ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးစေရန် ပြုစုပျိုးထောင်ခြင်း

မိဘများအနေဖြင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ကလေးကို လိမ္မာရေးခြား ရှိစေချင်၊ ပါရမီတစ်ခုခု ပါစေချင်ကြသည်။ အနည်းဆုံး တန်ဖိုးရှိအသုံးဝင်သော လူတစ်ယောက် ဖြစ်လာစေ ချင်ကြသည်။ အချို့မိဘများသည် သူတို့ကလေးများအား ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း စသည်တို့နှင့် ရင်းနှီးစေ ကြသည်။ အချို့မှာ အားကစားတစ်ခုခုနှင့် ရင်းနှီးကျွမ်းဝင် စေသည်။ ဂီတဆိုရင်ရော? သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးအောင် ဘယ်လို ပြုစုပျိုးထောင်မလဲ။ အသံတွေအကြောင်း ပထမဆုံးသင်ကြားပေးပါ။ ဂီတသည် ပတ်ဝန်းကျင်မှာ ရှိသည့် ရိုးရှင်းသော အရာတွေစီမှ လာတယ်ဆိုတာကို သင့်ကလေးအား သိပါစေ။ အိမ်အပြန်လမ်း တွင် သင့်ကလေးအား ထရပ်ကားများ၏ အသံကို စက္ကန့် အနည်းငယ် ပေးနားထောင်ပါ။ မီးဖိုချောင်ထဲတွင် ချက်ပြုတ် နေစဉ် သစ်သီးဖျော်စက်မှ ဆူညံသံကို သင့်ကလေးအား သတိထား နားထောင်ခိုင်းကြည့်ပါ။ ကဗျာဆန်ဆန်ဆိုလျှင် သင့်ကလေး အား […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးလေးကို အစာကျွေးဖို့ခက်နေသလား

ကလေးအများစုက အစာထွေးထုတ်ခြင်း၊ ကျွေးနေကျမဟုတ်တဲ့အစာတွေကို စားဖို့ငြင်းဆန်ရန်ကြိုးစားခြင်း၊ အချို့အချိန်တွေမှာ အစားစားဖို့ငြင်းခြင်းစတဲ့ အစားနဲ့ဆိုင်တဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သာ ကြည့်တတ်ကြပြီး ကလေးနေမကောင်းဖြစ်နေတယ်လို့ မမြင်တတ်ကြပါဘူး။ ကလေးက အချိန်အတော်ကြာ အစားကိုစိတ်မဝင်စားဘဲ အစာတွေ အရည်တွေကို ငြင်းနေမယ်ဆိုရင် သတိပြုရမယ့်ပြဿနာတွေရှိနေနိုင်ပါတယ်။ ကလေးအစားကျွေးမရခြင်းပြဿနာရဲ့ လက္ခဏာများ အစားကျွေးမရတဲ့ကလေးတွေမှာ လက္ခဏာအတော်များများပြတတ်ပါတယ်။ တစ်ယောက်ချင်းစီက သက်ဆိုင်ရာအခြေအနေနဲ့ အစားကျွေးမရခြင်းပြဿနာအပြင်းအထန်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အစာကျွေးမရတဲ့ကလေးငယ်တွေရဲ့ လက္ခဏာတွေက အစာကျွေးနေစဉ် နောက်ကျောနဲ့ ကိုယ်တစ်ကိုယ်လုံး ကုန်းနေခြင်း အစားကျွေးနေချိန် စိတ်ဝင်စားမှုမရှိခြင်း အစာအစာ၊ အရည်တွေကို ငြင်းဆန်ခြင်း အရောင်အဆင်းကွဲသွားတဲ့ အစာတွေကို ငြင်းဆန်ခြင်း အစားစားချိန်ကြာလွန်းခြင်း အစားဝါးရခက်ခြင်း နို့ဘူး ဒါမှမဟုတ် နို့တိုက်ရခက်ခြင်း အစားစားနေစဉ် ချောင်းဆိုးခြင်း၊ ပျို့ခြင်း သွားရည် တမြားမြားကျခြင်း အစားစားနေစဉ်၊ အရည်သောက်နေစဉ်တွင် အသက်ရှူခက်ခြင်း ထွေးထုတ်ခြင်း၊ အော့အန်ခြင်း အဆုတ်ရောင်ရောဂါ […]


ကလေးငယ်ပထမနှစ်

သင့်ကလေး ပထမဆုံးပြောမည့် စကားလုံးများ

ကလေးများဟာ စကားလုံးတွေကို သေချာ မပြောနိုင်သေးခင်မှာ ပြောသမျှဟာ အဓိပ္ပါယ်ကောက် မရဘဲ တတွတ်တွတ်ပြောနေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အဓိပ္ပါယ်မပေါ်သေးပေမယ့် ကလေးတွေရဲ့ ဘာသာစကား ဖွံ့ဖြိုးမှုအတွက်တော့ အရေးကြီးတဲ့ မှတ်တိုင်တခုပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ သူတို့ဆီက စကားလုံးတွေကို ပီပီသသကြားရပါမလဲ? ဒီဆောင်းပါးမှာ ကလေးတွေ ပထမဆုံး ပြောတတ်တဲ့ စကားတွေအကြောင်း၊ သင့်ကလေးရဲ့ ဘာသာစကား စွမ်းရည်ကို ဖွံ့ဖြိုးဖို့ ဘယ်လိုကူညီရမယ့်အကြောင်း ဖော်ပြပေးပါမယ်။ ဘယ်အချိန်မှာ ကလေးတွေ ပထမဆုံး စကား စပြောသလဲ ကလေးများ စတင်ပြောဆိုတာကတော့ စကားနဲ့ မဟုတ်ပါဘူး။ မွေးပြီးခါစမှာ ငိုယိုခြင်း၊ အော်ဟစ်ခြင်း၊ မအီမသာဖြစ်၍ အသံပြုခြင်း စတာတွေပဲ ဖြစ်ပါတယ်။ နောက်လတွေမှာတော့ အောက်ပါအတိုင်း ဖွံ့ဖြိုးလာပါလိမ့်မယ်။ ၃ လ ၃လအရွယ် ကလေးတွေဟာ သင့်စကားပြောတာကို ကြည့်နိုင်ပြီး နားလည်းထောင်တတ်ပါတယ်။ ဒါ့အပြင် […]


မိခင်နို့တိုက်ကျွေးခြင်း

အလုပ်လုပ်သောမိခင်များ မိမိကလေးများကို မိခင်နို့တိုက်ကျွေးရန် မှတ်သားဖွယ်ရာများ

ယနေ့ခေတ်အခါမှာ အမျိုးသမီးများဟာ မိမိကလေးကို နို့တိုက်ကျွေးဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့အကြား ဗျာများရတတ်ပါတယ်။ ကျန်းမာရေးဌာန၊ မိခင်နို့တိုက်ကျွေးခြင်း ကော်မတီရဲ့ ဥက္ကဌ ဒေါက်တာ ဆူဇန်နီရဲ့ အဆိုအရ အလုပ်လုပ်ကိုင်သူ အမျိုးသမီးများရဲ့ ၇၀%မှာ အသက်၃နှစ်အောက် ကလေးရှိပြီး ၃ပုံ၁ပုံခန့်ဟာ မီးဖွားပြီး ၃လအကြာမှာ လုပ်ငန်းခွင်ကို ပြန်ဝင်တယ်၊ ၃ပုံ၂ပုံဟာ ၆လအတွင်း ပြန်ဝင်တယ်လို့ သိရှိရပါတယ်။ မိခင်များဟာ မိခင်နို့တိုက်ဖို့နဲ့ အလုပ်ပြန်ဆင်းဖို့ကြား ရွေးချယ်စရာ ဖြစ်လာတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီ၂မျိုးကို အဆင်ပြေအောင် ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။ ကြိုတင်စီစဉ်ပါ မိမိရဲ့ အလုပ်ရှင်ဖြစ်စေ၊ လူ့အရင်းအမြစ်ဌာနကို ဖြစ်စေ မီးဖွားပြီးစ မိခင်များ ကလေးနို့တိုက်ရာမှာ ကူညီဖို့ ဘယ်လိုမူဝါဒတွေရှိတယ်ဆိုတာ စုံစမ်းပါ။ ဒါဟာ ဖြစ်နိုင်ခြေကိစ္စတွေအတွက် ကြိုတင်ပြင်ဆင် နိုင်ပါတယ်။ တချို့ ကုမ္ပဏီတွေဟာ မိခင်တွေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို သတိတရားရှိအောင် စတင်သင်ကြားပါ

မိဘများဟာ ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားတတ်ကြသလို စိတ်ပိုင်းဆိုင်ရာကိုလည်း လစ်လျူရှုထားလို့ မရပါဘူး။ ယနေ့ခေတ်ကာလမှာ အရာရာဟာ မြန်ဆန်လွန်းတာမို့ မိမိကိုယ်ကို သိပ်ပြီး ဂရုစိုက်နေချိန်မရပါဘူး။ အဲဒီအခါ အပျက်သဘောဆောင်တဲ့ အတွေးတွေ၊ ခံစားမှုတွေ ဝင်လာပါတယ်။ အပျက်သဘောအတွေးတွေ လျှော့ချဖို့အတွက် ငယ်ရွယ်စဉ်ကတည်းက သတိတရား လက်ကိုင်ထားတတ်အောင် လေ့ကျင့်ယူရပါမယ်။ သင့်ကလေးများကို အခုကတည်းက စတင်သင်ကြားပေးရအောင်။ သတိတရားဆိုတာဘာလဲ သတိတရားရှိခြင်းဆိုတာ တကယ်တော့ ရိုးရှင်းပါတယ်။ မျက်မှောက် ဖြစ်ပျက်နေတာတွေကို သတိရှိရှိ သိမှတ်နေပြီး ဘဝကို အကဲဖြတ်ခြင်းမရှိဘဲ တွေ့ကြုံခံစားနေခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခတွေ ကြုံလာတိုင်း စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ နည်းလမ်းဖြစ်ပါတယ်။ သတိတရားရှိခြင်း၏ အကျိုးကျေးဇူး သတိတရားဆိုတာ သင့်ရဲ့ အတွေးအခေါ်၊ အမူအကျင့်ကို ပိုပြီး သတိပြုနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ မျက်မှောက်ကာလကို အာရုံစိုက်နိုင်ပြီး လုပ်ကိုင်ဆောင်ရွက်မှု […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ကိုယ်နေဟန်ထားမှန်ကန်ရေး

ကိုယ်နေဟန်ထားမှန်ကန်ခြင်းဟာ ကိုယ်ခန္ဒါရဲ့ အစိတ်အပိုင်းတချို့ကို အလွန်အကျွံ အားစိုက်ရခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒီအားစိုက်မှုဟာ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု ရှိပါတယ်။ ကလေးများအတွက် ဘယ်လို ကိုယ်နေဟန်ထားတွေက ကောင်းသလားဆိုတာ တွေးတောဖူးပါသလား။ ကိုယ်နေဟန်ထား မကောင်းရတဲ့ အကြောင်းအရင်းများ ကလေးများမှာဆိုရင် - ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ - အာဟာရဓါတ်မပြည့်ဝမှု - စံမမီသော ဖွံ့ဖြိုးတိုးတက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ ကျောင်းနေ ဆယ်ကျော်သက်အရွယ်တွေဆိုရင် - အဝလွန်ခြင်း - အလှုပ်ရှားနည်းပြီး အထိုင်များသော လူနေမှုပုံစံ - ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း - အတုခိုးမှားခြင်း။ ၃-၅နှစ်အရွယ် ကလေးများဟာ တခြားလူတွေရဲ့ ကိုယ်နေဟန်ထားကို အတုခိုးတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါကြောင့် အတုခိုးမှားရင် ကိုယ်ဟန်နေထား မကောင်း ဖြစ်သွားတတ်ပါတယ်။ - ကျောင်းလွယ်အိတ်အလေးကြီးများ သယ်ရခြင်း။ ကလေးများအတွက် သင့်တော်တဲ့ ကျေင်းလွယ်အိတ် အလေးချိန်ကတော့ အဲဒီကလေး ကိုယ်အလေးချိန်ရဲ့ ၃၀% ပဲ […]


ကလေးငယ်အာဟာရ

ကလေးများကို ဖျော်ရည်မတိုက်မီ သတိပြုရမည့် အချက် ၆ချက်

မိဘများဟာ ကလေးများကို မနက်စာကျွေးရာမှာ ဖျော်ရည်တမျိုးမျိုးကို မပါမဖြစ်အနေနဲ့ တိုက်ကျွေးတတ်ကြပါတယ်။ ဖျော်ရည်များဟာ အရသာရှိပြီး အလွယ်ရနိုင်အေမယ့် သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဖျော်ရည်များမှာ အမျှင်ဓါတ်ပါဝင်မှု နည်းပါတယ် ဖျော်ရည်တွေဟာ အသီးတခုလုံးထက်စာရင် အမျှင်ဓါတ်နည်းပါတယ်။ အိမ်မှာဖျော်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကနေ မှာတာဖြစ်ဖြစ် အခွံချွတ်ပြီး အမှုန်အမွှားတွေကို ဖယ်ရှားဖို့ အလွန်အကျွံ ဆေးကြောခြင်းတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် အသီးမှာပါဝင်တဲ့ အမျှင်ဓါတ်ထက် ဖျော်ရည်မှာ ပါဝင်မှု နည်းပါးသွားပါတယ်။ ဒါ့အပြင် ဖျော်ရည်ပြုလုပ်ရာမှာ ဘက်တီးရီးယားတွေကို သေအောင် ပိုးသတ်ဖို့လိုပါတယ်။ အဲဒီအခါ အစာခြေဖို့ အားပေးတဲ့ အကျိုးပြုဘက်တီးရီးယားများကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ပိုးသတ်ခြင်းကြောင့် ဗီတာမင်နဲ့ ဓါတ်ဆားတွေကိုပါ ပျက်စီးစေပါတယ်။ သင့်ရဲ့ကလေးဟာ အသီးကို စားမယ်ဆိုရင် အာဟာရဓါတ်၊ အမျှင်ဓါတ်တွေ အများအပြားရပြီး သကြားဓါတ်ကို နည်းပါးစွာပဲ ရမှာဖြစ်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို အစားစကျွေးချိန် သိသင့်သော အချက် ၆ချက်

သင့်ကလေးကို အစားစကျွေးချိန်ဟာ အရေးအကြီးဆုံး ဖွံ့ဖြိုးမှုမှတ်တိုင်တခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သင့်ကလေးကို အစားစကျွေးချိန်မှာ သိသင့်တဲ့အချက်တွေ ဆွေးနွေးထားပါတယ်။ အစားစကျွေးဖို့ သင့်တော်တဲ့အချိန်ရွေးချယ်ပါ ကျွမ်းကျင်သူများကတော့ ကလေးအသက် ၄-၆လမှာ အစားစကျွေးဖို့ ညွှန်းဆိုကြပါတယ်။ ဒါပေမယ့် ကလေးအားလုံးဟာ တပြေးညီတော့ မဟုတ်ပါဘူး။ တချို့ကလေးများဟာ အစားစစားဖို့ အချိန်ပိုယူ ရတတ်ပါတယ်။ အစာစကျွေးဖို့ သင့်တော်တဲ့ အချိန်ကတော့ ကလေးဟာ အကူအညီမလိုဘဲ မတ်မတ်ထိုင်နိုင်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကလေးများ ခေါင်းလှည့်နိုင်တဲ့အချိန်၊ အစားကို ဝါးစားနိုင်တဲ့အချိန် ဖြစ်ပါတယ်။ ကလေးများကို မိခင်နို့ဆက်တိုက်သင့်ပါတယ် မိခင်နို့ကနေ အဖတ်ကို လုံးဝပြောင်းကျွေးလိုက်ရင် ကလေးရဲ့ အစာခြေစနစ်ကို ခက်ခဲစေပါတယ်။ ရုတ်တရက်ပြောင်းလဲလိုက်မယ့်အစား အဖတ်ကို ဖြည်းဖြည်းချင်းပြောင်းကျွေးရပါမယ်။ မိခင်နို့နေရာမှာ လုံးဝအစားမထိုးဖို့ သတိပြုပါ။ ကလေးပြောင်းဆန်များကို စကျွေးပါ ကလေးပြောင်းဆန်များ (Cereal) စကျွေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ အရသာမျိုးစုံနဲ့ ရနိုင်ပါတယ်။ သံဓါတ်အားဖြည့်ထားတဲ့ […]


ကလေးငယ်အာဟာရ

ကလေးများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ ၂၇မျိုး

သရေစာစားချိန်ဟာ ကလေးတိုင်းရဲ့ အကြိုက်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို အသင့်စားနိုင်အောင် ပြုပြင်ထားတဲ့ စားစရာတွေ၊ သကြားများတဲ့ စားစရာတွေ မကျွေးသင့်ပါဘူး။ ယခုဖော်ပြမယ့် သရေစာ ၂၇မျိုးကို စမ်းကျွေးကြည့်ပါ။ သင့်ကလေး ပျော်ရွှင်ပြီး ကျန်းမာသန်စွမ်းပါလိမ့်မယ်။ ကလေးများကို သရေစာ ဘယ်နှကြိမ် ကျွေးသင့်လဲ ကလေးများအတွက် သရေစာတွေကို အစားတကြိမ်နဲ့ တကြိမ်ကြား ကျွေးနိုင်ပါတယ်။ နေ့လယ်ပိုင်းမှာ ကျွေးတဲ့သရေစာဟာ ညစာစားသည့်တိုင်အောင် အာဟာရနဲ့ စွမ်းအင်ကို ပေးနိုင်ပါတယ်။ ပုံမှန်အချိန်နဲ့ စားတဲ့ သရေစာများဟာ သင့်ကလေး ဆာပြီး ဂျီမကျအောင် အကူအညီပေးပါတယ်။ ဒါပေမယ့် သရေစာစားတာ လွန်သွားရင်လည်း ညစာလွတ်သွားနိုင်ပါတယ်။ ဒါဆိုရင် အချိန်မှန်အောင် ဘယ်လို ရွေးချယ်ကြမလဲ။ သင့်အနေနဲ့ ကလေးတွေ ဆာနေပုံရတဲ့အချိန်မှ ကျွေးသင့်ပါတယ်။ ဒါဟာ သူတို့ဘဝတလျှောက်လုံးအတွက် ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်အောင် […]


ကလေးငယ်အာဟာရ

ကလေးငယ်များစားသောက်မှုပုံစံများအတွက် သိမှတ်ဖွယ်ရာများ

သင့်ကလေးကို ပုံစံတကျ ကျွေးဖို့ စီမံထားရင် မေးစရာတွေ ရှိလာနိုင်ပါတယ်။ နွားနို့နဲ့ ပဲနို့ ဘယ်ဟာကို ရွေးရမလဲ။ တံဆိပ်တွေက အဆင်ပြေရဲ့လား။ ဘယ်တံဆိပ်က အကောင်းဆုံးလဲ။ အောက်ပါ အချက်တွေကတော့ ကလေးငယ်များအတွက် ပုံစံတကျကျွေးရာမှာ သိသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ ကလေးငယ်များကို ပုံစံတကျကျွေးရာမှာ ဘာတွေက အဓိက အမျိုးအစားတွေလဲ တရားဝင်ခွင့်ပြုချက်များအရ ကလေးများကို ပုံစံတကျကျွေးဖို့ အဓိကအမျိုးအစား ၃ခု ရှိပါတယ်။ - နွားနို့ပရိုတိန်းအခြေပြုပုံစံ။ အတွေ့ရအများဆုံး ပုံစံဖြစ်ပြီး မိခင်နို့နဲ့ အများဆုံးဆင်တူပါတယ်။ ဒီအမျိုးအစားမှာသုံးတဲ့ နွားနို့ဟာ ကလေးငယ်များ အစာခြေဖျက်ရ လွယ်ကူစေဖို့နဲ့ အာဟာရဓါတ်ပိုမို ပါဝင်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ် အများစုဟာ နွားနို့နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ နွားနို့ဓါတ်မတည့်မှုရှိရင် တခြားပုံစံကို ရွေးချယ်သင့်ပါတယ်။ - ပဲနို့အခြေခံပုံစံ။ နွားနို့နဲ့ lactose မတည့်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း