အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ကဘာလဲ။ ရှားပါးသောရောဂါတစ်မျိုးဖြစ်ပြီး ကြွက်သားများအားတောင့်တင်းခြင်း တခါတရံ အားလျော့ခြင်းများဖြစ်စေသည်။ ကြွက်သားများတောင့်တင်းခြင်းကြောင့် လမ်းလျောက်ရခက်ခြင်း စားရခက်ခြင်း စကားပြောရခက်ခြင်းများဖြစ်တတ်သည်။ မှားယွင်းသောဗီဇပြောင်းလဲမှုများကြောင့်ဖြစ်တတ်သည်။ မိခင် သို့မဟုတ် ဖခင်ထံတွင်ရှိပါက သင့်တွင်ဖြစ်တတ်သည် ရောဂါပုံစံနှစ်မျိုးရှိပါသည်။ ဘတ်ကာရောဂါ- ပို၍အဖြစ်များသည်။ အသက်လေးနှစ်နှင့် ဆယ့်နှစ်နှစ်ကြားတွင်လက္ခဏာစပြတတ်သည်။ အားနည်းသောကြွက်သားများကိုအဓိကတိုက်ခိုက်တတ်သည် များသောအားဖြင့် လက်မောင်းနှင့်လက်။ သော်ဆန်ရောဂါ -ရှားသည်။ ရောဂါလက္ခဏာများက မွေးပြီးလအနည်းငယ်တွင်စတတ်သည်။ များသောအားဖြင့် နှစ်နှစ်မှ သုံးနှစ်အတွင်း။ ခြေထောက်လက် နှင့်မျက်ခွံကြွက်သားများကိုအဓိကထိခိုက်စေသည်။ Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများ Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မွေးရာပါကြွက်သားချို့ယွင်းခြင်း၏အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ကြွက်သားတောင့်တင်းခြင်းဖြစ်းသည်။ ငြိမ်နေပြီး လှုပ်ရှားမှုစတင်ချိန်တွင် ကြွက်သားများတောင့်တင်းလာသည်။ ခြေထောက်ကြွက်သားများတွင်ပိုဖြစ်တတ်သော်လည်း မျက်နှာ လက်နှင့် တခြားနေရာများတွင်လဲတောင့်တင်းတတ်သည်။ အချို့သူများတွင် ကြွက်သားတောင့်တင်းမှုကမပြင်းထန်တတ်သော်လည်း တချို့တွင် လှုပ်ရှားမှုပြုရန်ခက်ခဲသည်အထိဖြစ်တတ်သည်။ အဓိကထိသောကြွက်သားများမှာ ခြေထောက် လက် မျက်လုံးနှင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသမှုများ

သင့်ကျန်းမာရေး အခြေအနေနှင့် ပင်မကျောရိုးတွင် ဖြစ်နေသော ရောဂါ ပြင်းထန်မှုအပေါ်မူတည်ပြီး လည်ပင်းကျီးပေါင်းတက်ခြင်းကို ကုသမှုများ ကွာခြားပါသည်။ ထိုကုသမှုများ၏ ရည်ရွယ်ချက်မှာ လည်ပင်းနာကျင်မှုများကို သက်သာစေရန်နှင့် လည်ပင်းလှုပ်ရှားမှုများ ကောင်းမွန်စေရန် ဖြစ်ပါသည်။ အောက်ပါတို့သည် လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသနိုင်သော နည်းလမ်းများဖြစ်ပါသည်။ သောက်ဆေးများ သောက်ဆေးများတွင် ဆရာဝန်ညွှန်ကြားသောဆေးများနှင့် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သောဆေးများ ပါဝင်ပါသည်။ NSAID အကိုက်အခဲပျောက်၊ အရောင်ကျဆေးများ ibuprofen, acetaminophen, naproxen စသည့် NSAID ဆေးများ သည် ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေပါသည်။ သို့သော် NSAID ဆေးများကို ပန်းနာရင်ကျပ်ရောဂါရှိသူများ၊ သွေးတိုးသမားများနှင့် နှလုံးရောဂါရှိသူများတွင် မပေးရပါ။ ကိုဒင်း ထိုဆေးကို ပြင်းထန်သော နာကျင်မှုများကို သက်သာစေရန် အသုံးပြုပါသည်။ ကိုဒင်းကို NSAID ဆေးများနှင့် တွဲပြီးပေးပါသည်။ သို့သော် ကိုဒင်းဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိပါသည်။ ဝမ်းမှန်မှန်မသွားခြင်း(ဝမ်းချုပ်ခြင်း) ဖြစ်တတ်ပါသည်။ ထိုသို့မဖြစ်ရန် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေဖို့အတွက် ပြုလုပ်နိုင်တဲ့ ယောဂပုံစံ သုံးမျိုး

သင်နေ့စဉ်ဘာအလုပ်ပဲ လုပ်လုပ် လက်ကို အသုံးပြုပြီး လုပ်ရတဲ့ အလုပ်တွေက အင်မတန် များပါတယ် (ဥပမာ ကွန်ပြူတာကီးဘုတ်နဲ့ စာရိုက်တာ၊ထမင်းဟင်းချက်တာ၊အရာဝတ္ထုတွေကို ကိုင်တွယ်တာ၊အဝတ်အစားဝတ်တာ စသဖြင့်ပေါ့)။ ဒါကြောင့် သင့်လက်ကောက်ဝတ်ဟာ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ လက်ကောက်ဝတ်နာကျင်မှုဝေဒနာကို ခံစားရတဲ့အခါ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် ယောဂနဲ့ အခြားသော အကြောလျှော့လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးခြင်းအားဖြင့် ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ လက်ကောက်ဝတ်နာကျင်ခြင်းကို ကုသရာမှာ အရေးပါတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း သင့်လက်ချောင်းလေးတွေ၊လက်ကောက်ဝတ်၊လက်၊လက်မောင်း၊ပုခုံး စတဲ့အစိတ်အပိုင်းတွေဟာ လှုပ်ရှားမှုအများစုကို ပြုလုပ်ရပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို ပြုလုပ်ရတာနဲ့အမျှ လက်ကောက်ဝတ်တွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပြီး နာကျင်မှုကို ခံစားလာရပါတော့တယ်။ သင်ဟာ လက်ကို အသုံးပြုပြီး နေ့စဉ်လှုပ်ရှားမှုတွေကို ပြုလုပ်နေရတာဖြစ်တဲ့အတွက် ဒီနာကျင်မှုဝေဒနာ အမြန်ပျောက်ကင်းသွားဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် သင့်လက်ကောက်ဝတ်တဝိုက်မှာရှိတဲ့ ကြွက်သားတွေကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

ဒူးဆစ်များ တောင့်တင်းနေပါသလား၊ ပုံမှန်လောက် လှုပ်ရှားမှုများ မပြုနိုင်ဖြစ်နေပါသလား။ သင့်နေစဉ် အလုပ်များပျက်သည်အထိ ဖြစ်နေပါသလား။ ထိုလက္ခဏာများ ခံစားနေရပါက ဆရာဝန်က သင့်ကို လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် တက်ကြွစွာနေထိုင်ရန် အကြံပေးပါလိမ့်မည်။ အောက်ပါတို့သည် ဒူးဆစ်တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ ဖြစ်ပါသည်။ ပေါင်အနောက် ကြွက်သားများကို ဆန့်ထုတ်ခြင်း ထိုနည်းသည် သင့်ကို နာကျင်မှုများ သက်သာစေခြင်း၊ လှုပ်ရှားမှုများကောင်းစွာ ပြုလုပ်နိုင်ခြင်းနှင့် အဆစ်များကို ထိခိုက်မှုများမှ ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ ကြမ်းပေါ်တွင် လှဲချလိုက်ပါ။ ကိုယ်ကို ဖြေလျှော့ထားပါ။ ဘယ်ဘက်ခြေကျင်းဝတ်ကို ပတ်ရန် ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပါ။ ထို့နောက် ဘယ်ဘက်ခြေထောက်ကို ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပြီး ထောင်မတ်ထားပါ။ ထိုအချိန်တွင် သင့်ပေါင်နောက်ရှိကြွက်သားများနှင့် ဒူးအနောက်ရှိနေရာများတွင် တင်းနေသည်ကို ခံစားရလိမ့်မည်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ချောင်းများ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

သင့်လက်ချောင်းများသည် အကွေးအဆန့် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် လက်ချောင်းများကို အသုံးပြုပြီး စာရိုက်ခြင်း၊ အသီးများအခွံနွှာခြင်း၊ အလှဆင်ခြင်းနှင့် ပန်းခူးခြင်းကဲ့သို့သော အလုပ်များ လုပ်နိုင်ခြင်းဖြစ်ပါသည်။ ထိုလက်ချောင်းလေးများ တောင့်တင်းနေသောအခါ နေ့စဉ်အလုပ်များ ထိခိုက်လာနိုင်ပါသည်။ ထိုအခါ ကုသမှုများခံယူရန် လိုအပ်သလို ရိုးရှင်းသောလေ့ကျင့်ခန်းများက သင့်ကို အထောက် အကူဖြစ်စေပါလိမ့်မည်။   လက်ချောင်းထိပ်များကို တလှည့်စီထိခြင်း ထိုလေ့ကျင့်ခန်းသည် အဆစ်များနှင့် အရွတ်များကို ဆန့်ထုတ်ပေးသော လေ့ကျင့်ခန်းဖြစ်ပါသည်။ လက်ချောင်းများကို အလွန်တရာ ဆုပ်နယ်ခြင်း မပြုရပါ။ ထိုလေ့ကျင့်ခန်းကို ပြုလုပ်ရန် လက်ချောင်းများကို ဆန့်ကားထားပြီး လက်ကောက်ဝတ်နှင့် လက်ဖဝါးနှစ်ခုကို ရေပြင်ညီတွင် ပက်လက်လန်ထားပါ။ လက်ချောင်းများဖြင့် OK ပုံစံ ပြုလုပ်ပါ။ ထိုအချိန်တွင် လက်ညှိုးနှင့် လက်မထိပ်ကို ထိထားရမည်ဖြစ်ပြီး အခြားလက်ချောင်းများသည် အရှေ့ဘက်ကို ဦးတည့်ထားရမည် ဖြစ်ပါသည်။ ထို့နောက် လက်ညှိုးပြီးလျှင် အခြားသော လက်ခလယ်၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေကျင်းဝတ်နာကျင်ခြင်း။ သိထားရမည့် ရာဂါလက္ခဏာများ

ကျောနဲ့ လည်ပင်းတို့လိုပဲ ခြေကျင်းဝတ်လည်း နာကျင်မှုတွေခံစားရနိုင်ပါတယ်။ ခြေကျင်းဝတ်နာကျင်လာပြီဆိုရင် လမ်းလျောက်ဖို့တောင် မပြောနှင့် ခြေထောက်လှုပ်ဖို့တောင် ခက်ခဲပါတယ်။ ဒါပေမဲ့လည်း နာကျင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုထဲ မဟုတ်ပါဘူး။ ထိုပြဿနာသင်ခံစားနေရပြီလားဆိုတာသိဖို့ အောက်ပါ ရောဂါလက္ခဏာတို့ဖြင့် တိုက်စစ်ကြည့်နိုင်ပါတယ်။ အဖြစ်များသော ရောဂါလက္ခဏာများ ခြေကျင်းဝတ်နာကျင်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာက နာကျင်ခြင်း ဖြစ်သော်လည်း ရောင်ရမ်းခြင်း၊ ထုံကျင်ခြင်းနဲ့ တစ်စစ်စစ်ဖြစ်ခြင်းလိုမျိုး အခြားလက္ခဏာများလည်း ရှိပါသေးတယ်။ နာကျင်ခြင်းကတော့ အဖြစ်များဆုံးပါ။ ခြေကျင်းဝတ်နာနေတဲ့လူတွေမှာ နာကျင်ခြင်းအများဆုံးဖြစ်တာပါ။ တိကျတဲ့နေရာတစ်နေရာတည်းမှာ နာကျင်နိုင်သလို ခြေကျင်းဝတ်တစ်ခုလုံးမှာလည်း နာကျင်နိုင်ပါတယ်။ လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အခြားသော ခြေကျင်းဝတ် အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာကြောင့် နာကျင်ခြင်း ပိုဆိုးသွားနိုင်ပါတယ်။ ခြေကျင်းဝတ်ပေါ်မှာ အလေးချိန်တောင် မသက်ရောက်သင့်ပါဘူး။ ရောင်ရမ်းခြင်းလည်း ရံဖန်ရံခါဖြစ်တတ်ပါတယ်။ ခြေကျင်းဝတ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ရောင်ရမ်းလာပါတယ်။ ခြေကျင်းဝတ်မှာရှိတဲ့ တစ်ရှုးတွေပျက်စီးသွားပြီး သွေးတွေ၊ ပြည်တွေနဲ့ ပြည့်နှက်ကာ ရောင်းရမ်းလာပါတယ်။ ခြေကျင်းဝတ်နာကျင်ခြင်းက […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျောရိုးနာခြင်းကိုဘယ်လိုဖြေရှင်းမလဲ

ကျောရိုးနာခြင်းကိုလူအများစုကြုံတွေ့ဖူးကြမှာပါ။ ကျောရိုး နာကိုက်ခြင်းကလူကိုစိတ်ညစ်ညူးစေသောကြောင့်အတတ် နိုင်ဆုံးကုသသင့်ပါတယ်။ ကျောရိုးနာခြင်းကိုကုသရန်နည်း လမ်းအချို့ကိုအောက်တွင်ဖော်ပြထားပါတယ်။ ၁။ ဆေးဝါးများ ကျောရိုးနာသောပုံစံပေါ်မူတည်၍ဆရာဝန်ကအောက်ပါ ဆေးများကိုညွှန်ကြားပါလိမ့်မည်။ လတ်တလောခါးနာပျောက်စေရန်အကိုက်အခဲ ပျောက်ဆေးများ(acetaminophen, ibuprofen or naproxen) ကြွက်သားပြေလျော့ဆေးများ အကိုက်အခဲပျောက်ရန်လိမ်းဆေးများ အခြားအနာသက်သာစေသောဆေးဝါးများ (codeine or hydrocodone နှင့် tricyclic antidepressants) ယင်းဆေးဝါးများကိုဆရာဝန်ညွှန်ကြားမှုရှိမှ သောက်သင့်ပါတယ်။ အထက်ပါဆေးဝါးများနှင့်မသက်သာပါကထိုး ဆေး(cortisone)ကိုအသုံးပြုနိုင်ပါတယ်။ ၂။ ကျန်းမာရေးအသိပညာပေးခြင်း ကျောရိုးနာသောအခြေအနေကိုထိရောက်စွာဖြေရှင်းနိုင် ရန်ကျန်းမာရေးအသိလိုအပ်ပါတယ်။ တက်ကြွစွာနေခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ စိုးရိမ်ပူပန်မှုနည်းအောင်နှင့် နောင် အခါတွင်မထိခိုက်မိစေရန်သတိထားခြင်းစသည်တို့ကိုအသိ ပညာပေးသင့်ပါတယ်။   ၃။ ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အရိုးအဆစ်များပြန်လည် သန်စွမ်းရေး ကိုယ်ကာယလေ့ကျင့်ခန်းသည်ကျောရိုးနာခြင်းကိုကုသရာ တွင်အလွန်အရေးကြီးပါတယ်။ ကိုယ်ကာယလေ့ကျင့်ရေး ပညာရှင်များကအနာသက်သာစေရန်ကုသမှုအမျိုးမျိုးကို ပေးပါလိမ့်မည်။ အနာသက်သာလျှင်ကျောရိုးနှင့် ဗိုက်ရှိ ကြွက်သားများပြန်လည်သန်စွမ်းလာစေရန်လေ့ကျင့်ခန်း များသင်ကြားပေးပါလိမ့်မည်။   ၄။ ခွဲစိတ်ကုသခြင်း အချို့သောလူအနည်းစုသည်ခွဲစိတ်ကုသဖို့လိုအပ်ပါလိမ့် မည်။ ကျောရိုးနာပြီးခြေထောက်တစ်လျှောက်နာကျင်သော အခါ သို့ ကြွက်သားများအားနည်းလာသောအခါများတွင် ခွဲစိတ်ကုသပါကသက်သာနိုင်ပါတယ်။ ထို့ပြင်ကျောရိုးနှင့် အာရုံကြောမ ဖွဲ့စည်းပုံမမှန်သောအခြေအနေများတွင်ခွဲစိတ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ကဘာလဲ။ ဇက်ကြောဒဏ်ဖြစ်တယ်ဆိုတာ ကြွက်သားအမျှင်တစ်ချို့ စုတ်ပြဲခြင်းကြောင့် ဖြစ်ပါတယ်။ ကြွက်သားအနည်းငယ်သာ စုတ်ပြဲမယ်ဆိုရင် အဆင့်၁ဖြစ်ပြီး ကြွက်သားအမျှင်၉၀%စုတ်ပြဲမယ်ဆိုရင် အဆင့်၂ဖြစ်ပါတယ်။ လုံးဝစုတ်ပြဲသွားမယ်ဆိုရင်တော့ အဆင့်၃ပါ။ အဆင့်၃ကတော့ ဇက်မှာအဖြစ်နည်းပြီး ဖြစ်မယ်ဆိုရင်လည်း ဒဏ်ဖြစ်တယ်လို့မခေါ်တော့ပါဘူး။   ဦးခေါင်းနဲ့လည်ပင်းတို့ ရုတ်တရက်လှုပ်ရှားလိုက်တာမျိုး ဒါမှမဟုတ် ထိမိခိုက်မိတာမျိုးကြောင့် ဒဏ်ဖြစ်နိုင်ပါတယ်။ ပြုတ်ကျတာတို့၊ ကားအက်စီးဒင့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Whiplash ဆိုပြီးခေါ်ကြပါတယ်။ ဖုန်းကို ခေါင်းနဲ့ပခုံးညှပ်ထိန်းထားခြင်း ဒါမှမဟုတ် အိပ်နေကျပုံစံမျိုးနဲ့မအိပ်ခြင်း ( ဥပမာ ထိုင်လျက်အိပ်ခြင်း) လိုမျိုး ကိုယ်အနေအထားမမှန်ခြင်းတို့ကို အချိန်ကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင် ဇက်နာနိုင်ပါတယ်။ Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများ Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ ဇက်နာတာပါပဲ။ ရံဖန်ရံခါ လှုပ်ရှားနိုင်မှုလျော့နည်းသွားခြင်းနဲ့လည်း တွဲနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီးနောက် ဇက်နာနိုင်သော်လည်း အစပိုင်းမှာတော့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားဒဏ်ဖြစ်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ကဘာလဲ။ ကြွက်သားကို ဆွဲစုတ်လိုက်တဲ့အခါ ဒါမှမဟုတ် ပြဲစုတ်သွားတဲ့အခါမှာ ကြွက်သားဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် ဆန့်သွားခြင်းဖြစ်ပေါ်လာပါတယ်။ ဒဏ်ဖြစ်တာကတော့ ဘယ်ကြွက်သားမဆိုဖြစ်နိုင်သော်လည်း ခါးအောက်ပိုင်း၊ လည်ပင်း၊ ပုခုံးနဲ့ ပေါင်နောက်ပိုင်းကြွက်သားတွေမှာတော့ ပိုဖြစ်နိုင်ပါတယ်။ muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ အန္တရာယ်ရှိအချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများmuscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကြွက်သားဒဏ်ဖြစ်ခြင်းကို ဝေဒနာခံစားရခြင်းဖြင့်သိရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ချက်ချင်းထနာလာခြင်း အလွန်နာကျင်ခြင်း လှုပ်ရှားနိုင်မှုကျလာခြင်း အညိုအမဲစွဲခြင်း ဒါမှမဟုတ် အရောင်တွေပြောင်းလဲခြင်း ရောင်ရမ်းခြင်း တင်းပြီးနာခြင်း တောင့်တင်းခြင်း အားနည်းခြင်း သိပ်ဒဏ်မဖြစ်ဘူးဆိုရင်တော့ အနည်းငယ်သာ တောင့်တင်းတယ်လို့ခံစားရပြီး အသုံးပြုဖို့လှုပ်ရှားနိုင်ပါဦးမယ်။ ကြွက်သားစုတ်ပြဲသွားမယ်ဆိုရင်တော့ ဆိုးရွားစွားဒဏ်ဖြစ်သွားပါလိမ့်မယ်။ ထိုသို့ဖြစ်မယ်ဆိုရင်တော့ နာကျင်ပြီး လှုပ်ရှားနိုင်စွမ်းတွေနည်းသွားနိုင်ပါတယ်။ အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး မေးစရာတွေရှိမယ်ဆိုရင်တော့ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သိသာပြင်းထန်တဲ့ ကြွက်သားဒဏ်ရာတွေရှိမယ် ဒါမှမဟုတ် အိမ်တွင်းဆေးနည်းတွေနဲ့ ၂၄နာရီအတွင်းမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Shin Splints ( ညှို့သကျည်းနာကျင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကဘာလဲ။ ညှို့သကျည်းမှာ နာကျင်မှုခံစားနေရခြင်းဖြစ်ပါတယ်။ ညှို့သကျည်းက ခြေထောက်အရှေ့ပိုင်းမှာရှိတဲ့ ကြီးမားတဲ့အရိုးဖြစ်ပါတယ်။ အတွင်းဘက်ညှို့သကျည်းဖိအားများမှုရောဂါစုလို့လည်း ခေါ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအသင့်အတင့်ကနေ ပြင်းပြင်းထန်ထန်လုပ်တဲ့လူတွေမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်နေိုင်ချေတေါက ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တွေမှာ ပါဝင်နေရင်၊ တင်းနစ်၊ ရက်ကက်ဘော၊ ဘောလုံး၊ ဘက်စကက်ဘောစတဲ့အားကစားတွေမှာပါဝင်နေမယ်ဆိုရင် ဖြစ်နိုင်ချေများပါတယ်။ အချို့အခြအနေတွေမှာ လှုပ်ရှားမှုကိုရပ်လိုက်ရတဲံအထိ နာကျင်မှုကပြင်းထန်နိုင်ပါတယ်။ ဖိအားကြောင့်ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုထပ်ခါထပ်ခါပြုလုပ်ခြင်းက ခြေထောက်အရိုး၊ ကြွက်သသားနဲ့ အဆစ်တွေကိုဖိအားဖြစ်စေပါတယ်။ သင့်ခန္ဓါကိုယ်ကို သဘာဝအတိုင်းပြုပြင်ထိန်းသိမ်းပေးနိုင်စွမ်းကို တားမြစ်ပါတယ်။ Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများShin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ ညှို့သကျည်းနာကျင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- ခြေထောက်အရှေ့ဘက်မှာ ကိုက်ခဲနာကျင်နေခြင်း ကိုယ်လက်လှုပ်ရှားပြုနေဏသ်အတွင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း