ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို ဘယ်လောက်တစ်ခါ မိခင်နို့တိုက်ကျွေး ဖို့လိုသလဲ။

ကလေးတိုင်းအတွက်မိခင်နို့ရည်သောက်သုံးမှုလိုအပ်ချက်သည်တစ်ယောက်နှင့်တစ်ယောက်မတူညီပါ။ တစ်ဦးတစ် ယောက်ခြင်းစီ၏ကွာခြားချက်များနှင့်ကျန်းမာရေး အခြေအနေများသည်မတူညီသောကြောင့်ဖြစ်ပါသည်။ မွေးကာစ အစောပိုင်းလများတွင် သင့်ကလေးသည်အချိန်သတ်သတ်မှတ်မှတ်မထားဘဲ မိခင်နို့ကို လိုသလိုတိုက်ဖို့ လိုအပ်ပါသည်။ နောက်ပိုင်းတွင်တော့ ကလေးအများစု၏ နို့တိုက်ချိန် သည် တစ်နေ့လျှင် အနည်းဆုံး ရှစ်ကြိမ်နှင့် အထက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်ကလေးသည် မိနစ်ကိုးဆယ် မှ နှစ်နာရီတိုင်းတွင် နို့တောင်း ကောင်းတောင်းပါလိမ့်မည်။ သို့ဖြစ်၍ သားဦးမိခင်များသည် သူတို့၏ကလေးများကို ဘယ်လောက်ခြားတစ်ခါနို့တိုက်ရမည်နှင့်ပက်သက်ပြီး သိလိုကြပါသည်။ အောက်တွင်အကြံပြုချက်များပါဝင် ပါသည်။ သင့်ကလေးကိုနည်းနည်းနှင့်မကြာခဏနို့တိုက်ပါ။ သင့်ကလေးကိုနည်းနည်း နှင့် ခဏခဏ နို့တိုက်ခြင်းသည် နို့ရည်စီးဆင်းမှု အားကောင်းစေပါသည်။ နို့တိုက်ခြင်းသည် သင်၏ခန္ဓါကိုယ်ကိုနို့ထုတ်လုပ်ခြင်းပြုလုပ်ရန်အတွက် အချက်ပြခြင်းတစ်ခုဖြစ်ပါသည်။ အကယ်၍ သင်သည်သင့်ကလေးကိုမိခင်နို့မကြာခဏတိုက်မည်ဆိုပါက ကလေးနို့များများစို့လေလေ သင်နို့များများထွက်လေလေဖြစ်ပါလိမ့်မည်။ ကလေးနို့စို့များလာလေ သင်၏နို့သည်ပိုမို၍ပျစ်လာလေဖြစ်ပါသည်။ UNICEF က ကလေးများဗိုက်ဆာလျှင်ပြုလုပ်သော အချက်ပေးချက်အပြုအမှုများကို မိခင်များနားလည်စေဖို့ အကြံပြုအားပေးထားပါသည်။ မိခင်များသည်ကလေးများ ဗိုက်ဆာသောအခါငိုလိမ့်မည်ဟုထင်တတ်ကြပါသည်။ အမှန်တကယ်တော့ကလေးများဗိုက်ဆာလျှင်ငိုခြင်းတစ်ခုတည်းမဟုတ်ဘဲ […]


မိခင်နို့တိုက်ကျွေးခြင်း

သင့်ကလေးအတွက် နို့ဘူး ဘယ်လိုဖျော်မလဲ။

အသက် ပထမခြောက်လတွင် မိခင်နို့သည် သင့်ကလေးလိုအပ်သော တစ်ခုတည်းသောအစားအစာဖြစ်သည်။ သို့သော် မိခင်များတွင်ကလေးကိုနို့မတိုက်နိုင်သော အကြောင်းအရင်းများစွာရှိနေနိင်သည်။ သို့ဖြစ်၍ ကလေးကို ဖျားနာခြင်းမရှိစေရန် ကလေးများအတွက် ပြုလုပ်ထားသောနို့ဘူးတိုက်နိုင်သည်။ သင်သည်သင့်ကလေးအတွက် မှန်ကန်သောနို့ဘူး ဘယ်လိုဖျော်ရမလဲဆိုသည်ကိုသိပါသလား။ အောက်တွင် အကြံဉာဏ်ပေးထားပါသည်။ နို့ဘူးဆိုသည်မှာအဘယ်နည်း။ နို့မှုန့်နို့ဘူးအများစုသည် နွားနို့မှပြုလုပ်ခြင်းဖြစ်သည်။ သို့သော် မိခင်နို့နှင့်ပိုတူစေရန် အသားဓါတ်ပရိုတင်း၊အဆီနှင့်ကာဗိုဟိုက်ဒရိတ်ပမာဏများကို ပြောင်းလဲပေးထားသည်။ ထို့အပြင် သံဓါတ်ကဲ့သို့သတ္တုဓါတ်များနှင့်ဗီတာမင်များလည်းပေါင်းထည့်ပေးထားပါသည်။ အားလုံးသောပြောင်းလဲမှုများကို ဖော်မြူလာနဲ့သေချာတွက်ချက်ပြီး ကလေးများအတွက် ညီညွတ်မျှတသော အာဟာရပေးစွမ်းနိုင်အောင်ပြုလုပ်ထားပါသည်။ မိခင်များစွာသည် ဆေးခန်းများ၊ဆေးရုံများတွင် အသုံးပြုသော နို့မှုန့်ဘူးများသည် ကလေးငယ်များအတွက် အကောင်းဆုံး ဟု ထင်နေကြပါသည်။ ဆေးရုံမှာသုံးသော နို့မှုန့်ဘူးတံဆိပ်သည် အကောင်းဆုံးဟု မညွှန်းဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဆေးရုံများသည် ရှိရှိသမျှသောနို့မှုန့်ဘူးများကို မဝယ်ထားနိုင်ပါ။ ထို့ကြောင့် ဘယ်လို နို့မှုန့်ဘူးအမျိုးအစား၊ တံဆိပ်ကိုရွေးဝယ်မလဲဆိုသည်မှာ သင့်အပေါ်တွင်သာမူတည်ပါသည်။ သင်သည် တတ်နိုင်သော ဈေးနှုန်းနှင့် သင်အလွယ်တကူ ဝယ်၍ရနိုင်သော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ

ကလေးရဲ့ဗိုက်ထဲမှာရှိတဲ့ ဓာတ်ငွေ့တွေ(လေတွေ)က ကလေးကို မသက်မသာဖြစ်စေပြီး နာကျင်မှုကိုခံစားရစေတာပါ။ ဒါကြောင့် သင့်ကလေးကို လေမကြာခဏထုတ်ပေးခြင်းက ဂတ်စ် တွေကိုထွက်သွားစေနိုင်ပြီး ကလေးကိုပိုပြီး နေလို့ကောင်းစေကာ ဗိုက်နာလို့ငိုခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါဆောင်းပါးမှာ ကလေးကို ဘယ်လိုမျိုးမှန်ကန်စွာ လေထုတ်ပေးရမလဲဆိုတာကိုဖော်ပြထားပါတယ်။ ဒါမှသာ ကလေးက လေထိုးလို့နာကျင်တာမျိုး မဖြစ်တော့မှာ မဟုတ်လား။   ကလေးရဲ့ဗိုက်ထဲက လေ(ဂတ်စ်) တွေကို ဘာတွေကဖြစ်စေတာလဲ။ လေကို မျိုချမိခြင်း ။ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးချိန်နဲ့ နို့ဘူးတိုက်ချိန်တွေမှာ သူတို့ဟာ လေကိုမမျိုချမိဖို့ ရှောင်ရှားနိုင်စွမ်းက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် သောက်လိုက်တဲ့နို့တွေနဲ့အတူ လေတွေက အစာအိမ်ထဲပါသွားပါတော့တယ်။ အစာခြေခြင်း။ အူမကြီးထဲမှာ ဘက်တီးရီးယားတွေနဲ့အစာခြေတဲ့ စနစ်နဲ့ လုပ်ငန်းစဉ်တွေဟာ ကလေးငယ်ရဲ့ဗိုက်ထဲက လေ (ဂတ်စ်) တွေကို သဘာဝအတိုင်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဓာတ်မတည့်ခြင်း သို့မဟုတ် အစာဒဏ်မခံနိုင်ခြင်း။ တကယ်လို့ ကလေးငယ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အိပ်နေသောသင်၏ ကလေးကို လုံခြုံစိတ်ချရအောင် ဘယ်လိုသိပ်မလဲ။

ကလေးများအိပ်နေစဉ်အတွင်း ရုတ်တရက်မမျှော်လင့်ဘဲ သေဆုံးခြင်းများပြားလာသည်နှင့်အမျှ ကလေးအိပ်စက်ခြင်းသည် မိဘများအတွက် စိတ်ပူစရာတစ်ခု ဖြစ်လာခဲ့သည်။ တရားခံမှာ SIDS ဟုခေါ်သော တစ်နှစ်အောက်ကလေး ရုတ်တရက် သေဆုံးခြင်းဟု ခေါ်သည်။ အချို့ကိစ္စရပ်များတွင် သေဆုံးခြင်း၏ အကြောင်းအရင်းများမှာ အသက်ရှူကြပ်ခြင်း၊ လည်ပင်းအစ်ခြင်းများကြောင့် ဖြစ်နိုင်သည်။ ၁။ မွေးကာစ ကလေးငယ်များအားလုံးကို ပက်လက်အိပ်နိုင်စေရန် နေရာချပေးသင့်သည်။ ခဏအိပ်သည်ဖြစ်စေ၊ တစ်ညလုံးအိပ်သည်ဖြစ်စေ သင့်ကလေးငယ်များကို ပက်လက်လှန်လျက်သာ အိပ်ခိုင်းစေသင့်သည်။ သုတေသနပြုသူများ၏ လေ့လာချက်များအရ ပက်လက်လှန်အိပ်သော ကလေးများသည် အိပ်နေစဥ ်သေဆုံးနိုင်ခြေ သိသိသာသာလျော့ကျကြောင်း သိရသည်။ ဘေးစောင်းအိပ်သော ကလေးများသည် အစာအိမ် အလွယ်တကူခေါက်ကာ လေဝင်လမ်းကြောင်းကို ပိတ်စို့နိုင်သည်။ သို့သော်လည်း အကယ်၍ သင့်ကလေးသည် အိပ်နေစဉ် အနေအထားအမျိုးမျိုးကို သူဘာသာသူ သက်တောင့်သက်သာ ပြောင်းလဲနိုင်လျှင် ကလေးကို ပက်လက်လှန်အိပ်ဖို့ တောက်လျှောက် ပြန်ပြောင်းပေးစရာမလိုပါ။   ၂။ မျက်နှာပြင်တင်းရင်းသော […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ရည်ထွက်သော ဖြစ်စဉ်

နို့တိုက်ခြင်းဆိုသည်မှာ နို့ရည်ဂလန်းများမှ နို့ရည်စစ်ထုတ်ခြင်းဖြစ်သည်။ မိခင်မှ သူ၏ကလေးငယ်ကိုနို့တိုက်သော အချိန်ကာလဖြစ်သည်။ နို့တိုက်ခြင်းနှင့် ပတ်သက်ပြီး အပြည့်အဝနားလည်ခြင်းအားဖြင့် မိခင်သည် နို့တိုက်ခြင်းဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ယခု ဆောင်းပါးထဲတွင် နို့ရည်ထွက်သော ဖြစ်စဉ် နို့ရည်ထွက်သော ဖြစ်စဉ် အကြောင်း ကြည့်လိုက်ကြစို့နော်။ နို့တိုက်ခြင်းဖြစ်စဉ် ကိုယ်ဝန်ရှိကာစအချိန်တွင် အီစထရိုဂျင်၊ပရိုဂျက်စတရုန်း၊ ပရိုလက်တင်စသော ဟော်မုန်းများနှင့် အခြားဟော်မုန်းများသည် မိခင်၏ရင်သားတွင် သိသိသာသာ ပြောင်းလဲမှုများဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအနေဖြင့် နာကျင်ခြင်း၊ ရင်သားများရောင်ရမ်းခြင်းနှင်နု့ိသီးခေါင်းနှင့်နို့သီးခေါင်း ပတ်လည် အေရီရိုလာ (areola) ဧရိယာများတွင် ပိုမိုအရောင်ရင့်လာခြင်းတို့ဖြစ်ပေါ်သည်။ အခြားလက္ခဏာတစ်ခုသည် နို့သီးခေါင်းပတ်လည် အေရီရိုလာ (areola) ဧရိယာသည်ပိုပြီးကြီး ပိုပြီး သိသာထင်ရှားလာသည်။ သင်၏ခန္ဓါကိုယ်ထဲတွင် နို့ရည်ထုတ်သော ဂလန်းများနှင့် ကာကွယ်နိုင်စွမ်းရှိသောအဆီများသည် သင်၏ရင်သားတွင်ကြီးမားစွာ နေရာယူထားသောကြောင့်သင့်၏ရင်သားအား အရွယ်ပမာဏကြီးလာစေသည်။ အချင်း၏ဖွံ့ဖြိုးမှုသည် အီစထရိုဂျင်နှင့်ပရိုဂျက်စတရုန်း ထုတ်လုပ်မှုကိုလှုံဆော်ပေးသည်။ ထိုဟော်မုန်းများသည် နို့ထုတ်လုပ်ခြင်း၏ ရှုပ်ထွေးသောဖြစ်စဉ်ကို ကူညီပေးသည်။ သန္ဓေသားခြောက်ပတ်အရွယ်တွင် […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ်များကိုအသက်ဘယ်လောက်အထိမိခင်နို့တိုက်သင့်သလဲ။

သင့်ကလေးကိုအသက်ဘယ်အရွယ်အထိနို့တိုက်မလဲဆိုသည်မှာမိခင်၏ဆုံးဖြတ်ချက်ပေါ်တွင်မူတည်ပါသည်။ အရင်ခေတ်ကတော့ ကလေးများကိုအသက်တစ်နှစ်ကျော်သည်အထိနို့တိုက်ကြပါသည်။ နှစ်ဆယ်ရာစုမရောက်ခင်အထိကတော့ မိခင်နို့တိုက်သောကလေးများအတွက် နို့ဖြတ်ဖို့အချိန်သည် အတော်စောလှပါသည်။ မကြာသေးမီက ကမာ့္ဘကျန်းမာရေးအဖွဲ့အစည်းနှင့်ယူနီဆက်ဖ်တို့ကတော့ ကလေးတစ်ယောက်ကိုအသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပြီး အသက်နှစ်နှစ်နှင့်အထက်ကိုတော့မိခင်နို့အပြင် အစာအမာကျွေးလို့ရကြောင်း ပြောကြားထားပါသည်။ တကယ်တော့ ထိုအကြံဉာဏ်သည် လူတိုင်းအတွက် လက်တွေ့မဆန်ပါဘူး။ သုတေသနပြုချက်များစွာက အနည်းဆုံး ကလေး ပထမတစ်ဆယ့်သုံးပတ်အထိ အခြားအစာအမာမကျွေးဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် သင့်ကလေးကို အစာအိမ်နှင့်အူရောင်ခြင်း ၊ အဆုတ်ပိုးဝင်ခြင်းများမှကာကွယ်ပေး နိုင်သည်ဟု ဖော်ပြထားပါသည်။ အကယ်၍သင်သည် မိခင်နို့တိုက်ရသည်ကို နှစ်သက်သည်ဆိုလျှင် သင့်ကလေးကို မည်သည့်အရွယ်ထိမဆို မိခင်နို့ဆက်လက်တိုက်ကျွေးနိုင်ပါသည်။ သင့်ကလေးအသက်တစ်နှစ်သို့မဟုတ် နှစ်နှစ်အရွယ်ရောက်သည်အထိ မိခင်နို့တိုက်ကျွေးခြင်းသည်လည်းပဲ အဆင်ပြေပါသည်။ ကလေးရောအမေပါအဆင်သင့်မဖြစ်ခင်မှာ မိခင်နို့တိုက်ကျွေးခြင်း မရပ်လိုက်ဖို့တော့လိုအပ် ပါသည်။ သင့်မိသားစုနှင့် သင်၏အိမ်ထောင်ဖက်မှ ကူညီထောက်ပံ့မှုများသည် သင်မိခင်နို့တိုက်ချင်သည့် အချိန်အထိ ဆက်လက်တိုက်နိုင်ဖို့အတွက် ပိုမိုလွယ်ကူစေပါသည်။ တစ်ခါတစ်ရံတွင် မိသားစုအတွက်သူငယ်ချင်းများအတွက် အလုပ်အတွက် ဖိအားများ ရှိနေသော မိခင်များသည် မိမိကိုယ်တိုင်အဆင်သင့်မဖြစ်သေးမီ […]


ကလေးငယ်အာဟာရ

ကလေးကို မကျွေးသင့်သော အစားအစာများ

ကလေးတွေဟာ နုနယ်ပြီး အထိအခိုက်မခံနိုင်ပါဘူး။ သူတို့ ခန္ဓါကိုယ်လေးဟာ ပတ်ဝန်းကျင်နဲ့ အပြည့်အဝ အသားမကျသေးပါဘူး။ ဒါကြောင့် ကလေးတွေကို အရေးတယူနဲ့ ကာကွယ်မှုပေးရပါမယ်။ နည်းလမ်းတွေထဲက တစ်ခုကတော့ ကလေးတွေကို အောက်တွင်ဖော်ပြထားသော မတည့်တဲ့ အစားအစာတွေ မကျွေးခြင်းဘဲဖြစ်ပါတယ်။ ပျားရည် ပျားရည်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ Clostidium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ သူက ကလေးတွေကို ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေကိုတော့ ဒီဘက်တီးရီးယားတွေက ဘေးဥပါဒ်မဖြစ်စေနိုင်ပါဘူး။ လမ်းလျှောက်တတ်စ ကလေးတွေမှာ ကိုယ်ခံအားစနစ်က ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်လောက်အောင် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အသက်တစ်နှစ်မပြည့်သေးတဲ့ ကလေးတွေကို ပျားရည်မတိုက်ကျွေးသင့်ပါဘူး။ ဆား လမ်းလျှောက်တတ်စကလေးတွေ ဆားများစွာပါတဲ့ အစားအစာကိုစားမိပါက သူတို့ရဲ့ကျောက်ကပ်တွေဟာ နဂိုထက်ပို၍အလုပ်လုပ်ကြရပါတယ်။ ဒါ့အပြင် အသက်ကြီးလာချိန်တွင်လည်း ငန်တဲ့အစားအစာတွေကို စားတတ်တဲ့အလေ့အကျင့် ရသွားတတ်ပါတယ်။ ထိုအခါ သွေးတိုးရောဂါ၊ နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများ […]


ကလေးငယ်အာဟာရ

သင့်ကလေးနှင့် အတူ ဘေးကင်းပျော်ရွှင်ဖွယ် ဟင်းချက်ပြုတ်ချိန်

ကလေးများအတွက် မီးဖိုချောင်ဆိုသည်မှာ အလွန် ပျော်စရာကောင်းသော နေရာဖြစ်သည်။ ကလေးများကို မီးဖိုချောင်ထဲတွင် ကူလုပ်ပေးရန် ခေါ်ထားဖို့တော့ အမြဲတမ်း အဆင်မပြေနိုင်ပါ။ သို့သော်လည်း အဆင်ပြေသည့် အချိန်တွင် ကလေးများကို မီးဖိုချောင်တွင် ကူညီလုပ်ခိုင်းသင့်ပါသည်။ အောက်တွင် အကြံပြုချက်များ ဖော်ပြထားပါသည်။ မှန်ကန်သောအချိန်တွင် မှန်ကန်သော တာဝန်များ ရွေးချယ်ပြုလုပ်ခိုင်းပါ သင်သည် သင့်ကလေးကို မီးဖိုချောင်ထဲခေါ်မည်ဆိုလျှင် အနည်းငယ် ကြိုတင်စီစဉ်သင့်ပါသည်။ အကယ်၍ သင့်ကလေးဟာ ငယ်သေးသည်ဆိုပါက အသုပ် သို့မဟုတ် ထောပတ်နှင့် ပူပူနွေးနွေး စားရသည့် ပေါင်မုန့်အဝိုင်း စသော လွယ်ကူသည့် စားသောက်စရာများဖြင့် စတင်ပါ။ ပီဇာပြင်ဆင်ခြင်းသည်လည်း အကြံဉာဏ်ကောင်း တစ်ခုပင်ဖြစ်ပါသည်။ သင့်ကလေးများကို ရှိသောပစ္စည်းများ၊ ပါဝင်သော ပစ္စည်းများနှင့် ပီဇာတစ်ခု ပြုလုပ်ပုံကို သင်ကြားပေးခြင်းသည်လည်း အလွန်ကောင်းပါသည်။ ကလေးများကို အပေါ်ယံလွှာ၊ အချဉ်ရည်နှင့် ချိစ်တို့ကို သူတို့ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ရဲ့မွေးကင်းစ ကလေးငယ်အတွက် အသုံးဝင်မယ့် ပစ္စည်းကိရိယာများ

သင့်ကလေးကို သူတို့ဘဝရဲ့အစလသားအရွယ်လေးတွေမှာ ပြုစုစောင့်ရှောက်ဖို့ဆိုတာ တကယ်တမ်းတော့မလွယ်လှပါဘူး။ ဒါကြောင့်သင့်မှာ နည်းလမ်းတွေနဲ့ အသုံးအဆောင်ကိရိယာပစ္စည်းတွေအများကြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ ဆောင်းပါးဟာ သင့်ကလေးငယ်ကိုစောင့်ရှောက်တဲ့နေရာမှာ အကူအညီဖြစ်စေနိုင်မယ့် နည်းလမ်းတွေ ပေးနိုင်ပါလိမ့်မယ်။ မိခင်နို့ တိုက်ကျွေးခြင်းနဲ့ နို့ဗူးတိုက်ခြင်း Nursing or feeding pillow. သူတို့တွေကို ကလေးငယ်တွေနို့ဗူးစို့တဲ့အခါနဲ့ မိခင်နို့တိုက်ကျွေးတဲ့အခါမှာ ပုခုံးနဲ့လည်ပင်းတွေပေါ်မကျအောင် အထူးပြုလုပ်ထားပါတယ်။ ဒါတွေက သင့်ကလေးကို ပုံစံအနေအထားမှန်အောင်လုပ်ပေးတဲ့နေရာမှာ ပိုမိုကောင်းမွန်ပြီး သာမန်ခေါင်းအုံးတွေထက် ပိုပြီး သက်တောင့်သက်သာရှိစေ အဆင်ပြေစေပါတယ်။ သင်က မိခင်နို့တိုက်ကျွေးခြင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားရင် formula milk (မိခင်နို့မဟုတ်သော လူလုပ်နို့ရည်) ကိုပြင်ဆင်ထားပါ။ သင့်ကလေးရဲ့အရွယ်နဲ့လိုက်ဖက်မယ့် မှန်ကန်တဲ့နို့အမျိုးအစားကိုရွေးချယ်နိုင်ဖို့ ဆရာဝန်သို့မဟုတ် ကလေးအထူးကုနဲ့ တိုင်ပင်ဆွေးနွေးပါ။   ရေချိုးခြင်း ရေချိုးဇလား (bath tub): ကလေးရဲ့ အစောပိုင်းလသားအရွယ်လေးမှာ မီးဖိုချောင်ရဲ့ဘေစင်မှာရေချိုးပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးအတွက်အထူးပြုလုပ်ထားတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးငယ် သင့်ကိုချစ်ကြောင်းသိရှိနိုင်တဲ့ နည်းလမ်း ၇ သွယ်

အမှန်တော့ သင်ဖြတ်သန်းခဲ့ရတဲ့ အိပ်ပျက်ညတွေ ပင်ပန်းနာကျင်ခဲ့ရတဲ့မီးဖွားမှုတွေအဆုံးမှာ သင့်ကလေးငယ်လေးက သင်မျှော်လင့်နေခဲ့တဲ့ပုံစံကိုတော့ ပြပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်နဲ့ ကလေးရင်းနှီးလာတာနဲ့အမျှ သင်တို့ကြားမှာ သံယောဇဉ်တွယ်လာတာကပြီး ဒါဟာ ‘ချစ်ပါတယ်’လို့ အကျယ်ကြီးပြောလိုက်တာထက် အများကြီးပိုသိသာတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုသံယောဇဉ်တွယ်လာခြင်းက တိုးတက်လာခြင်းတစ်မျိုးပါ။ သင့်ကလေးက သင့်ဂရုစိုက်မှုတွေခံစားလာရတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့သင့်ကို ပိုပိုချစ်လာပြီး သူတို့နည်းသူတို့ဟန်နဲ့ ကျေးဇူးတင်စကားပြောကြပါလိမ့်မယ်။ သင့်မျက်လုံးထဲကိုစိုက်ကြည့်မယ် ကလေးလေးတွေဟာ မျက်နှာတွေကိုလိုက်ကြည့်ရတာ နှစ်သက်တတ်ပြီး သင့်မျက်နှာကတော့ သူတို့ရဲ့ပထမဆုံးဦးစားပေးပေါ့။ စောင့်ရှောက်သူတွေဆီက ချစ်ခြင်းနဲ့ အာရုံစိုက်မှုတွေကိုဆွဲဆောင်ယူနိုင်မယ့် ထိုခံစားချက်အပြည့်နဲ့ အကြည့်တွေဟာ မွေးရာပါပင်ကိုယ်ဗီဇတစ်မျိုးပါ။ ကလေးတွေရဲ့ ထိုအကြည့်တွေဟာ သူတို့ဘဝအတွက် သင့်အရေးပါမှုကိုသိရှိလာတဲ့အတွက် သင့်အတွက်သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အစပေါ့။ သူတို့သိတဲ့သင့်ကိုယ်ရနံ့ ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ မွေးပျံ့နေတဲ့နှင်းဆီပန်းတွေနဲ့ သင့်ရဲ့ချွေးနံ့ နို့နံ့ရနေတဲ့အင်္ကျီကို ယှဉ်ရင် သူတို့ဟာသင့်အင်္ကျ ီ ကိုပဲ အမြဲတမ်းရွေးချယ်ကြပါလိမ့်မယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း