ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင်များ စားသင့်သည့်အစားအစာနှင့် မစားသင့်သည့် အစားအစာများ

မွေးကာစကလေးတွေအတွက် မိခင်နို့ရည်ဟာ အာဟာရဓါတ်အပြည့်ဆုံးရင်းမြစ်ဖြစ်တယ်လို့ မြင်တတ်ကြပါတယ်။ မိခင်နို့ရည်အားလုံးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးချင်းမတူကြဘူးဆိုတာရော သင်သိပါသလား။ မိခင်အများစုက နို့ရည်ရဲ့အရည်အသွေးဟာ သူတို့ရဲ့စားသောက်ပုံပေါ်မူတည်နေတယ်ဆိုတာ သိကြရတဲ့အခါမှာ အံ့သြလေ့ရှိပါတယ်။ သူတို့ဟာကလေးတွေကို နို့ချိုတိုက်ကျွေးနေရတာမို့ ကလေးငယ်ဟာ တကယ်တမ်းဖွံ့ဖြိုးလာနိုင်ဖို့အတွက် ဘယ်အစားအစာကိုစားရမလဲ ဘယ်အစားအစာကို ရှောင်သင့်တယ်ဆိုတာကို သိထားသင့်ပါတယ်။ နို့ထွက်နှုန်းနဲ့ နို့ရဲ့အရည်အသွေးကို တိုးမြင့်လာစေနိုင်တဲ့ ထိပ်တန်းအစားအစာ ၅မျိုး ၁။ ဆယ်လ်မွန်- ပြောဖို့မလိုလောက်အောင်ပါပဲ။ ယနေ့ခေတ်မှာ ဆယ်လ်မွန်ဟာ လူကြိုက်အများဆုံးထူးရှယ်အစားအစာတွေထဲမှာပါဝင် နေပါတယ်။ သူ့မှာ ပရိုတိန်းတွေ၊ အိုမီဂါ (၃) နဲ့ မရှိမဖြစ်လိုအပ်သော အဆီဓါတ် တွေပါဝင်တာအပြင်ကို သူ့ရဲ့အရသာရှိမှုကြောင့်လည်း ဒီလိုထူးရှယ်အစားအစာဖြစ်နေရတာပါ။ ၂။ အုတ်ဂျုံ- သွေးတွင်းသကြားဓါတ် နဲ့ ကိုလက်စထရောကို သိသာစွာလျော့နည်းစေတဲ့အမျှင်တွေ၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ ပရိုတိန်းတွေရဲ့ တကယ့်ရင်းမြစ်ကောင်းတစ်ခုပါ။ မိခင်အများစုဟာ ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်သောဆီးချိုကို ကာကွယ်နိုင်ဖို့ အုတ်ဂျုံကိုပုံမှန်စားသုံးဖို့ တိုက်တွန်းခံကြရပါတယ်။ ၃။ ကြက်သွန်ဖြူ-ကြက်သွန်ဖြူစားလေ့ရှိတဲ့မိခင်တွေရဲ့ကလေးတွေဟာ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကိုနို့ချိုတိုက်ကျွေးစဉ်မှာ ရှောင်သင့်တဲ့အစားအစာများ

နို့ချိုတိုက်ကျွေးနေချိန်မှာ မတူညီတဲ့စားစရာမျိုးစုံပါဝင်တဲ့ ညီညွတ်မျှတတဲ့စားသောက်မှုပုံစံနဲ့ စားသောက်သင့်ပါတယ်။ ဒါမှသာ သင့်ကလေး အပြည့်အ၀ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျန်းမာစွာကြီးပြင်းလာဖို့အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေနဲ့ အာဟာရဓါတ်တွေကို လုံလောက်စွာရရှိနိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နို့ချိုတိုက်ကျွေးချိန်မှာ စားစရာတွေအားလုံးက သင့်အတွက်သင့်လျော်နေတာတော့မဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးမှာတော့ သင်ရှောင်သင့်တဲ့အချက်အလက်တွေကို ရေးသားတင်ပြထားပါတယ်။   ကဖိန်း ကဖိန်းကိုသောက်လိုက်တာနဲ့ သင့်သွေးကြောထဲစီးဆင်းသွားပြီး နို့ရည်ထဲရောက်သွားပါလိမ့်မယ်။ ကဖိန်းဟာ သင့်ကလေးကို စနိုးစနှောင့်ဖြစ်စေပြီး နိုးကြားလွယ်တာမျိုးဖြစ်စေပါတယ်။ တကယ်လို့သင့်ကလေးဟာ အင်အားအပြည့်နဲ့ နိုးကြားတက်ကြွနေပြီဆိုရင် သင့်ကလေးကို ပြုစုဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ သင့်အတွက်ခက်ခဲတဲ့အချိန်တွေဖြစ်လာဖို့သေချာသလောက်ပါပဲ။ ဒါပေမယ့် သင့်တော်ရုံလောက် (မနည်းမများ)သောက်ခြင်းဟာ သင့်ရဲ့နို့ရည်ကိုရော ကလေးကိုပါ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။ သင့်အတွက်သင့်လျော်တဲ့ပမာဏကတော့ တစ်ရက်မှာ ကော်ဖီ ၁ခွက်ကနေ ၂ခွက်ထိ သောက်သုံးတာပါပဲ။ ပူဒီနာ ပူဒီနာပမာဏများများစားသုံးလိုက်တဲ့အခါမှာ သင့်ရဲ့နို့ထွက်နှုန်းကို အနှောင့်အယှက်ဖြစ်စေပါတော့တယ်။ ကလေးတွေကိုနို့ဖြတ်တဲ့အခါမှာ နို့ထွက်တာရပ်သွားအောင် အမျိုးသမီးတွေက ပူဒီနာများများစားကြပါတယ်။ ဒါပေမယ့် ပူဒီနာကို သင်ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စားစရာအဖြစ်သို့မဟုတ် လက်ဖက်ရည်အဖြစ်သုံးဆောင်လို့တော့ရပါသေးတယ်။ […]


ကလေးငယ်အာဟာရ

မွေးကင်းစ ကလေးငယ်တိုင်းအတွက် လိုအပ်တဲ့ မရှိမဖြစ် အရာ ငါးမျိုး

အချို့မိဘတွေအတွက်ကတော့ သူတို့ကလေးအတွက် လိုအပ်တာလေးတွေဝယ်ခြင်းဟာ မိဘဘဝရဲ့ ပျော်ရွှင်ကျေနပ်ဖွယ် အချိန်လေးတွေ ဖြစ်ပါတယ်။ တချို့ကျတော့ ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာ မသိတဲ့အတွက် စိတ်ရှုပ်တတ်ကြပါတယ်။ ဘယ်အရာဟာ ကလေးငယ်အတွက် သင့်လျော်ပါသလဲ။ ဘာကိုလိုအပ်ပါသလဲ။ ဒီဆောင်းပါးမှာတော့ ကလေးငယ် အစွမ်းကုန် ကြီးထွား ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ မရှိမဖြစ် ကိရိယာ ငါးခုကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ (၁) ကလေး အဝတ်အစား ပထမ သုံးလအတွက် အဝတ်အစား - ဝတ်စုံ တစ်စုံ ၊ အင်္ကျီ ( လည်ပင်းပေါက် သေးတဲ့ အင်္ကျီတွေကို ရှောင်ကြဉ် သင့်ပါတယ်။) + ဆွဲဆန့်နိုင်တဲ့ ဘောင်းဘီ ၊ ဦးထုပ် (အေးတဲ့အချိန်မှာ ကလေးနားရွက်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ပူတဲ့အချိန်မှာ မျက်လုံးတွေကို နေရောင်ကနေ ကာကွယ်ပေးဖို့ ဦးထုပ်နှစ်မျိုးကို […]


ကလေးငယ်အာဟာရ

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓါတ်များ

သင့်ကလေးကိုယ်ရောစိတ်ပါကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလျှင် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓါတ်များကြွယ်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသည်လည်းအလွန်အရေးပါပါသည်။ ကလေးများအတွက်အရေးအကြီးဆုံးသောဗီတာမင်များနှင့်သတ္တုဓါတ်များ ဗီတာမင်အေ ဗီတာမင်အေသည် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီးတစ်သျှူးများနှင့်အရိုးဖွံ့ဖြိုးမှုကိုလည်းအားပေးကာကျန်းမာသောအရေပြားနှင့်မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေသောကြောင့် ကလေးများပုံမှန်ကြီးထွားဖို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်အေကို နွားနို့၊ချီးစ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ကြက်ဥဘဲဥ ကဲ့သို့ဥအမျိုးမျိုး၊အဝါရောင်သို့မဟုတ်ရွှေဝါရောင်ရှိသောဟင်းသီးဟင်းရွက်များဥပမာမုန်လာဥဝါစသည်တို့တွင်တွေ့နိုင်သည်။ ဗီတာမင်ဘီအုပ်စု ဗီတာမင်ဘီအုပ်စု(အထူးသဖြင့် ဗီတာမင်B2,B3,B6,B12)စသည်တို့သည်ကလေး၏ဇီဝရုပ်ဖြစ်ပျက်ခြင်း၊စွမ်းအင်ထုတ်လုပ်ခြင်းအာရုံကြောစနစ်များတွင်အထူးထောက်ပံ့ပေးသည်။ ဗီတာမင်ဘီကြွယ်ဝသောအစားအစာများမှာ အသား၊ကြက်သား၊ဥများ၊နို့၊ပဲများ၊ပဲနို့်၊ငါးစသည်တို့ဖြစ်ကြသည်။ ဗီတာမင်စီ ဗီတာမင်စီသည်ကလေးများ၏အရေပြားတစ်သျူးနှင့်ကြွက်သားများအတွက်အလွန်ကောင်းမွန်သည်။ ခရမ်းချဉ်သီး၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊ချဉ်သောအရသာရှိသည့်သစ်သီးများသည်ဗီတာမင်စီကြွယ်ဝသည်။ ဗီတာမင်ဒီ ဗီတာမင်ဒီသည်ခန္ဓါကိုယ်၏ကယ်လစီယမ်စုပ်ယူမှုကိုအားပေးသောကြောင့်အရိုးများသန်မာစေသည့်ဂုဏ်သတ္တိရှိပါသည်။နေရောင်ခြည်သည်ဗီတာမင်ဒီ၏အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ ထို့အပြင်ဗီတာမင်ဒီပါဝင်သောအစားအစာများမှာငါး၊ကြက်ဥအနှစ်၊စီရီယယ်လ်၊လိမ္မော်သီးစသည်တို့ဖြစ်သည်။ ကယ်လ်စီယမ် ဗီတာမင်ဒီကဲ့သိုပင်ကယ်လစီယမ်သည်ခန္ဓါကိုယ်၏အရိုးကြံ့ခိုင်မှုအတွက်ကူညီပေးသည်။ ကယ်လ်စီယမ်ကြွယ်ဝသောအစားအစာများမှာ ဒိန်ချဉ်၊နို့၊ချိစ်၊တို့ဖူးများဖြစ်ကြသည်။ သံဓါတ် ကြွက်သားများနှင့်သွေးနီဆဲလ်များသည်သံဓါတ်မရှိပါကကောင်းမွန်စွာအလုပ်မလုပ်နိုင်ပါ။ မိန်းကလေးများအတွက်ဆိုလျှင် ရာသီလာချိန်တွင်သံဓါတ်များဆုံးရှုံးသည့်အတွက် အလွန်အရေးကြီးသည်။ အနီရောင်အသားများကြက်ဆင်သားဒေါက်ခွရွက်နှင့်ပဲများသည်သင့်ကလေးအားသံဓါတ်ပေးစွမ်းသည်။ သင့်ကလေးများအားမရှိမဖြစ်လိုအပ်သော သတ္တုဓါတ်များဖြည့်ဆည်းပေးဖို့နည်းလမ်းအမျိုးမျိုး။ ကျန်းမာရေးနှင့်ညီသောအစားအစာသည်သင့်ကလေးလိုအပ်သောဗီတာမင်နှင့်သတ္တုဓါတ်များဖြည့်ဆည်းပေးသောအကောင်းဆုံးနည်းလမ်းဖြစ်သော်လည်းအချို့သောအခြေအနေများတွင် အားဖြည့်ဆေးများသောက်သင့်ပါသည်။ မလိုလားအပ်သောဘေးထွက်ဆိုးကျိုးများကိုရှောင်ရှားရန်အောက်ပါအကြောင်းအချက်များကိုလိုက်နာသင့်ပါသည်။ သင့်ကလေးကိုဗီတာမင်အားဖြည့်ဆေးမတိုက်ကျွေးမီကလေးအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ကလေးသည်ဆေးတစ်မျိုးမျိုးသောက်နေရပါကမလိုလားအပ်သောဆေးအချင်းချင်းဓါတ်ပြုမှုမရရှိစေရန်ဖြစ်သည်။ အသက်လေးနှစ်အောက်ကလေးများသည်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဗီတာမင်အားဖြည့်ဆေးများမတိုက်ကျွေးသင့်ပါ။ သင့်ကလေးအားအားဆေးများကိုသကြားလုံးများဟုထင်မှတ်မမှားစေပါနှင့်။ ကလေးများလက်လှမ်းမမီနိုင်သည့်နေရာတွင်ထားပါ။ ကလေးများအားအားဆေးများသည်သကြားလုံးများမဟုတ်ဘူးဟုပွင့်ပွင့်လင်းလင်းပြောပြပါ။ အကယ်၍သင့်ကလေးသည် အားဆေးပြားများအားဆေးရည်များမသောက်ချင်ဘူးဆိုပါကဝါးစားလို့ရသော ဆေးများကိုရွေးချယ်နိုင်ပါသည်။ သင့်ကလေးများကိုဗီတာမင်ပမာဏများစွာပါဝင်သောအားဆေးများမတိုက်သင့်ပါ။ ဆေးပမာဏလိုသည်ထက်ပိုသွားမည်စိုးသောကြောင့်ဖြစ်သည်။ ဒါတွေတင်မကသေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးလာစေဖို့အတွက် အရေးပါတဲ့ DHA နဲ့ အစာခြေလမ်းကြောင်းစနစ်ကိုကျန်းမာစေနိုင်တဲ့ lcFos ကိုလည်းချန်ထားလို့မဖြစ်ပါဘူး။ ကလေးကိုကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းပြင်ဆင်ပေးလိုက်ပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်၏ ကြီးထွားနှုန်းကို သက်ရောက်စေနိုင်သော အချက်များ

သင့်ကလေးကို ပန်းခြံတွေကိုခေါ်ပြီးကစားခိုင်းတဲ့အချိန်မျိုးတွေမှာ အခြားကလေးငယ်တွေနဲ့ သင့်ကလေးရဲ့ အရွယ်အစားချင်းနှိုင်းယှဉ်မိတာမျိုး ဒါမှမဟုတ် အခြားသောသူ့အတန်းဖော်သူငယ်ချင်းတွေ သို့မဟုတ် အားကစားအသင်းကသူငယ်ချင်းတွေနဲ့ သင့်ကလေးရဲ့အရွယ်အစားကို နှိုင်းယှဉ်လိုက်ရင်ဘာကြောင့် သင့်ကလေးကပိုသေးနေတာလဲဆိုပြီးတွေးမိတာမျိုး ဖြစ်ဖူးပါသလား။ ကလေးရဲ့ကြီးထွားနှုန်းကို ဘာတွေက အကျိုးသက်ရောက်စေတာလဲ။ ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို သက်ရောက်နိုင်တဲ့အချက်တွေကိုလေ့လာနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေက အုပ်စုလေးခုခွဲလိုက်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ : အိမ်ရာ၊ ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း နဲ့ အာဟာရ။ ဇီဝဗေဒဆိုင်ရာအချက်များ : မျိုးရိုး၊ လူမျိုး၊ လိင်၊ အထွေထွေကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ သင့်ကလေးမှာရှိတတ်တဲ့ အခြားသော ကျန်းမာရေးဆိုင်ရာအလေ့အထများ၊ ဟော်မုန်း လူမှုဆက်ဆံရေး : သင့်ကလေးနဲ့ အခြားကလေးတွေကြားဆက်ဆံရေး၊ မိဘအုပ်ထိန်းမှုပုံစံ၊ လူမှုကွန်ယက်များ အစောပိုင်းပတ်ဝန်းကျင်နဲ့ အတွေးအကြုံများ : ဒါကတော့ သင့်ကလေးဟာ သူမွေးပြီးအစောပိုင်းလတွေမှာ ဘယ်လိုလှုံ့ဆော်မှုတွေနဲ့ ဘယ်လောက်များမျာထိတွေ့ခဲ့သလဲဆိုတာကို ကိုယ်စားပြုပါတယ်။ ဒီမှာတော့ အများအားဖြင့် […]


ကလေးငယ်အာဟာရ

သင့်ကလေးကို အစပ်တွေပေးစားလို့ရနိုင်မလား

ကလေးများသည်အသက်ကြီးလာသည်နှင့်အမျှ နို့၊ စီရီယယ်လ်၊အစပ်ပါသောအစားအစာများကိုပါကျွေးလို့ရပါသည်။ မိဘများသည်ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်ပါသောအစားအစာများအပါအဝင် အစားအစာပုံစံအမျိုးမျိုးကိုစတင်ကျွေးသင့်ပါသည်။ ယနေ့ခေတ်တွင် ကလေးများစားသောအစားအစာများသည် ထူးခြားသောပုံပန်းသွင်ပြင်မရှိသကဲ့သို့ စိတ်ဝင်စားစရာလည်းမကောင်းပါဘူး။ ကျွမ်းကျင်သူများသည် ကလေးများကို အနံ့အရသာအမျိုးမျိုးနှင့် အစားအစာအမျိုးမျိုးကိုစတင်ကျွေးမွေးဖို့ကြိုးစားကြပါသည်။သို့သော်လည်း မိဘများစွာသည် အစပ်ပါသော အစားအစာများသည် ကလေးများအားဗိုက်အောင့်ဗိုက်နာစေလိမ့်မည် အစာခြေခြင်းဆိုင်ရာ ပြဿနာများဖြစ်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အမှန်တကယ်တော့ကလေး၏ အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်အများအပြား ထည့်သင့်သည်ဟုမဆိုလိုပါဘူး။ ကလေးများ၏အစာခြေစနစ်သည်ထိခိုက်လွယ်သည်။ အစပ်ပါသောအစားအစာများများစွာစားခြင်း (ငြုပ်သီးပါသောအစားအစာများများစွာစားခြင်း)သည် ကလေး၏အစာအိမ်အတွက်ပြဿနာများဖြစ်စေနိုင်ပါသည်။ သင့်ကလေးအတွက် စားနေကျမဟုတ်သော သို့မဟုတ်အစပ်ပါသော အစားအစာများစကျွေးခြင်းသည် အန္တရာယ်များနိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်ကို ရိုးရှင်းပြီး အစပ်အနည်းငယ်သာပါသော အစားအစာများ စတင်ကျွေးသင့်ပါသည်။ ဘယ်လိုဟင်းခတ်အမွှေးအကြိုင်တွေကို ကလေးကိုကျွေးလို့ရပါသနည်း။ သစ်ကြပိုးခေါက်-သစ်ကြပိုးခေါက်ကိုရာစုနှစ်ပေါင်းများစွာ ကျန်းမာရေးနှင့်ဆိုင်သောရည်ရွယ်ချက်များအတွက်အသုံးပြုခဲ့ကြပါသည်။ မန်းဂနိစ်၊သံဓါတ်၊အမျှင်နှင့်ကယ်လ်စီယမ်တို့၏အရင်းအမြစ်ဖြစ်သောသစ်ကြပိုးခေါက်သည်ကလေးများ၏အစာခြေစနစ်ကိုကူညီပေးပြီး အီးကိုလိုင်(coli)ကဲ့သို့သောဘက်တီးရီးယားများကိုသေစေနိုင်ပါသည်။ သစ်ကြပိုးခေါက်၏အနံ့သည် ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါသည်။ သင့်ကလေး၏စွပ်ပြုတ်သို့မဟုတ်စားစရာထဲသို့သစ်ကြပိုးခေါက်အနည်းငယ်ထည့်ကျွေးနိုင်ပါသည်။ ကြက်သွန်ဖြူ- ကြက်သွန်ဖြူသည်အစွမ်းထက်သောဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ရုံသာမက ကလေး၏အစားအစာစားချင်စဖွယ်ဖြစ်စေရန်ကလေး၏နေ့စဉ်အစားအစာထဲတွင် ကြက်သွန်ဖြူကိုထည့်နိုင်ပါသည်။ ကြက်သွန်ဖြူ၏အရသာသည်အခြားအစပ်များကဲ့သို့အနံ့မပြင်းပါ။ ထို့ကြောင့်သင်သည်သင့်ကလေးအတွက် စွပ်ပြုတ်၊ခေါက်ဆွဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း

သင့်မှာ သားသားလေးမွေးထားပါသလား။ သားသားလေးကို လိင်တံအရေပြား ဖြတ်သင့်မဖြတ်သင့် စဉ်းစားနေပါသလား။ ဒါဟာ မိသားစုကဆုံးဖြတ်ရမယ့် ကိစ္စပါ၊ဆရာဝန်က ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဖူး။ ဒါကြောင့် လိင်တံအရေပြားဖြတ်ပေးဖို့ ဆုံးဖြတ်ချက်မချခင် အသေအချာ စဉ်းစားဖို့လိုပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေက သင်ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ သားသားလေးကို လိင်တံအရေပြား ဖြတ်ပေးသင့်သလား။ သားသားလေးကို လိင်တံအရေပြားဖြတ်ပေးဖို့ မဆုံးဖြတ်ခင် မိသားစုအစည်းအဝေးထိုင်ပြီး အောက်ဖော်ပြပါ အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။ လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ ဘယ်လိုမြင်သလဲ။ လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်ဘာသာရေးက ဘယ်လိုမြင်လဲ။ သင်ကော ဘယ်လိုထင်လဲ။ လိင်တံအရေပြားဖြတ်တာဟာ သင်နဲ့ သင့်မိသားစုအတွက် အရေးကြီးတယ်လို့ ထင်ပါသလား။ ကလေးအဖေကရော လိင်တံအရေပြား ဖြတ်ထားလား။ လိင်တံပုံစံကော တူလား။ မတူဖူးဆိုရင် ဒါဟာ အရေးကြီးတယ်လို့ ထင်ပါသလား။ လိင်တံအရေပြားဖြတ်ခြင်းရဲ့ ကောင်းတဲ့အချက်တွေ ဒီလုပ်ဆောင်မှုကို ယောက်ျားလေးတိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး လေထခြင်းကို အပ်စိုက်ကုထုံးဖြင့် ကုသခြင်း

HealthDay News မှာလတ်တလောပါလာတဲ့ ဆောင်းပါးအရ နေ့ရောညပါ ကလေး လေထတာကို စိတ်ညစ်နေတဲ့ မိဘတွေအတွက် အားတက်စရာ သတင်းတခုကို သိလိုက်ရပါတယ်။ ဒီဆောင်းပါးအလိုအရ ကလေးလေထတဲ့ ပြဿနာကို အပ်စိုက်တာက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ လေထတယ်ဆိုတာဘာလဲ။ လုံးဝ ကျန်းမာနေတဲ့ ကလေးက တနေ့ကိုအချိန်သုံးနာရီကျော်နဲ့ သုံးရက်ဆက်တိုက်ထက်ပို ငိုရင် ဒါကိုလေထတယ်လို့ ခေါ်ပါတယ်။ ဘာလို့ဒီလိုငိုရတယ်ဆိုတာ တိကျတဲ့ အကြောင်းရင်း မသိရှိရပါဖူး။ မွေးကင်းစ ကလေးတွေရဲ့ ၂၀%ဟာ လေထလေ့ရှိတယ်လို့ ဆိုပါတယ်။ မိဘတွေမှာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ ဒါကို ကုသဖို့ နည်းလမ်းလည်း မရှိသေးပါဖူး။ ကလေးလေထရင် ပုံမှန်လုပ်လေ့ရှိကြတာကတော့ ကလေးကို ချော့သိပ်တာ၊သားချော့တေးဆိုပြတာ ဒါမှမဟုတ် ရေနွေးလေးနဲ့ ရေချိုးပေးတာတောင် ပါ ပါသေးတယ်။ ကံကောင်းတာက အပ်စိုက်ကုသနည်း တခုလုံးရှိနေတာပါပဲ။ ကလေးလေး လေထပြီး ငိုနေတာတိတ်သွားစေဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မိမိဘာသာအစာစားနိုင်အောင်သင်ကြားပေးရမည့်အဆင့်များ

တစ်ခါတစ်လေတွင်သင့်အနေနှင့် ငါ့ကလေးကို သူ့ဘာသာသူ အစာစားအောင် ဘယ်လိုသင်ပေးရပါလိမ့် ဟူသောအတွေးမျိုး တွေးတတ်သည်။ တကယ်တော့ဇွန်းနှင့်စားတတ်တာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ကလေးလည်းသင့်လိုပါပဲ။ မိမိဘာသာအစာစားဖို့သင်ကြားပေးခြင်းကမိခင်များအတွက်ခက်ခဲသောအလုပ်တစ်ခုဖြစ်နိုင်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးကို ကူညီပေးမည့်လွယ်ကူသော အကြံဉာဏ်များကိုဖော်ပြပေးထားပါသည်။ သင့်ကလေးကိုမိမိကိုယ်တိုင်စားတတ်အောင်ဘယ်အချိန်မှာသင်ပေးသင့်သလဲ ယေဘူယျအားဖြင့် ကလေးအသက်ခုနှစ်လရှစ်လလောက်ဆိုလျှင် မိမိဘာသာစားတတ်အောင် စတင်သင်ကြားပေးဖို့ သင့်တော်သော အချိန်ရောက်ပါပြီ။ ထိုအချိန်တွင် သင့်ကလေးက သူတို့ဘာသာထိုင်နိုင်ပြီးတော့ ပစ္စည်းများကို ဆုပ်ကိုင်နိုင်ဖို့ စတင် လေ့ကျင့်နေပြီဖြစ်ပါသည်။ ဟန်ချက်ညီစွာ ဆုပ်ကိုင်နိုင်ဖို့အတွက် သင့်ကလေးက သူတို့၏လက်မနှင့် လက်ချောင်းများကို သုံးပါလိမ့်မည်။ သင်သည် သင့်ကလေးအစာမာများစားဖို့ အဆင်သင့်ဖြစ်မဖြစ် သေချာစေရန်အတွက် အခြားလက္ခဏာများကိုလည်း ကြည့်ရပါမည်။ ၎င်းတို့မှာ- ကောင်းကောင်းထိုင်နိုင်ပြီလား သူတို့ပါးစပ်ထဲပစ္စည်းတွေကောက်ထည့်ပြီလား စတင်ဝါးပြီလား နို့တိုက်နေစဉ်အတွင်းနို့သို့မဟုတ်နို့ဘူးကိုဆုပ်ကိုင်နေပြီလား ကလေးတွေကိုသူတို့ဘာသာသူတို့အစာစားဖို့ဘယ်လိုအားပေးမလဲ ပထမပိုင်းတွင်သင့်ကလေးကိုသူတို့ဘာသာစားတတ်အောင်အခွင့်အရေးပေးလိုက်ပါ။ ကလေးကိုခြောက်သွေ့၍ကြီးသောအစားအစာအစိတ်အပိုင်းတစ်ခုကိုပေးလိုက်ပါ။ အရမ်းကြီးသောအစားအစာတော့မပေးပါနှင့်။ အရမ်းကြီးသောအစားအစာတွေကသင့်ကလေးကိုနင်စေသီးစေသောကြောင့်ဖြစ်ပါသည်။ သင်သည်သင့်ကလေး၏ပန်းကန်ပေါ်တွင်အစားအစာလေးငါးခုလောက်ဖြန့်ကျဲထားပေးလိုက်ပါ။ ကလေးစား၍ကုန်သောအခါမှဖြည်းဖြည်းချင်းထပ်ထည့်ပေးပါ။ အဘယ်ကြောင့်ဆိုသော်အစားအစာအများကြီးတစ်ခါတည်းထည့်ပေးလိုက်လျှင်ထည့်ပေးသမျှကိုသင့်ကလေးကတစ်ကြိမ်တည်းနှင့်ပါးစပ်ထဲအကုန်ထည့်မည် သို့မဟုတ် ကြမ်းပေါ်သို့အကုန်လွှတ်ချနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင်သင်ဟာသင့်ကလေးဇွန်းနှင့်စားပြီဆိုပါကသူတို့ကိုချီးကျူးခြင်းအားပေးအားမြှောက်ပြုလုပ်ခြင်းအားဖြင့်ကလေး၏ယုံကြည်မှုကိုတည်ဆောက်ပေးပါ။ အကယ်၍ကလေးမကိုင်နိုင်သေးလျှင်အတင်းမကိုင်ခိုင်းပါနှင့်။ သင့်ကလေးအဆင်သင့်ဖြစ်လောက်မည့်ရက်အနည်းငယ်လောက်စောင့်ပြီးပြန်လည်ကြိုးစားကြည့်ပါ။ ဘယ်လိုအစားအစာမျိုးနှင့်စတင်ကျွေးကြည့်မလဲ ဇွန်းနှင့်ခပ်စားလို့ရသောအနှစ်ကဲ့သို့ပြုလုပ်ထားသောအစားအစာများနှင့်စတင်ကျွေးကြည့်ပါ။ ချီးစ်၊ငှက်ပျောသီး၊သစ်တော်သီး၊သရက်သီးကဲ့သို့သောပိုပြီးကိုင်လို့ကောင်းသောအသီးအရွယ်အစားများ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သရေစာစားခြင်း၏ ဆိုးကျိုးများ

သရေစာ စားတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးရဲ့ အစာစားချင်စိတ်ကိုလည်း လျော့နည်းစေပါတယ်။ အစာစားချိန်မှာ ဗိုက်မဆာခြင်း သရေစာတွေဟာ ကလေးတွေကို ဗိုက်ပြည့်စေပါတယ်။ ဒါကြောင့် အစာစားချိန်တွေမှာ ဗိုက်မဆာဘဲ ဖြစ်တတ်ပါတယ်။ ဒီအချက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဒီသရေစာတွေထဲမှာ အစားအစာနဲ့ အာဟာရဓါတ်လုံလောက်စွာ ပါဝင်ခြင်း မရှိတာကြောင့် သိပ်မကြာခင်မှာ ဗိုက်ပြန်ဆာနိုင်ပါတယ်။   အစားအသောက် မူမမှန်ပြဿနာများ သရေစာ စားခြင်းရဲ့ဆိုးကျိုးကတော့ သူဟာ အစားအသောက်နှင့် သက်ဆိုင်သော မူမမှန်ပြဿနာတွေကို ဖြစ်စေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သရေစာစားခြင်းဟာ အလွန်အမင်း စားခြင်းကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ ဒီပြဿနာရှိပြီဆိုရင် သူဟာ သူစားနေကျအစာတွေရဲ့ ပမာဏကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့ပြင် သင့်ကလေးမှာ ဒီပြဿနာ ကို အချိန်တော်တော်ကြာမှ သိရှိရတတ်ပါတယ်။ ဒီရောဂါကို ကုသဖို့ ဆိုရင်တော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း