ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့ဘုူးတိုက်ခြင်းနှင့် ပတ်သတ်သော သိထားသင့်သည့် ၁၁ချက်

မိခင်နို့ရည်တိုက်ကျွေးခြင်းသည် ကလေးငယ်လေးတွေအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမယ့် အချ ို့ကျန်းမာရေးမကောင်းတဲ့ မိခင်တွေကိုတော့ ကလေးငယ်တွေကို မိခင်နို့ မတိုက်ကျွေးဖို့ တိုက်တွန်းထားပါတယ်။ ကံကောင်းစွာနှင့်ပဲ ကလေးငယ်တွေကို ဖြည့်စွက်အာဟာရ(ဖော်စပ်ပြုလုပ်ထားသော နို့ရည် သို့ အစာပျော့ )တိုက်ကျွေးခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းကျိ ုးများစွာရှိနေတာကို တွေ့ရပြန်တယ်။ အကယ်၍ သင်ဟာ ကလေးငယ်လေးတွေကို ဖြည့်စွက်အာဟာရတိုက်ကျွေးမယ်ဆိုရင်တော့ အကြောင်းအရာ ၁၁ ချက်ကိုသိထားသင့်ပါတယ်။   ၁။ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုမိုပျော်ရွှင်မြူးတူးလေ့ရှိတတ်ပါတယ်။ ကလေးငယ်အယောက် ၃၀၀ ရဲ့ စရိုက်လက္ခဏာကို သုတေသနလုပ်ကြည့်ရာ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုပြီးပျော်ရွှင်ရယ်မောလေ့ရှိပြီး စိတ်ဆိုးဒေါသဖြစ်လွယ်မှုလည်း နည်းပါးလေ့ရှိကြောင်းတွေ့ရပါတယ် ။ ၂။ ဖြည့်စွက်အာဟာရတိုက်ကျွှေးခြင်းဟာ ကလေးငယ်ရဲ့အိပ်စက်ခြင်းကိုတော့ အကျ ို းမပြုပါဘူး။ ဖြည့်စွက်အာဟာရတွေက အစာကြေလွယ်ဖို့အချိန်များစွာကြာပြီး ကလေးငယ်လေးရဲ့ အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာ ရှိနေတတ်တယ်။ ဒါဟာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက်

မိခင်နို့တိုက်ကျွေးခြင်း ဟာ နို့မှုန့်တိုက်ကျွေးခြင်းထက် ပိုကောင်းတယ်ဆိုတာ လူအများစုက သိရှိပြီးသားပါ။ ဒါပေမဲ့ ကောင်းကျိုးဆိုတာ ဘယ်လိုဟာမျိုးတွေလဲ။ သင်သေချာမသိဘူးဆိုပါက မိခင်နို့တိုက်ကျွေးခြင်းကြောင့် ရလာသော အောက်ပါကောင်းကျိုး၁၁ချက်ကို ကြည့်ရှုပေးပါ။ ၁။ ကျန်းမာတဲ့ ကလေးငယ်လေး ကိုရရှိပါမယ်။ မိခင်နို့တိုက်ကျွေးသော ကလေးငယ်တွေဟာ အဆုတ်ရောင်ရောဂါ၊ အအေးမိခြင်းနဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ အန္တရာယ်ရှိတဲ့ ဝမ်းလျှောခြင်းကဲ့သို့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေလည်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါသေးတယ်။ ၂။ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။ မိခင်နို့တိုက်ကျွေးမည်ဆိုပါက အမျိုးစာ၁ဆီးချို၊ ဝမ်းဗိုက်ရောဂါ၊ Crohn’s disease တို့ကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့နိုင်စေနိုင်ပါလိမ့်မယ်။ ၃။ SIDS ဖြစ်နိုင်ခြေကို လျော့ချပေးခြင်း။ SIDSဆိုတာ Sudden Infant Death Syndromeလို့ခေါ်ပါတယ်။ ယင်းရောဂါမှာ ကလေးငယ်ဟာ အိပ်နေရင်း သေသွားခြင်း ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက SIDS […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်နည်း ၄ နည်း

လွယ်ကူသည်ဟုထင်ရသော်လည်း မိခင်များအတွက် နို့တိုက်ခြင်းသည် တကယ်တော့ ခက်ခဲပါသည်။ အထူးသဖြင့် သားဦးမိခင်များတွင် ပို၍ခက်ခဲတတ်သည်။ သဘာဝအလျှောက်သူ့ဘာသာ သူတတ်ကျွမ်း သွားနိုင်သော်လည်း အလေ့အကျင့်တော့လိုပါသည်။ အကယ်၍သင်သည်ကလေးနို့တိုက်ရာတွင် အခက်အခဲဖြစ်နေသည်ဆိုပါက ဤနို့တိုက်နည်းလေးသွယ်က သင့်အားပိုမိုလွယ်ကူအောင် ကူညီပေးပါမည်။ ၁။ ဘက်တူလက်နှင့်နို့တိုက်နည်း အခြေခံကျဆုံးနည်းလမ်းဖြစ်သည်။ ညာဖက်နို့ကိုတိုက်မည်ဆိုလျှင် ကလေးကို ညာဖက်လက်နှင့်ချီပါ။ ဘယ်ဖက်နို့နှင့်တိုက်မည်ဆိုလျှင် ကလေးကို ဘယ်ဖက်လက်နှင့် ချီပါ။ ကလေး၏ခေါင်းကို သင်၏လက်မောင်းကွေးဆုံရာတွင် ထားလျက်ပွေ့ချီပါ။ လက်ရန်းပါသောခုံတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ယာပေါ်တွင် ထိုင်၍လက်မောင်းအောက်တွင် ခေါင်းအုံးများခုထား၍သော်လည်းကောင်း လက်မညောင်းစေရန် ပြုလုပ်ပါ။ မိခင်၏ခန္ဓါကိုယ်ကို ကလေးပေါ်တွင် ငိုက်မကျစေရန် မိခင်၏ခြေထောက်ကို ခုံမြင့်တစ်ခုပေါ်တွင်တင်ထားပါ။ ကလေးငယ်၏အောက်လက်မောင်းသည် ကို မိခင်လက်မောင်းအောက်တွင် ရှိနေစေ၍ ကလေးငယ်နှင့်သင်သည် မျက်နှာချင်းဆိုင်အနေအထားဖြစ်နေပါစေ။ ကလေးငယ်၏ခေါင်း ၊ကျောနှင့်ခန္ဓါကိုယ်အောက်ပိုင်းကို သင်၏လက်ဖျံ နှင့် လက်ဖဝါးတို့ဖြင့်ထိန်းထားပါ။ ဤနည်းသည် နေ့စေ့လစေ့မွေးဖွားသော ကလေးများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။   ၂။ ဆန့်ကျင်ဘက်လက်နှင့်နို့တိုက်ခြင်း အကယ်၍ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်းနှင့် ပက်သက်သော ယုံကြည်မှု (၅) ရပ်

မိခင်နို့တိုက်ကျွေးခြင်းဟာကလေး၏ကျန်းမာရေးကိုပိုမိုကောင်းမွန်စေပြီး အသက်ရှင်နှုန်း ပိုမိုတိုးတက်စေသည်ဆိုတာကိုကျွန်ုပ်တို့ အားလုံးသိရှိကြပြီးဖြစ်ပါသည်။ မိခင်နို့ဟာ အာဟာရများစွာရရှိရာနေရာ ဖြစ်သည့်အပြင်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါသော နေရာတွင်လည်း ပါဝင်ဆောင်ရွက်ပေးပါသည်။ မိခင်နို့သည်ကလေး၏ကိုယ်ခံအားတိုးတက်စေပြီး ဉာဏ်ရည်ပိုမိုကောင်းမွန်စေကာ အစာစားချင်စိတ်ပိုမိုဖြစ်ပေါ်စေသည်။ မိခင်နို့တိုက်ကျွေးခြင်းနှင့်ပက်သက်ပြီး လူအများ၏ယုံကြည်မှု(၅)ရပ်ကို ဖော်ပြပေးလိုက်ပါသည်။ ၁။ မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သားများကိုအန္တရာယ်ဖြစ်စေသည်။ အမျိုးသမီးအများစုသည်မိခင်နို့တိုက်ကျွေးပါက သူတို့၏ရင်သားများ ဆွဲဆောင်မှု လျော့ကျသွားမည်ဟုထင်ကြပါသည်။ တကယ်တော့ သင့်ကလေးကို သင်၏မိခင်နို့တိုက်ကျွေးခြင်းဟာ ရင်သားပိုးဝင်ခြင်းမှ ကာကွယ်ပေးပါသည်။ အကယ်၍သင့်ကလေးကိုနို့မတိုက်ပါက မိခင်နို့ များသည်နို့ချောင်းပြွန်များထဲတွင် ပိတ်ဆို့သွားပြီး ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွားလာကာ သင်၏ရင်သားတစ်ရှူးများ အတွင်း ရောင်ရမ်းမှုကိုဖြစ်ပေါ်စေပါသည်။ ထို့အပြင် ရေရှည် နို့ချိုတိုက်ကျွေးခြင်းအားဖြင့် ရင်သားကင်ဆာနှင့် သားဥအိမ်ရောဂါများကို ကာကွယ်ပေးပါသည်။ ထို့အပြင်မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် သင်၏ကလေးနှင့် ရင်းနှီးချစ်ခင်မှုပိုမိုရရှိစေပါသည်။ ၂။ မိခင်နို့တိုက်တဲ့ကလေးတွေဟာ ကြီးထွားနှုန်းနှေးကွေးသည်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ ပထမသုံးနှစ်အတွင်းမိခင်နို့တိုက်ကျွေးသောကလေးများသည် အသက်ကြီးလာပါက အစာစားချင်စိတ် ပိုမိုဖြစ်ပေါ်စေပါသည်။ မိခင်နို့တိုက်ကျွေးသောကလေးများသည် ကိုယ်ခံအားပိုမိုကောင်းမွန်ပြီး အစာချေစနစ်ပိုမိုကောင်းမွန်ပါသည်။ ကြိုတင်ညှစ်ထုတ်ထားသော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိခင်တွေကြုံရတတ်သော အပြစ်တင်စိတ်ကိုဘယ်လိုဖျောက်ဖျက်ကြမလဲ

မိခင်တွေဟာ သူတို့သားသမီးတွေအပေါ် အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်ကာ တခြားလူတွေဆီကပါ အဝေဖန်ခံရတဲ့ ကိစ္စလေးတွေရှိတတ်ပါတယ်။ အမေတော်တော်များများ တွေ့ကြုံရတတ်တဲ့ အဖြစ်အများဆုံး ကိစ္စလေးတွေကတော့……..   မိမိကလေးနှင့်ကစားပေးချိန်မရှိတဲ့အခါ ဒါဟာမိခင်အများစုကြုံရတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ရုံးမှာ အလုပ်တွေတောင်ပုံရာပုံ ပုံနေတတ်ပြီး အိမ်ပြန်လာချိန်မှာလည်း အိမ်အလုပ်တွေတစုံတပင်ဖြစ်နေတတ်တာကြောင့် သင်ပင်ပန်းတာဟာ သဘာဝကျပါတယ်၊ ဒါပေမယ့် မိမိကလေးလေးအတွက် အချိန်မပေးနိုင်တဲ့အတွက် အပြစ်ရှိသလိုတော့ ခံစားရတာပေါ့။ “မေမေ သမီးအကြိုက်ဆုံးဂါဝန်လေးဘယ်မှာလဲ” ကလေးတွေဟာ လျှော်ပြီးတာမလျှော်ပြီးတာအပထားလို့ သူတို့ကြိုက်တဲ့ ဂါဝန်လေးတွေ အဝတ်အစားလေးတွေကိုပဲ ထပ်တလဲလဲဝတ်ချင်တတ်ကြပါတယ်၊ သင်က ကလေးကို တခြားဟာဝတ်ဖို့ ချော့လိုက်နိုင်တယ်ဆိုရင်တောင်မှ သူ့မျက်နှာပေါ်ကဝမ်းနည်းသွားတဲ့ အရိပ်အယောင်လေးကြောင့် သင်စိတ်မကောင်းဖြစ်သွားရတတ်ပါတယ်။ “ငါဘာပြောလိုက်မိပါလိမ့်” တခါတရံမှာ မိမိခင်ပွန်းကိုဖြစ်ဖြစ်၊ တခြားသူငယ်ချင်းတစ်ယောက်ကို ဖုန်းထဲကနေဖြစ်ဖြစ် ရင့်ရင့်သီးသီးသုံးနှုန်းမိသွားတတ်ပါတယ်။ ဒါကို ကလေးကကြားပြီး လိုက်ပြော လိုက်သုံးနှုန်းတတ်ပါတယ်။ သင်ကမပြောရန်ဆုံးမတဲ့လို့ ‘အမေတို့ကျပြောလို့ရပြီး သားကျ/သမီးကျ ဘာလို့ပြောလို့မရတာလဲ’ လို့ပြန်မေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိမှာပါ။ သူတို့ရဲ့အလုံးစုံကိုမသိနိုင်တဲ့အခါ သူတို့တွေကျောင်းမှာဖြစ်ပျက်လာတာတွေ၊ လုပ်ဆောင်ရတာလေးတွေကို သင်သိနေနိုင်ပေမယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးငိုနေခြင်းကို ရင်ဆိုင်နိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းများ

ကလေးတစ်ယောက် ငိုတယ်ဆိုတာ အချက်ပြမှုတစ်ခုပါ။ ဒီနည်းဟာ သူတို့လေးတွေကို ဂရုစိုက်တာခံရအောင် လုပ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါဟာ သူတို့လေးတွေ ဗိုက်ဆာခြင်း၊နာကျင်ခြင်း၊ ကြောက်လန့်ခြင်း၊ အိပ်ချင်လိုခြင်း ကို ဖော်ပြတဲ့ နည်းတစ်ခုလည်းဖြစ်ပါတယ်။ ငိုနေတဲ့ကလေးကို ဘယ်လိုချော့မလဲ။ ကလေးတွေကို စို့စရာဖြစ်ဖြစ် တစ်ခုခု ပေးလိုက်ပါ။ ချိုလိမ်လေးတွေဟာ မိခင်နို့နဲ့ဆင်တူတဲ့အတွက် ကလေးတွေနှစ်သက်စရာဖြစ်နိုင်ပါတယ်။ လေ့လာသူတွေပြောချက်အရ ဒီလိုပါးစပ်ထဲ စို့စရာတစ်ခုခုရှိနေခြင်းဟာ ကလေးတွေရဲ့ နှလုံးခုန်မြန်ခြင်း၊ ဗိုက်ဆာခြင်း၊ ခြေလက်ဂဏှာ မငြိမ်လှုပ်ရှားခြင်း တွေကိုလျော့ချစေနိုင်တယ်။ ဂီတ သီချင်းသံလေးတွေကို လူတိုင်းနှစ်သက်သလို ကလေးတွေလည်း နှစ်သက်ပါတယ်။ သူကြိုက်တဲ့သံစဉ်လေးတွေဖွင့်ပေးခြင်းက အငိုတိတ်စေနိုင်တယ်။ တစ်ပုဒ်နဲ့အဆင်မပြေရင် နောက်တစ်ပုဒ်ပေါ့။ အခြားအမျိုးအစားတွေ ပြောင်းပေးရင်းနဲ့ သူဘာကြိုက်တတ်လဲ သိလာနိုင်တယ်လေ။ နှိပ်နယ်ပေးပါ သူတို့လေးတွေဟာ ထိတွေ့ခံရတာကို သဘောကျပါတယ်။ နည်းနည်းလေးပဲဖြစ်ဖြစ် ဆုပ်နယ်ပေးရုံနဲ့သူတို့စိတ်လှုပ်ရှားနေတာကို လျော့ချပေးနိုင်ပါတယ်။ ပြီးတော့အဲဒီလို နှိပ်နယ်ပေးတာလေးအတွက် သင် သိပ်ပြီးကျွမ်းကျင်နေစရာ မလိုအပ်ပါဘူး။ ညင်သာတဲ့ အထိတွေ့လေးကိုလည်း သူတို့ကဇိမ်ရှိတယ်လို့ […]


ကလေးငယ်အာဟာရ

ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

ဗီတာမင် ဘီ အုပ်စုတွင် ပုံစံများစွာ ရှိပါသည်။ ဗီတာမင်B1၊ဗီတာမင်B2 ၊ဗီတာမင်B6၊ဗီတာမင်B12 ၊ဗီတာမင် B3(နိုင်ရာစင်)၊ဘိုင်အိုတင်၊ပန်တိုသီးနစ်အက်ဆစ်စသောပုံစံများဖြစ်ပါသည်။ ဗီတာမင် ဘီ အုပ်စုသည်ခန္ဓါကိုယ် မှစွမ်းအင်ထုတ်လုပ်ခြင်းနဲ့ လိုအပ်သောအခါထိုစွမ်းအင်ကို ထုတ်လွှတ်ပေးသောဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်အဓိက အခန်းကဏ္ဍမှာပါဝင်ပါသည်။ သွေးနီဥများ ခန္ဓါကိုယ်တစ်လျှောက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာတွင်လည်း ဗီတာမင်ဘီ အုပ်စုကို လိုအပ်ပါသည်။ ဤဗီတာမင်ဘီ အုပ်စုသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါပါသည်။ ၁။ ဗီတာမင် B1 (Thiamine) ဗီတာမင်B1သည် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အဓိကအရေးပါသည်။ ၎င်းသည်သကြားနှင့်အခြား ကာဗိုဟိုက်ဒရိတ်များကိုစွမ်းအင်အဖြစ်သို့ ကူညီပြောင်းလဲပေးသည်။ ၎င်းသည်အာရုံကြောအဖွဲ့အစည်းကို ထိခိုက်ခြင်း၊ပျက်စီးခြင်းများမှလည်း ကာကွယ်ပေးသည်။ အာရုံကြောအဖွဲ့အစည်း မှသတင်းအချက်အလက်များကို ခန္ဓါကိုယ်၏အခြားအင်္ဂါအမျိုးမျိုးသို့ပို့ဆောင်ပေးရာတွင်လည်းအသုံးဝင်သည်။ ကလေးများသည်တစ်နေ့လျှင်ဗီတာမင် B1 ငါးရာမှကိုးရာ မိုက်ခရိုဂရမ်ထိလိုအပ်သည်။ ဗီတာမင် B1 ကို နေကြာစေ့အခွံ့မာသီးများ၊ ပဲပြုတ်၊ပဲစိမ်း၊ဂျုံဖြင့်ပြုလုပ်သော ပေါင်မုန့်များမှရရှိနိုင်သည်။ သို့သော်ဗီတာမင် B1 […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ လူကြားထဲတွင် အပြုအမူဆိုးများပြုလုပ်ခြင်းကို ပြုပြင်သွန်သင်ဖို့ နည်းလမ်း (၁၀) သွယ်

လူလယ်ခေါင်မှာ ကလေးကိုအော်ဟစ်နေတဲ့ မိဘမျိုးကို သင်တွေ့ဖူးပါသလား။ ဒါဟာ မြင်ရသူတိုင်းအတွက် စိတ်မချမ်းမြေ့စရာပါပဲ။ အကယ်၍ သင်ဟာသင့်ရဲ့ကလေးကို လူလယ်ခေါင်မှာ ဆူပူတတ်တဲ့မိဘမျိုးဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကလေးလူလယ်ခေါင်မှာ အပြုအမူဆိုးတွေ ပြုလုပ်တဲ့အခါ သွန်သင်ဖို့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ ၁။ အပြစ်တစ်ခုခု ပြုလုပ်နိုင်သည့်နေရာမှ ခေါ်ထုတ်သွားခြင်း သင့်ရဲ့ကလေးဟာ ဆိုးသွမ်းတဲ့ အပြုအမူတွေကို ပြုလုပ်နေပြီဆိုရင် အဲဒီနေရာကနေ လူရှင်းတဲ့နေရာကို သင့်ကလေးကိုခေါ်သွားဖို့လိုပါတယ်။ ဒါဟာ သင့်ရဲ့ပတ်ဝန်းကျင်ကိုလည်း ဆူဆူညံညံမဖြစ်စေသလို သင့်ရဲ့ကလေးကို ပြောဆိုဆုံးမဖို့လည်း ပိုပြီးလွယ်ကူသွားပါလိမ့် မယ်။ ကလေးတွေ ဒေါသထွက်နေပြီဆိုရင် သူတို့ရဲ့မိဘတွေကို ဆန့်ကျင်လာကြပါတယ်။ သင့်ရဲ့ကလေးကို အဝေးကိုခေါ်ဆောင်သွားခြင်းဟာ သူတို့ပတ်ဝန်းကျင်က ပစ္စည်းတွေကို ဖျက်ဆီးခြင်းနဲ့ သူတို့ကိုသူတို့နာကျင်အောင် လုပ်ခြင်းမှ လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာပြောရရင် သူတို့ကိုဈေးဝယ်စင်တာထဲကနေ အပြင်ကို ခေါ်ဆောင်သွားခြင်းဟာ စင်တာထဲက ပစ္စည်းတွေကို လျှောက်ကန်နေခြင်းမှ လည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖခင်တွေနဲ့ပတ်သက်တဲ့ယုံတမ်းပုံပြင်တွေကို မယုံသင့်ဘူးလေ

ဒါ မကြာခင်မိဘတွေဖြစ်လာတော့မယ့် သင်တို့ကိုပြောပြချင်တာပါ၊ ကြားဖူးနေကျဖြစ်တဲ့ ဖခင်တွေနဲ့ပတ်သတ်တဲ့ ယုံတမ်းစကားတွေအကြောင်းပေါ့။ သင်တွေးကောင်းတွေးလေ့ရှိပါလိမ့်မယ်။ အဖေတွေက ကလေးမထိန်းတတ်ဘူး ကလေးထိန်းတဲ့နေရာမှာ ဖခင်တွေဟာ သူတို့အမျိုးသမီးတွေလောက် အရေးမကြီးပါဘူးလို့ ထင်တတ်ကြတယ်။ ဒါမှားပါတယ် ဘာလို့လဲဆို ယောက်ျားရော မိန်းမရော နှစ်ယောက်စလုံးဟာ ကလေးမရဖူးမချင်း ကလေးထိန်းတာနဲ့ပတ်သတ်ပြီး ဘာမှမသိကြပါဘူး။ ဒါပေမယ့် မိခင်တွေက ရင်သွေးလေးကို ၉ လကြာလွယ်ထားခဲ့တာကြောင့် ကလေးနဲ့ အချိန်ပိုကြာကြာရှိနေနိုင်သလိုဖြစ်နေပါတယ်။ ပြီးတော့ မိခင်တွေဟာ မိသားစု၊ သူငယ်ချင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကနေ အားပေးမှုတွေလည်းရပါသေးတယ်။ ဖခင်တွေဟာ ကလေးပြုစုပျိုးထောင်နိုင်စွမ်းမနည်းပါဘူး။ သူတို့က မိခင်တွေနဲ့ယှဉ်ရင်သာ နည်းနည်းလေးနောက်ကျပြီးမှ ကလေးနဲ့စသိခွင့်ရတာပါ။ ဖခင်တွေလည်း ကလေးငယ်လေးတွေကိုဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ စာအုပ်တွေဖတ်ပြီး လေ့လာပြီး သူတို့အမျိုးသမီးတွေကို ကူညီနိုင်ပါတယ်။ အဖေတွေကမီးဖွားဖို့အတွက်ဘာမှလုပ်တာမဟုတ်ဘူး မှားပါတယ်။ ဒီနေ့တွေမှာ ဖခင်တွေအများအပြားဟာ သူတို့အမျိုးသမီးတွေ မီးဖွားဖို့အတွက် ဆေးရုံကိုလိုက်ပါစောင့်ရှောက်နေကြပါပြီ။ ဖခင်တစ်ယောက်ဟာ မိခင်လောင်းလေးကို စိတ်လျှော့နိုင်အောင် ကူညီပေးရင်း သူ့ဘေးမှာရှိနေနိုင်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘာတွေက ဖြစ်ပွားစေတာလဲ

Cradle cap ဟာ အဆီများတဲ့ အဝါရောင် အကြေးခွံအကွက်တွေဖြစ်ပြီး ကလေးငယ်တွေရဲ့ ဦးရေပြားမှာ အဖြစ်များတယ်။ Cradle cap ဟာ အဖြစ်များတဲ့ အန္တရာယ်မကင်းတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပြီး ယားယံခြင်းလည်း မရှိပဲ ကလေးငယ်တွေကို နေလို့မကောင်းရုံသာ ဖြစ်စေပါတယ်။ Cradle cap ဟာ ဘာနဲ့ တူပါသလဲ။ Cradle cap ကို ဆေးပညာလို Seborrhoeic Dermatitis လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ ဦးရေပြားမှာ အဖြစ်များပြီး မျက်နှာ၊ နားရွက်၊ လည်ပင်းနဲ့ ခါးတောင်းကျိုက်နေရာတွေ၊ ဒူးခေါင်းအနောက်နဲ့ ချိုင်းကြားတွေမှာလဲ ဖြစ်ပွားနိုင်ပါတယ်။ Cradle cap ဟာ ကလေးတွေရဲ့ ပထမနှစ်လမှာ ဖြစ်လာတတ်ပြီး ရက်သတ္တပတ် အနည်းငယ် (သို့) လအနည်းငယ်အကြာမှာ ကိုယ်တိုင် ပျောက်သွားတတ်ပါတယ်။ ကလေးအတော်များများမှာတော့ ကလေး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း