ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မိမိကိုယ်ကို တန်ဖိုးထားတတ်ရန် သင်ပေးပါ

မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်းသည် အောင်မြင်ခြင်း အတွက် အရေးပါသည်။ မိမိကိုယ်ကို တန်ဖိုးထားခြင်းဆို သည်မှာ သင်ပြောသော၊ လုပ်သော အရာသည် မှန်ကန် သည်ဟု သင့်ကိုယ်သင် ဂုဏ်ယူခြင်း ခံစားမှုတစ်မျိုး ဖြစ်သည်။ သင့်ကလေးသည် မိမိကိုယ်ကို တန်ဖိုးထားခြင်း ခံစားမှု တစ်ခါရရှိသွားပါက သူတို့သည် ဘဝခရီး တစ်လျှောက်တွင် ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းနှင့် စိတ်ခံစား မှု ဖွံ့ဖြိုးခြင်း နည်းလမ်းကို အမှန်တကယ် ရရှိသွားနိုင်သည်။ သို့သော်လည်း မိမိကိုယ်ကို တန်ဖိုးထားခြင်း အလွန်များသွား ပါက အောက်ခြေ အလွန်မခိုင်ဘဲ အဖျက်သဘောဆောင် သော ဆိုးကျိုးများ ဖြစ်စေသည်။ ထို့ကြောင့် မိဘ တစ်ယောက်အနေဖြင့် သင်သည် သင့်ကလေးကို အစောပိုင်း အချိန်မှစပြီး မိမိကိုယ်ကို တန်ဖိုးထားခြင်း၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို သင်ပေးရန် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မျှမျှတတလုပ်ဆောင်တတ်စေရန် သွန်သင်ပေးခြင်း

မျှမျှတတဖြစ်ခြင်းသည် လူများနေ့စဉ် ဆက်ဆံကြရာ၌ လိုအပ်သောအရာဖြစ်ပြီး ကလေးများအားလုံး သိထားရမည့် အရာဖြစ်ပါသည်။ မျှတခြင်းဆိုသည်မှာ သူ့အလှည့် ကိုယ်အလှည့်ပေးခြင်း၊ မျှဝေသုံးစွဲခြင်း၊ စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်း၊ တခြားသူများစကားကို နားထောင်ပေးခြင်း၊ ပြဿနာတစ်ခုအား အဖက်ဖက်မှသုံးသပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ကလေးတစ်ဦးအား မျှတစွာ လုပ်ဆောင်တတ်စေရန် သင်ပေးခြင်းသည် ကိုယ်ကျင့်တရား ကောင်းမွန်စေသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မျှတမှုနှင့် ဦးနှောက် စိတ်ခံစားမှုကို အကူအညီပေးသည့် ဦးနှောက်တွင်းမှ ဓါတုပစ္စည်းတစ်ခုဖြစ်သော စီရိုတိုနင်သည် တရားမမျှတမှုကို မျက်မြင်တွေ့ရှိရာတွင် စိတ်ထဲစနိုးစနှောင့်ဖြစ်အောင် ဆောင်ရွက်သည်ဟု ထင်ရပါသည်။ သုတေသနများ၌ မမျှတများကို ကျွန်တော်တို့ တုန့်ပြန်သည့်အခါ စီရိုတိုနင် ကျသွားကြောင်း သက်သေပြထားပါသည်။ တစ်ခြားတစ်ဖက်မှကြည့်လျှင်လည်း ကျွန်တော်တို့၏ တရားမျှတမှုအပေါ် ခံစားချက်များသည် ကိုယ်သိထားခဲ့သည့် လူမှုရေးရာစည်းမျဉ်များပေါ် မမှီခိုကြောင်း ဆိုလိုပါသည်။ ၎င်းသည် ကျွန်န်ုပ်တို့ဦးနှောက်၏ ကျေနပ်မှုအပေါ် တုန့်ပြန်သည့်မရှိမဖြစ်ပုံစံတစ်ခုလည်း ဖြစ်ပါသည်။ အနှိမ်ခံရသူတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို သည်းခံပြီး ဘက်မလိုက်တတ်အောင် သင်ကြားပေးပါ

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ကင်းစင်ခြင်း၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု သမိုင်းကြောင်း အမျိုးမျိုးတို့ကို လက်ခံခြင်း တို့ အပေါ်တွင် မူတည်ပြီး ဖွဲ့စည်းထားသည်။ သင်ကလေး ကြီးပြင်းလာသည် နှင့်အမျှ လူမျိုး၊ ယဉ်ကျေးမှု များစွာမှ လူများဖြင့် တွေ့ဆုံလာ ရလိမ့်မည်။ ထို့ကြောင့် သင်သည် သင့်ကလေးကို အခြားလူ များအပေါ် သည်းခံပြီး ဘက်မလိုက်သော နေပုံထိုင်ပုံရှိအောင် သင်ကြားပေးသင့်သည်။ ကွဲပြားသော ကမ္ဘာကြီး ကလေးများသည် ကြီးပြင်းလာသောအခါ သူတို့၏ စူးစမ်းလိုမှုမှာ များလာသည်။ သူတို့သည် လူအမျိုး အစား များစွာရှိသည်ကို သိမြင်လာသောကြောင့် ဖြစ်သည်။ ဘဝ၏ ထိုအရွယ်တွင် ကလေးများသည် တစ်ဦးတစ်ယောက် ချင်း၏ ပင်ကိုလက္ခဏာများကို သင်ယူလာသည်။ ဤကိစ္စကို သင့်ကလေးအား ရိုးရှင်းသော အသုံးအနှုန်းများဖြင့် သေချာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ခေါင်းအုံးနဲ့ အိပ်စက်ခြင်းဟာ ကလေးတွေအတွက် အန္တရာယ်များပါတယ်

ကလေးတွေဟာ ထိခိုက်လွယ်တဲ့အတွက် သူတို့တွေဟာ အနူးညံ့ဆုံးဆိုတဲ့အရာတွေကိုသာ သူတို့ပတ်ဝန်းကျင်မှာထားပြီး သာမန်ထက် ပိုပြီးကာကွယ်ပေးဖို့လိုအပ်ပါတယ်။ ကောင်းမွန်ပြီး အမွှေးဖွားဖွားရှိတဲ့ခေါင်းအုံးတွေဟာ ကလေးတွေအတွက် မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကိုဖြစ်စေနိုင်ပါတယ်။ ကလေးမွေးဖွားပြီး လေးလအတွင်း ကလးအတွက် ကာကွယ်ပေးနိုင်မယ့်ပစ္စည်းအဖြစ်အသုံးပြုခြင်းဟာ ကလေးရုတ်တရက်သေဆုံးနိုင်မယ့်ရောဂါ (SIDS) ဖြစ်နိုင်ချေတွေဆီကို တွန်းပို့နေတတ်ပါတယ်။ ကလေးအိပ်ဖို့အတွက် ဘယ်အချိန်မှာ ခေါင်းအုံးစလိုပြီလဲ။ လူတွေယူဆကြသလို ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ခေါင်းအုံးတွေ မလိုအပ်သေးပါဘူး။ ကျွန်တော်တို့လူကြီးတွေအတွက်တော့ ကျွန်တော်တို့ခေါင်းတွေ သက်တောင့်သက်သာဖြစ်စေနိုင်ဖို့ ခေါင်းအုံးလိုတယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ သင့်လျော်တဲ့ခေါင်းအုံးဟာ လည်ပင်းအတွက် ကောင်းကောင်းထောက်ပံ့ပေးနိုင်တာကြောင့် ခန္ဓာကိုယ်ကို အိပ်စက်ချိန်အတွင်းမှာ ကောင်းကောင်းအနားရစေနိုင်ပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေအတွက်ကျပြန်တော့ ခေါင်းအုံးတွေဟာ သေမင်းတမန်တွေလိုပါပဲ။ ကလေးငယ်တွေဟာ ငယ်လွန်းသေးတဲ့အတွက် မှားယွင်းတဲ့ခေါင်းအုံးတွေကို ရွေးချယ်မိမယ်ဆိုရင် သူတို့အတွက် SIDS ဖြစ်လာစေဖို့ အခွင့်အလမ်းပိုများသွားစေပါတယ် သင့်ကလေးဟာ သူတို့ရဲ့မျက်နှာကို မှောက်တတ်မှာကြောင့် ခေါင်းအုံးထဲကို မျက်နှာနှစ်သွားပြီး အသက်ရှူမရတာမျိုးတွေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိထွေးဖထွေးတို့ လုပ်သင့်သည် မလုပ်သင့်သည်များ

ခံစားမှုများအရ သံယောဇဉ်တွယ်ခြင်း၊ ယုံကြည်အားကိုးခြင်း ချစ်ခင်ခြင်းတို့သည့် ကလေးများအားပြုစုပျိုးထောင်ရာတွင် တံခါးပေါက်များဖြစ်သည်။ ထိုတံခါးပေါက်များအား ဖွင့်လိုက်သည်နှင့် မိဘ၊ အဘိုးအဖွား၊ မွေးစားမိဘ သို့မဟုတ် မိထွေးဖထွေးတို့သည် ကလေးတစ်ဦးကို ဦးဆောင်နိုင် စည်းကမ်းပြုပြင်ပေးနိုင်ပါပြီ။ တစ်ခြားနည်းဖြင့်ပြောရလျှင် ဆိုရိုးဟောင်းတစ်ခုအရ စည်းမပါသောဆက်ဆံရေးသည် ပုန်ကုန်မှုကိုဖြစ်စေပါသည်။ ပညာရှိသောမိထွေးဖထွေးမျာက ထိုအချက်ကိုသိထားကြပြီး သြဇာညောင်းသည့် ဆက်ဆံရေးကို ဖန်တီးနိုင်ကြ၏။ ခိုင်မြဲသောဆက်ဆံရေးမရှိပါပဲ သြဇာညောင်းနိုင်၏။ သို့သော် ၎င်းတွင်ကန့်သတ်ချက်များရှိသည်။ ရဲသားတစ်ယောက်က သင့်ကိုဖမ်းနိုင်သည်၊ အလုပ်ရှင်က သင့်ကိုဘာလုပ်ဆိုပြီး စေခိုင်းနိုင်သည်၊ ကျောင်းဆရာက အခန်းစည်းကမ်းများကို လိုက်နာခိုင်းနိုင်သည် သို့သော် မေတ္တာမရှိသော မလေးစားသော သြဇာရှင်ကို လိုက်နာမည့်သူမရှိနိုင်ပါ။ မိထွေးဖထွေးများက ကလေးနှင့် မေတ္တာသံယောဇဉ် မတွယ်နိုင်သေးသ၍ ဘောင်များကန့်သတ်သည့် ပြင်ပကအာဏာရှင်များသာဖြစ်သည်။ ထို့ကြောင့် မိသားစုတစ်ခုတွင် မိထွေးဖထွေးများက ထိုကန့်သတ်ချက်များကို သိရှိပြီး မိရင်းဖရင်းများ၏ အာဏာကို ငှားသုံးရမည်ဖြစ်သည်။ သူတို့နှင့်သက်ဆိုင်သလောက်ထက် […]


ကလေးငယ်အာဟာရ

ကလေးတွေကို အော်ဂဲနစ် အစားအသောက်တွေကျွေးခြင်းနှင့် သိစရာများ

လူအများအပြားကတော့ အော်ဂဲနစ်အစားအစာတွေရဲ့ မြင့်မားတဲ့ ဈေးနှုန်းကို ဂရုမထားပဲ သားသမီးတွေကို ကျွေးဖို့ အကြံပြုကြပါတယ်။ ပိုးသတ်ဆေး မပါဝင်တာကြောင့်အော်ဂဲနစ်အစားအစာတွေက ကလေးတွေအတွက် ကောင်းတယ်လို့ယုံကြည်ပါတယ်။ သင်အော်ဂဲနစ်အစားအစာကို ပိုက်ဆံပိုပေးဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်၊မသင့်ကို အောက်ကဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။ ကလေးရဲ့ အစားအစာထဲမှာ ပိုးသတ်ဆေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ဖြစ်သင့်ပါသလား ပြောနေစရာတောင် မလိုပါဘူး။ ပိုးသတ်ဆေးတွေကို အထူးသဖြင့်လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နှင့် သစ်သီးများထဲတွင်အများဆုံး တွေ့နေကြပါတယ်။ ပိုးသတ်ဆေးတွေက စိုက်ခင်းကိုဖျက်စီးတတ်တဲ့ မှို၊ အင်းဆက်ပိုးမွှားများနှင့်ရောဂါများမဖြစ်အောင် ကောက်ပဲသီးနှံများကိုကာကွယ်စောင့်ရှောက်ကူညီပေးပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပိုးသတ်ဆေးတွေက လူ့ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိပါတယ်။ ဒီဓာတုပစ္စည်းတွေက ကင်ဆာ၊ အဆုတ်ရောဂါ၊ မျိုးဆက်ပွားပြဿနာများနှင့် endocrine စနစ်များမမှန်ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အမူအကျင့်မမှန်ခြင်း၊ သင်ယူမှုစွမ်းရည်ကျခြင်းများနှင့် ဦးနှောက်နှင့်အာရုံကြောစနစ်ပင် ရေရှည်ပျက်စီးမှုဖြစ်နိုင်ပါတယ်။ ပိုးသတ်ဆေးနှင့်ထိတွေ့မှု ရှည်လျားသည်ဖြစ်စေ တိုသည်ဖြစ်စေ သင့်ကလေး၏ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တကယ်တော့တချို့ဆိုးကျိုးတွေကလည်း ချက်ချင်း မပေါ်တတ်သေးပါဘူး။   ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေထက် […]


ကလေးငယ်အာဟာရ

သင့်ရဲ့ကလေးဟာ အားဖြည့်အချိုရည်တွေကိုသောက်သင့်သလား

အရသာအမျိုးမျိုးရှိပြီးတော့ အားဖြည့်ဓာတုပစ္စည်းများစွာပါဝင်တဲ့ အားဖြည့်အချိုရည်တွေဟာ ရောင်းအားကောင်းကြပါတယ် ။ အားကစားလုပ်ကြတဲ့ကလေးများတွင် အရည်ခမ်းခြောက်မှုမှ ကာကွယ်နိုင်ရန် ဆိုဒါ၊ ဖျော်ရည်များ၊ ရေခဲစိမ်လက်ဖက်ရည်များနဲ့ ရေသန့်ဘူးများ သောက်သုံးကြရန်မိဘများကို တိုက်တွန်းခြင်းခံရပါလိမ့်မယ်။ အားဖြည့်အချိုရည်တွေဟာ အရသာရှိသလောက် လက်တွေ့တွင် ကောင်းကျိုးထက် ဆိုးကျိုးတွေပိုကြပါတယ် ။ အားဖြည့်အချိုရည်တွေရဲ့ အန္တရာယ်ပေးတဲ့ဆိုးကျိုးတွေကဘာတွေလဲ။ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းမှ လေ့လာမှုများအရ အသက် ၆ နှစ်အောက်ကလေးများတွင် အားဖြည့်အချိုရည်များကြောင့် အရေးပေါ်ဆေးရုံတက်ရတာဟာ ၅၀ ရာခိုင်နှုန်းအထိ တိုးလာပါတယ် ။ ကလေးအများစုဟာ နှလုံးခုန်မမှန်ခြင်း ၊ တက်ခြင်း စတဲ့နှလုံးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာကြပါတယ် ။ အားဖြည့်အချိုရည်များတွင် ဆေးဝါးသုံး ကဖင်းဓာတ်နှင့် သဘာဝမှရသော ကဖင်းတို့ပါဝင်သောကြောင့် ကလေးများကို ဆိုးကျိုးတွေပေးပါတယ် ။ ဒီလိုကဖင်းများပေါင်းစပ်ထုတ်လုပ်ခြင်းဟာ နှလုံးခုန်နှုန်းနှင့် သွေးဖိအားများကို နှစ်ဆပိုဆိုးစေပါတယ် ။ ဒါ့အပြင် အားဖြည့်အချိုရည်တွေမှာတွေ့ရတဲ့ ကဖင်းဓာတ်အမျိုးမျိုးဟာ ဂနာမငြိမ်ဖြစ်ခြင်း ၊ […]


ကလေးငယ်အာဟာရ

သင့်ကလေးဟာ အစာမာစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ

ကလေးပေါက်စနတွေကို ကျွေးမွေးပြုစုရတာဟာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ သူတို့ရဲ့ အာဟာရလိုအပ်ချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမဟုတ်ပါလား။ သင့်ကလေးမှာတွေ့ရတဲ့ ပြောင်းလဲမှုသေးသေးလေးတွေကအစ သင်အမြဲမပြတ် ဂရုစိုက်နေဖို့လိုပြီး သင်ပြင်ဆင်ထားတဲ့စားစရာဟာ သူတို့အတွက် အာဟာရပြည့်မပြည့်ဆိုတာအပြင် သူတို့အသက်အရွယ်အပိုင်းအခြားအလိုက်သင့်လျော်မှုရှိမရှိ ဆိုတာကိုပါ ဂရုစိုက်နေဖို့လိုပါတယ်။ တကယ်လို့များသင်က သင့်ကလေးကို ဘယ်အချိန်မှာအစာမာ စကျွေးရမယ်မှန်းမသိဘူးဖြစ်နေရင် ဒီဆောင်းပါးကိုဖတ်ကြည့်ပါ။ ဒီဆောင်းပါးဟာ သင့်ကလေးဟာ အစာမာတွေအတွက် အဆင်သင့်ဖြစ်မဖြစ်ဆိုတာကို သင်ဆုံးဖြတ်တဲ့အခါ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကလေးအတွက် ဘယ်အချိန်မှာ အစာမာတွေ စကျွေးသင့်သလဲ။ အစာမာတွေကိုတော့ ကလေးအသက် ၄လကနေ ၆လအတွင်းမှာ စပြီးကျွေးနိုင်ပါတယ်။ ဒီအရှေ့မှာတော့ နို့မှုန့်၊ နို့ဘူးနဲ့ မိခင်နို့တွေဟာ သူတို့လိုအပ်တဲ့ အာဟာရဓါတ်တွေနဲ့ ကယ်လိုရီတွေကို လုံလုံလောက်လောက် ဖြည့်တင်းပေးနိုင်ပါတယ်။ မွေးပြီးစ လအနည်းငယ်မှာတော့ သင့်ကလေးရဲ့ အစာခြေစနစ်ဟာ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အစာမာပဲဖြစ်စေ၊ အခြားမည်သည့်အစာမျိုးဖြစ်စေ လုံးဝ (လုံးဝ)မကျွေးသင့်ပါဘူး။ ဒါ့အပြင် American […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်က အသေးစိတ်လိုက်ထိန်းချုပ်နေတဲ့ မိဘမျိုးလား

မိဘတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ချစ်ရတဲ့ သားသမီးတွေရဲ့ ဘဝကို လှလှပပတည်ဆောက်ပေးလိုကြသူတွေချည်းပါပဲ။ ဒါပေမဲ့ အသေးစိတ်ကစ လိုက်ပြီး အုပ်ချုပ်နေတဲ့အခါ ကောင်းဖို့ထက် ဆိုးဖို့ကို ဦးတည်ွားစေပါတယ်။ သင့်ကိုယ်သင် အသေးစိတ်လိုက်အုပ်ချုပ်နေတတ်တဲ့ မိဘ ဖြစ်နေတာလားဆိုတာ သိချင်ရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။ ဒေါက်တာ Marc Nemiroff ကတော့ အသေးစိတ်ထိန်းချုပ်ခြင်းဟာကလေးရဲ့သဘာဝဖွံ့ဖြိုးမှုတွေနဲ့ မိမိကိုယ်ကိုအားကိုးမှုတွေကို ဖျောက်ဖျက်ပစ်နိုင်တယ်လို့ဆိုပါတယ်။ မိဘတစ်ယောက်ရဲ့တာဝန်ဟာ ညွှန်ကြားဖို့ပါ။ ထိန်းချုပ်ဖို့မဟုတ်ပါဘူး။ တကယ်လို့များ သင့်မှာ ဒီလက္ခဏာတွေတွေ့နေရတယ်ဆို သင်က အသေးစိတ်လိုက်ထိန်းချုပ်တတ်တဲ့ မိဘမျိုးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ကလေးတွေရဲ့ ပြဿနာကို သူတို့ကိုယ်တိုင် ဖြေရှင်းခွင့် ဘယ်တုန်းကမှ မပေးဘူး။ ပြဿနာဖြစ်နေစဉ်အတွင်းကလေးမှာ အန္တရာယ်မရှိသ၍တော့ မိဘတွေဟာ ကလေးတွေကို ကိုယ်တိုင်ဖြေရှင်းခွင့် ပေးထားသင့်တယ်လို့ ဆိုပါတယ်။ ကာကွယ်လွန်ခြင်းဟာ ကလေးတွေရဲ့ ပြဿနာအဖြေရှာနိုင်တဲံ့ စွမ်းရည်ကို လျော့ကျစေပြီး နောက်ပိုင်း သူတို့ရဲ့ ဘဝကိုပါ ထိခိုက်လာစေပါတယ်။ တကယ်လို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်က သင့်ကလေးအပေါ် စည်းကမ်းအရမ်းတင်းကြပ်လွန်းနေခြင်းရဲ့ လက္ခဏာများ

သင်က သင့်ကလေးအပေါ် စည်းကမ်းကြပ်လွန်းနေတယ်ဆိုတာကို ညွှန်ပြနေတဲ့ လက္ခဏာအချို့နဲ့ သင်ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ စည်းကမ်းအများကြီးထားခြင်း တကယ်လို့သင်က စည်းကမ်းတွေအများကြီးထားထားမယ်ဆိုရင်တော့ သင်ဟာ အတော်ကို ခက်ထန်တဲ့ မိဘတစ်ယောက်ဖြစ်နေပါပြီ။ အဲ့ဒီလိုလုပ်မယ့်အစား စည်းကမ်းကို နည်းနည်းလျှော့လိုက်ပြီး ဒါကိုပဲ တိတိကျကျလိုက်နာခိုင်းလိုက်ပါ။ သာမန်ထက်ပိုပြီးခြိမ်းခြောက်ခြင်း တကယ်လို့များ သင်က “ ငါမင်းကို အိမ်အပြင်ကို ကိုင်ပေါက်မှာနော်”လို့များ ပြောခဲ့ရင် ဒါအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ကလေးကများ ဟုတ်ကဲ့ လို့ပြန်ဖြေလိုက်ရင် သင်လုပ်နိုင်တာတစ်ခုက ဘာမှမလုပ်တော့ရုံပါပဲ။ သင်လုပ်လိုက်တဲ့အပြုအမူဟာ အရာမရောက်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး သင့်ကလေးကို ဆိုးဆိုးရွားရွား ပြုမူတတ်အောင် သင်ပေးလိုက်တာပါပဲ။ တစ်ခုခုကို မပြောလိုက်ခင်မှာပဲ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားသင့်ပါတယ်။ သင့်အချစ်မှာ ကန့်သတ်ချက်တွေပါနေခြင်း သင်က သင့်ကလေးကို အမြဲတမ်းချစ်နေမှာပေမယ့် ဒီလိုလေးတွေ လုပ်ဖို့ကိုတော့ မျှော်လင့်မိတယ်ဆိုတဲ့သဘောမျိုးရောက်အောင်ပြောပြပါ။ “ မင်းဒီလိုမလုပ်ဘူးဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာမဟုတ်ဘူး။ အမှိုက်သာသာပဲ” ဆိုတာမျိုး မပြောပါနဲ့။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း