အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လည်ပင်းနာသက်သာစေဖို့ ကိုင်နီဆီယိုတိပ်ကို ဘယ်လိုအသုံးချမလဲ

လည်ပင်းနာခြင်းဟာ အတွေ့ရများတဲ့ ပြာသနာဖြစ်ပါတယ်။ ခွဲစိတ်စရာမလိုတဲ့ ကုသမှုတွေဖြစ်တဲ့ လေ့ကျင့်ခန်း၊ အပ်စိုက်ကုခြင်း၊ အပူ အအေးကပ်ခြင်းစတဲ့ နည်းလမ်းတွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ လက်ရှိမှာတော့ ကိုင်နီဆီယိုတိပ်ကို ထိရောက်တဲ့နည်းလမ်း အသစ်တခုအနေနဲ့ အသုံးပြုလာကြပါတယ်။ ဒီဆောင်းပါးမှာ လည်ပင်းနာခြင်းအပေါ် ထိရောက်မှု ရှိစေတဲ့ ကိုင်နီဆီယိုတိပ်အကြောင်း ဖော်ပြသွားပါမယ်။ ကိုင်နီဆီယိုတိပ်ဟာ လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ ဒီကုသမှုရဲ့ စိတ်ကူးကတော့ ကိုယ်ခန္ဓါကို သင့်တော်တဲ့ ထောက်ပံ့မှုပေးရင် သူ့ဖာသာ သက်သာသွားစေနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ လည်ပင်းနာတဲ့အခါ အောက်ပါအခြေအနေတွေ တွေ့ရတတ်ပါတယ်။ - လည်ပင်းတွင် အတော်အတန်မှ ဆိုးရွားတဲ့အထိ နာကျင်ခြင်း - လည်ပင်းတောင့်ပြီး ဦးခေါင်းမလှုပ်ရှားနိုင်ခြင်း - ဖြစ်သည့်နေရာတွင် နာကျင်နေခြင်း - ပခုံး၊ လက်မောင်း၊ လက် စသည့်နေရာများသို့ နာကျင်မှု ပြန့်နှံ့သွားခြင်း - ပခုံး၊ လက်မောင်း၊ လက်၊ လက်ချောင်းလေးများတွင် ထုံကျင်ခြင်း - အလေးအပင်မခြင်း၊ လမ်းလျှောက်ခြင်း၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Low Back Strain (ခါးနောက်ကျော တောင့်တင်းခြင်း)

သင်၏ နောက်ကျောတွင်ရှိသော ကျေားရိုးမကြီးကို အရွတ်များ၊ ကြွက်သားများက ထောက်ပံ့ ပေးထားရပါသည်။ သို့မှသာ ကျောရိုးမကြီးသည် ခန္ဓါကိုယ် လှုပ်ရှားမှု့ကို ကောင်းစွာ ထောက်ပံပေးနိုင်မည်ဖြစ်ပါသည်။ သင်သည် ခါးအကွေးအဆန့်ကို သတိမမှုဘဲ ယင်းကြွက်သားများကို အလွန်အမင်း ဆန့်ထုတ်သကဲ့သို့ ဖြစ်စေမည်ဆိုလျင် ယင်းကြွက်သားများတွင် သေးငယ်သော ဒါဏ်ရာလေးများ ဖြစ်ပေါ်စေလိမ့်မည်။ ယင်းသို့ ခဏခဏ ဒါဏ်ဖြစ်စေခြင်းက သင်၏ ခါးနောက်ကျောရှိ ကြွက်သားများကို အားပျော့စေ ပါသည်။ ထိုသို့အားပျော့စေခြင်းက ကျောရိုးမကြီး၏ ခါးရိုးဆစ်များကို နေရာတကျ ဖြစ်စေရန် ထိန်းသိမ်းနိုင်စွမ်း ကျဆင်းစေပါသည်။ ထို့ကြောင့် ခါးရိုးဆစ်များ၏ တည်ငြိမ် မှု့ကို ထိခိုက်စေနိုင်ပြီး ခါးနာခြင်းကို ဖြစ်ပေါ်စေ ပါသည်။ ယင်းခါးရိုးဆစ်များမှ ထွက်လာသော အာရုံကြော များကို ထိခိုက်စေနိုင်သဖြင့် ခါးတွင်သာမကဘဲ အခြားသော နေရာများတွင်ပါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ကဘာလဲ။ တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါဆိုသည်မှာ တင်ပဆုံကြားကြွက်သားသည် မပျော့ပျောင်းတော့ပဲအလွန်အမင်း တင်းမာနေခြင်းကိုဆိုလိုသည်။ ထိုတင်ပဆုံကြားကြွက်သားလွှာ သည် စအိုလမ်းကြောင်းနှင့် ဆီးပြွန်တို့ကို ထောက်ကန်ပေးထား သည်။ အမျိုးသမီးများတွင် သားအိမ်နှင့် မိန်းမကိုယ်ကိုပါ ထောက်ကန်ပေးသည်။ ထိုရောဂါသည် နာတာရှည်ရောဂါတခုဖြစ်ပြီး ကာလရှည်အတွင်း စအိုလမ်းကြောင်းနှင့်စအိုဝတွင် ပျောက်လိုက်နာလိုက်ဖြစ်နေတတ်သည်။ Levator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ Levator syndrome (သို့) levator ani spasm syndrome ဟုလည်းခေါ်ကြသည်။ ယေဘုယျ ပျမ်းမျှ လူဦးရေတွင် 7.4ရာခိုင်နှုန်းသောအမျိုးသမီးများနှင့်5.7 ရာခိုင်နှုန်းသောအမျိုး သားများတွင် ဖြစ်ပွားနေသည်ဟုခန့်မှန်းသိရှိရသည်။ ထိုရောဂါစု၏ လက္ခဏာများပြနေသောဝေဒနာရှင်တဝက်ကျော်ကျော်သည် အသက်30မှ 60အတွင်းရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLevator ani syndrome (တင်ပဆုံကြားကြွက်သားတင်းမာသောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ကိုက်ခဲမှု ဝေဒနာရှင်များသည် အူလှုပ်ရှားမှုနှင့်မဆိုင်သော စအိုလမ်းကြောင်း နာကျင်မှုကိုခံစားရနိုင်ပြီး ခဏတာမျှ(သို့)ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး နာရီပေါင်းများစွာနှင့် ရက်ပေါင်းများစွာကြာခံစားရနိုင်ပါသည်။ ထိုင်လိုက်သောအခါ (သို့) လှဲအိပ်သောအခါ နာကျင်မှုသည် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ကဘာလဲ။ အရေပြားနဲ့ ကြွက်သားများရောင်ရမ်းခြင်းဟာ ရှားပါးတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထပြီး ကြွက်သားများ အားနည်းကာ ရောင်ရမ်းတတ်ပါတယ်။ ဒီရောဂါဟာ ကြွက်သားရောင်ရမ်းပြီး ချည့်နဲ့တဲ့ရောဂါ၃မျိုးထဲက တမျိုးဖြစ်ပါတယ်။ Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူကြီးများရော ကလေးများကိုပါ ထိခိုက်နိုင်ပါတယ်။ လူကြီးတွေမှာဆိုရင် အသက် ၄၀ကျော်ကနေ ၆၀ ဝင်ခါစအချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ကလေးတွေမှာဆို ၅နှစ်နဲ့ ၁၅နှစ်ကြား အများဆုံး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများDermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အသားအရေပြောင်းလဲခြင်း။ ခရမ်းရောင် (သို့) နီညိုရောင်အကွက်များ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် မျက်နှာ၊ မျက်ခမ်း၊ လက်ဆစ်၊ တံတောင်ဆစ်၊ ဒူး၊ ရင်ဘတ်နဲ့ ကျော စတာတွေမှာ တွေ့ရတတ်ပါတယ်။ အကွက်တွေဟာ ယားယံပြီး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Leg cramps (ခြေထောက်ကြွက်တက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ကဘာလဲ။ ခြေထောက်ကြွက်တက်ခြင်းဟာအဖြစ်များပြီး များသောအားဖြင့်အန္ဓါရယ်မရှိတတ်ပါ။ သင့်ခြေထောက်ကြွက်သားများ တောင့်ပြီး နာလာသောအခြေအနေတခုဖြစ်သည်။ ကြွက်တက်ခြင်းသည်မိနစ်အနည်းငယ်လောက်ကြာတတ်ပြီး တခါတရံစက္ကန့်အနည်းငယ်သာကြာတတ်သည်။ ရှားရှားပါးပါး ဆယ်မိနစ်လောက်ကြာသည်လဲရှိတတ်သည်။ တခါတရံ အရမ်းနာကျင်သောကြောင့်လူနာနိုးလာပြီး ကြွက်သားများ ၂၄ နာရီထိနာနေတတ်သည်။ Leg cramps (ခြေထောက်ကြွက်တက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်ကြီးလာသည်နှင့်အမျှပိုဖြစ်လာနိုင်သည် အသက်၆၀ကျော်လျင် သုံးယောက်တစ်ယောက်လောက်ဖြစ်တတ်သည်။ အသက်ရှစ်ဆယ်ကျော် လူတစ်ဝက်လောက်တွင်ပုံမှန်ကြွက်တက်တတ်သည်။ ကိုယ်ဝန်ဆောင်မိန်းမများတွင် ကိုယ်ဝန်မရှိသောမိန်းမများထက် ညအချိန်တွင်ကြွက်ပိုတက်တတ်သည်။ ကြွက်တက်သော၄၀ရာခိုင်နှုန်းသောသူများသည် တစ်ပါတ်သုံးကြိမ် အချို့ကိစ္စများတွင် နေ့တိုင်းကြွက်တက်နိုင်သည်။. အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများ Leg cramps (ခြေထောက်ကြွက်တက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ များသောအားဖြင့်ကြွက်တက်ခြင်းသည် ခြေသလုံးကြွက်သား တွင်ဖြစ်တတ်ပြီး ပေါင်နှင့်ခြေဖဝါးတို့တွင်သိပ်မဖြစ်တတ်ပါ။ ကြွက်တက်ခြင်းသည် စက္ကန့်အနည်းငယ်မှ ဆယ်မိနစ်ထိကြာတတ်သည်။ ပေါင်ကြွက်သား ကြွက်တက်ပါက ပိုကြာနိုင်သည်။ ကြွက်တတ်သောအချိန်တွင် ထိသောကြွက်သားများသည် တောင့်၍ နာလာတတ်ပြီး ခြေဖဝါးခြေချောင်းများတောင့်နေတတ်သည်။ ကြွက်တက်ခြင်းသက်သာသွားပါက ခြေထောက်တွင် နာခြင်းကို နာရီအနည်းငယ်လောက်ခံစားရနိုင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု)

ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် ဒူးခေါင်းရိုးအရှေ့ ဒူးခေါင်းအဆစ်များနာသောအခြေအနေတစ်ခုဖြစ်သည်။ တခါတရံ အပြေးသမားဒူးခေါင်း သို့မဟုတ် ပြေးခုန်သူဒူးခေါင်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အားကစားများတွင်ပါဝင်သူ အဓိကအားဖြင့်မိန်းကလေးနှင့်ငယ်သောသူများတွင်ပိုစြဖ်တတ်သည်။ သို့သော် အားကစားသမားမဟုတ်သော်သူများတွင်လည်းဖြစ်တတ်သည်။ နာခြင်းတောင့်ခြင်း ကြောင့် လှေကားတက်ရန်ခက်ခြင်း ဒူးကွေးရန်နှင့် အခြားလှုပ်ရှားမှုများလုပ်ရန်ခက်ခဲတတ်သည်။ ဖြစ်စေသောအကြောင်းများကအများကြီးရှိပါသည်။ ဒူးခေါင်းဖုံးမညီခြင်း အသုံးပြုမှုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ လက္ခဏာများက များသောအားဖြင့်စောင့်ကြည့်ကုထုံးဖြင့်သက်သာသည် ဥပမာ အနားယူလိုက်ခြင်း လေ့ကျင့်ခန်းကုထုံးများယူခြင်း။ အဓိပ္ပါယ်ဖွင့်ဆိုချက်Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) ကဘာလဲ။ ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် ဒူးခေါင်းရိုးအရှေ့ ဒူးခေါင်းအဆစ်များနာသောအခြေအနေတစ်ခုဖြစ်သည်။ တခါတရံ အပြေးသမားဒူးခေါင်း သို့မဟုတ် ပြေးခုန်သူဒူးခေါင်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အားကစားများတွင်ပါဝင်သူ အဓိကအားဖြင့်မိန်းကလေးနှင့်ငယ်သောသူများတွင်ပိုစြဖ်တတ်သည်။ သို့သော် အားကစားသမားမဟုတ်သော်သူများတွင်လည်းဖြစ်တတ်သည်။ နာခြင်းတောင့်ခြင်း ကြောင့် လှေကားတက်ရန်ခက်ခြင်း ဒူးကွေးရန်နှင့် အခြားလှုပ်ရှားမှုများလုပ်ရန်ခက်ခဲတတ်သည်။ ဖြစ်စေသောအကြောင်းများကအများကြီးရှိပါသည်။ ဒူးခေါင်းဖုံးမညီခြင်း အသုံးပြုမှုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ လက္ခဏာများက များသောအားဖြင့်စောင့်ကြည့်ကုထုံးဖြင့်သက်သာသည် ဥပမာ အနားယူလိုက်ခြင်း လေ့ကျင့်ခန်းကုထုံးများယူခြင်း။ Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ကဘာလဲ။ ခြေဖဝါးအရိုးများနာကျင်မှုကို စတုန်းဘရုဟုလည်းခေါ်ပြီး ခြေဖဝါးနာပြီးယောင်ယမ်းသောရောဂါတစ်မျိုးဖြစ်သည်။ ခုန်ခြင်း ပြေးခြင်းနှင့်ပတ်သတ်သောလှုပ်ရှားမှုများတွင်ပါဝင်ပါက ဖြစ်တတ်သည်။ ဖြစ်စေသောအခြားအကြောင်းအရင်းများလည်းရှိသည်။ ခြေထောက်ပုံသဏာန်မမှန်ြခ်ငး ရှု့းဖိနပ်အရမ်းကျပ်လွန်းချောင်လွန်းခြင်းကြောင့်လည်းဖြစ်နိုင်သည်။ များသောအားဖြင့်မပြင်းထန်သော်လည်း ဒီရောဂါကြောင့်သင့်အခွင့်အရေးများဆုံးရှုံးနိုင်သည်။ ကံကောင်းစွာ အိမ်တွင်းကုသမှု ဥပမာ ရေခဲကပ်ခြင်းနှင့်အ နားယူခြင်းတို့ကြောင့်သက်သာစေနိုင်သည်။ ပုံမှန်ဖိနပ်ဝတ်ခြင်း သို့မဟုတ် ခြေဖဝါးအခုံးကိုထောက်ပံသောအရာများသည် ခြေဖဝါးအရိုးများနာကျင်မှုကို ကာကွယ်ပေးခြင်း သို့မဟုတ် ပြန်ဖြစ်သည်ကိုနည်းစေတတ်သည်။ Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) က ဘယ်လောက်အဖြစ်များသလဲ ယောက်ျားလေးမိန်းကလေးတူတူဖြစ်တတ်သည်။ အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သော်လည်း အသတ်အလယ်အလတ်မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများMetatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေဖဝါးအရိုးများနာကျင်မှုရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ခြေဖဝါးတွင်စူးခြင်းကိုက်ခြင်း သို့မဟုတ် ပူခြင်း-ခြေချောင်းများနောက်- မတ်တပ်ရပ်ခြင်းပြေးခြင်း ခြေထောက်ကွေးခြင်း လမ်းလျောက်ခြင်းကြောင့်ပိုဆိုးနိုင်သည်။-အဓိကအားဖြင့်ဖိနပ်မပါပဲ မြေပြင်အမာတွင်လမ်းလျောက်ခြင်း-နားပါကသက်သာနိုင်သည်။ ခြေချောင်းများတွင်စူးပြီးနာခြင်း ထုံခြင်း ကျင်ခြင်း ဖိနပ်ထဲတွင်ကျောက်စလစ်ခဲများရှိသကဲ့သို့ခံစားရခြင်း   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Groin Strain (ပေါင်ခြံဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Groin Strain (ပေါင်ခြံဒဏ်ဖြစ်ခြင်း) ကဘာလဲ။ ပေါင်ခြံဒဏ်ဖြစ်ရခြင်းမှာ ပေါင်ခြံနှင့်ပေါင်ရှိ ကြွက်သားများဆီသို့ ဖိအားအများအပြားသက်ရောက်ခြင်းကြောင့်ဖြစ်သည်။ ထိုကြွက်သားများ အားနှင့်တင်းလိုက်ခြင်း သို့မဟုတ် ဆတ်ကနဲ တင်းလိုက်ခြင်းများက ကြွက်သားများကို ဆွဲဆန့်စေပြီး ပြဲစုတ်သွားစေနိုင်ပါသည်။ ပေါင်ခြံဒဏ်ဖြစ်ခြင်းမှာ ပြေးခြင်း ခုန်ခြင်းတို့လုပ်ရသော အားကစားသမားများတွင် အဖြစ်များ၏။ အထူးသဖြင့် ဆတ်ကနဲ ခုန်ရခြင်း ဦးတည်ချက်ပြောင်းလိုက်ခြင်းတို့က ဖြစ်ရသည့် အဓိက အကြောင်းရင်းဖြစ်သည်။ ပေါင်ခြံဒဏ်ဖြစ်ခြင်းကို ဘောလုံးသမားများတွင် တွေ့ရများပြီး ဟော်ကီကစားသူ ၁၀% လောက်တွင်လည်း တွေ့ရ၏။ Groin Strain (ပေါင်ခြံဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေ းဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်မျာအား းထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများ Groin Strain (ပေါင်ခြံဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပေါင်ခြံဒဏ်ဖြစ်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ ပေါင်ခြံနှင့် ပေါင်အတွင်းဖက်တို့၌ နာကျင်ခြင်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ကဘာလဲ။ နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှုဆိုသည်မှာ တင်ပဆုံအောက်နှင့် တင်ပါးနှစ်ခုကြားနေရာတွင် ဖြစ်ပွားသော နာကျင်ကိုက်ခဲနေမှုဖြစ်သည်။ ထိုနာကျင်မှုမှာ နာတာရှည်ဖြစ်ပြီး 6လ(သို့)ထို့ထက်ပို၍ကြာမြင့်နိုင်သည်။ အချို့သောအခြေအနေများတွင်ပေါ်၍ပျောက်သွားသော သိပ်မပြင်းထန်သည့် နာကျင်ကိုက်ခဲမှုသာဖြစ်တတ်သည်။ သို့သော်အခြားကိစ္စများတွင် နာကျင်မှုသည်တဖြည်းဖြည်းနှင့် ဆိုးဝါးလာပြီး အိပ်ရေး၊အလုပ်(သို့)နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာနိုင်ပါသည်။ နာတာရှည်တင်ပဆုံရိုးခွင်နာကျင်မှုတွင် အကြောင်းအရင်းများစွာရှိနိုင်ပါသည်။ အခြားရောဂါတခု၏ လက္ခဏာ(သို့)သူ့ဘာသာဖြစ်သောနာကျင်မှုတခုလည်း ဖြစ်နိုင်ပါသည်။ နောက်ထပ်ရောဂါတခုကြောင့် သင်၏ထိုနာကျင်မှုဖြစ်ပွားပါက ထိုရောဂါကို ကုသခြင်းဖြင့် သင်၏နာကျင်မှုကို ပျောက်သွားစေနိုင်ရန်လုံလောက်သည်။ ကံမကောင်းစွာဖြင့် ကိစ္စအများစုတွင် နာတာရှည်တင်ပဆုံရိုးခွေ နာကျင်မှု၏ တိကျသောအကြောင်းအရင်းကို မသိရချေ။ ထို့ကြောင့် ကုသမှု၏ ပန်းတိုင်မှာ သင်၏နာကျင်မှုနှင့် အခြားသော လက္ခဏာများ ကို သက်သာစေရန်ဖြစ်ပြီး သင်၏ဘဝနေထိုင်မှုအဆင့်အတန်းကို တိုးတက်ကောင်းမွန်စေရန်ဖြစ်သည်။ Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Thoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း) ကဘာလဲ။ ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်းဆိုတာဘာလဲ ကျောရိုးမကြီး၏အလယ်ပိုင်းရှိ ကျောရိုးုများရှိရာနေရာနှင့်ကျောလယ်ပိုင်းတို့ကို ပေါင်း၍ ရင်ဘတ်ပိုင်းဟုခေါ်သည်။ တနည်းအားဖြင့်ဆိုရသော် လည်ပင်းအောက်ခြေမှ စ၍ နံရိုးခွေများ၏အောက်ခြေအထိကိုဆိုလိုသည်။ ဒဏ်ဖြစ်သည်ဆိုသည်မှာ ကြွက်သားများသည် လွန်စွာ ကျုံ့ခြင်း (သို့)အလုပ်လုပ်ရခြင်း တို့ကြောင့် ပုံမှန်ကဲ့သို့ဆောင်ရွက်မှုအားနည်းသွားခြင်း (သို့) ပြဲသွားခြင်း ဖြစ်သည်။ Thoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောရိုးမ၏ အလယ် ရင်ဘတ်ပိုင်းနေရာများတွင် အဖြစ်များသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းပါ။ လက္ခဏာများThoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိက လက္ခဏာမှာ နာကျင်ခြင်းသာဖြစ်သည်။ အထူးသဖြင့် လှုပ်ရှားမှုပြုပါက ဥပမာ-လေ့ကျင့်ခန်းလုပ်နေစဉ် ပို၍နာတတ်သည်။ အထက်ပါ လက္ခဏာအပြင်အခြားရှိနိုင်သေးသည်။ စိုးရိမ်စရာရှိပါက ဆရာဝန်အား ဆက်သွယ်ပြသပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း