ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အမြွှာလေးတွေ ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်ပြီး သင်မသိသေးသော အချက်အလက်များ

အမြွှာလေးတွေကို ပြုစုပျိုးထောင်ရတာ အတွေ့အကြုံရှိတဲလူတွေအတွက်တောင် စိတ်ရှုတ်စရာဖြစ်ပါတယ်။ စီမံခန့်ခွဲနိုင်ဖို့ အဓိကသော့ချက်ကတော့ ကြိုတင်စီစဉ်ခြင်းပါပဲ။ အမြွှာလေးတွေကိုထိန်းကျောင်းပေးဖို့ အကြံဉာဏ်တွေရှာနေပါသလား။ ယခုဖော်ပြမည့် ဆောင်းပါးကို ဖတ်ရှုလိုက်ပါ။ အစီအစဉ်ချထားခြင်းက စီမန့်ခန့်ခွဲနိုင်ဖို့ သော့ချက်ပါပဲ ကလေးအများကြီးမပြောနှင့် တစ်ယောက်ထဲမွေးထားတာတောင် တော်တော်လေးထိန်ကျောင်းရခက်ပါတယ်။ အမြွာလေးတွေမွေးထားမယ်ဆိုရင်တော့ အခက်အခဲက ဆတိုးပွားသွားနိုင်ပါတယ်။ လုပ်ငန်းဆောင်တာတွေအားလုံးကို စီမန်ခန့်ခွဲနိုင်ဖို့ အရာအားလုံးအချိန်စာရင်းနဲ့ အစီအစဉ်တကျဖြစ်နေဖို့လိုပါတယ်။ လင်မယားနှစ်ယောက်လုံး များပြားလာပြီဖြစ်တဲ့ မိသားစုကြားမှာ လိုက်ရောညီထွေဖြစ်အောင်ကြိုးစားတဲ့နေရာမှာ အထောက်အကူပြုဖို့ အစာကျွေးခြင်း၊ ကလေးသိပ်ခြင်း၊ ကစားခြင်း၊ ရေချိုးပေးခြင်းနဲ့ ဆရာဝန်ပြသခြင်းတို့ကို သေသေချာချာအစီအစဉ်ချထားသင့်ပါတယ်။ ကလေးနှစ်ယောက်လုံးကို တစ်ချိန်ထဲမှာ နို့တိုက်ဖို့က လုံးဝကို မဖြစ်နိုင်ပါဘူး။ ကလေးနှစ်ယောက်လုံးကို တစ်ချိန်ထဲမှာ နို့တိုက်ဖို့က ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အမေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ယောက်စလုံးကို နို့တိုက်နေတဲ့အခါမှာ ရင်သားတစ်စုံကို သေချာထိန်းထားဖို့လိုလို့ပါ။ ဒါကြောင့် ကျွမ်းကျင်သူတွေက အမြွှာကလေးအမေတွေကို တစ်ယောက်ကို နို့စို့စေပြီး နောက်တစ်ယောက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးနည်းများ

မိဘအများစုသည် ကလေးငယ်များအား မိမိဘာသာ အပေါ့အလေးသွားတတ်စေရန် လေ့ကျင့်ပေးရာတွင် အခက်တွေ့လေ့ရှိကြသည်။ ယေဘုယျအားဖြင့် ဤအချက်သည် ကလေးငယ် အဆင်သင့် ဖြစ်မဖြစ်ပေါ်တွင် မူတည်သောကြောင့် မိဘများကဂရုစိုက်စောင့်ကြည့်သင့်ပါသည်။ အများအားဖြင့် အသက် ၁၈ လမှ ၂၄လအတွင်း နှင့် အချို့မှာစော၍ အချို့မှာနောက်ကျတတ်ပါသည်။ ကလေးငယ်များအား potty train ရာတွင်မိဘများ၏ ကြိုးစားအားထုတ်မှုများလိုအပ်ပါသည်။ အောက်ပါအချက်များသည် ကလေးငယ်များအားလေ့ကျင့်ပေးရာတွင် အကူအညီရနိုင်ရန်ဖြစ်ပါသည်။ အပေါ့အလေးသွားခြင်းကိုကလေးငယ်နားလည်အောင် ဖော်ပြနိုင်မည့် စကားလုံးများကိုအသုံးပြုပါ။ (ရှုးရှုး ။ အင်းအင်း။ အိမ်သာ) 'အင်းအင်းပါလား' စသည်ဖြင့်မေးပါ။ ဆီးသွားခြင်းနှင့် အလေးသွားခြင်း၏လိုအပ်မှုကို သင့်ကလေးသိနိုင်ပါသည်။ သေးခံစို လျှင်ပြောရန်သင်ပေးထားပါ။ ကလေးငယ်အလေ့အကျင့်ရစေရန်အတွက် အိမ်သာတွင်အသုံးပြုသောကုလားထိုင်ကိုအသုံးပြုပါ။ ကလေးအးလေ့ကျင့်ပေးရာတွင် လုံလောက်သောအချိန်ယူပါ။ ကလေးအဆင်သင့်မဖြစ်သေးပါကအိမ်သာခွက်/အိုးပေါ်တွင် အတင်းထိုင်ခိုင်းခြင်းမလုပ်ပါနှင့်။ အိမ်သာခွက်ပေါ်တွင်ထိုင်နည်းကိုမိမိအရင်လုပ်ပြ၍ ကလေးငယ်အားတစ်ဆင့်ခြင်းစီရှင်းပြပါ။ ကလေးငယ်ကြည့်၍လိုက်လုပ်ပါစေ။ အပေါ့အလေးသွားရန်အတွက် ပုံမှန်အလေ့အကျင့်တစ်ခုပြုလုပ်ထားပါ။ ကလေးငယ် အလေးသွားချင်သည့်အခါ ညည်းခြင်း၊ ဆောင့်ကြောင့်ထိုင်ချခြင်း၊မျက်နှာနီလာခြင်းတို့ ဖြစ်တတ်သည်ကိုလဲဂရုပြုပါ။ gastro colic reflex ကိုသုံးပြီးလဲသင့်ကလေး၏အူများလှုပ်ရှားမှုကိုခန့်မှန်းနိုင်ပါသည်။ အစာအိမ်ပြည့်လာခြင်းကအူမကြီးအတွင်းရှိအစာဟောင်းများကိုစွန့်ထုတ်ရန်ပိုမိုအားပေးသောကြောင့် သင့်ကလေးအစာစားပြီး ၁၅မိနစ်မှ မိနစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အားကစားစရာများကြောင့်ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ

ကလေးငယ်များသည် ကစားစရာများနှင့် နေ့စဉ် ထိတွေ့ကစားကြသောကြောင့် ဟောင်းနွမ်းညစ်ပေသော၊အလွန်သေးငယ်သောကစားစရာများသည် သင့်ကလေးငယ်ကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။ အောက်ပါဆောင်းပါးတွင် သင့်ကလေးငယ်ကိ ုကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှ ကာကွယ်နိုင်သည့်နည်းလမ်းများကိုဖော်ပြထားပါသည်။ သင့်ကလေးငယ်အား ကစားစရာများကြောင့် ဖြစ်စေနိုင်သည့် အန္တရာယ်များမှကာကွယ်ရန် နည်းလမ်းများ - ကလေးငယ်၏ အသက်အရွယ်နှင့်သင့်တော်သောကစားစရာများကိုရွေးချယ်ပါ။ ကစားစရာအများစု ၏အပြင်ဘက်တွင် ကစားရန်သင့်တော်သောကလေး၏အသက် ဖော်ပြထားပါသည်။ မည်သည့်အသက်အရွယ် ကလေးက အန္တရာယ်မဖြစ်စေပဲ ကောင်းကောင်းကစားနိုင်မည်ကို တွက်ဆထားသောကြောင့် ကစားစရာများတွင်ပါဝင်သော ညွှန်ကြားချက် အတိုင်းလိုက်နာပါ။ - ဈေးကြီးသောကစားစရာမျာထက် သေချာစွာပြုလုပ်ထားသောကစားစရာများကိုရွေးချယ်ပါ။ ကလေးငယ် ကစားနေစဉ် ပါးစပ်ထဲထည့်မိခြင်း၊ ပါဝင်ပစ္စည်းများနှင့်ထိမိခြင်းတို့ဖြစ်နိုင်သောကြောင့် ကစားစရာများတွင်ပါဝင် အစိတ်အပိုင်းများ၊ ပြုလုပ်သည့်ပစ္စည်းများ၊ သေချာစွာ ပြုလုပ်ထားခြင်းရှိမရှိနှင့် အန္တရာယ်ရှိသောဓါတုပစ္စည်းများပါဝင်ခြင်းရှိမရှိတို့ကိုစစ်ဆေးပါ။ ကလေးငယ်နှင့် ဓါတ်မတည့်သောအရာများပါဝင်ခြင်းရှိမရှိကိုလဲ ညွှန်ကြားချက်တွင်စစ်ဆေးပါ။ ကလေးငယ်ကစားရာတွင် အလွယ်တကူကျိုးပဲ့ ပျက်စီးခြင်းမဖြစ်စေရန်အတွက် ကစားစရာများအား သေချာစွာတွဲစပ်ပြုလုပ်ထားခြင်းရှိမရှိနှင့် အစိတ်အပိုင်းများလွတ်နေခြင်း၊ အပ်ချည်များလွတ်နေခြင်းရှိမရှိကိုလဲစစ်ဆေးပါ။ - အမျော်အမြင်ရှိပါ။ ပါးစပ်ထဲထဲ့မိပြီး နင်နိုင်သောကြောင့် သင့်ကလေးအသက် ၃နှစ်မတိုင်ခင်အထိ ကလေးပါးစပ်ထက်ကြီးသော ကစားစရာများကိုသာ ပေးဆော့သင့်ပါသည်။ သင့်အနေဖြင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို အစားကောင်းကောင်းစားစေရန် နည်းလမ်းများ

သင့်ကလေးကို ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားစေရန်အတွက် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းသည် သင့်ကလေးကို ကျန်းမာစေမည့် နည်းလမ်းဖြစ်ပါသည်။ အောက်ပါ ၁၀ ချက် သည် သင့်ကလေးကို ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်သော အစားအစာများကိုစားအောင် ပြုလုပ်ပေးသည့် နည်းလမ်းများဖြစ်ပါသည်။ အစားအစာများကို မစားရန် ကန့်သတ်ထားခြင်းကို ရှောင်ကြဉ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အစားအစာများကို လွန်ကျူးစွာစားခြင်း၊ မည်သည့်အစာကိုမှ ခံတွင်းမတွေ့တော့ခြင်း စသည့် ကျန်းမာရေးပြသနာများ ဖြစ်လာစေနိုင်ပြီး သင့်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် အစားအစာမျာကို မစားရန် ကန့်သတ်မည့်အစား ဟင်းသီးဟင်းရွက်များ၊ အဆီနည်းသော အသားများ၊ နို့များ၊ ကောက်ပဲသီးနှံများ စသည့် ကျန်းမာရေးနှင့် ညီညွတ်စေမည့်အစားအစာများကို ပြောပြပြီး စားသုံးရန်တွန်းအားပေးခြင်းတို့ ပြုလုပ်သင့်ပြီး အရည်အသွေးနိမ့်သော သရေစာများနှင့် စီမံပြုလုပ်ထားသော အစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကို […]


ကလေးငယ်ပထမနှစ်

သင့်ကလေး ငယ်သွားစပေါက်တဲ့အချိန်မှာ ကူညီခြင်း

Teething ဆိုတာ ကလေးတွေရဲ့ ပထမဦးဆုံးသွား ( ငယ်သွား ) ထွက်ပေါ်လာတာကို ဖော်ပြတဲ့ အသုံးအနှုန်းပါ။ အသက် ၆လလောက် ရောက်တဲ့အခါမှာ သင့်ကလေးဟာ သူ့ရဲ့ ပထမဆုံးသွား စပေါက်လာတတ်ပါတယ်။ ဒါပေမယ့် teething မှာ စောတာ နောက်ကျတာတွေလဲ ရှိတတ်ပါတယ်။ သင့်ကလေး အသက် ၃နှစ်အရွယ်ရောက်ရင် သူ့မှာ ငယ်သွား အချောင်း ၂၀လောက် ပိုင်ဆိုင်ထားပြီး ဖြစ်ပါလိမ့်မယ်။ ဒီလို သင့်ကလေး ငယ်သွားစပေါက်တဲ့အချိန်မှာ ဘာတွေ ဂရုစိုက်ပေးရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ Teething timeline ( ငယ်သွားပေါက်မယ့် အချိန်စာရင်း ) ငယ်သွားတွေက အစုံလိုက် ပေါက်လေ့ရှိပါတယ်။ အလယ်က ၂ချောင်းက အရင်ပေါက်မယ်။ ပြီးရင် သူ့အပေါ်က ၂ချောင်းက နောက်တစ်လအကြာလောက်မှာ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် တချို့ကလေးငယ်တွေမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို သင်ကြားပေးရန် တန်ဖိုးများ

ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခြင်းကို အဓိကထားသော ခေတ်ကြီး ထဲတွင် ကိုယ်ကျင့်တရားတန်ဖိုးများကို အသိအမှတ်ပြုခြင်း နည်းလာပါသည်။ မိဘတစ်ဦးအနေဖြင့် သင့်ကလေးများကို စောစီးသောအချိန်ကတည်းက လူများနှင့် ဆက်ဆံရေးများနှင့် ဆိုင်သော တန်ဖိုးများ၊ အပြုအမူကောင်းများ ရရှိစေရန် သင်ကြားပြသ ပေးရမည်။ ၎င်းသည် သူတို့ကို ရုပ်ဝတ္ထု ပစ္စည်းများ စွဲလန်းခြင်း၏ အန္တရာယ်ကို သတိပြုစေရုံသာမက သူတို့၏ ဂုဏ်အင်္ဂါကို ဖော်ညွှန်းရာတွင်လည်း ကူညီပေးနိုင် ပါသည်။ ကြင်နာခြင်း ကလေးငယ်များသည် မိဘများ၏ မေတ္တာ၊ ဂရုစိုက်မှုတို့ဖြင့် ကြီးပြင်းလာရသောကြောင့် သူတို့သည် တစ်ကိုယ်ကောင်း ဆန်နိုင်ပြီး အခြားသူများ၏ ခံစားမှုကို နားလည်ရန် ခက်ခဲကြ သည်။ သင့်ကလေးသည် အစပိုင်းတွင် ကြင်နာခြင်း၊ လေးနက် စွာ တွေးခေါ်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်းစသော တန်ဖိုးများကို နားမလည်နိုင်ပါ။ ဘယ်လိုမျှဝေရမလဲနှင့် မျှဝေခြင်း၏ တန်ဖိုး […]


ကလေးငယ်အာဟာရ

ကလေးတွေ ဖွံ့ဖြိုးမှုမှာ omega 3 နဲ့ omega 6 တို့ရဲ့ အရေးပါမှု၊ မိခင်တွေအနေနဲ့ omega 3 အကြောင်း ဘာတွေသိထားဖို့ လိုအပ်သလဲ

Omega 3 ကို လူတွေရဲ့ ကျန်းမာရေး၊ အထူးသဖြင့် ကလေးတွေ ဖွံ့ဖြိုးမှုအတွက် ကောင်းကျိုးအများရရှိမှုနဲ့ ပတ်သက်ပြီး သိကြတာ ကြာပါပြီ။ ဒါပေမယ့် omega 3 ချို့တဲ့တဲ့ အစားအသောက်သာ စားရတဲ့ ကလေးတွေ အများအပြားရှိပါသေးတယ်။ သင့်ကလေးတွေရော။ Omega 3 ဆိုတာဘာလဲ။ Omega 3 fatty acids ဆိုတာ သင့်ခန္ဓါကိုယ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ omega 3 အဓိကအရေးကြီးတဲ့ အမျိုးအစား ၂မျိုးရှိပါတယ်။ EPA နဲ့ DHA ပါ။ ဒါ့အပြင် ALA လည်းပါဝင်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ် အထူးသဖြင့် ကလေးတွေရဲ့ ခန္ဓါကိုယ်ဟာ ကျန်းမာရေး အန္ထရာယ်အတော်များများကို ရှောင်ရှားဖို့နဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ omega […]


ကလေးငယ်အာဟာရ

သင့်ကလေးကို ဖြည့်စွက်စာကျွေးရန် နည်းလမ်း

ဖြည့်စွက်စာကျွေးတာက အမေတွေအတွက်သာမက ကလေးတွေရဲ့ ဘဝအတွက်ပါ အရေးပါပါတယ်။ တကယ်လို့ သင်ဟာ ဖြည့်စွက်စာကျွေးဖို့ အခက်တွေ့နေတယ်ဆိုလျှင် အောက်ပါအချက်အလက်တွေက သင့်ကို ကူညီပါလိမ့်မယ်။ ဘယ်အချိန်မှာ ဖြည့်စွက်စာကျွေးဖို့ အကောင်းဆုံးလဲ။ အမေရိကန် ကလေးကျန်းမာရေးပညာပေး အဖွဲ့အစည်းရဲ့ အဆိုအရ ကလေးတွေကို မွေးပြီး ၆လအထိ မိခင်နို့တစ်မျိုးထဲကို တိုက်သင့်ပြီး အဲ့နောက်ပိုင်း မိခင်နို့နဲ့ အစားနဲ့ကို ကလေးအသက် ၁နှစ်အထိ ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကို သင်နှင့် သင့်ကလေးဆန္ဒရှိတဲ့ အချိန်အထိ တိုက်ကျွေးနိုင်ပါတယ်။ သင့်ကလေးကို ဘယ်အချိန်မှာ ဖြည့်စွက်စာ စသင့်တယ်ဆိုတာက သင့်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုလျှင် ဘာမှမစခင် သင်နဲ့ သင့်ကလေးရဲ့ လိုအပ်ချက်ကို အရင်ဆုံးစဉ်းစားပါ။ သင့်အခြေအနေကို တခြားမိသားစုတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ တကယ်လို့ သင်ဟာကိုယ်ဝန်ဆောင် သို့မဟုတ် သင့်ကလေးက မွေးခါစဖြစ်လျှင် ဖြည့်စွက်စာကို […]


ကလေးငယ်အာဟာရ

သကြားဆိုတာ သင့်ကလေးကိုအငြိမ်မနေစေတာ ဟုတ်ပါသလား

ကလေးများကို ကောင်းကောင်းမွန်မွန်ပြုမူစေချင်သည့်အခါ သင့်စကားနားထောင်စေချင်သည့်အခါ ချိုချဉ်၊ သကြားနှင့်လုပ်သည်များကို မပေးပါနှင့်။ လူတိုင်းလိုလို ထိုသို့ပြောကြပါသည်။ ရာစုနှစ်များစွာကြာသည်အထိ သကြားသည် ကလေးများတွင် အငြိမ်နေခြင်း ဆူပူသောင်းကျန်းခြင်းနှင့် ဆက်စပ်ကြောင်း ယုံကြည်ခဲ့ကြသည်။ အကျိုးအပြစ်ဆက်စပ်မှုကို တိတိကျကျလေ့လာပြီးနောက် ထိုယုံကြည်မှုသည် အချက်အလက်တစ်ခုအနေနှင့်ဖြစ်လာပါသည်။ အံ့သြစရာကောင်းသည်က မကြာသေမီကလုပ်ထားသော သုတေသနများတွင်တော့ ၎င်းနှင့်ဆန့်ကျင်ဖက်ကို သက်သေပြထားနိုင်ခဲ့ပါသည်။ သကြားနှင့် ကလေးအငြိမ်မနေခြင်း ဆက်စပ်ပုံကို ဘာကြောင့် လူတွေကယုံကြည်ကြတာလဲ။ - လမ်းလျှောက်တတ်စအရွယ်များတွင် သကြားနှင့် အငြိမ်မနေခြင်း ဆက်စပ်မှုရှိကြောင်းကို ၁၉၇၃ ခုတွင် ဓာတ်မတည့်မှုကျွမ်းကျင်သူ Benjamin Feingold, M.D သည် Feingold diet (ဖြည့်စွက်ပစ္စည်းကင်းသည့် အစာ) အကြောင်း တင်ပြခဲ့သည်။ ထိုမှတ်တမ်းသည် သူ၏ယခင်သုတေသနဖြစ်သော ဖြည့်စွက်ဓာတုပစ္စည်းများနှင့် ကလေးများ၏ အငြိမ်မနေမှုအပေါ် ဆက်စပ်ချက်ပေါ် အခြေခံထားခြင်းဖြစ်သည်။ Feingold diet ဆိုသည်မှာ အရသာတု၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလိုအတုခိုးပြီးပြောခြင်းက ဝုန်းဒိုင်းကြဲနေခြင်းကို ရပ်သွားစေမည်

ဝုန်းဒိုင်ကြဲနေသည့်ကလေးအား စိတ်ငြိမ်သွားစေသည့် အံ့သြစရာနည်းလမ်းကောင်းတစ်ခုမှ ကလေး၏ခံစားချက်ကို လက်ခံပေးပြီး ကလေးလိုအတုခိုးလိုက်ပြောခြင်းပင်ဖြစ်သည်။ လမ်းလျှောက်စအရွယ်များသည် ဂူအောင်းလူသားနှင့် တူသည်။ သူတို့စိတ်ဆိုးလာသည့်အခါ သင့်ကို ဝုန်းဒိုင်းကြဲပြတတ်ပါသည်။ တံတွေးတွေစင်အောင် အော်ဟစ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ပစ္စည်းများလွှတ်ပစ်ခြင်း ပြုလုပ်တတ်၏။ အဓိကလုပ်ပေးရမည် နည်းလမ်းနှစ်ခုမှာ ဦးစားပေးနည်းနှင့် ကလေးလိုအတုခိုးပြောနည်း တို့ဖြစ်ပြီး ထိုမှသာ သောင်းကျန်းနေသည့် ကလေးကို ငြိမ်သွားစေမှာ ဖြစ်သည်။ ဦးစားပေးနည်း စိတ်ဆိုးနေသည့် တစ်ယော်ယောက်နှင့် သင်စကားပြောတိုင်း သူတို့ကို အရင်ပြောခွင့်ပေးပါ။ သူတို့ခံစားချက်များကို တခြားဘာမှမလုပ်ခင် အရင်နားထောင်ပေးပါ။ ကလေးလိုအတုခိုးစကားပြောခြင်း အော်ဟစ် နှာရှုပ်နေသည့် ကလေးကို သူတို့အသံထွက်အတိုင်း ပြောပါ။ သူတို့ခံစားချက်နှင့်ဆိုင်သည့် စကားစုလေးများကို ကိုယ်အမူအယာနှင့်ရော မျက်နှာအမူအယာနှင့်ပါ တွဲပြီး ထပ်ခါထပ်ခါ ပြောပေးပါ။ ဆရာလုပ်စရာမလိုပါ။ သူတို့နှင့်လယ်ဗယ်တူ ပြောဆိုလိုက်တာကမှ သူတို့နှင့်ဆက်သွယ်နိုင်သည့် အကောင်းဆုံးနည်းဖြစ်သည်။ ကလေးများအတွက် သူတို့ပြောတာ နားထောင်ကြောင်း နားလည်ကြောင်း ခံစားမိစေဖို့ လိုသည်။ ကလေး၏ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း