ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိမိ၏ကလေးများက “သား/ သမီးက မတော်ပါဘူး” ပြောလာလျှင် သင့်အနေနှင့် ဘာလုပ်သင့်သလဲ

ဥပမာအားဖြင့် သင့်ကလေးသည် သူ့ကိုပေးထားသော တာဝန်များကို မနိုင်နင်းခြင်း၊ အိမ်စာများကို မလုပ်နိုင်တော့ခြင်းများ ဖြစ်သည့်အခါ “သား/ သမီးက မတော်ပါဘူး” ပြောလာလျှင် သင့်အနေဖြင့် ဘာလုပ်ပေးမလဲ။ ဘာလုပ်သင့်သလဲ။ ယေဘူယျအားဖြင့် မိဘများအနေဖြင့် မိမိကလေးက ထိုသို့ပြောလာချိန်တွင် မလွဲမသွေ စိတ်ထိခိုက်သွားမည်ဖြစ်ပါသည်။ သင့်ခေါင်းထဲတွင်လည်း စဉ်းစားစရာကိစ္စများ ဝင်လာမည်ဖြစ်ပြီး သင့်ကလေးသည်ကျောင်းတွင် အာရုံမစိုက်ခြင်းကြောင့်လား စသည့်တွေဝေစရာများ သင်ခံစားရမည်ဖြစ်ပါသည်။ သို့သော် သင့်ကလေး၏ပြသနာကို ဖြေရှင်းပေးရန် မလောပါနှင့်။ အောက်ပါအကြံပေးချက်များကိုလေ့လာပြီး သင်ဘာလုပ်ရမလဲကို စဉ်းစားပါ။   မိဘများအနေနှင့် ဘယ်လို တုန့်ပြန်သင့်သလဲ။ အများအားဖြင့် မိဘများသည် ကလေးအား အားပေးစကားပြောသည့်အနေဖြင့် “မင်းတော်တာ အမေ/ အဖေ သိတယ်” စသဖြင့် ပြောလေ့ရှိပါသည်။ ထိုသို့ဘယ်တော့မှ မပြောသင့်ပါ။ မိဘများက သူတို့ကို ချစ်သောကြောင့် သူတို့စိတ်ညစ်စရာများသက်သာသွားရန် အားပေးစကားဆိုခြင်းမျှသာဖြစ်ကြောင်း သူတို့သိပါသည်။ ကလေးကသူတို့ကိုယ်သူတို့ ပြောလာသည့် “မကောင်းဘူး၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ဘယ်အချိန်မှာ ပထမဦးဆုံးမှတ်ဉာဏ်ကို တည်ဆောက်သလဲ

ကလေးများအတွက် မှတ်ဉာဏ်သည်ပုံမှန်အားဖြင့် အထူးအားလပ်ရက်၊ အငယ်လေး မွေးသောနေ့ စသည်ဖြင့် ထူးခြားသော နေ့စွဲဖြစ်ရပ်လေးများမှ စတင်သည်။ မိဘအနေဖြင့် သင်သည် သင့်ကလေးများအတွက် ကောင်းမွန်သော အမှတ်တရကောင်းများကိုသာ ဖန်တီးပေးဖို့ မျှော်လင့်မည်ဖြစ်သည်။ မှတ်ဉာဏ်စတင်သော အသက်အရွယ် ကျွန်ုပ်တို့ အများစုသည် အသက် သုံးနှစ်၊ လေးနှစ်မတိုင်ခင်က ကိစ္စများကို လုံးဝမမှတ်မိသည်ကများသည်။ နောက်ပိုင်းအသက်အရွယ်များမှာတောင်မှ အချို့ကိစ္စများကိုသာ မှတ်မိတော့သည်။ အသက် ၇နှစ်မှ ၁၀ နှစ်ကြားရောက်သည့်အထိ ကလေးများသည် မှတ်ဉာဏ်များကို တည်ဆောက်နိုင်သော်လည်း အချိန်ကြာသည်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်ပြီး အသစ်အသစ်သော ပထမဦးဆုံး မှတ်ဉာဏ်များ၏ အစားထိုးခြင်းကို ခံရသည်။ ကျွမ်းကျင်သူများက ထိုသို့ မှတ်လိုက်မေ့လိုက် သံသရာလည်နေခြင်းကို ကလေးဘ၀ မှတ်ဉာဏ်မေ့ခြင်းဟု ရည်ညွန်းကြသည်။ ထိုကလေးဘဝမှတ်ဉာဏ်မေ့ခြင်းသည် ပုံမှန်ဖြစ်ပြီး ကလေးများကြုံတွေ့ရမည့် ဦးနှောက်ပုံမှန် ဖွံ့ဖြိုးမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်နိုင်သည်။ ကျွမ်းကျင်သူများက တစ်နှစ်အောက်ကလေးများတွင် ပိုမိုရှုပ်ထွေးသော မှတ်ဉာဏ်ပုံစံများကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အရေး၊အဖတ်၊အတွက်အချက် ဘယ်အချိန်မှာ သင်ကြားသင့်သလဲ

စာသင်ကြားမှုသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ ထို့ကြောင့် အကောင်းဆုံးသော စာသင်ကြားမှုနည်းလမ်းကို ရရှိဖို့ မိဘများသည် သူတို့ကလေး စာဖတ်၊ စာရေး၊ တွက်ချက်မှုကဲ့သို့သော ရိုးရှင်းသော သင်ကြားမှုများကို စတင်ဖို့ သင့်တော်သော အသက်အရွယ်ကို သိဖို့ အထူးအရေးကြီးပါသည်။ သင့်ကလေး ဘယ်အချိန်မှာ စာဖတ်ဖို့ သင်ယူသင့်သလဲ။ ကလေး အသက် လေးနှစ်ပြည့်သည်နှင့် မိဘများသည် ကလေးများ၏ စာဖတ်မှုအကြိုစွမ်းရည်ကို စတင်သင်ကြားဖို့ ထောက်ခံထားပါသည်။ ထိုစွမ်းရည်များတွင် ရိုးရှင်းသော စကားလုံးများကို မှတ်မိခြင်း၊ အသံထွက်ဖတ်ခြင်း၊ ဗျည်းသရ အက္ခရာများ ချရေးခြင်း နှင့် ကာရန်လိုက်သော စကားလုံးများကို အစားထိုးခြင်း စွမ်းရည်တို့ပါဝင်ပါသည်။ ပညာရေးဆိုင်ရာ ဆရာကြီးများ၏ အဆိုအရ ကလေးများသည် မူကြိုနှင့် နှစ်တန်းကြားတွင် စတင်စာဖတ်တတ်ပြီဖြစ်သည်။ သို့သော် လူကြီးများထံမှ ကောင်းမွန်သော သင်ကြားမှုနှင့် လမ်းညွှန်မှုကို လက်ခံရရှိမှသာ ဖြစ်သည်။ သင့်ကလေးကို […]


ကလေးငယ်အာဟာရ

သင့်ကလေးကို ဘယ်အချိန်မှာ ပန်းသီးဖျော်ရည်တိုက်နိုင်ပြီလဲ

အသီးဖျော်ရည်သည် သောက်ရလွယ်ကူသော ဖျော်ရည်တစ်ခုဖြစ်ပြီး ဗီတာမင် နှင့် သတ္တုဓါတ်များကြွယ်ဝသော အစားအစာရင်းမြစ်တစ်ခုအဖြစ် ယုံကြည်ကြသည်။ သို့သော် သင့်ကလေးအထူးသဖြင့် မွေးကင်းစကလေးနှင့် တစ်နှစ်အောက်ကလေးများကို အသီးဖျော်ရည် တိုက်ဖို့အတွက်ကိုတော့ သင်တွေးထားတာထက် ပိုစဉ်းစားသတိထားဖို့လိုအပ်သည်။ သစ်သီးဖျော်ရည်များသည် တစ်နှစ်အောက်ကလေး ဝမ်းချုပ်ခြင်းအတွက် အထူးကောင်းမွန်သည်။ ကလေးဆရာဝန်များသည် တစ်နှစ်အောက်အရွယ် သင့်ကလေး ဝမ်းချုပ်ခြင်း သက်သာစေရန် ပန်းသီးဖျော်ရည်နှင့် ရေကို ရောပြီး တိုက်ကျွေးဖို့ အကြံပေးထားပါသည်။ ထိုဖျော်ရည်သည် ၁၀၀ ရာခိုင်နှုန်း သဘာဝစစ်စစ်ဖြစ်ပြီး သကြား၊ ဆေးသကြားများ ပါဝင်ခြင်းမရှိရန်၊ ဖျော်ရည်ဘူးတွင် ပိုးသတ်ထားသည်ဟု ရေးထားသော အညွှန်းပါရန် အထူးသတိထားပါ။ သင့်ကလေး ကို ပန်းသီးဖျော်ရည် (သို့) မည်သည့်ဖျော်ရည်မဆို မတိုက်ကျွေးခင် ကလေးအတွက် ဘေးကင်းစိတ်ချကြောင်း သေချာစေရန် သင့်ဆရာဝန်၊ အာဟာရပညာရှင် (သို့) ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အတွေ့အကြုံမရှိသောသူ (သို့) […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးသည် ဆရာဝန်နှင့် တွေ့ရမည်ကို ကြောက်လျှင် သင့်အနေဖြင့် ပြုလုပ်နိုင်သော အချက် ၅ ချက်

တခါတရံတွင် သင့်ကလေးသည် နေမကောင်းဖြစ်ပါလိမ့်မည်။ အချို့သောရောဂါများသည် ဆေးရုံကိုသွားပြရန်၊ ဆရာဝန်နှင့် တေါကရန် လိုအပ်ပါသည်။ သို့သော် သင့်ကလေးသည် ဆရာဝန်နှင့် တွေ့ရမည်ကို ကြောက်လျှင် သင့်အနေနှင့် ဘာလုပ်သင့်သလဲ။ အောက်ပါအချက်များသည် သင့်ကလေးအားကူညီစေနိုင်မည့် အချက်များဖြစ်ပါလိမ့်မည်။ သင့်ကလေးအား ဆရာဝန်ထံသွားပြရခြင်း အကြောင်းကို ရှင်းပြပါ။ သင့်ကလေးကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများခံယူရန် ဆေးခန်းသွာပြလျှင်ပင် ယင်းသည် ပုံမှန်အတိုင်းစစ်ဆေးမှုပြုလုပ်ခြင်းသာဖြစ်ကြောင်း ရှင်းပြပါ။ ဆရာဝန်က ကလေး၏ကြီထွားဖွံ့ဖြိုးမှုကို စစ်ဆေးမှုများပြုလုပ်ခြင်းသာဖြစ်ကြောင်း ကလေးအားရှင်းပြပါ။ ကလေးဆရာဝန်ကို ကလေး၏ကျန်းမာရေးအကြောင်းမေးမြန်းခခြင်းဖြင့်လည်း ကလေးငယ်သည် စိတ်ဝင်စားလာကာ သင့်အနေနှင့်လည်း ဗဟုသုတများလာပါလိမ့်မည်။ အကယ်၍ ကလေးငယ်၏ကျန်းမာရေးချို့ယွင်းမှုကြောင့် ကုသမှုများခံယူရန် ဆေးခန်းသွားပြပါက ကလေးအား ထိုသို့ဆရာဝန်နှင့်တွေ့ပါမှ ဖြစ်နေသော ဝေဒနာများ သက်သာသွားမည်ဖြစ်ကြောင်း၊ ဆရာဝန်ကသာလျှင် အနာများကို သက်သာစေပြီး ရောဂါများကို ပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်ကြောင်း နားလည်အောင်ရှင်းပြရပါမည်။ သင့်ကလေးကို ဆရာဝန်ဆီခေါ်သွားမည့်အကြောင်း ပြောမထားဘဲနှင့် ခေါ်မသွားသင့်ပါ။ သင့်ကလေးကို လန့်သွားစေနိုင်ပါသည်။ […]


ကလေးငယ်အာဟာရ

ကလေးများသည် ဘာကြောင့် တစ်နေ့လျှင် သုံးနပ်စားဖို့ လိုအပ်သလဲ

တစ်နေ့ကို အစာသုံးကြိမ်စားခြင်းသည် ဟိုးရှေးယခင် အချိန်များကတည်းက စာအုပ်များတွင် ဖော်ပြထားပြီး ကလေးများအတွက် ကျန်းမာရေးကောင်းစေမည့် အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ထိုသို့စားခြင်းသည်အရသာကိုလည်းကောင်းစေသလို အစာများကိုလည်း ပုံမှန်အတိုင်းစားနိုင်စေပါသည်။ မိဘများအနေဖြင့် မိမိကလေးများကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားတတ်စေရန် ကူညီပေးရမည်ဖြစ်ပါသည်။ မနက်စာမစားခြင်းသည် အများထင်ထားသလို ကိုယ်အလေးချိန်မကျစေဘဲ ကိုယ်အလေးချိန်ကို ပိုတိုးစေပါသည်။ မနက်စာစားခြင်းဖြင့် စွမ်းအင်များရရှိကာ ကျောင်းတွင်လည်း စာများကို အာရုံစူးစိုက်နိုင်မည်ဖြစ်ပါသည်။ ကလေးများသည် နေ့လည်စာကိုကျောင်းမှာ စားကြရပါသည်။ ထို့ကြောင့် နေ့လည်စာကို အခြားအချိန်များထက် သကြားဓါတ်နည်းပြီး အာဟာရဓါတ်နှင့်ကျန်းမာစေသော အဆီဓါတ်များ ပိုပါအောင် စီစဉ်ပေးသင့်ပါသည်။ ပုံမှန်အားဖြင့် ညစာတွင် အာဟာရတန်ဖိုးများစွာပါဝင်သည့်အတွက် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အဓိကအားပေးခြင်းဖြစ်ရာ ညစာမစားခြင်းသည် ကလေးများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ အကောင်းဆုံး အာဟာရတန်ဖိုးများရရှိအောင် ကြိုးစားခြင်း တစ်နေ့တွင် သုံးနပ်စားခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ ကလေးများသည် တနေကုန် စွမ်းအင်များ သူ့အချိန်နှင့်သူရရှိနေသည့်အတွက် ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် […]


ကလေးငယ်အာဟာရ

ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ

မိခင်များသည် ကလေးများအတွက် ဖော်စပ်ထားသော နို့မှုန့်များထက် နွားနို့ကို ပိုပြီးအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် ပိုပြီး သဘာဝအရင်းအမြစ်ဖြစ်ခြင်းနှင့် အာဟာရဓာတ်များ ပိုပြည့်စုံမည်ဟုထင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နွားနို့သည် သင့်ကလေး အသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သော အရာဖြစ်ပါသည်။ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်ဟု ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတာဖြစ်ပါသည်။ အဘယ်ကြောင့် နွားနို့ကို ကလေးအသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သလဲ။ အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ ကလေးကို အသက် ၁ နှစ် မပြည့်မချင်းနွားနို့ကို လုံးဝမတိုက်သင့်ကြောင်း ပြောထားပါသည်။ နွားနို့တွင် ကလေး၏ အစာခြေစနစ်နှင့် ကျောက်ကပ်စနစ်တို့မှ ခြေဖျက်ရန်၊ စွန့်ထုတ်ရန် ခက်ခဲသော ပရိုတင်းဓာတ်များ များစွာပါဝင်နေခြင်းကြောင့် မိခင်နို့ ၊ နို့မှုန့်များထက်စာလျှင် […]


ကလေးငယ်ပထမနှစ်

ရုတ်တရက် တစ်နှစ်အောက်ကလေး သေဆုံးမှု အကြောင်းရင်းများ

တစ်နှစ်အောက်ကလေး ရုတ်တရက်သေဆုံးရခြင်းဆိုတာဘာလဲ တစ်နှစ်အောက်ကလေးရုတ်ရက်သေဆုံးရခြင်းဆိုတာကျန်းမာနေပုံရတဲ့ တစ်နှစ်အောက်ကလေးတစ်ယောက် အကြောင်းရင်းမဖော်ပြနိုင်ဘဲသေဆုံးခြင်း ဖြစ်ပါတယ်။ အများအားဖြင့်ကလေးငယ်တွေဟာပုခက်၊ အိပ်ရာအတွင်းအိပ်ပျော်နေစဉ် သေဆုံးတတ်ကြသည့်အတွက် ပုခက်တွင်းသေဆုံးမှုဟုလဲခေါ်ကြပါသည်။ ကလေးငယ်ရုတ်တရက်သေဆုံးခြင်းကိုတိကျသောအကြောင်းရင်းတစ်ခုထဲဖြင့် မဆုံးဖြတ်နိုင်သော်လည်းကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက် အစိတ်အပိုင်းတစ်ခုမူမမှန်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟုသုတေသနပညာရှင် များကတွေ့ရှိခဲ့ကြသည်။ တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့် အကြောင်းရင်းများ ရုပ်ပိုင်းချို့ယွင်းချက်များ ဦးနှောက်မူမမှန်ဖြစ်ခြင်း : ကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက်အစိတ်အပိုင်းကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင်ပါသည်။ သည်အချက်ကိုဆရာများနှင့် မိဘများပါ မကာကွယ်နိုင်ပါ။ ကလေးမွေးစဉ် အလေးချိန်မပြည့်ခြင်း : လမစေ့ပဲမွေးဖွားခြင်းနှင့် အမွှာမွေးဖွားကလေးဖြစ်ခြင်းတို့သည်တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့်အဓိကအကြောင်းရင်းများဖြစ်ပါသည်။ ပေါင်မစေ့သောကလေးများသည် ဦးနှောက်မူမမှန်မှုများကြောင့် အသက်ရှုခြင်းနှင့်နှလုံးခုန်ခြင်းတို့ကိုထိန်းချုပ်ရာတွင်ခက်ခဲတတ်ပါသည်။ ထို့ကြောင့်ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုအဖြစ်များပါသည်။ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း : ရုတ်တရက်သေဆုံးသောကလေးအများစုသည် မသေဆုံးခင် အအေးမိခြင်းနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းတို့ခံစားခဲ့ရကြောင်းတွေ့ရှိရသည်။ အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်ခြင်းသည် ကလေးငယ်၏အသက်ရှုခြင်းကိုပုံမမှန်ဖြစ်စေခြင်းကြောင့် ရုတ်တရက် အသက်ဆုံးရှုံးမှု ပိုဖြစ်စေနိုင်သည်။ အိပ်စက်မှု မူမှန်ဖြစ်ခြင်း မှောက်အိပ်တတ်တဲ့ကလေးတွေနဲ့ ဘေးတစောင်းအိပ်တဲ့ကလေးတွေကပက်လက်အိပ်တဲ့ကလေးတွေထက် အသက်ရှုရပိုခက်ခဲနိုင်ပါသည်။ အိပ်ရာပျော့လွန်းခြင်း : မျက်နှာကိုမှောက်အိပ်ခြင်းနှင့် စောင်ခေါင်းမြီးခြုံအိပ်ခြင်းတို့သည်လဲကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကိုပိတ်စေပြီးအသက်မရှုနိုင်ဖြစ်စေတဲ့အတွက် အလွန် အန္တရာယ်များပါတယ် မိဘများနှင့် အတူသိပ်ခြင်း : မိဘများနှင့် အိပ်ရာတစ်ခုထဲအတူအိပ်ခြင်းသည်လဲပျော့ပြောင်းတဲ့အရာများသောကြောင့် အသက်ရှုလမ်းကြောင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ် ဘယ်လိုကလေးတွေမှာအဖြစ်များသလဲ ဥပမာ · […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ်များကို နို့ဗူးစို့သောအကျင့်ကို ဖျောက်ပြီး ခွက်ဖြင့်သောက်စေခြင်း

ကလေးငယ်များကို မိခင်နို့တိုက်ခြင်း၊နို့ဗူးတိုက်ခြင်းတို့ကိုရပ်ပြီး နို့ဖြတ်ရမည့်အချိန်သို့ရောက်လာမည်ဖြစ်ပါသည်။ နို့ဖြတ်ချိန်ဆိုသည်မှ ကလေးများကို နို့စို့ခြင်း၊ နို့ဗူးစို့ခြင်းအစား ခွက်များဖြင့် အရည်များကို သောက်ခြင်းအလေ့အကျင့်ကို စတင်သော အချိန်ကို ဆိုလိုခြင်းဖြစ်ပါသည်။   ဘယ်အချိန်မှာ နို့စဖြတ်ရမလဲ။ ကလေးငယ်များသည် တယောက်နှင်ြ တယောက်မတူညီပါ။ အများစုသော ကလေးများသည် အသက်၆လမှ ၁ နှစ်အရွယ်တွင် ခွက်များကို ကိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။ ကလေးငယ်သည် အခြားသူ၏အကူအညီမပါဘဲထိုင်နိုင်သည့်အချိန်၊ မိခင်နို့စို့နေရင်း အာရုံများပြောင်းလာခြင်း၊ နို့ဗူးကို သူ့လက်နှင့်သူကိုင်ရန်ကြိုးစားလာခြင်း စသည့်အပြုအမူများရှိလာပြီ ဆိုလျှင် သင့်ကလေးကို နို့ဖြတ်ရန်ကြိုးစားနိုင်သည့် အချိန်ဖြစ်ပါသည်။ အချို့သော ကလေးများသည် မိခင်၏နို့သီးခေါင်းအက်ကွဲခြင်းကြောင့်သော်လည်းကောင်း၊ မိခင်နှင့် ဝေးကွာနေခြင်းကြောင့် သော်လည်းကောင်းနို့မစို့နိုင်သော အခြေအနေများရှိရာ ခွက်ဖြင့်နို့တိုက်ခြင်းသည် ကလေးအတွက် အဆင်ပြေစေမည့် အခြားနည်းလမ်းတစ်ခုဖြစ်ပါသည်။ ဘယ်လို နို့စဖြတ်ရမလဲ။ ကလေးအသက် ၆လခန့်မှစပြီး ခွက်ဗလာတစ်လုံးကို ကလေးငယ်နားတွင် ထားပေးခြင်းဖြင့် ကလေးအားခွက်နှင့် ရင်းနှီးမှုရယူစေပါ။ သင်သောက်နေသောခွက်ဖြင့် သင့်ကလေးငယ်ပါးစပ်နားတွင် တေ့ပေးခြင်းဖြင့်လည်း […]


ကလေးငယ်အာဟာရ

ကလေးနှင့် ဗီတာမင် အေ

ဗီတာမင်နှင့် သတ္တုဓါတ်များသည် ကလေးကျန်းမာရေး နှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင် အေ သည် ထိုအရေးကြီးသော ဗီတာမင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မျက်စိအမြင်အာရုံ နှင့် အရိုးကြီးထွားမှုအတွက် အရေးပါပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ဤဆောင်းပါးတွင် ကလေးများအတွက် ဗီတာမင် အေ ၏ အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြလိုက်ပါသည်။ ဗီတာမင်အေ ဆိုတာဘာလဲ။ ဗီတာမင်အေ ပင်မရင်းမြစ်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ retinol နှင့် beta-cartoene တို့ဖြစ်ပါတယ်။ Retinol ကို စစ်မှန်သော ဗီတာမင်အေ ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်အတွက် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီး ၎င်းကို အသား (ဥပမာ။ ။ အသည်း၊ ဥ နှင့် အဆီများသောငါး) နှင့် စီရီယယ်များတွင် အလွယ်တကူ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း