ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ အသားခြောက်တဲ့ပြဿနာ

အသားအရေလှပကျန်းမာဖို့ကလေဒီလေးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ထင်လား။ မဟုတ်ပါဘူးနော်။ ဒီအချက်ကဘေဘီလေးတွေနဲ့ပါသက်ဆိုင်တာပါ။ တကယ်ကတော့ အရွယ်ပါးသုံးပါးစလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ အရေပြားကျန်းမာမှ ခန္ဓါကိုယ်ကလည်းကျန်းမာမှာပါ။ နူးညံ့တဲ့အရေပြားပိုင်ရှင်ဘေဘီလေးတွေကိုဆို ပိုပြီး ဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေကဘာတွေလဲ....... နုနယ်လှတဲ့ဘေဘီလေးတွေရဲ့ အသားအရေက ထိခိုက်နိုင်ခြေတော်တော်လေးများပါတယ်။ဘေဘီလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာတွေကတော့ သေးခံလောင်တာ ကုတ်ခြစ်ဒဏ်ရာ ပိုးကောင်ကိုက်တာ နို့ပွေး ဝဲ နှင်းခူ ရေကျောက် အင်ပျဉ် ကြွက်နို့ အသားအရေခြောက်သွေ့ခြင်းတို့ပါ။ အရေပြားပြဿနာတွေရဲ့ အစကဘာဖြစ်မလဲ......... အရေပြားပြဿနာတော်တော်များများရဲ့ အဓိကမြစ်ဖျားခံတဲ့အရာက အရေပြားခြောက်သွေ့တာပါ။ ဒါကြောင့်ဘေဘီလေးကို အရေပြားပြဿနာကင်းစေချင်တယ်ဆိုရင် အရေပြားခြောက်သွေ့မှုမဖြစ်အောင်သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဘေဘီလေးတွေမှာ အများဆုံးဖြစ်တဲ့ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာ ပြင်းထန်အရေပြားခြောက်သွေ့မှုပြဿနာကအရေပြားကို နီမြန်းစေသလို ယားယံမှုကိုပါခံစားရစေနိုင်ပါတယ်။ ဒီအရေပြားပြဿနာက အရွယ်မရွေးခံစားရနိုင်ပေမယ့်ဘေဘီလေးတွေမှာပိုအဖြစ်များကြပါတယ်။ ဒီအရေပြားပြဿနာကိုခံစားရသူတွေထဲက ၆၅ ရာခိုင်နှုန်းလောက်က အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ရှိတဲ့ ကလေးတွေပါ။ ဒီအရေပြားပြဿနာက တစ်ခဏနဲ့ပျောက်သွားတာမျိုးမဟုတ်ဘဲ ကာလရှည်ကြာခံစားရနိုင်ပါတယ်။ မျိုးရိုးရှိတဲ့ဘေဘီလေးတွေနဲ့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်ဘေဘီလေးတွေမှာ ပိုအဖြစ်များပါတယ်။ အချို့ဘေဘီလေးတွေမှာဆိုရင် အစားအသောက်ဓါတ်မတည့်မှုကြောင့် ဒီအရေပြားပြဿနာကို ခံစားကြရတာပါ။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ ဒီအရေပြားပြဿနာတွေရဲ့ လက္ခဏာတွေက […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် အာဟာရကြွယ်စေမယ့် အစားအသောက် (၈) မျိုး

နို့တိုက်နေပေမယ့် ပိုအာဟာရပြည့်အောင် ဘာအားဆေးတိုက်ရမလဲ ဆိုတာ ဘေဘီလေးတွေအတွက်မေမေတို့အမေးများဆုံးမေးခွန်းတွေထဲကတစ်ခုပါ။ ကလေးတွေအတွက်အကောင်းဆုံးအားဆေးက မိခင်နို့ရည်ပါပဲ။ မွေးလာတည်းက အားဆေးဖြည့်စွက်ဖို့ မတွေးလိုက်ပါနဲ့ဦး။ ဒါပေမယ့် အဲဒီနို့ရည်က အာဟာရတွေပါဝင်နေဖို့တော့လိုပါလိမ့်မယ်။ဥပမာမေမေက အစားနည်းတယ်၊ရှောင်တာများတယ် ဒါမှမဟုတ်ပြုပြင်ထားတာတွေ၊ အသင့်စားရယ်ဒီမိတ်တွေ၊ ကျန်းမာရေးနဲ့မညီတာတွေချည်းစားတယ်ဆိုရင် သူရဲ့နို့ချိုရည်က ကလေးအတွက်လိုအပ်သလောက် အာဟာရကိုဖြည့်တင်းပေးနိုင်မှာမဟုတ်ပါဘူး။ ဒီသဘာဝအားဆေးကို အားဆေးကောင်းတစ်လက်အဖြစ်ဖျော်စပ်နိုင်ဖို့မေမေတို့ဒါတွေစားပေးဖို့လိုပါတယ်။ ဆက်ပြီးဖတ်ကြည့်နော် - (၁) အဆီနည်းတဲ့ နို့ထွက်ပစ္စည်း ဒိန်ချဉ်၊ နွားနို့တို့လို နို့ထွက်ပစ္စည်းတွေက နို့တိုက်မိခင်တွေရဲ့ကျန်းမာရေးမှာ အရေးပါတဲ့နေရာက အထောက်အကူပြုနေပါတယ်။ နွားနို့က အရိုးသန်မာစေတဲ့ ဗီတာမင် ဒီကိုမြှင့်တင်ပေးနိုင်ပြီး ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ဗီတာမင် ဘီတွေလည်းပါဝင်တယ်။ နို့တိုက်မိခင်တွေအတွက်တော့ မိခင်နို့ရည်မှာ ကလေးရဲ့အရိုးဖွံ့ဖြိုးမှုကိုအားပေးမယ့် ကယ်လ်စီယမ်တွေ ကြွယ်ဝစေဖို့ ဒါတွေကို အားကိုးလို့ရတာပေါ့။ တစ်နေ့တာအာဟာရမှာ နို့ထွက်ပစ္စည်းတစ်မျိုးမျိုးပါဝင်စေဖို့ ကြိုးစားကြည့်ပါ။ (၂) အမဲသား အမဲသားမစားတဲ့မေမေတို့ကတော့ကျော်ဖတ်လိုက်ပါနော်။ အမဲသားက နို့တိုက်မိခင်တွေအတွက် သံဓါတ်ကြွယ်ဝတဲ့ ဓါတ်စာအဖြစ်နဲ့ ခွန်အားဖြည့်ပေးနိုင်ပါတယ်။ နို့ထွက်များချင်တဲ့မေမေတချို့ဆို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။

You Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ ေမွးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေစွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ငယ်ငယ်လေးထဲက ရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက် အကျိုးကျေးဇူးအကြောင်း အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက် ၆ လ ကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ေဘဘီလေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို ဘယ်လိုအစာကျွေးရမလဲ။

နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲ တဲ့ ပြဿနာဟာ ကလေး ၇၀၀မှာ ၁ယောက်လောက်ဖြစ်နေတဲ့အတွက် ဖြစ်တဲ့သူ လုံးဝ မရှားတဲ့ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန် မိခင်က ဖောလစ်အက်ဆစ်လုံလုံလောက်လောက် မသောက်မိခဲ့လို့၊ မိဘ ၂ ဦးစလုံး ( ဒါမှမဟုတ်) မိဘ တစ်ဦးဦးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ရှိနေလို့ စသဖြင့် အကြောင်းအရင်းတွေ အမျိုးမျိုး ရှိပါတယ်။ ဒီအထဲကမှ ကံမကောင်းခဲ့လို့ မွေးလာတဲ့ ကိုယ့်ကလေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ဖြစ်သွားခဲ့ပြီဆိုပါစို့။ ကလေးကို ဘယ်လို နို့တိုက်ရမလဲဆိုတဲ့ ပြဿနာ မေမေတိုင် းရင်ဆိုင်ရမယ့် ပြဿနာပါ။ ဘယ်လို နို့တိုက်ရမယ်ဆိုတဲ့အကြောင်း မပြောခင် နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်းကြောင့် ကလေးမှာ နောက်ဆက်တွဲ ထိခိုက်နိုင်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ နှုတ်ခမ်းကွဲ ၊အာခေါင်ကွဲနေတဲ့ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နှုတ်ခမ်းကွဲ၊အာခေါင်ကွဲတဲ့ပြဿနာ ကိုယ့်ရင်သွေးလေးမှာမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ။ ။

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာကို အားလုံးသိကြမှာပါ။ မွေးရာပါချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖြစ်တဲ့သူလည်း မရှားတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုရော နှောင့်ယှက်နေတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးလေးမှာအဖြစ်ရလေအောင် မိဘတိုင်း ကာကွယ်ချင်ကြမှာပါ။ ခြေလက်စုံ အဂါၤစုံ ဘာချို့ယွင်းချက်မှ မရှိတဲ့ ရင်သွေးလေးတွေကို တောင့်တတဲ့ သူချည်းပဲ မဟုတ်လား။ ဒီတော့ အဖြစ်များတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးကျမှ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲ ။ ။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ရခြင်းအကြောင်းအရင်းကို တိတိကျကျတော့ မသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ မိသားစု မျိုးရိုးဗီဇရယ်၊ ကိုယ်ဝန်ဆောင်ချိန် မှီဝဲတဲ့ အစားအသောက်တွေရယ်၊ သောက်တဲ့ဆေးတွေရယ် စတဲ့ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်လာတယ်လို့ […]


ကလေးငယ်ပထမနှစ်

ကလေးလေးတွေ ညဘက်ထငိုတာ ဘာကြောင့်ဖြစ်မလဲ

ကလေးငယ်လေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင်ဖြတ်သန်းရတဲ့ တစ်ညတာတိုင်းက ဖေဖေမေမေတို့အတွက် သိပ်မဖြောင့်ဖြူးနိုင်ပါဘူး။ ညဘက်ဆို တရေးနိုးထငိုတာ၊ ပြန်သိပ်ရတာ၊ နို့တိုက်ရတာ အိပ်ရေးအတော်ပျက်ရပါတယ်။ နေ့နဲ့ည လွဲနေတဲ့ကလေးတွေနဲ့ဆို ပိုဆိုးပါလေရော။ ကလေးတိုင်းဖြစ်တတ်တဲ့ သဘာဝဆိုပေမယ့် ကလေးဘာကြောင့်ငိုတာလဲဆိုတဲ့အပေါ် စိတ်ပူကြတဲ့ မိဘတွေအတော်ကိုများပါတယ်။ ဒါ့ကြောင့် ညဘက်ထငိုတတ်တာ ဘာကြောင့်လဲဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းလေးတွေ သိထားရင် စိတ်အေးတန်တာ စိတ်အေးရတယ်၊ လုပ်ပေးစရာရှိတာလုပ်ပေးနိုင်တယ်လေ။ ကလေးက လိုတာတမျိုး၊ မေမေတို့က လုပ်ပေးနေတာတလွဲဆိုရင် ပိုပြီးတောင်ငိုနေဦးမှာပါ။ ဥပမာလေနာကြောင့် ငိုနေတဲ့ကလေးကို သက်သာအောင်မလုပ်ပေးမိဘဲ ဆာတယ်ထင်ပြီးနို့တိုက်၊ အတင်း ပြန်သိပ်တာမျိုး။ သူဘာကိုလိုအပ်နေသလဲ၊ ဘာလို့ ထငိုတာလဲဆိုတာမေမေတို့ သဘောပေါက်ဖို့လိုပါတယ်။ သူတို့လေးတွေက စကားမှမပြောတတ်သေးတာလေ။ ဘေဘီတို့ ထငိုတာ ဒီအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ် - (၁) ဗိုက်ဆာလို့ အများအားဖြင့်တော့ ဗိုက်ဆာလို့ ငိုတာများပါတယ်။ လသားကလေးတစ်ယောက်ရဲ့ ဗိုက်ကလေးက သေးသေးလေးရယ်။ တစ်ခါနို့စို့ထားတဲ့ပမာဏက မကြာခင်မှာပဲ ကုန်သွားမှာမို့ မကြာခဏ […]


ကလေးငယ်ပထမနှစ်

W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ဘေဘီလေးက အမြဲလိုလို W ပုံစံထိုင်နေတယ်။ ဘာတွေများဖြစ်လာနိုင်လဲဆိုပြီး သိချင်နေတဲ့မေမေဖေဖေတွေရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ပြောပါရစေနော်။ W ပုံစံထိုင်ခြင်းဆိုတာ W ပုံစံထိုင်တယ်ဆိုတာကဘေဘီလေးကခြေထောက်နှစ်ဖက်စလုံးကို ဒူးကွေးလို့နောက်ပစ်ပြီးထိုင်နေတဲ့ ပုံစံမျိုးပါ။ ကြမ်းပြင်မှာခြေထောက်နှစ်ဖက်ကို W ပုံစံအတိုင်းချပြီး ထိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်တဲ့ပုံစံက ကလေးတော်တော်များများထိုင်လေ့ရှိကြတဲ့ ပုံစံတစ်ခုပါ။ အထူးသဖြင့် စထိုင်တတ်စကလေးတွေမှာ အများဆုံးတွေ့ရတဲ့ ထိုင်တဲ့ ပုံစံတစ်မျိုးပါ။ W ပုံစံထိုင်ခြင်းက အန္တရာယ်ရှိလား........ W ပုံစံထိုင်တာက ကလေးအများစုထိုင်နေကျပုံစံတစ်ခုပါ။ ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့်ရေရှည်မှာတော့ ကလေးကို ထိခိုက်လာနိုင်တာတွေရှိနိုင်ပါတယ်။ မိဘအများစုက ကလေးဒီလိုထိုင်နေတဲ့အခါ သူတို့လေးတွေ သက်သောင့်သက်သာရှိလို့ ထိုင်နေတာပဲလေ။ သူတို့လေးတွေ အဆင်ပြေနေရင်ပြီးတာပဲဆိုပြီး ထားလိုက်မိတတ်ကြပါတယ်။ တကယ်တော့ အမြဲလိုလိုကလေးက ဒီလိုထိုင်နေတာမျိုးကို အမှုမဲ့အမှတ်မဲ့မထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဒီထိုင်တဲ့ပုံစံကရေရှည်မှာ ကလေးရဲ့ ကိုယ်နေဟန်ထားအပြင် ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တာကြောင့်ပါ။ W ပုံစံထိုင်ခြင်းက ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ...... ဘေဘီလေးအနေနဲ့ အမြဲလိုလို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ မဖြစ်နိုင်ပါဘူးလို့ ထင်နေတယ်ဟုတ်။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ သေသေချာချာ သိရှိနိုင်ဖိုပ ဖတ်ကြည့်လိုက်နော်။ မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား။ အူကျတယ် ဆိုတဲ့ ပြဿနာကို လူတိုင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသားတွေမှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုလေ။ ဒီလို အူကျတဲ့ ပြဿနာက မွေးကင်းစအရွယ် ငယ်ငယ် သမီးမိန်းကလေးတွေမှာရော ဖြစ်နိုင်တယ်ဆိုရင် အံ့သြသွားမလား။ တကယ်တော့ အရွယ်ရောက်တဲ့သူတွေထက်စာရင် မွေးကင်းစ ကလေးငယ်ငယ်လေးတွေက ပိုပြီး အူကျတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီတော့ ဒီအူကျတဲ့ပြဿနာဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ အူကျတယ် ဆိုတာ အူကျတယ် ဆိုတာ ကိုယ်တွင်းက အားအနည်းဆုံး ကြွက်သားနေရာမှာကို တိုးပြီး အပေါ်ပိုင်းက ကလီစာတွေ အောက်ဘက်ကို ဆင်းလာတာလို့ အလွယ်ဆုံးမှတ်လို့ရပါတယ်။ ကလေးတွေမှာ အူကျတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ အငိုတိတ်အောင် ဒီလိုချော့သိပ်ကြမယ် မေမေတို့ရေ

ကလေးအရွယ် ငိုတယ်ဆိုတာတော့ သဘာဝပဲဆိုပေမယ့် မရပ်မနားငိုနေမယ်ဆိုရင်တော့ ကလေးလည်း ပင်ပန်းပြီးမောဟိုက်သွားသလို လူကြီးတွေလည်း နားပူရတာပေါ့။ ကလေးတွေဆိုတာ အကြောင်းရင်းတစ်ခုခုရှိလို့ ဥပမာ - နို့ဆာတာ၊ မေမေ့ကိုလွမ်းတာ၊ အီအီးပါထားလို့ သေးခံအဝတ်လဲဖို့ လိုအပ်တဲ့အခါမျိုးဆို ငိုနိုင်သလို တစ်ခါတလေကျတော့လည်း ဂျီကျချင်လို့ ငိုတတ်တာတွေ ရှိတာပေါ့။ ဒါကြောင့် ဘေဘီလေးတွေ ဘာကြောင့်ငိုတာလဲဆိုတာ အရင်လေ့လာပြီးတော့ နို့တိုက်တာ၊ စကားပြောပေးတာ၊ ရင်ဘတ်၊ ကျောလေးကို ပုတ်ပေးတာ၊ သေးခံဝတ်လဲပေးတာလုပ်ပေးလို့ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ဂျီကျပြီး ငိုတာဆိုရင်တော့ စိတ်မညစ်ဘဲ ခုပြောပြမယ့်နည်းလမ်းတွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အသစ်စက်စက် မေမေတွေအတွက်လည်း အဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်။ ၁။ ကလေးကို စောင်ပါးပါးလေးတစ်ထည်နဲ့ ပတ်ပေးပါ။ တအားကြီးကျပ်နေဖို့ မလိုပါဘူး။ ဘေဘီေလးတို့ နေရတာသက်တောင့်သက်သာဖြစ်ပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ပဲ အဓိကပါ။ ခြေထောက်ကနေ လည်ပင်းထိ ပတ်ပေးပြီးတော့ လက်နှစ်ဖက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် Diaper ဝယ်တဲ့အခါ သတိထားသင့်တဲ့အချက်အချို့

ဘေဘီလေးကနေ အရွယ်ရောက်လာအောင် မွေးမြူရတာက သိပ်တော့လွယ်လှတယ်မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ဘေဘီလေးတစ်ယောက်ရောက်ရှိလာချိန်မှာ မိဘဆိုတဲ့ စိတ်အတိုင်းအကောင်းဆုံးတွေကိုပဲ ပေးချင်တဲ့ စိတ်ကူးရှိနေမှာပါ။ ဒီလိုအကောင်းဆုံးတွေကိုပဲ ပေးတဲ့ထဲမှာ အစာအာဟာရတင်မဟုတ်ဘဲ အသုံးအဆောင်တွေပါ ပါနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင်ဂရုမစိုက်နိုင်သေးတဲ့ ဘေဘီလေးအတွက် Diaper(သေးခံ) ကိုရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက်အချို့အကြောင်းပြောပြပေးချင်ပါတယ်။ ဘေဘီလေးအတွက် Diaper ရွေးတဲ့အခါ ဘေဘီလေးအတွက် Diaperရွေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။ အရည်အသွေး ဘေဘီလေးက အရမ်းနုနယ်သေးတာကြောင့် အရည်အသွေးကောင်းတဲ့အရာမျိုးကို သာအဓိကထားသင့်ပါတယ်။ အကြောင်းကတော့ အရည်အသွေးမပြည့်ဝတဲ့ ပစ္စည်းတွေကြောင့်ဘေဘီလေးကို ထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။ အရွယ်အစား ဘေဘီလေးအတွက်Diaperမှာ Size အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအတွက် Diaper ရွေးချယ်တဲ့အခါ အသက်အရွယ်၊ ဘေဘီလေးရဲ့ ကိုယ်အလေးချိန်နဲ့သင့်တော်မယ့် Diaper မျိုးကိုရွေးစေချင်ပါတယ်။ ဝတ်ပေးရတာ အဆင်ပြေ၊ မပြေ အလုပ်တာဝန်တွေများလွန်းတာကြောင့်ဘေဘီလေးလည်း အဆင်ပြေမေမေဖေဖေတို့လည်း အလုပ်ရှုပ်သက်သာစေဖို့ရွေးချယ်တဲ့ Baby Diaper က အလုပ်မပိုစေဖို့တော့လိုမှာပါ။ ဒါကြောင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း