ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိစေမယ့်အချက် ၉ချက်

နို့်တိုက်ခြင်းဆိုတာ ကလေးတွေအတွက်ကောင်းတယ်ဆိုတာ သိကြပါတယ်။ မိခင်နို့ဆိုတာ ကလေးအတွက် အာဟာရအကုန်ပြည့်စုံပြီး မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ အပူချိန်မှာ တစ်ခါတည်းတိုက်ကျွေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။ နို့တိုက်ခြင်းဆိုတာ မိခင်တွေအတွက် သဘာဝကပေးတဲ့လက်ဆောင်တစ်ခုပါပဲ။ မိခင်ကလေးမွေးပြီးချိန်မှာ နို့တိုက်ခြင်းကြောင့် မိခင်ကရရှိတဲ့အကျိုးကျေးဇူးတွေအများကြီးပါပဲ။ မိခင်က သူ့မွေးစကလေးလေးကိုနို့တိုက်ခြင်းက ရတဲ့ ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊စိတ်ကျေနပ်မှုတို့အပြင် အောက်ကပြောပြမယ့်အကျိုးကျေးဇူးတွေကလည်း ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အချက်တွေပါ။   မျိုးပွားအင်္ဂါနဲ့ဆိုင်သော ကင်ဆာများ အခုလက်ရှိ လေ့လာထားတဲ့ အချက်အလက်တွေအရ ကလေးကို မိခင်နို့ ၆လနဲ့ ၆လအထက် တိုက်ကျွေးခြင်းကြောင့် အန္တရာယ်ရှိအချက်တွေကို လျှော့ချလို့ရပါတယ်။ ကလေးကို နို့တိုက်ခြင်းကြောင့် သားဥအိမ်ကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ဖြစ်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သားဥကြွေခြင်းနဲ့ သားဥကြွေစေတဲ့ ဟော်မုန်းကို ဖိနှိပ်ထားလို့ကင်ဆာဖြစ်စေနိုင်တဲ့ အခြေအနေကို နည်းစေပါတယ်။ ကင်ဆာဖြစ်ရခြင်းတွေမှာ အဲ့ဒီ သားဥကြွေခြင်းကလည်း အဓိက နေရာကပါဝင်ဆောင်ရွက်နေလို့ဖြစ်ပါတယ်။ မိခင်နို့မတိုက်တဲ့ အမေတွေ ဒါမှမဟုတ် သုံးလအောက်ထိပဲ နို့တိုက်တဲ့မိခင်တွေ နောက်ပြီး ၄လမှ ၁၂လအထိ နို့တိုက်တဲ့မိခင် တွေမှာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများ

မိခင်နို့ တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်အတွက် မရှိမဖြစ်လိုအပ်သော အစာအာဟာရများကို ဖြည့်တင်းပေးသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့အပြင် မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်အတွက် သိသာထင်ရှားသော ကျန်းမာရေးကောင်းကျိုးများစွာ ပေးစွမ်းပါသည်။ သိပ္ပံနည်းကျစစ်ဆေးချက်များအရ မွေးခါစပထမ ၆ လတွင် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးအတွက် အကောင်းဆုံးဖြစ်သည်။ ဒီအချိန်ကျော်လွန်သွားပြီးလျှင် ကလေးငယ်ကို ဖြည့်စွက်စာ စတင်ကျွေးရမည် ဖြစ်ပြီး မိခင်နို့တိုက်ကျွေးခြင်းကို ၂ နှစ် ထက်ပို၍ တိုက်ကျွေးနိုင်သည်။ ရင်သွေးအတွက် မိခင်နို့ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးတွေက ဘာလဲ မိခင်နို့တွင် ရင်သွေးငယ်ရင်သန်ကြီးထွားရန် အာဟာရဓါတ် အလုံအလောက်ပါရှိသည်။ မိခင်နို့သည် ဗီတာမင်၊ ပရိုတင်း(အသားဓါတ်) နှင့် အဆီဓါတ်များ အပြည့်စုံဆုံးနီးပါး ပေါင်းစပ်ပါဝင်သည်။ ပါဝင်သော အစာအာဟာရအားလုံးသည် ကလေးဖြည့်စွက်စာဖော်မြူလာများနှင့် နှိုင်းယှဉ်လျှင် ပို၍ အစာကြေလွယ်နိုင်သည်။ မိခင်နို့တွင် ဗိုင်းရပ်စ် နှင့် ဘတ်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးနိုင်သော ခုခံအားကောင်းစေသည့် […]


ကလေးငယ်အာဟာရ

သင့်ကလေးရဲ့ အသက်တစ်နှစ်အောက်မှာ ရှောင်ရှားသင့်တဲ့ အစားအစာ၇မျိုး

သင့်ရဲ့ကလေးကို အစားအစာအမာတွေ စတင်ကျွေးတော့မယ့်အချိန်မျိုးမှာ သင့်ကလေးရဲ့ စားသောက်စာရင်းထဲမှာမထည့်သင့်တဲ့ တချို့အစားအစာ ပုံစံတွေရှိပါတယ်။ သင်က သင့်ကလေးလေးအတွက် လူကြီးစားသလိုအစားတွေကို ကျွေးချင်နေပါလိမ့်မယ် ဒါပေမယ့် တချို့သောအစားအစာတွေက သူတို့ရဲ့ အစာခြေစနစ်ကိုအနှောင့်အယှက်ဖြစ်စေပြီး တစ်ခါတလေမှာ လည်ပင်းမှာတစ်နေ နင်နေတတ်တာမျိုးဖြစ်တတ်ပါတယ်။ သင့်ကလေးကိုမကျွေးသင့်တဲ့အစားအစာ ၇ မျိုးအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုပေးပါ။ ပျားရည် ပျားရည်ဟာ အရသာရှိတယ် အာဟာရဓာတ်တွေပြည့်နေတယ်ဆိုပေမယ့် ကလေးရဲ့စားသောက်စာရင်းထဲအတွက်ဆိုရင်တော့ အဆိပ်အတောက်ဖြစ်စေတတ်ပါတယ်။ ပျားရည်ထဲမှာ Clostridium botulinumလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေပါနေတတ်ပါတယ်။၎င်းက ဘောကျူလစ်ဇင်လို့ခေါ်တဲ့ရောဂါရဲ့ လက်သည်ပါပဲ။ အသက်တစ်နှစ်အောက်ငယ်တဲ့ကလေးတွေရဲ့ အူလမ်းကြောင်းဟာ အားနည်းနေသေးတာကြောင့် ပျားရည်ထဲမှာပါတဲ့ ဒီဘက်တီးရီးယားပိုးမွှားတွေကို မတားဆီးနိုင်တာ၊ ပြန်မတိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဘောကျူလစ်ဇင်ဆိုတာ ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း ကလေးတွေကို သေတဲ့ထိဖြစ်စေတာမျိုးတော့ရှားပါတယ်။ ဒါပေမယ့် ကလေးတွေမှာ အစားအသောက်ပျက်တာမျိုး နို့သိပ်မစို့တာမျိုး ဝမ်းချုပ်တာမျိုး ရေဓာတ်ခမ်းခြောက်တာမျိုးတို့ဖြစ်တတ်ပါတယ်။ နွားနို့နှင့် ပဲနို့များ နွားနို့နဲ့ပဲနို့တွေထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါပေမယ့် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည်နှင့် ကြီးထွားဖွံ့ဖြိုးရာတွင် အရေးပါပုံ

ကလေးများအတွက် မိခင်နို့သည် အကောင်းဆုံးအဟာရ ရင်းမြစ်ဖြစ်ကြောင့် ကျွန်တော်တို့အားလုံး သိထားပြီးသာပင်။ မိခင်နို့သည် ကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးရန်အတွက် အပြည့်စုံဆုံး အာရဟာပင်ဖြစ်သည်။ မိခင်နို့တွင် မွေးကင်းစများအတွက် လိုအပ်သော အာဟာရများ ရောဂါများ ကူးစက်ပိုးများဒဏ်မှ ကာကွယ်ပေးနိုင်သော ပစ္စည်းများ ပါဝင်ပါသည်။ နို့ဦးရည်ဆိုတာဘာလဲ။ နို့ဦးရည်သည် နို့တိုက်သတ္တဝါများ၏ ကိုယ်ဝန်နောက်ဆုံးကာလများ၌ နို့ဂလင်းများမှထုတ်လုပ်သော နို့ပုံစံတစ်မျိုးဖြစ်သည်။ မျိုးစိတ်အများစု၌ နို့ဦးရည်သည် မီးမဖွားခင် ထွက်လာလေ့ရှိသည်။ နို့ဦးရည်တွင် မွေးကင်းစကလေးအား ရောဂါများမှကာကွယ်ပေးနိုင်မည့် ပဋိပစ္စည်းများ ပါ၏။ ယေဘုယျအားဖြင့် နို့ဦးရည်တွင်ပါသော ပရိုတင်းပမာဏမှာ သာမန်နို့ထက် မြင့်မားစွာပါရှိသည်။ အဆီပါဝင်နှုန်းသည်လည်း တစ်ချို့သောမျိုးစိတ်များတွင် ပိုမြင့်လေ့ရှိပါသည်။ အထူးသဖြင့် သိုးနှင့် မြင်းများ။ တစ်ချို့တွင်တော့ ပုံမှန်နို့ထက် အဆီပါဝင်နှုန်း နည်း၏။ ဥပမာ လူနှင့် လားများ။ ဝက်များ၌ မွေးဖွားပြီး ၄၈ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကိုချစ်ရင် မနမ်းပါနဲ့

ချစ်လိုက်တာနော်။ အသည်းယားလာပြီ အာဘွားတွေလှိမ့်ပေးပစ်လိုက်မယ်ဆိုတာကို စကားအဖြစ်နဲ့ပဲပြောပါနော်။ ဘေဘီလေးကို တကယ်မနမ်းပါနဲ့။ ကလေးကိုနမ်းတာက ချစ်လို့လုပ်တဲ့ အပြုအမူဆိုပေမယ့် ကလေးကို ချစ်ရာမရောက်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးကနေတဆင့်ပြောချင်တာက ကလေးကို ကိုယ်တိုင်ရော သူစိမ်းတွေကနမ်းတာမျိုး မဖြစ်အောင်ပါ ဂရုစိုက်ပါနော်။ ဘေဘီလေးကိုနမ်းမလို့လား...... မနမ်းပါနဲ့.......... ကလေးကိုချစ်လို့နမ်းတာပဲလေ ဘာမှမဖြစ်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ အနမ်းတစ်ချက်က ကလေးကို အသက်အန္တရာယ်ထိခိုက်တာအထိဖြစ်စေနိုင်ပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အခုနောက်ပိုင်းကာလတွေမှာရောဂါတွေက ဆန်းပြားလာသလို တံတွေး၊ချွေးတို့ကနေတဆင့်လည်း အလွယ်တကူကူးစက်နိုင်ပါတယ်နော်။ဘေဘီလေးတွေက ကိုယ်ခံအားနည်းကြသလို နုနယ်လွန်းသေးတာကြောင့်ရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိသေးတာမို့မေမေဖေဖေတို့က အစစအရာရာသတိထားပေးဖို့လိုမှာပါနော်။ ကလေးကိုမနမ်းခိုင်းရတဲ့အကြောင်းအရင်းတွေကတော့ အနမ်းကနေတဆင့် ကလေးကိုရောဂါပေးလိုက်မိသလိုဖြစ်မှာကြောင့်ပါနော်။ ကလေးကိုနမ်းရင် ဘာတွေဖြစ်နိုင်လဲ ကလေးကို ချစ်လို့ပွေ့ချီရာကနေ နမ်းလိုက်မယ်ဆိုရင် ကလေးမှာရောဂါတွေကူးစက်သွားနိုင်မှာပါ။ အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေဆီအထိရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်နော်။ ရေယုန် ရေယုန်ပိုးရှိတဲ့လူကြီးတစ်ယောက်က ကလေးကိုနမ်းမိလိုက်မယ်ဆိုရင် ကလေးမှာရေယုန်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်တောင်မသိလိုက်ရဘဲ ကလေးကိုရေယုန်ဖြစ်စေတဲ့ ပိုးကူးစက်သွားနိုင်ပါတယ်နော်။ ခံတွင်းအနာတွေ ကလေးကိုနမ်းတဲ့အခါ အထူးသတိထားသင့်တာတစ်ခုက ကလေးနှုတ်ခမ်းကို မနမ်းမိစေဖို့ပါ။ ခံတွင်းမျာ အနာရှိနေသူတစ်ယောက်ယောက်က ကလေးနှုတ်ခမ်းကို နမ်းလိုက်မိမယ်ဆိုရင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ရင်သွေးငယ်လေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ခဲ့ရင် ဘယ်လိုပြုစုမလဲ

ရာသီဥတုအပြောင်းအလဲမှာ သားသားမီးမီးလေးတွေ အအေးမိ၊ တုပ်ကွေး ဖြစ်မှာကို စိုးရိမ်တဲ့စိတ်မိဘတိုင်းမှာရှိမှာပါ။ ကလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါမေမေတို့အတွက် လူရောစိတ်ပါပင်ပန်းစေမှာ အမှန်ပါ။ သားဦးမိခင်တွေဆို ပိုတောင်ဆိုးပါတယ်။ သားဦးသမီးဦးကလည်းဖြစ် ကိုယ်တိုင်ကလည်း အတွေ့အကြုံမရှိလို့ ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နေနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မိခင်တိုင်းအတွက် အသုံးတည့်စေမယ့် အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ သားသားမီးမီးလေးတွေကိုစောင့်ရှောက်နည်းပြောပြပေးထားပါတယ်။ ကလေးကအအေးမိဖျားနာတာဆိုရင် ကလေးမှာ အအေးမိဖျားနာဖြစ်တဲ့အခါ ကိုယ်နွေးနွေးလေးဖြစ်နေပြီး မအီမသာနဲ့ဂျီကျနေတတ်ပါတယ်။ ငယ်တဲ့ကလေးတွေမှာဆိုရင် ပိုတောင်ဆိုးပါမယ်။ သူတို့လေးတွေက ခံစားရတာကို မပြောနိုင်တဲ့အခါ ငိုတာ ဒါမှမဟုတ် အမူအရာတွေနဲ့ဖော်ပြတာမျိုးလုပ်ပြတတ်ကြပါတယ်။ ဒါကြောင့် ကလေးကအအေးမိဖျားနာနေပြီဆိုရင် - ကလေးကို အနားယူခိုင်းပါ - အနားယူတာက ကလေးရဲ့ ခန္ဓါကိုယ်မှာ ခွန်အားပြည့်လာစေပြီးရောဂါပိုးတွေကိုတုံ့ပြန်နိုင်စွမ်းကောင်းလာစေမှာ အသေအချာပါ။ ကလေးကကျောင်းနေအရွယ်မျိုးဖြစ်နေပြီဆိုရင် ကလေးကိုကျောင်းကိုမလွှတ်ဘဲနေအိမ်မှာဘဲ အနားယူခိုင်းပါ။ အရည်များများတိုက်ပါ - အရည်များများသောက်တာက အဖျားကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကလေးကအော့အန်တာ၊ဝမ်းသွားတာတွေပါဖြစ်နေမယ်ဆိုရင်တော့ ကလေးကို အရည်များများတိုက်ပေးဖို့ပိုလိုပါမယ်။ စိုထိုင်းမှုထိန်းစက်အသုံးပြုပေးပါ -အအေးမိဖျားနာဖြစ်တဲ့အခါ ကလေးငယ်မှာ နှာခေါင်းပိတ်တာနဲ့လည်ချောင်းနာတာတွေပါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ

ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ သားအချစ် မြေးအနှစ် ဆိုတာနဲ့အညီ မိမိတို့ရဲ့ ချစ်လှစွာသော သားသမီးတွေကနေ မွေးဖွားလာတဲ့ မြေးကလေးတွေဟာ ဖိုးဖိုးဖွားဖွားတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်တာနဲ့အညီ သူတို့လေးတွေ မွေးဖွားလာပြီဆိုတာနဲ့ ကလေးကျန်းမာရေး၊မိခင်ကျန်းမာရေးက အစပြုလို့ ဖိုးဖိုးဖွားဖွားတွေဟာ အားလုံးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့အတွက် သူတို့သိထားသမျှ မှန်တယ်၊ကောင်းတယ်လို့ ထင်တဲ့ အရာတွေကို သမီး/ချွေးမ ဖြစ်သူနဲ့ မြေးဖြစ်သူကို ပြုလုပ်ပေးပါတော့တယ်။ ဇာတ်လမ်းက ဒီမှာ စတာပါပဲ၊တချို့တချို့သော ရှေးရိုးစွဲ ဖိုးဖိုးဖွားဖွားတွေရဲ့ အယူအဆတွေဟာ ခေတ်မီသိပ္ပံပညာ၊ဆေးပညာရဲ့ အယူအဆတွေနဲ့ လွဲနေတတ်ပြီး မွေးကင်းစကလေးအပေါ်ကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့်တော့ နယ်ဖက်က မြို့နက်ဆေးရုံ၊တိုက်နယ်ဆေးရုံတွေမှာ အတွေ့ရများတတ်တယ်လို့ စစ်ကိုင်းဆေးရုံက ကလေးအထူးကုဆရာဝန်တဦးက ဆိုပါတယ်။   ၁။ ခေါင်းရိတ်ခြင်း ကလေးမွေးပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သားသားမီးမီးလေးတွေရဲ့ လမ်းပြကြယ်က မေမေပါ

၉ လလုံးလုံး သားအိမ်ထဲမှာနေရင်း အခြားသူတစ်ယောက်ရဲ့ စားသုံးတဲ့အစားအသောက်တွေ၊ ကာကွယ်ပေးမှု နဲ့ အနွေးဓါတ်ပေါ်မှာ မှီခိုနေခဲ့တာပါ။ လူတစ်ယောက်အပေါ်မှာမှီခိုနေရင်း အသက်ရှင်ခဲ့ရမှုကနေတဆင့်ပြောပြဖို့မလွယ်တဲ့ သံယောဇဉ်တစ်ခုတည်ဆောက်နိုင် ခဲ့သလို ရိုသေလေးစားချစ်ခင်မှုတွေပေါက်ဖွားလာခဲ့ပါတယ်။ ဒီလိုမှီခိုနေတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးရင်းစောင့်ရှောက်ပေးခဲ့သူက အခြားသူမဟုတ်ပါဘူး မေမေပါ။ ဘဝမှာတွေ့ကြုံရတဲ့ အကောင်းအဆိုးတွေမှန်သမျှကို မျှဝေခံစားပေးတဲ့ အရင်းနှီးဆုံးသူက မိခင်ပါ။ ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးမားဆုံးသူတွေကိုပြပါဆိုရင် မိခင်တွေပဲဖြစ်မှာပါ။ မေမေကတော့ အရွယ်ရောက်ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး တွေ့ဆုံခဲ့ရသူတွေထဲမှာ အနွေးထွေးဆုံးသူပါ။ သားသမီးတွေပျော်ရွှင်နေလား၊ စိတ်ညစ်နေလား၊ အခက်အခဲဖြစ်နေလားဆိုတာနဲ့ နှစ်သိမ့်အားပေးမှုကိုလိုအပ်နေလားဆိုတာကို မပြောဘဲသိရှိနိုင်သူကမေမေတွေပါ။ စိတ်ဓါတ်ကျစရာတွေနဲ့တွေ့တိုင်း နှစ်သိမ့်အားပေးရင်းရှေ့ဆက်လျှောက်ဖို့ အင်အားတွေဆောင်ကြဉ်းပေးတာ လုံခြုံနွေးထွေးမှုကို ခံစားရအောင်လုပ်ဆောင်ပေးနိုင်သူက မေမေအပြင်အခြားမရှိပါဘူး။ အူဝဲလို့အော်ရင်း ငိုယိုပြီး လူ့လောကထဲကို ဝင်လာနိုင်ဖို့ ခက်ခက်ခဲခဲမွေးထုတ်ပေးခဲ့ရသူတွေကမေမေတွေပေါ့။ မွေးဖွားသန့်စင်ပြီးချိန်မှာ ကိုယ့်ကိုနွေးနွေးထွေးထွေးလေးပွေ့ဖက်ပြုစုစောင့်ရှောက်ပေးတဲ့ လက်တစ်စုံ ပိုင်ရှင်ကို ဘယ်သူဘယ်ဝါဆိုတာမသိသေးပေမယ့်မေမေကတော့မွေးလာတဲ့သားသားမီးမီးလေးတွေကို ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပေးတဲ့ လက်ဆောင်အဖြစ်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။ ကိုယ်ကမရင်းနှီးပေမယ့် […]


ကလေးငယ်အာဟာရ

မုယောစပါးအချိုရည် (malt milk) က ထင်သလောက်ဘေးကင်းရဲ့လား

မုယောစပါးထွက်အားဖြည့်အချိုရည်တွေ (Malk milk) တို့လိုမျိုးသောက်စရာတွေကနေ့စဉ်စားသောက်မှုပုံစံတွေရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်နေရာယူလာကြသလို အာဟာရဖြစ်စေတယ်၊လို့ အများကလက်ခံ ယုံကြည်ထားကြပါတယ်။ အာရှဒေသမှာဆိုရင် malt milkတွေကိုတော်တော်လေးသောက်လာကြတယ်လို့လေ့လာမှုတွေအရသိရပါတယ်။ မိခင်တွေက ကလေးတွေအတွက် ကောင်းကျိုးတွေရှိတယ်ဆိုတဲ့ကြော်ငြာချက်တွေကြောင့် သူတို့ရဲ့ ကလေးတွေကိုဈေးကွက်ထဲက နာမည်ကြီးတဲ့ Malt milkတွေကို စိတ်ချလက်ချတိုက်ကျွေးနေမိမယ်ထင်ပါတယ်။ malt milkတွေကို မကောင်းဘူးလို့ ဆိုချင်တာတော့ မဟုတ်ပါဘူး။ malt milkတွေကို အသင့်အတင့်သောက်သုံးတာက ကျန်မာရေးနဲ့ကိုက်ညီတယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ ကယ်လ်လိုရီတွေ အများကြီးစားသုံးမိသလိုဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပိုများပါလိမ့်မယ်။ ဒါကြောင့် malt milkတွေကို ကလေးတွေကို တိုက်ကျွေးချင်တယ်ဆိုရင် မတိုက်ကျွေးခင်မှာ ကလေးအတွက် သင့်တော်ရဲ့လားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်တာဖြစ်ဖြစ် ဖတ်ရှုလေ့လာတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက် အထောက်အပံ့ပေးတယ်ဆိုပြီး ထုတ်လုပ်ထားတဲ့သောက်စရာတွေက အမှုန့်ပုံစံနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး နို့နဲ့ရောသောက်တာမျိုးဖြစ်ဖြစ်ရေနွေးနဲ့ရောစပ်ပြီးသောက်တာမျိုးဖြစ်ဖြစ်သောက်လို့ရပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ဖြည့်စွက်အာဟာရသောက်စရာတွေကလည်းတော်တော်လေးများတာကြောင့် အကောင်းဆုံးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ပျိုးထောင်ပေးနေတဲ့နည်းလမ်း မှန်ကန်ရဲ့လား

မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်ကြတယ်ဆိုတာ တိုင်းဆမရတဲ့မေတ္တာနဲ့ပါ။ သူတို့လေးတွေ လူ့လောကထဲရောက်လာတည်းက ပိုးမွေးသလိုမွေးခဲ့ရတဲ့ မိဘတိုင်းရဲ့မျက်လုံးထဲတော့ သားသမီးဆိုတာ အမြဲတမ်းကလေးလေးတွေပါပဲ။ ဒါပေမယ့် သဘာဝတရားက ဒီအတိုင်းမနေပါဘူး။ ကလေးတွေက တဖြည်းဖြည်းကြီးပြင်းလာရမှာ သဘာဝပဲမို့ အမြဲပဲ ကလေးလို အလိုလိုက်၊ချော့မြှူပြီးထားလို့မရဘူးဆိုတာ မိဘတွေ သတိချပ်ဖို့လိုပါလိမ့်မယ်။ အနှီးလေးနဲ့ပတ်ထားတဲ့ဘေဘီပိစိအရွယ်ကနေလေးဘက်ထောက်တတ်တဲ့အရွယ်၊ လမ်းလျှောက်တတ်တဲ့အရွယ်၊ကျောင်းတက်ရမယ့်အရွယ် စသည်ဖြင့် ကြီးပြင်းလာတာနဲ့အမျှ သူတို့လေးတွေရဲ့သိတတ်နားလည်မှုတွေကလည်းပြောင်းလဲလာပါတယ်။ ငယ်ရွယ်စဉ်မှာ ဖယောင်းရုပ်လို ပုံသွင်းလို့ရတဲ့အရွယ်မို့ ကလေးတွေကိုအမူအကျင့်ကောင်းတွေရရှိစေဖို့က မိဘတွေရဲ့တာဝန်ပါပဲ။ သွန်သင်မှု၊ ပျိုးထောင်မှုနည်းလမ်းမှန်ကန်မှ ကလေးတွေရဲ့အနာဂတ်လမ်းဖြောင့်ဖြူးအောင်မြင်မှာဖြစ်လို့ ငယ်ရွယ်စဉ်အချိန်က အရေးကြီးဆုံးပါပဲ။ ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့ကအရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှားတွေရှိပါတယ်။ မသိလိုက်ဘဲလုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရောမှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှားတွေကိုကြည့်ရအောင်။ အမှားလုပ်တိုင်း အပြစ်ပြောခြင်း ကလေးတွေအမှားလုပ်တိုင်းအပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း