ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရတော့မယ့် ဖေဖေတို့အတွက် လမ်းညွှန်

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ သမုဒ္ဒရာခရီးတစ်ခုပါပဲ။ ပြင်းထန်တဲ့မုန်တိုင်းတွေ၊ လှိုင်းကြမ်းတွေနဲ့ တစ်ခါတလေတော့လည်း နေသာသာနဲ့ ငြိမ်းချမ်းတဲ့ အရသာလေးတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုပါ။ စိတ်တူကိုယ်တူ လက်တွဲဖော်ရှိရင်တောင် ဒါဟာအတော်ကို ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ သင်တစ်ယောက်တည်း ဒီအလုပ်ကို လုပ်ရတော့မယ်ဆိုရင်တော့ ခက်ခဲမှုက နှိုင်းဆလို့မရတဲ့ အခြေအနေထိ မြင့်တက်သွားပါပြီ။ ကမ္ဘာတစ်လွှားက မိဘတွေဟာ ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ကြပါတယ်။ နှစ်ယောက်လှော်ရမယ့်လှေကို သင်တစ်ယောက်တည်း လမ်းပြ တစ်ယောက်တည်းလှော်နေရလို့ မိဘအုပ်ထိန်းမှုဆိုတဲ့ ရေယဉ်ကြောကြီးကို သင်မဖြတ်သန်းနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အောက်ပါအချက်တွေက သင့်ရဲ့ခရီးလမ်း ဖြောင့်ဖြူးချောမွေ့စေဖို့ ကူညီနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ အဆင့်မြင့် ဇိမ်ခံ spa တွေသွားတာက တကယ်ကို ကောင်းမွန်တယ်ဆိုပေမယ့် မိဘနေရာရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဆိုတဲ့စကားက သင့်ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းတာထက် ပိုလာပါပြီ။ တကယ်လို့များ သင့်ကို သတိပေးမယ့် လက်တွဲဖော်မရှိတော့ဘူးဆိုရင်တော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သားဦးမိဘတွေ မေးနိုင်တဲ့ မေးခွန်းများ

ကလေးတစ်ယောက်ကိုမွေးဖွားရတာ ပိုပြီး ပျော်စရာ၊ ချစ်စရာကောင်းပေမယ့် စိတ်ပူစရာတွေ၊ စိုးရိမ်စရာ မေးခွန်းတွေကလည်း များပြားလှပါတယ်။ ခုမှ မိဘဖြစ်မယ့်သူတွေ မေးချင်တဲ့ မေးခွန်းတွေကလည်း ထောင်ပေါင်းများစွာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးကတော့ အမေးအများဆုံး မေးခွန်း ၄မျိုးကိုပဲ ဖြေပေးသွားမှာဖြစ်ပြီး ဒါလေးကို တစ်ချက်ကြည့်လိုက်တာနဲ့ ခုမှ မိခင်ဖြစ်မယ့် အမေကလည်း ကလေးကို ဂရုစိုက်နိုင်ဖို့ သေချာ ပြင်ဆင်ပေးသွားနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ ကလေးဟာ အာဟာရပြည့်မပြည့်ဘယ်လိုသိနိုင်မလဲ။ ကလေးရဲ့ ကိုယ်အလေးချိန်ကို စစ်ဆေးတာက အယုံကြည်ရဆုံး နည်းလမ်းပါပဲ။ တကယ်လို့ သင်က သင့်ကလေးရဲ့ အလေးချိန်ဟာ တစ်ပတ်ကို ၁ကီလိုကနေ ၃ကီလိုအထိတိုးလာတာ တေ့ရမယ်ဆိုရင် သူတို့ဟာ လုံလောက်တဲ့ အာဟာရတွေကို ရရှိနေတာပါပဲ။ ဖြစ်နိုင်ချေရှိတဲ့ အခြားနည်းလမ်းတစ်ခုကတော့ သင့်ကလေးအတွက် အစာကျွေးချိန်ကို စီစဉ်လိုက်တာပါ။ နို့တိုက်ချိန်ကိုပဲ ကြည့်မယ်ဆိုရင် တစ်ရက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို စာဖတ်ဝါသနာပါအောင် အားပေးပါ

သင့်ကလေးကို ငယ်ရွယ်သော အချိန်မှစပြီး စာဖတ်ခြင်း အကျင့်ဖြစ်အောင် သွန်သင်ပေးခြင်းသည် သူတို့၏ နားလည် သဘောပေါက်မှုနှင့် အသိညဏ်ဖွံ့ဖြိုးမှုကို တိုးတက် စေသည်။ သင့်ကလေးသည် ဝတ္ထုစာအုပ်၊ မဂ္ဂဇင်း၊ ဆောင်း ပါး သို့မဟုတ် မွေးနေ့ကတ်တစ်ခုကို ဖတ်ရန်နှစ်သက်ပါက သူတို့သည် ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ်အရာများကို အမြဲ သင်ယူနိုင်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ထိုအကျင့် ကောင်းများကို အားပေးရမည်။ စာဖတ်ခြင်းကို ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းအောင် ကြိုးစားပေးသင့်သည်။ စာဖတ်ခြင်းကို ပျော်ရွှင်ဖွယ်ကောင်းသောအလုပ် ဖြစ်အောင် ပြုလုပ်ပါ။ မိဘများသည် သားသမီးများနှင့် စာအတူလိုက်ဖတ်ပေး ပါက စာဖတ်ခြင်းသည် ကလေးများအတွက် ပိုပြီး စိတ်ဝင်စား ဖွယ်ကောင်းနိုင်သည်။ အတူတူစာဖတ်ခြင်းသည် မိသားစု သံယောဇဉ်ကို ခိုင်မာစေရုံသာမက သင့်ကလေး၏ စာအုပ်များ အပေါ် ချစ်ခင်စိတ်ကိုလည်း ဖန်တီးပေးသည်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အိမ်ထောင်ကွဲမိသားစုအတွင်း ကျန်းမာပျော်ရွှင်နေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း

လက်ထပ်လိုက်ပြီးတဲ့နောက်ပိုင်းတော့ ကွဲဖို့ကွာဖို့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝဆိုတာ နတ်သမီးပုံပြင်တွေလို သင့်ရဲ့ မင်းသားလေးနဲ့တွေ့ပြီး ထာဝရပျော်ရွှင်စွာ နေထိုင်သွားရလေသတည်းလို့ အဆုံးသတ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ်မှ မဟုတ်တာ။ တကယ်လို့များ သင်က ကံဆိုးစွာနဲ့ပဲ ကွာရှင်းခြင်းကသာ နှစ်ဦးနှစ်ဘက်လုံးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရင်လည်း နောက်ပိုင်းမှာ သင့်ကလေး ပိုကောင်းတဲ့ ဘဝရစေဖို့အတွက် အခွင့်အရေးရလာတယ်လို့သာ နှလုံးသွင်းပါ။ ဒီမှာတော့ ပြိုကွဲသွားတဲ့ အိမ်ထောင်စုအတွင်းမှာ ကလေးတွေကို ဘယ်လို ပျော်ရွှင်ကျန်းမာအောင် ပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ အိမ်ထောင်ကွဲခြင်းရဲ့ ကလေးတွေအပေါ် လွှမ်းမိုးမှုများ ကျွန်တော်တို့အားလုံးသိထားကြသလို အိမ်ထောင်တွေကွဲကြပြီဆိုရင် မိဘတွေပဲ ခံစားကြရတာမဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေပါ ခံစားကြရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကွဲကွာမှုမျိုးက သင့်ကလေးအပေါ် ဘယ်လိုလွှမ်းမိုးထားတယ်ဆိုတာနဲ့ ဒီလို ရှုပ်ထွေးတဲ့ လွှမ်းမိုးမှုကြီးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ တကယ်ရောသိကြပါရဲ့လား။ Stop Screaming and […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆုပေးခြင်းစနစ် ၊ အမှန်နှင့်အမှား

ကလေးများကို အပြုသဘောဆောင်သော တွန်းအား ဖြစ်စေရန် ဆုပေးရန် လိုအပ်သည်။ သို့သော်လည်း လူအများ သည် ကလေးကို မှန်ကန်သော နည်းလမ်းဖြင့် ဆုပေးရန် မသိရှိပါ။ မှားယွင်းသော ဆုပေးခြင်းဆိုတာဘာလဲ။ မှားယွင်းသော ဆုပေးခြင်းဆိုသည်မှာ အပျက်သဘော ဆောင်သော တွန်းအားပေးမှုတစ်ခု ဖြစ်သည်။ ဥပမာ- သင့် ကလေးသည် သူ့အခန်းကို သန့်ရှင်းရေး မလုပ်ပါက သင်သည် သန့်ရှင်းရေးလုပ်ရန် ပြောမည့်အစား အခန်းသန့်ရှင်းရေး လုပ်ပြီးပါက ဆုအဖြစ် အရုပ်အသစ် တစ်ရုပ်ပေးမည်ဟု ပြောနိုင်သည်။ ကလေး၏ အပျက် သဘောဆောင်သော ရလဒ် သို့မဟုတ် မနှစ်သက်သော ခံစားမှုကို ဖယ်ရှားခြင်းဖြင့် သူတို့၏ တုံ့ပြန်မှု သို့မဟုတ် အပြု အမှုကို သန်မာစေသည်။ သင့်ကလေးသည် သူတို့ဆောင် ရွက်သောအခါ သင့်ဆီမှ စိတ်ဝင်စားမှု သို့မဟုတ် သူတို့လို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ထောက်ပံ့မှုနည်းခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်း

နို့ထွက်နည်းသည်ဟုထင်ခြင်းသည် မိခင်များစွာ ရင်ဆိုင် ရသော အဖြစ်များသော နို့တိုက်ခြင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းသည် မိခင်များမှ နို့အလုံအလောက် ရှိသော် လည်း နို့အလုံအလောက် မထုတ်နိုင်ဘူးဟု ထင်နေသော အခြေအနေတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင် အသစ်များစွာသည် မိခင်နို့တစ်မျိုးတည်းသာ ကလေးအား တိုက်ကျွေးရန် စိတ်ခံစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု နည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် မိခင်နို့သည် ကလေးငယ်အတွက် အကောင်းဆုံး အာဟာရ ကို ပေးနိုင်သည်ဟု သက်သေရှိသော်လည်း လူများစွာသည် ဖော်မြူလာနို့နှင့်ယှဉ်လျှင် မိခင်နို့ကို အထင်သေးကြသည်။ မိခင်များသည် နို့ထောက်ပံ့မှု လုံလောက်သလား ဆုံးဖြတ် ရန် မှားယွင်းသော လက္ခဏာများကို သုံးကြသည်။ သူတို့သည် ကလေးငယ်၏ ကိုယ်အလေးချိန် တက်မှုကို အခြေခံသင့် သည်။ မိခင်နို့တိုက်သော ကလေးငယ်သည် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

လေ့လာချက်အရ အရေပြားအချင်းချင်းထိတွေ့မှုသည် ကလေးငယ်များ၏ ဦးနှောက်ကို အကျိုးရှိစေသည်

ကလေးငယ်တစ်ယောက်၏ ညဏ်စွမ်းရည် ကျန်းမာမှု သည် မိခင်တိုင်း၏ အဓိက ဦးစားပေးမှု ဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းစေရန် အကောင်းဆုံး အာဟာရများကို ရှာဖွေ ကျွေးမွေးကြခြင်း ဖြစ်သည်။ သို့သော်လည်း မိဘများသည် အလွန်အရေးကြီးပြီး ရိုးရှင်းသော အချက်တစ်ခုကို မေ့နေ တတ်ကြသည်။ ၎င်းသည် အရေပြားအချင်းချင်း ထိတွေ့မှု ဖြစ်သည်။ လေ့လာမှုများအရ မိခင်နှင့် ရင်သွေးငယ်ကြား တွင် အရေပြားအချင်းချင်း ထိတွေ့မှု ရှိခြင်းသည် ကလေး ၏ ဦးနှောက်ကို အလွန်အကျိုးရှိစေသည်ဟု ဆိုသည်။ အရေပြားအချင်းချင်းထိတွေ့မှု ဆိုတာဘာလဲ။ ကလေးမွေးဖွားပြီးပါက ကလေးကို ဝမ်းလျားမှောက်ပြီး ရင်ဘတ်ပေါ်တွင် ထားပါ။ အရေပြားအချင်းချင်း ထိတွေ့မှု သည် သင်နှင့် သင့်ကလေးငယ်ကို ပူးကပ်ထိတွေ့စေပြီး တစ်ဦးနှင့် တစ်ဦး သိရှိရင်းနှီးစေသည်။ လူသိများသော အရေပြားအချင်းချင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အများရှေ့တွင် ကလေးအားပြုစုခြင်း

အချို့အမျိုးသမီးများသည် အများရှေ့တွင် ကလေးနို့ တိုက်ရပါက သက်တောင့်သက်သာ မရှိကြပါ။ ကလေးအား ပြုစုခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်သောကြောင့် ဖြစ်သည်။ လူများ ဘာတွေးမလဲ အရေပြားဘယ်လောက် ပေါ်သွားမလဲ ကိုလည်း စိုးရိမ်ကြသည်။ ကိုယ်ရေးကိုယ်တာသည် အရေးပါ သည်။ သို့သော်လည်း သင့်ကလေးသည် ဆာလောင်နေပြီး အပြင်တွင်ရောက်နေပါက သင်ဘာလုပ်မလဲ။ သင့်အခွင့်အရေးကို သိပါ။ အများရှေ့တွင် ကလေးနို့တိုက်ခြင်းသည် တရားဝင်ပါ သည်။ မိခင်ရော ကလေးကိုပါ ဥပဒေက ကာကွယ်ပေးထား သည်။ သင်သည် အများပြည်သူရှေ့တွင် ဖြစ်နေသောကြောင့် ကလေးအား နို့တိုက်ခြင်းကို တားဆီးပိုင်ခွင့်မရှိပါ။ မိခင်နို့ တိုက်ခြင်းသည် ဇီဝသဘောအရ အာဟာရဖြစ်စေသော နည်းလမ်း တစ်ခုလည်းဖြစ်သည်။ အိမ်တွင် လေ့ကျင့်ပါ။ အများရှေ့တွင် သင့်အရေပြားဘယ်လောက် ပေါ်သလဲကို စိုးရိမ်ပါက သင်သည် အိမ်တွင် မှန်ရှေ့တွင် လေ့ကျင့်နိုင်ပါ သည်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အငှားဖြင့် ကလေးထိန်းခြင်း

ယနေ့ခေတ်တွင် မိဘများစွာသည် သူတို့၏ အချိန် သို့မဟုတ် ကျွမ်းကျင်မှု လိုအပ်သောကြောင့် အငှားဖြင့် ကလေးထိန်းခြင်းကို ရွေးချယ်နေကြသည်။ မကြာသေးမီက လေ့လာမှု တစ်ခုအရ အငှားဖြင့် ကလေးထိန်းခြင်းသည် ကလေးနှင့် မိသားစု တစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။ သင့်တွင် တာဝန်ရှိသောအလုပ်များကို အခြား တစ်ယောက်အား ငှား၍ လုပ်ခိုင်းရန် တကယ်ပဲ လိုအပ် ပါသလား။ အငှားဖြင့် ကလေးထိန်းခြင်းဆိုတာ ဘာလဲ။ အငှားဖြင့် ကလေးထိန်းခြင်းဆိုသည်မှာ အချို့အလုပ်များ ဥပမာ- လက်မစုပ်သည့်အကျင့်ကို တားခြင်း၊ သင့်အိမ်တွင် ကလေးအား ကာကွယ်ပေးခြင်း၊ သင့်ကလေးအား အိပ်ယာ ပို့ပေးခြင်း၊ ကျောပုတ်ပေးခြင်း အစရှိသည်ကို ဆောင်ရွက်ရန် တစ်စုံတစ်ယောက်အား ငှားရမ်းခြင်းဖြစ်သည်။ အချို့တွင် မိဘများသည် ကလေးကို ထိန်းသိမ်းရန်အတွက် ဗီဒီယိုဂိမ်း၊ စမတ်ဖုန်း၊ ကွန်ပြူတာ အစရှိသော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ဖန်တီးနိုင်စွမ်းနဲ့ မိမိဖာသာဖော်ပြနိုင်စွမ်းကို မြေတောင်မြှောက်ပေးခြင်း

အများစုရဲ့ ယုံကြည်မှုနဲ့ မကိုက်ညီတာက ဖန်တီးနိုင်စွမ်းဟာ မွေးရာပါစွမ်းရည်ကြောင့်သာ မဟုတ်ဘဲ မိဘများရဲ့ မြေတောင်မြှောက်ပေးခြင်းနဲ့ သင်ယူဖြည့်ဆည်းနိုင်ပါတယ်။ မိမိခံစားမှုကို ဖော်ထုတ်ပြနိုင်စွမ်းဟာလည်း ကလေးများဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာ လေ့လာကြည့်ရအောင်။ တီထွင်ဖန်တီးနိုင်စွမ်း တီထွင်ဖန်တီးနိုင်ခြင်းဆိုရာမှာ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကိစ္စတွေအားလုံး အကျုံးဝင်ပါတယ်။ ဖန်တီးနိုင်စွမ်းရှိခြင်းဟာ ကလေးတွေကို ပြသနာဖြေရှင်းနိုင်သူများ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်သူများ ဖြစ်လာစေပါတယ်။ ဒီအချက်တွေဟာ အောင်မြင်မှုအတွက် သော့ချက်ပါပဲ။ အောက်ပါအချက်တွေကတော့ တီထွင်ဖန်တီးနိုင်စွမ်းကို ပျိုးထောင်ပေးရာမှာ မှတ်သားသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ လွတ်လပ်မှုပေးပါ ဒီနေရာမှာ အချိန်နဲ့နေရာကို ဆိုလိုပါတယ်။ အချိန်ဟာ တီထွင်ဖန်တီးနိုင်မှုအတွက် အဓိကကျတဲ့ အချက် ဖြစ်ပါတယ်။ ကလေးတွေကို ရှာဖွေစူးစမ်းဖို့၊ ထိတွေ့မြင်ယောင်ဖို့၊ သူတို့စိတ်ကူးစိတ်သန်းနဲ့ လုပ်ကိုင်နိုင်ဖို့ အချိန်တခုပေးပါ။ ကစားစရာအသစ်တွေ ပေးတိုင်းမှာ စည်းမျဉ်းအသစ်တွေ မပြောပြဘဲ သူတို့ဖာသာ စူးစမ်းပါစေ။ နေရာဟာလည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း