ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအတွက် ဘေးကင်းတဲ့ ကစားစရာလေးတွေ ဘယ်လိုရွေးမလဲ

ကစားစရာတွေနဲ့ ကလေးတွေဆိုတာ ခွဲထားလို့မရတဲ့ သူငယ်ချင်းတွေပါပဲ။ ကလေးတွေရဲ့ပျော်ရွှင်မှု၊ တက်ကြွမှု၊ ဖွံ့ဖြိုးမှုတွေကို ကစားစရာပစ္စည်းလေးတွေက အထောက်အကူပြုနေသလို ကလေးဘဝရဲ့အမှတ်တရများစွာကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ ကလေးပစ္စည်းအရောင်းဆိုင်တွေရောက်ရင် အသစ်အဆန်းလေးတွေ၊ ကိုယ့်ကလေးကြိုက်လောက်တဲ့ အမျိုးအစားတွေမြင်ရင် ဝယ်ချင်လာကြမှာ မိဘတိုင်းပါပဲ။ဆွေမျိုးတွေနဲ့မိတ်ဆွေတွေကလည်း ကလေးအတွက်ကစားစရာလက်ဆောင်တွေပေးကြမှာပဲ။ သူကလေ အိမ်မှာ ကစားစရာတွေ၊ အရုပ်တွေပုံနေတာ၊ အရုပ်သူဌေး ဆိုပြီး မိဘတွေကပြောတတ်ကြပါတယ်။ ကလေးမှာ ကစားစရာများတိုင်း အကုန်ပေးမကိုင်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေအတွက်ဘေးကင်းစိတ်ချရစေဖို့ အသက်အပိုင်းအခြားအလိုက် ခွဲခြားထားတဲ့ကစားစရာတွေကိုပဲပေးသင့်ပါတယ်။ ဥပမာ ပလတ်စတစ်ဓါးလို အရာမျိုးကို တစ်နှစ်ဝန်းကျင်ကလေးကို မပေးသင့်တာမျိုး။ ကလေးငယ်လေးတွေအတွက် အရေးကြီးဆုံးကဘေးအန္တရာယ်ကင်းကင်းနဲ့ကြီးပြင်းလာဖို့ဖြစ်တဲ့အတွက် ကစားစရာရွေးချယ်ရာမှာလည်း ကလေးနှစ်သက်တာ၊လှတာ၊ဈေးကြီးတာတွေထက်ဘေးကင်းရေးကိုပိုအလေးထားသင့်ပါတယ်။ ဒါဆိုကလေးအတွက် အန္တရာယ်ကင်းတဲ့ကစားစရာဘယ်လိုရွေးရမလဲ။ သိပ်တော့မခက်ပါဘူး။ ဒီအချက်လေးတွေဖတ်ထားရင်ပဲတော်တော်လုံလောက်နေပါပြီ။ ခဲဓါတ်ပါတာတွေရှောင်ပါ ခဲဓါတ်ကို အိမ်သုတ်ဆေးတွေထုတ်လုပ်ရာမှာထည့်သွင်းအသုံးပြုလေ့ရှိပြီး ကလေးကစားစရာတွေမှာတော့ သုံးတဲ့ဆေးရောင်၊ ပလတ်စတစ် ဒါမှမဟုတ် သံသတ္တုတွေမှာပါတဲ့ခဲဓါတ်ကိုတွေ့ရတတ်ပါတယ်။ သတ္တု သို့မဟုတ် ပလတ်စတစ်တွေနဲ့လုပ်တဲ့ အရုပ်ကားလေးတွေ၊ စက်ရုပ်တွေမျိုးကို နည်းနည်းအရွယ်ကြီးလာတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ရေချိုးပေးမယ်

လူ့လောကထဲရောက်လာတဲ့ အဖွဲ့ဝင်အသစ်လေးကို ကြိုဆိုတဲ့နေရာမှာ ဗဟုသုတတွေလေ့လာသင့်သလောက်လေ့လာထားမှတော်ကာကျပါတယ်။ ကိုယ်လုပ်နေကျအတိုင်း ကလေးကို ဖြစ်ကတတ်ဆန်းလုပ်ပေးရင် တကယ်တမ်း တစုံတခုဖြစ်လာတဲ့အခါ ကိုယ်ပဲရင်နာရမှာပါ။ နုနယ်လွန်းတဲ့ ကလေးလေးတွေရဲ့ဝေယျာဝစ္စတွေက လူကြီးတွေနဲ့မတူပါဘူး။ အသေးစိတ်ကအစ အရာရာဂရုစိုက်ရပါတယ်။ ကလေးကိုပြုစုစောင့်ရှောက်တဲ့နေရာမှာ မိဘတွေကသန့်ရှင်းရေးကို အရမ်းဂရုစိုက်ကြပါတယ်။ရောဂါဝင်မှာကြောက်ပြီး ပစ္စည်းတွေသန့်မှ၊ ပတ်ဝန်းကျင်သန့်မှဖြစ်မယ်လို့ လက်ခံထားကြတာပါ။ ကလေးကိုလည်း သန့်ရှင်းနေမှဖြစ်မယ်ဆိုပြီးရေချိုးပေးဖို့ ကြိုးစားကြပါတယ်။ တကယ်တော့မွေးကင်းစအရွယ်တွေကိုရေချိုးပေးဖို့မလိုသေးပါဘူး။ သူတို့ရဲ့အရေပြားက အရမ်းကိုခြောက်သွေ့လွယ်တဲ့အပြင် ချက်ကြိုးတွေမကြွေသေးတဲ့ကလေးကိုရေပတ်တိုက်သန့်စင်တာပဲ လုပ်ပေးသင့်ပါတယ်။ တစ်လမပြည့်သေးတဲ့ ကလေးငယ်ကိုနေ့တိုင်းရေချိုးပေးဖို့မလိုအပ်ပါဘူး။ အမြဲသန့်စင်ပေးဖို့လိုအပ်တဲ့ မျက်နှာ၊ လည်ပင်းနဲ့ပေါင်ကြားဧရိယာတွေကိုပဲရေမြှုပ် သို့မဟုတ်ရေဝတ်လေးနဲ့သန့်စင်ပေးလို့ရပါတယ်။ ကလေးကို တစ်ပတ်ကို နှစ်ကြိမ်လောက်ထက် ပိုပြီးရေမချိုးပေးပါနဲ့။ ရေပတ်တိုက်ပေးပါ မွေးကာစကလေးငယ်ကိုရေမြှုပ် သို့မဟုတ် တဘက်နုနုလေးကို ကြက်သီးနွေးရေလေးဆွတ်ပြီးရေပတ်တိုက်သန့်စင်ပေးတာအကောင်းဆုံးပါ။ မျက်နှာလေးနဲ့လက်လေးတွေကို မကြာခဏ သန့်စင်ပေးပါ။သေးခံ diaper လဲပြီးတိုင်းပေါင်ကြားတဝိုက်ကို ညင်သာစွာသန့်စင်ပေးပါ။ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေအသင့်ပြင်ထားပါ ကလေးကိုရေချိုးပေးမယ်ဆိုရင် လိုအပ်မယ့်ပစ္စည်းတွေအသင့်ပြင်ထားဖို့လိုပါတယ်။ရေချိုးဆပ်ပြာ၊ တဘက်၊ ကလေးခေါင်းလျှော်ရည်၊ရေချိုးဇလုံ၊ရေနွေး စတာတွေအပြင်ရေချိုးပြီးရင် ကလေးကိုခြုံပေးမယ့် အနှီး၊ ဝတ်ပေးမယ့် အဝတ်အစားတွေကို အသင့်ပြင်ဆင်ထားပါ။ရေပတ်ပဲတိုက်မယ်ဆိုရင်ရေဝတ်တဘက်နုနု၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တခုခု ရှိနေပြီလား

မိဘတိုင်းဟာ ကိုယ့်သားသမီးကို ဒီကမ္ဘာပေါ်မှာ အချောဆုံး၊အလှဆုံး၊အတော်ဆုံး၊အထက်မြက်ဆုံး ဖြစ်စေချင်ကြတာ သဘာဝပါ။ ကိုယ့်ဗိုက်ထဲက ရင်သွေးလေး ထွက်လာပြီဆိုတာနဲ့ ကိုယ်လက်အင်္ဂါစုံရဲ့လား၊တခြားပြဿနာ ဘာများရှိနေသလဲ စတဲ့ ပူပန်စိုးရိမ်မှုလေးတွေ ရှိကြစမြဲပါပဲ။ တကယ်လို့ ရင်သွေးလေးမှာ တခုခု ချွတ်ချော်ယွင်းမှားနေပြီဆိုရင် ခေါင်းမိုးကြိုးပစ်ခံလိုက်ရသလို မိုက်ခနဲ၊ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ဒါပေမယ့် ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်ပါဘူး။ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဋ္ဌာန (စီဒီစီ)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် နှစ်စဉ်ကလေးပေါင်း ၁၂၀၀၀၀ ဟာ မွေးရာပါချို့ယွင်းချက်တမျိုးမျိုးနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ရင်သွေးလေးကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ကျွမ်းကျင်သူလူပုဂ္ဂိုလ်တွေဟာ သင့်လက်တကမ်းမှာပဲ ရှိနေတယ်ဆိုတာကို သိထားဖို့ အထူးအရေးကြီးပါတယ်။   မွေးရာပါ ချို့ယွင်းချက်ဆိုတာ ဘာလဲ   မိခင်ဝမ်းထဲက ကျွတ်ပြီဟေ့ဆိုတဲ့အချိန်မှာပဲ ကလေးနဲ့ အတူတကွ ပါရှိလာတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အန္တရာယ်ကင်းကင်းနဲ့ ဘေဘီလေးကိုရေချိုးပေးနိုင်မယ့် နည်းလမ်းများ

ကလေးလေးကိုရေချိုးပေးဖို့ ဘယ်လိုချိုးပေးရမှန်းမသိဘူးဖြစ်နေလား။ရေချိုးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်တာကြောင့် အရွယ်မရွေးရေချိုးဖို့လိုပါမယ်။ အရွယ်ရောက်နေသူအတွက်ကတော့ရေချိုးတာက ခက်ခဲရှုပ်ထွေးမှုတစ်ခုမဟုတ်သလို အန္တရာယ်များတဲ့ ကိစ္စတစ်ခုလည်းမဟုတ်ဘူးလေ။ ကလေးငယ်ငယ်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ရေချိုးပေးဖို့ကတော့ မိဘတိုင်းအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ရေချိုးပေးတဲ့အခါ ရင်သွေးလေးကို ထိခိုက်တာတွေ အန္တရာယ်ဖြစ်တဲ့အနေအထားတွေမဖြစ်စေဖို့အတွက် မဖြစ်မနေသတိထားရမယ့်အချက်လေးတွေရှိနေပါတယ်။ ဘာတွေများဖြစ်မလဲ........ ဘေဘီကို အန္တရာယ်ကင်းကင်းနဲ့အခုလိုရေချိုးပေးပါ ရေချိုးတဲ့အချိန်ဟာ မိဘနဲ့သားသမီးကြားကသံယောဇဉ်ကြိုးကို အခိုင်မာဆုံးရစ်နှောင်ပေးနိုင်တဲ့ အချိန်ဖြစ်တာကြောင့် ကလေးကိုရေချိုးချိန်ဟာ အန္တရာယ်ကင်းပြီးပျော်စရာကောင်းတဲ့အချိန်ဖြစ်အောင်ဖန်တီးပေးလိုက်ပါ။ ကလေးငယ်လေးကိုဘေးကင်းကင်းနဲ့ရေချိုးပေးဖို့ဆိုရင် ဒီပစ္စည်းလေးတွေလိုအပ်နိုင်ပါတယ် ကလေးကိုရေချိုးပေးတဲ့ရေချိုးကန် ကလေးကိုရေချိုးပေးချိန်မှာ တင်ထားလို့ရမယ့် အခင်းပြား ရေပိုက်ခေါင်းမှာစွပ်တဲ့ ချစ်စရာအရုပ်လေးတွေ လေထိုးရေချိုးကန်အသေးစား ရေချိုးတဲ့အခါဆော့လို့ရတဲ့ရော်ဘာဘဲရုပ်လိုမျိုးအရုပ်လေးတွေ ဒီပစ္စည်းလေးတွေက ကလေးငယ်ကို ထိခိုက်မှုမဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ဘေဘီကိုရေချိုးပေးရင် လိုက်နာရမယ့်အချက်တွေက ကလေးကိုရေချိုးပေးတဲ့အခါ တစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့ - ကလေးကိုရေချိုးပေးတဲ့အခါရေချိုးပေးနေရင်းဖုန်းလာလို့ဖြစ်ဖြစ် တစ်ခုခုလိုလို့ဖြစ်ဖြစ် ကလေးကိုတစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့။ မတော်တဆဖြစ်တာမျိုးတွေဖြစ်လာနိုင်တာကြောင့်ပါ။ ကလေးကိုရေမချိုးခင်ကတည်းက လိုအပ်မှာတွေကို တစ်ခါတည်း ယူထားပါ။ ဧည့်သည်လာနေရင်တောင် တံခါးဖွင့်ပေးဖို့ဆိုရင် ကလေးကိုပါကောက်ပွေ့ခေါ်သွားလိုက်ပါ။ ရေရဲ့အပူချိန်ကို စစ်ဆေးပါ -ကလေးတွေက အချမ်းမခံနိုင်ကြပါဘူး။ ဒါကြောင့်ရေချိုးခန်းထဲဝင်တဲ့အခါရေကအရမ်းအေးနေလားဆိုတာကို အရင်ဆန်းစစ်ပါ။ရေအရမ်းအေးနေရင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။

ကလေးလေးတွေက မိသားစုတွေဆီကိုပျော်ရွှင်ခြင်းတွေယူဆောင်လာပေးတဲ့ အိန်ဂျယ်လ်ပိစိလေးတွေပေါ့။ သူတို့လေးတွေ ကိုယ့်ဘဝထဲရောက်လာတာနဲ့နေ့စဉ် သူတို့လေးတွေ ကျန်းမာဖို့က မိဘဖြစ်တဲ့ကိုယ်တွေအတွက် အရေးကြီးဆုံးအရာပဲနော်။ သူတို့ရဲ့ အစားအသောက် ကစလို့ ခန္ဓာကိုယ်တွင်းကိုယ်ပ ကျန်းမာဖို့ကအဆုံး အရာရာကို မပြတ်ဂရုစိုက်ရပြီလေ။ ဒီလိုဂရုစိုက်တဲ့အခါဘေဘီလေးရဲ့ အသားအရေကိုလည်း မဖြစ်မနေထည့်သွင်းရပြီပေါ့။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ ဘေဘီလေးရဲ့ အသားအရေ မွေးကင်းစဘေဘီလေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပါတယ်။ဘေဘီလေးတွေရဲ့ ကိုယ်ခံအားစနစ်ကလည်းပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးလေးတွေဟာ ဓာတုပစ္စည်းတွေ၊ ရနံ့တွေ၊ အဝတ်အထည်တွေမှာ အသုံးပြုထားတဲ့ ဆိုးဆေးတွေ၊ ဆပ်ပြာမှုန့်တွေ နဲ့ ကလေးတွေအတွက်ထုတ်ထားတဲ့ ပစ္စည်းအချို့မှာပါနေတဲ့ ဓာတုပစ္စည်းတွေကြောင့် အရေပြားခြောက်သွေ့တာတွေ၊ ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေအသားအရေအတွက် အသင့်တော်ဆုံးက သဘာဝပစ္စည်းစစ်စစ်တွေပါ။ ဒါဆိုဘေဘီလေးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် အသားအရေထိန်းသိမ်းမှုကို ဘယ်လိုလုပ်ပေးရမလဲတွေးရခက်နေလားမေမေဖေဖေတို့.... မိရိုးဖလာအသုံးပြုခဲ့တဲ့ […]


ကလေးငယ်အာဟာရ

ကလေးကို ကော်ဖီတိုက်လို့ရသလား

ကော်ဖီ၊ လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆို ကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်း ကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်းကော်ဖီလေးနဲ့။ နေ့စဉ်စားသောက်နေတဲ့အထဲမှာ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့ တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ကော်ဖီ သို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။ ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှု မပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲတွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်းကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော လူကြီးမှာပါ ကဖင်းဓာတ်လွန်ကဲရင် ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် - ကတုန်ကယင်ဖြစ်ခြင်း ဗိုက်အောင့်ခြင်း ခေါင်းကိုက်ခြင်း အာရုံစိုက်မရခြင်း အိပ်မပျော်ခြင်း […]


မိခင်နို့တိုက်ကျွေးခြင်း

သင့်ကလေးက ဘယ်လိုနို့စို့သူလဲ

နို့စို့ခြင်းဟာမိခင်ရောကလေးပါ အတူတကွဆောင်ရွက်တဲ့အရာဖြစ်တယ်။ နို့စို့နေစဉ်ပြုမူသမျှ ကလေးရဲ့အပြုအမူတိုင်းကိုကြည့်ပြီး မွေးကင်းစလေးတွေကို နို့စို့တဲ့ပုံစံအမျိုးမျိုးခွဲနိုင်တယ်။ သီအိုရီတွေအရတော့ Yale တက္ကသိုလ်ရဲ့လတ်တလောလေ့လာမှုတွေအရ ကလေးတွေရဲ့ နို့စို့ပုံစံ ၅ မျိုးခွဲနိုင်ပါတယ်။ the Barracuda, the Excited-Ineffective, the Procrastinator, the Gourmet, the Rester တို့ဖြစ်တယ်။ အားမာန်အပြည့်နဲ့ကလေးငယ် (The Barracuda) အချိန်ကြာကြီး(မိနစ် ၂၀ ခန့်) အားနဲ့မာန်နဲ့နို့သောက်နေမယ်ဆိုရင်တော့ သင့်သားသားလေး သို့ မီးမီးလေးဟာ barracuda အမျိုးအစားပဲဖြစ်တယ်။ ထိုပုံစံက ကလေးအတွက်လည်း ထိခိုက်စရာမရှိသလို သင့်အတွက်လည်း အချိန်ကုန်သက်သာစေမှာပါ။ ဒါပေမယ့် ထိုကဲ့သို့ ဆက်တိုက် အချိန်ကြာနို့စို့ခြင်းက မိခင်ရင်သားကိုနာကျင်မှုတော့ ဖြစ်စေနိုင်ပါတယ်။ နို့သီးခေါင်းထိခိုက်ခြင်း၊ အနာတရဖြစ်ခြင်းတွေ ကာကွယ်ဖို့ကတော့ မိခင်က ကလေးငယ်ကိုပုံစံမှန်နဲ့ နို့စို့စေဖို့ အနေအထားပြင်ပေးရမှာဖြစ်တယ်။ ရင်သားရောင်ရမ်းလာပြီဆိုရင် နို့စို့နေတဲ့ပုံစံပြင်ရတော့မှာဖြစ်တယ်၊ ကလေးငယ်ကိုညင်သာစွာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးများသည် သင့်ကို အသက်ပိုရှည်စေနိုင်ပါ သည်။

ကလေးယူခြင်း ဒုက္ခသည် ကြီးမားလှသောကြောင့် မိဘ များစွာသည် ကလေးများကြောင့် အသက်တိုရပါသည်ဟု အခိုင်အမာပြောကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက် ၏ သက်တမ်းသည် မိဘ ဘဝကြောင့် ပိုရှည်သည်ဟု လေ့လာမှုများက ဆိုသည်။ ၎င်းသည် ကလေး မွေးပြီး ပြုစုစောင့်ရှောက်ဖူးသော မိဘများအတွက် ရယ်စရာ ဖြစ်နေနိုင်သော်လည်း ၎င်းသည် အမှန်တကယ် မှန်ကန် ပါသည်။ သုတေသနနှင့် အံ့အားသင့်ဖွယ် ရလဒ်များ လူပျို၊ အပျိုများထက် မိဘများသည် ပို၍ အသက်ရှည်သ လား ဖော်ထုတ်ရန် ဆွီဒင်ရှိ Karolinska Institute မှ Dr Karin Modig သည် လေ့လာမှုတစ်ခုကို ဆောင်ရွက်ခဲ့သည်။ ဆွီဒင်ရှိ လူဦးရေ အချက်အလက်များကို စစ်ဆေးပြီနောက် ၁၉၁၁ နှင့် ၁၉၂၅ ကြားတွင် ကလေးရှိသော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်များ ခင်မင်ရင်းနှီးမှုကို နားလည် တည်ဆောက်နိုင်ရန် ကူညီခြင်း

မိတ်ဆွေဖွဲ့ခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုတွေ ဝေမျှဖို့၊ ခက်ခဲမှုတွေကို အတူကျော်လွှားဖို့၊ အောင်မြင်မှုတွေကို အားပေးချီးမြှင့်ဖို့ မိတ်ဆွေတွေ လိုအပ်ပါတယ်။ အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အခန်းဖော်တွေနဲ့ ငယ်သူငယ်ချင်းတွေ စတာတွေဟာ အကောင်းဆုံးမိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိတို့ သားသမီးများကို ခင်မင်ရင်းနှီးမှု၊ မိတ်ဆွေဖွဲ့မှု ကိစ္စရပ်တွေကို နားလည်အောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ စံပြဖြစ်အောင်နေပါ တခြားသော ပေါင်းသင်းဆက်ဆံရေး ပု့စံတွေလိုပဲ မိတ်ဆွေဖွဲ့ခြင်းဟာလည်း သင်ယူတတ်မြောက်နိုင်တဲ့ အမူအကျင့်ဖြစ်ပါတယ်။ သင့်ကလေးများဟာ သင်မိတ်ဆွေဖွဲ့ပုံကို တွေ့မြင် အတုခိုးပါလိမ့်မယ်။ အိမ်နီးချင်းတွေဆီ အစားအစာတွေ ယူသွားပေးတာ၊ နေမကောင်းတဲ့ မိတ်ဆွေတွေဆီ သတင်းမေးသွားတာ၊ အဝေးမှာ ရောက်နေတဲ့ မိတ်ဆွေတွေဆီ အမှတ်တရကတ်တွေပို့ပေးတာ စတဲ့ အပြုအမူတွေကို သင်ကြားပေးနိုင်ပါတယ်။ ဒါဟာ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးအတွက် ရှေးဥိးသင်ခန်းစာများပဲ […]


ကလေးငယ်အာဟာရ

ကလေးများနှင့် သက်သတ်လွတ် အစားအစာ

နှလုံးနှင့် သွေးကြောရောဂါများ၊ ဆီးချိုသွေးချို၊ အဝလွန် ခြင်း စသော ကျန်းမာရေး အခြေအနေအမျိုးမျိုး မဖြစ်အောင် လူများစွာသည် သတ်သတ်လွတ် အစားအစာများကို ရွေးချယ် ကြသည်။ အချို့က ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု သို့မဟုတ် လူမျိုးရေး အကြောင်းရင်းများကြောင့် အသား၊ငါးများကို ရှောင်ကြဉ်ကြသည်။ ကလေးတွေ အတွက်ကရော ? ။ သတ်သတ်လွတ် အစားအစာသည် သူတို့အတွက် သင့်တော် ပါသလား။   သတ်သတ်လွတ် အစားအစာဆိုတာ ဘာလဲ။ သတ်သတ်လွတ် အစာ သုံးမျိုးကို အောက်တွင် ဖော်ပြ ထားပါသည်။ Lacto-ovo vegetarians Lacto-ovo vegetarians ဆိုသည်မှာ အသား၊ ငါး၊ ကြက်၊ဘဲ တို့ကို မစားခြင်းဖြစ်သည်။ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥများ၊ ပဲများ၊ အခွံမာသီးများ၊ ဟင်းသီးဟင်းရွက်များ စသည်တို့မှ ပရိုတိန်း ရနိုင်သည်။ Lacto-vegetarians Lacto-vegetarian […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း