖြစ်သည်။ သို့သော်လည်း မိဘများသည် အလွန်အရေးကြီးပြီး ရိုးရှင်းသော အချက်တစ်ခုကို မေ့နေ တတ်ကြသည်။ ၎င်းသည် အရေပြားအချင်းချင်း ထိတွေ့မှု ဖြစ်သည်။ လေ့လာမှုများအရ မိခင်နှင့် ရင်သွေးငယ်ကြား တွင် အရေပြားအချင်းချင်း ထိတွေ့မှု ရှိခြင်းသည် ကလေး ၏ ဦးနှောက်ကို အလွန်အကျိုးရှိစေသည်ဟု ဆိုသည်။ အရေပြားအချင်းချင်းထိတွေ့မှု ဆိုတာဘာလဲ။ ကလေးမွေးဖွားပြီးပါက ကလေးကို ဝမ်းလျားမှောက်ပြီး ရင်ဘတ်ပေါ်တွင် ထားပါ။ အရေပြားအချင်းချင်း ထိတွေ့မှု သည် သင်နှင့် သင့်ကလေးငယ်ကို ပူးကပ်ထိတွေ့စေပြီး တစ်ဦးနှင့် တစ်ဦး သိရှိရင်းနှီးစေသည်။ လူသိများသော အရေပြားအချင်းချင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အများရှေ့တွင် ကလေးအားပြုစုခြင်း

အချို့အမျိုးသမီးများသည် အများရှေ့တွင် ကလေးနို့ တိုက်ရပါက သက်တောင့်သက်သာ မရှိကြပါ။ ကလေးအား ပြုစုခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်သောကြောင့် ဖြစ်သည်။ လူများ ဘာတွေးမလဲ အရေပြားဘယ်လောက် ပေါ်သွားမလဲ ကိုလည်း စိုးရိမ်ကြသည်။ ကိုယ်ရေးကိုယ်တာသည် အရေးပါ သည်။ သို့သော်လည်း သင့်ကလေးသည် ဆာလောင်နေပြီး အပြင်တွင်ရောက်နေပါက သင်ဘာလုပ်မလဲ။ သင့်အခွင့်အရေးကို သိပါ။ အများရှေ့တွင် ကလေးနို့တိုက်ခြင်းသည် တရားဝင်ပါ သည်။ မိခင်ရော ကလေးကိုပါ ဥပဒေက ကာကွယ်ပေးထား သည်။ သင်သည် အများပြည်သူရှေ့တွင် ဖြစ်နေသောကြောင့် ကလေးအား နို့တိုက်ခြင်းကို တားဆီးပိုင်ခွင့်မရှိပါ။ မိခင်နို့ တိုက်ခြင်းသည် ဇီဝသဘောအရ အာဟာရဖြစ်စေသော နည်းလမ်း တစ်ခုလည်းဖြစ်သည်။ အိမ်တွင် လေ့ကျင့်ပါ။ အများရှေ့တွင် သင့်အရေပြားဘယ်လောက် ပေါ်သလဲကို စိုးရိမ်ပါက သင်သည် အိမ်တွင် မှန်ရှေ့တွင် လေ့ကျင့်နိုင်ပါ သည်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း