ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ

နို့တိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ ကလေးမွေးဖွားလာပြီဆိုရင် မိခင်နို့တိုက်ကျွေးတယ်ဆိုတာသဘာဝပဲဆိုပေမယ့် သားဦးမွေးတဲ့မိခင်တိုင်းအတွက်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ မကြုံဖူးသေးတဲ့မိခင်တွေအနေနဲ့ နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီးသိချင်တာလေးတွေ မေးဖို့ရှက်နေတာမျိုးလည်းရှိနိုင်ပါတယ်။ မသေချာမှုတွေ၊စိတ်ပူပန်မှု၊စိတ်လှုပ်ရှားမှုတွေနဲ့ပေါ့။ ဒါပေမယ့် သိထားရမှာကအစပိုင်းမှာအခက်အခဲရှိနိုင်တယ်ဆိုပေမယ့် ကလေးအတွက်ရော၊ ကိုယ့်အတွက်ပါ စိတ်ရှည်ဖို့လိုပါတယ်။ မိခင်နို့ မဖြစ်မနေတိုက်ဖို့လိုလား မိခင်နို့တိုက်ခြင်းကကလေးအတွက်ရောမိခင်အတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာသုတေသနတွေကသက်သေပြပြီးဖြစ်ပါတယ်။ မိခင်နို့မှာသဘာဝအလျောက် ပဋိပစ္စည်းတွေပါဝင်ပြီးဖြစ်သလို ကလေးရဲ့ပထမခြောက်လအတွင်းလိုအပ်သမျှ အာဟာရဓါတ်တွေအကုန်ပါရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေမှာအစားအစာဓါတ်မတည့်မှုနဲ့ ကိုယ်အလေးချိန်များခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ သုတေသနအသစ်တွေကဖော်ပြထားပါတယ်။ ကလေးနို့မှုန့်တွေကိုမိခင်နို့အစားတိုက်ကျွေးလို့ရတယ်ဆိုပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ မိခင်နို့ကကလေးအတွက်အကောင်းဆုံးလို့ လက်ခံယူဆကြပါတယ်။ မိခင်အတွက်ဆိုလည်းကလေးကိုနို့တိုက်ကျွေးခြင်းဖြင့် သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာကိုကာကွယ်နိုင်ပါတယ်။ ကလေးကိုနို့တိုက်ကျွေးတဲ့အခါ သားအမိကြားကမေတ္တာကြိုးပိုခိုင်မာစေတဲ့အပြင် prolactin နဲ့ oxytocin လို့ခေါ်တဲ့ မိခင်ဟော်မုန်းတွေထွက်ရှိစေပါတယ်။ prolactin က ကလေးမွေးပြီးနောက်ပိုင်းမိခင်မှာစိတ်ခံစားချက်အပြောင်းအလဲဖြစ်ခြင်း(baby blues)ကိုဟန့်တားပေးနိုင်ပြီး oxytocin က မွေးလမ်းကြောင်းအတွက် ကောင်းကျိုးပြုပါတယ်။ နို့တိုက်ကျွေးခြင်းအားဖြင့် မိခင်တွေရဲ့ကိုယ်အလေးချိန်ကိုကိုယ်ဝန်မဆောင်ခင်ကအတိုင်းပြန်ဖြစ်စေဖို့လည်းအထောက်အကူပြုပါတယ်။ နို့တိုက်တယ်ဆိုတာနဲ့ရပြီလား ကလေးကိုမိခင်နို့သောက်သုံးစေချင်ပေမယ့် နို့တိုက်ရတဲ့ကိစ္စကိုမကြိုက်တဲ့မိခင်တွေရှိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှုမို့ နို့ညှစ်ပြီးကလေးကိုနို့ဗူးနဲ့ပြန်တိုက်တာကအဆင်ပြေတယ်ဆိုလည်းလုပ်လို့တော့ရပါတယ်။ မိခင်နို့ကိုကလေးကစို့လိုက်တဲ့အခါ နှိုးဆွမှုကိုဖြစ်စေပြီးနို့ရည်ထွက်လာတာပါ။ နို့ကိုညှစ်ထုတ်တဲ့အခါတော့ နှိုးဆွရခက်ခဲတဲ့အတွက် ကလေးကိုတိုက်ရိုက်နို့မတိုက်တဲ့မိခင်တွေမှာနို့ရည်လမ်းကြောင်းပိတ်ဆို့ခြင်းခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ကလေးကိုရောဂါပိုးမရရှိစေဖို့အတွက် နို့ညှစ်ကိရိယာကိုသန့်စင်ဖို့အရေးကြီးပါသေးတယ်။ ဒါ့ကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့ ဘယ်လိုလုပ်ဆောင်ပေးကြမလဲ

အူဝဲ အူဝဲ ဆိုတဲ့အသံလေးနဲ့ လူ့လောကထဲရောက်ရောက်ချင်းမှာတော့ ဘာကိုမှမသိသေးတဲ့ကလေးတွေပါ။ ဒါပေမယ့် သူတို့တွေရဲ့ဦးနှောက်က အမေ့ဝမ်းထဲမှာတည်းက အချိန်နဲ့အမျှဖွံ့ဖြိုးလာခဲ့တာဖြစ်ပြီး အရွယ်ရောက်တဲ့အခါ ဉာဏ်ရည်မြင့်စေဖို့ အခုချိန်က အခြေခံဖြစ်ပါတယ်။ မွေးလာပြီး မျက်စိပွင့်ကတည်းက သူ့ရဲ့ကမ္ဘာသစ်ကို ကလေးက စူးစမ်းတော့မှာပါ။ မွေးကင်းစမှာ အလင်းရောင်ရှိတဲ့ဘက်ကို လိုက်ကြည့်တတ်တာ၊ သူနဲ့အနီး စင်တီမီတာ ၂၀ လောက်အကွာမှာရှိတဲ့ အရာဝတ္ထုတွေကို အာရုံစိုက်ကြည့်နိုင်တာ၊ သေချာမမှတ်မိသေးပေမယ့် မျက်နှာကိုပဲ သေချာကြည့်တတ်တာတွေနဲ့ အမြင်အာရုံစတင်ဖွံ့ဖြိုးလာပါတယ်။ ကလေးတွေရဲ့ပထမဆုံးဖွံ့ဖြိုးမှုအဆင့်ဖြစ်တဲ့ အသက် တစ်လကနေသုံးလအတွင်းမှာ ပြင်ပလောကမှာ နေထိုင်ကျင့်သားရဖို့အတွက် ခန္ဓါကိုယ်ရော ဦးနှောက်ရောပြောင်းလဲဖွံ့ဖြိုးလာပါတယ်။ပြုံးတတ်ရယ်တတ်လာမယ်၊ လှမ်းခေါ်ရင်သိလာမယ်၊ မျက်နှာတွေရင်းနှီးပြီး လူတွေမှတ်မိလာမယ်၊ နာမည်လေးခေါ်ရင် သိလာမယ်၊ အရာဝတ္ထုတွေကို လက်နဲ့ဆုပ်ကိုင်တတ်လာမယ်၊ စသည်ဖြင့် တိုးတက်မှုတွေက အများကြီးပါ။ ကလေးတွေရဲ့ဦးနှောက်က ဖွံ့ဖြိုးဆဲကာလဖြစ်တဲ့အတွက် မျက်စိကမြင်သမျှနဲ့ ဦးနှောက်ကသိနိုင်စွမ်း အပြည့်အဝမချိတ်ဆက်နိုင်သေးပါဘူး။ ချိတ်ဆက်မှုကောင်းမွန်မှ ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ကျန်းမာဖွံ့ဖြိုးမှုတွေရလဒ်ကောင်းစေနိုင်မှာဖြစ်ပါတယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

Mastitis (နို့နာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Mastitis (နို့နာ ) ကဘာလဲ။ နို့နာ ဆိုတာ နို့တိုက်မိခင်တွေ ရဲ့ ရင်သားမှာ နီရဲ နာကျင်နေပြီး ဖျားချင်သလိုလို မအီမသာ ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ မီးဖွားပြီး ၆ ပတ်အတွင်းမှာ အများဆုံး ဖြစ်တတ်ပါတယ်။ Mastitis (နို့နာ ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ရှောင်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်သိချင်တာတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။   လက္ခဏာများMastitis (နို့နာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရင်သားကို ထိလိုက်ရင် နွေးနေပြီး နူးညံ့နေတတ်ပါတယ်။ ဖျားချင်သလိုလို ခံစားနေရပါမယ်။ ရင်သားရောင်ရမ်းနေပါမယ်။ နို့တိုက်နေတဲ့ အချိန်မှာ ဆက်တိုက် ဆိုသလို ပူလောင်နာကျင်တာကို ခံစားနေရပါမယ်။ အရေပြားတွေ နီရဲနေပြီး ပုံစံက ခပ်ချွန်ချွန် ဖြစ်နေပါမယ်။ အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက် (၃၈.၃ ဒီဂရီဆဲလ်စီးယပ်စ်) ထက် မြင့်နေပါမယ်။   နို့နာဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် လုပ်ပေးနိုင်မယ့် ပုံပြင်ပြောပြခြင်း

သင်ရောသင့်ကလေးရောနဲ့ရင်းနှီးကျွမ်းဝင်သူတစ်ယောက်သေဆုံးတဲ့အခါမှာ ဝမ်းနည်းကြေကွဲမှုပူဆွေးသောကရောက်ခြင်းက ဓမ္မတာပဲဖြစ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးခံစားနေရာတာကို ကြည့်ဖို့ခက်ပါတယ်။ သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် မလုပ်ပေးနိုင်ပေမယ့် ပုံပြင်ပြောပြခြင်းကနေ သင့်ကလေးကိုဆုံးရှုံးမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်အောင်နဲ့ ဒူပေဒါပေခံနိုင်အောင် ကူညီပေးနိုင်ပါတယ်။   ပုံပြင်ပြောပြခြင်းက ဘာကြောင့်အထောက်အကူဖြစ်လဲ။ စားရေးတဲ့စနစ်မပေါ်ပေါက်သေးခင်က ပုံပြင်ပြောခြင်းက လူ့အဖွဲ့အစည်းကိုပိုပြီးရင်းနှီးကျွမ်းဝင်လာအောင် အခြားအဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်တွေမျှဝေပေးနိုင်တဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ အခြားသူတွေကို ပုံပြင်တွေကိုပြောပြပေးခြင်းဖြင့် လူမျိုးစုတွေအားလုံးရဲ့ယဉ်ကျေးမှု၊ ဘဝသင်ခန်းစာနဲ့ ပညာရေးကိုမျှဝေပေးနိုင်ပါတယ်။ သင့်ကလေးပူဆွေးသောကရောက်နေချိန်မှာ တိတ်ဆိတ်နေလေ့ရှိပါတယ်။ သင့်ကလေးက သူခံစားရတာကိုပြောပြဖို့ သင့်တင့်တဲ့စကားလုံးရွေးချယ်ဖို့ ခက်နေတာမျိုးလည်းဖြစ်နိုင်ပြီး သူတို့ဘာခံစားနေရတယ်ဆိုတာ မသိတာလည်းဖြစ်နိုင်ပါတယ်။ ပုံပြောခြင်းက သူတို့ခံစားချက်တွေပွင့်ကျလာစေပြီး ကလေးရဲ့ခံစားချက်ကိုတဖြည်းဖြည်းချင်းလေ့လာပြီး အဖြေရှာနိုင်ပါတယ်။   ပုံပြောခြင်းက ဘယ်လိုအထေက်အကူပေးလဲ။ ပုံပြောခြင်းဘယ်လိုအထောက်အကူပြုလဲဆိုတာနဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့်ရှင်းပြထားပါတယ်။ ပုံပြောခြင်းက ကလေးရဲ့ခံစားချက်ပွင့်ကျလာဖို့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပုံပြောခြင်းက ဒေါသထွက်ခြငး၊ ဝမ်နည်းခြင်း၊ သိမ်ငယ်ခြင်း၊ အပြစ်မကင်းသလိုခံစားရခြင်း အရှက်ရခြင်းစတဲ့ခံစားချက်တွေကို ဖွင့်ပြောနိုင်အောင် ကူညီပေးပါတယ်။ သင်္ကေတဘာသာကိုအသုံးပြုပြိး ရောဂါခံစားနေရတဲ့အကြောင်းဒါမှမဟုတ် သူတို့ကိုယ်တိုင်အကြောင်းတွေကို တိုက်ရိုက်ပြောပြခိုင်းခြင်းထက် သူတို့ရဲ့စိတ်ခံစားချက်၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကိုဖော်ပြစေခြင်းက သင့်ကလေးကို ပိုပြီးလွယ်ကူစေနိုင်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ

ယနေ့ခေတ်တွင် စုံတွဲအများစုသည် ကလေးတစ်ယောက်ပဲမွေးဖို့ ရွေးချယ်လာကြသည်။ ထိုသို့ဆုံးဖြတ်ခြင်းသည် မိဘများ၏ တစ်ကိုယ်ကောင်းဆန်မှုလား။ သူတို့မှားသည်၊မှန်သည်ကို ဝေဖန်ဖို့ ခက်ခဲပါသည်။ ဤဆောင်းပါးတွင် မိဘများဘာကြောင့် ကလေးတစ်ယောက်တည်း မွေးဖို့ ဆုံးဖြတ်ကြသလဲဆိုသော အကြောင်းရင်းအချို့ကို သင်ရှာတွေ့ပါလိမ့်မည်။ သင်လည်း အလားတူအတွေးမျိုး ရှိကောင်းရှိနေနိုင်ပါသည်။   ပိုပြီး အဓိပ္ပါယ်ပြည့်စုံသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခြင်း ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် လူတိုင်းအတွက် အရေးပါသော အရာတစ်ခုဖြစ်သည်။ အခြားကလေးများသည် ဆော့ကစားဖို့ မောင်နှမများရှိကြစဉ် တစ်ဦးတည်းသော သင့်ကလေးများသည် သွေးသားရင်းချာမဟုတ်သော သူငယ်ချင်းများစွာကို တွေ့ရှိပြီး သူတို့၏ မောင်နှမ ဖြစ်လိုစိတ်ရှိလာသည်။ တစ်ခါတစ်ရံတွင် ထို သူငယ်ချင်း ဆက်ဆံရေးသည် ပိုမိုလေးနက်လာပြီး ဂရုစိုက်မှုပိုရှိလာသည်။ ထိုအခွင့်အရေးသည် အခြားကလေးများမှာ မရှိသော သိသာသည့် ရင့်ကျက်မှုတစ်ခု ဖွံ့ဖြိုးဖို့ အခွင့်အရေးဖြစ်သည်။   အိမ်တွင် သာတူညီမျှမှုကို ခံစားရခြင်း တစ်ဦးတည်းသော ကလေး၏ မိဘဖြစ်ရခြင်းသည် သူတို့လေးတွေ၏ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ဘာကြောင့် အတင်းအကြပ် မတောင်းပန်ခိုင်းသင့်သလဲ

အသေးအဖွဲကိစ္စလေးများနှင့် စကားများရန်ဖြစ်ခြင်းသည် ကလေးများကြားတွင် ဖြစ်နေကျဖြစ်သည်။ အချို့အခြေအနေများတွင်တော့ တစ်ယောက်နှင့် တစ်ယောက် တွန်းထိုး၊ ရိုက်ပုတ်၊ ဆွဲဆိတ်ခြင်းလိုမျိုး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းမျိုးအထိ ဖြစ်နိုင်ပါသည်။ မိဘများသည် ကလေးများ၏ အချင်းပွားရန်ဖြစ်သည့် ကိစ္စကို သိပြီဆိုသည်နှင့် ရန်စသော ကလေးကို တောင်းပန်စကား အတင်းဆိုခိုင်းကြသည်။ ကလေးသည် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အတင်းအကြပ် တောင်းပန်စေသည်။ Laura Markham သည် ကလေး စိတ်ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ငြိမ်းချမ်းသော မိဘနှင့် ပျော်ရွှင်သော မောင်နှမများ၊ ရန်ဖြစ်မှုများကို တားဆီးပြီး ဘဝအတွက် မိတ်ဆွေဘယ်လိုဖွဲ့ရမလဲဆိုသော စာအုပ်ကို ရေးသားသူလည်း ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သူမက တောင်းပန်စကားဆိုခြင်းသည် ကြင်နာသော စကားလုံးတစ်ခုတော့ အမြဲတမ်းမဟုတ်ပါ ဟု ဆိုသည်။ ပိုအရေးကြီးသောအချက်က ထိုသို့ အတင်းအကြပ် တောင်းပန်ရခြင်းသည် သင့်ကလေးကို […]


ကလေးငယ်

သင့်ကလေးကို ဘာလို့ ငါးကြီးဆီတိုက်ကျွေးသင့်သလဲ

သင့်ကလေးဟာ အဆီများများပါတဲ့ ငါးတွေ (ဥပမာ ဆယ်လ်မွန်ငါး၊ဆာဒင်းငါး စသည်)ကို တစ်ပတ်နှစ်ခါလောက်တောင် မစားချင်ဖူးဆိုရင် သူတို့ကို ငါးကြီးဆီ နေ့စဉ်တိုက်ကျွေးသင့်ပါတယ်။ ကလေးတွေက ငါးကြီးဆီ ဘာလို့စားသင့်သလဲ။ ငါးကြီးဆီမှာ ပါဝင်တဲ့ omega-3 fatty acid (အထူးသဖြင့် DHA နဲ့EPA)တွေဟာ ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။ ရေအေးမှာနေတဲ့ ငါးတွေ (တစ်နည်းပြောရရင် အဆီများတဲ့ငါးတွေ)မှာ omega-3 fatty acid တွေ ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ကလေးတွေအနေနဲ့ အာဟာရဓာတ်တွေကို အစားအစာကနေ ရယူတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေစားတဲ့ ငါးတွေဟာ လုံလောက်တဲ့ omega-3 fatty acid ပမာဏကို ပေးနိုင်ချင်မှ ပေးနိုင်ပါလိမ့်မယ် (အထူးသဖြင့် မာကျူရီဓာတ်မြင့်မားစွာ ပါဝင်တဲ့ငါးတွေကို […]


ကလေးငယ်အာဟာရ

ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ

ကလေးတွေမှာ လုံလောက်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်ဖို့နဲ့ အသက်ကြီးလာတဲ့အခါ ဓာတ်မတည့်ခြင်းတွေကို မခံစားရစေဖို့အတွက် သူတို့လေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျိုးမျိုးသော အစားအစာတွေ ကျွေးရမှာ မိဘတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်အနည်းငယ်တော့ ရှိနေပါတယ်။flavonoids ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အင်မ်ဇိုင်းတွေ အများအပြားပါဝင်တဲ့ ပျားရည် ဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော အစားအစာတွေထဲက တစ်ခုလို့ပြောရင် လုံးဝမမှားပါဘူး။ ဒါဆိုရင် ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ။ ကလေးတွေနဲ့ ပျားရည် ဘာလို့ မတည့်တာလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နဲ့ အမေရိကန် ကလေးဆရာဝန်များ အစည်းအရုံးရဲ့ အဆိုအရ ကလေးအသက် ၁၂လ ပြည့်တဲ့အထိ ပျားရည် ပုံစံအားလုံး (ချောင်းဆိုးသက်သာစေတဲ့ ဆေးတွေမှာ ပါတာပဲဖြစ်ဖြစ်၊ ပေါင်မုန့်၊ ကိတ်မုန့် […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ် စတိုက်နိုင်ပြီလဲ

ကလေးအများစုအနေနဲ့ အဖတ် စစားနိုင်တဲ့ အရွယ် (အသက် ခြောက်လနောက်ပိုင်း)မှာ ဒိန်ချဉ် ကို စသောက်နိုင်ပါပြီ။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေအပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာမို့ ကလေးအတွက် ရွေးချယ်သင့်တဲ့ ကနဦးအစားအစာ တစ်မျိုး ဖြစ်ပါတယ်။ အချိုဓာတ်လုံးဝမပါဘဲ ပိုးသတ်ပြီးသား နွားနို့စစ်စစ်က ထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ကို ကျွေးတာတော့ အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။ အချိုဓာတ်လုံးဝမပါဘဲ နွားနို့စစ်စစ်ကနေ ပြုလုပ်ထားတဲ့ ဒိန်ချဉ် ကို သောက်ဖို့ ဘာလို့လိုအပ်တာလဲ။ ကလေးတွေ ကြိုက်အောင် အနံ့အရသာတွေထည့်ထားတဲ့ ဒါမှမဟုတ် သစ်သီးလေးတွေပါတဲ့ ဒိန်ချဉ်တွေ (ကလေးများအတွက်လို့ တံဆိပ်ကပ်ထားပေမယ့်) အားလုံးနီးပါးဟာ ဆေးသကြားတွေ ပါဝင်နိုင်တဲ့အတွက် သွားပိုးစားခြင်းနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘာအချိုဓာတ်မှမပါတဲ့ ဒိန်ချဉ်ဟာ ဆေးသကြားတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးများကို နို့ဖြတ်ချိန်တွင် မိခင်များသည် မည်သည့်အရာများကို စဉ်းစားချင့်ချိန်ရပါသလဲ

ကလေးများကို နို့ဖြတ်ရန် ဆုံးဖြတ်ချက်သည် မိခင်အချို့အဖို့ ဆုံးဖြတ်ရန် လွယ်ကူသော်လည်း အများစုသည် ခက်ခဲကြပါသည်။ နို့ဖြတ်ခြင်းသည် အချိန်ကာလတစ်ခု၏ အဆုံးသတ်ဖြစ်သကဲ့သို့ နောက်ထပ် အချိန်ကာလတစ်ခု၏ အစလည်းဖြစ်ပါသည်။ နို့ဖြတ်ချိန်တွင် င့်ကလေးသည် မိခင်နို့အပြင် အခြားသော အစားအစာများမဇှ အာဟာရများကို စတင်မှီဝဲရချိန်လည်းဖြစ်သောကြောင့် ထိုအချိန်တွင် မိခင်များအနေနှင့် စိုးရိမ်ပူပန်မှုများရှိနေနိုင်ပါသည်။ ယခုဆောင်းပါးသည် မိခင်များအတွက် ကလေးအားနို့ဖြတ်ချိန်တွင် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ချနိုင်စေရန် ကူညီပေးပါလိမ့်မည်။   ဘယ်အချိန်မှာ စပြီး နို့ဖြတ်သင့်သလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်ရှိ ကလေးကျန်းမာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ကလေးများသည် အသက် ၁ နှစ်အထိ မိခင်နို့သောက်သုံးသင့်ပါသည်ဟု ဆိုပါသည်။ သို့သော် ကလေးများသည် အရွယ်အမျိုးမျိုးတွင် နို့ဖြတ်ဖို့ အချိန်ကျရောက်တတ်ကြကြောင်း တွေ့ရပါသည်။ အချို့ကလေးများသည် ၁၈ လတွင် နို့ဖြတ်ပြီး အချို့သည် ၂ နှစ်မှ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း