အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ သည် အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်တာကြောင့် အမြန်သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ခြေထောက်ကိုက်တာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာ ဆိုပေမယ့် နေရထိုင်ရ အတော်လေး ခက်ပါတယ်။ ခြေထောက်ကိုက်တဲ့အခါ နေ့စဉ် လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သလို အနားယူ အိပ်စက်ချိန်မှာတောင် ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးပါမယ်။ ခြေထောက်ကိုက်တာ လူကြီးတွေမှာပဲ ဖြစ်တတ်တာလား ....... ခြေထောက်ကိုက်တာက လူကြီးတွေမှာ အဖြစ်များပေမယ့် လူငယ်တွေရော အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခြေထောက်ထဲက နာကျင်နေတာပါ။ အသက်အရွယ် ကြီးရင့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေမှာတော့ အဖြစ်များပါတယ်။ ခြေထောက်ကိုက်တာက ခဏတာအတွင်း သက်သာသွားတာ ရှိသလို ရက်သတ္တပတ် အတော်ကြာတဲ့အထိ မပျောက်တာ၊ လချီပြီ ကိုက်နေတာ၊ နှစ်ရှည်လများ ခြေထောက်ကိုက်တာလိုမျိုး နာတာရှည် ကျန်းမာရေး အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေကများ ခြေထောက်ကိုက်စေတာလဲ […]

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Shoulder Pain (ပခုံးအောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Shoulder Pain (ပခုံးအောင့်ခြင်း) ကဘာလဲ။ ပခုံးက ရွေ့လျားမှုအမျိုးမျိုးကို လုပ်ပေးနေရပါတယ်။ ပခုံးနဲ့ပတ်သက်ပြီးတစ်ခုခုမကောင်းဖြစ်သွားတဲ့အခါမှာ လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်တော့ပဲ နာကျင်မှုနဲ့မသက်မသာဖြစ်မှုကို ဖြစ်စေပါတယ်။ ပခုံးအေင့်ခြင်းက ပခုံးအဆစ်၊ ပတ်ပတ်လည်လည်ကြွက်သားတွေ အရွတ်တွေအကြောတွေကနေ ဖြစ်နိုင်ပါတယ်။ အဆစ်ကြောင့်ပခုံးအောင့်ခြင်းက လက်မောင်းပခုံးကို လှုပ်ရှားမှုပြုလုပ်လိုက်တဲ့အခါတိုင်း ပိုဆိုးသွားနိုင်ပါတယ်။ နှလုံးရောဂါ၊ သည်းခြေရောဂါလိုမျိုး ရင်ဘတ်ဝမ်းဗိုက်တွင်းကလီစာတွေကို သက်ရောက်တဲ့ရောဂါတွေက ပခုံးအောင့်ခြင်းကိုဖြစ်စေပါတယ်။ အခြားအင်္ဂါအစိတ်အပိုင်းနာခြင်းကြောင့် ပခုံးအောင့်ခြင်းကို လွှဲပြောင်းနာကျင်ခြင်းလို့ခေါ်ပါတယ်။ လွှဲပြောင်းပခုံးအောင့်ခြင်းက ပခုံးကိုလှုပ်ရှားမှုပြုတဲ့အခါမှာ ပိုဆိုးသွားလေ့မရှိပါဘူး။ Shoulder Pain (ပခုံးအောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများShoulder Pain (ပခုံးအောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပခုံးအောင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပခုံးလှုပ်ရှားမှုပြုလုပ်လိုက်တဲံအခါမျာ နကျင်ခြင်းနဲ့မသက်မသာဖြစ်ခြင်းဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ကဘာလဲ။ ကြွက်သားတွေနာကျင်ခြင်းတောင့်တင်းခြင်းကိုဖြစ်စေတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။ အထူးသဖြင့် ပခုံးတွေမှာဖြစ်ပါတယ်။ လက္ခဏာတွေက မြန်မြန်ပြလေ့ရြှိပီး မနက်ပိုင်းတွေမှာပိုဆိုးပါတယ်။ Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) က ဘယ်လောက်အဖြစ်များသလဲ အများစုက အသက်၆၅နှစ်အထက်တွေဖြစ်ပါတယ်။ အသက်၅၀အောက်တွေမှာ ဖြစ်တာအလွန်ရှားပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ မြောက်ပိုင်းဥရောပအနွယ်ဝင်တွေနဲ့ စကန်ဒီနေဗီယန်အနွယ်တွေမှာ ပိုဖြစ်ပွားနိုင်ချေများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPolymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ) ရဲ့လက္ခဏာတွေကဘာတွေလဲ polymyalgia rheumatica ရဲ့ ရောဂါလက္ခဏာတွေကတော့ ခန္ဓါကိုယ်နှစ်ခြမ်းစလုံးမှာ ဖြစ်လေ့ရှိပါတယ်။   ပထမဆုံးလက္ခဏာအနေနဲ့ ပခုံးနာကျင်ခြင်းအောင့်ခြင်း လည်ပင်၊ လက်မောင်းအထက်ပိုင်း၊ တင်ပါး၊ တင်ပဆုံရိုးနဲ့ ပေါင်နာကျင်ခြင်း အောင့်ခြင်း ကိုက်ခဲခြင်း သက်ရောက်ခံရတဲ့ ဖြစ်ပွားတဲ့နေရာမှာ တောင့်တင်းခြင်း အထူးသဖြင့်မနက်ပိင်းတွေမှာ ဒါမှမဟုတ် အချိန်အကြာကြီးမလှုပ်ရှားဘဲနေတာမျိုးတွေမှာ ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့နေရာမှာ အကန့်အသတ်နဲ့သာလှုပ်ရှားနိုင်ခြင်း လက်ကောက်ဝတ်၊ တံတောင်ဆစ်နဲ့ဒူးခေါင်းတွေမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Knee Sprain (ဒူးနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Sprain (ဒူးနာခြင်း) ကဘာလဲ။ ဒူးနာတယ်ဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အရွတ်၊ အရိုးနုများ စုတ်ပြဲခြင်းစတဲ့ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်နိုင်သလို အဆစ်ရောင်ခြင်း၊ ဂေါက်ရောဂါ၊ ရောဂါပိုးဝင်ခြင်းစတဲ့ ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မပြင်းထန်တဲ့ ဒူးနာခြင်းများကို ကိုယ်တိုင်ဂရုစိုက်ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ လေ့ကျင့်ခန်းကုထုံး၊ ပတ်တီးစည်းခြင်းတို့ကလည်း ဒူးနာသက်သာစေပါတယ်။ အချို့လူနာများမှာတော့ ခွဲစိတ်ကုသဖို့အထိ လိုအပ်နိုင်ပါတယ်။ Knee Sprain (ဒူးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အသက်၆၀ကျော်လျှင် ပိုဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKnee Sprain (ဒူးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပြဿနာရဲ့ အကြောင်းရင်းခံပေါ် မူတည်ပြီး ဒူးနာတဲ့နေရာနဲ့ ပြင်းထန်မှု ကွာဟနိုင်ပါတယ်။ ဒူးနာခြင်းရဲ့ တွဲတဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရောင်ရမ်းတောင့်တင်းခြင်း နီမြန်းခြင်း၊ ထိလျှင်ပူနွေးနေခြင်း အားနည်းခြင်း၊ ဒူးမခိုင်ခြင်း တဖျောက်ဖျောက် အသံမြည်ခြင်း ဒူးကို အပြည့်အ၀ မဆန့်ထုတ်နိုင်ခြင်း တို့ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Stiff Neck (ဇက်နာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stiff Neck (ဇက်နာခြင်း) ကဘာလဲ။ ဇက်နာခြင်းဟာ လူတိုင်းဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ တွေ့ကြုံဖူးတဲ့ အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ အားကစားလုပ်စဉ်၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စဉ်၊ အလုပ်လုပ်စဉ် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် လည်ပင်းကြွက်သားထိခိုက်နာကျင်ခြင်းဖြစ်တယ်။ တချို့သောကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဇက်နာနိုင်ပြီး ရောဂါကြီးတစ်ခုရဲ့လက္ခဏာအနေနဲ့ ဇက်နာတာမျိုးတော့ရှားပါတယ်။ Stiff Neck (ဇက်နာခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်သောအခြေအနေတွေကို ရှောင်ရှားခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများStiff Neck (ဇက်နာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဇက်နာခြင်း – ကားမောင်းခြင်း၊ ကွန်ပျူတာဖြင့်အလုပ်လုပ်ခြင်းကဲ့သို့ ခေါင်းကိုတစ်နေရာထဲအချိန်ကြာထားပါက ပိုဆိုးတတ်ပါတယ်။ ကြွက်သားများတောင့်တင်းခြင်း ခေါင်းလှုပ်ရှားမှုခက်ခဲသွားခြင်း ခေါင်းကိုက်ခြင်း တခြားလက္ခဏာတွေလည်းဖြစ်နိုင်တာကြောင့် အသေးစိတ်အတွက် ဆရာဝန်ကိုမေးမြန်းတိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့ နာကျင်မှုပြင်းထန်လာရင် ရက်ဆက်တိုက်မသက်သာဘဲနာကျင်နေလျှင် လက်၊ ခြေထောက်တို့ဆီသို့ ပျံ့သွားလျှင် ခေါင်းကိုက်ခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ အားနည်းခြင်း တို့ဖြစ်လာလျှင် ဆရာဝန်ပြသင့်ပါတယ်။ အကြောင်းရင်းများStiff Neck (ဇက်နာခြင်း) ကိုဘာတွေကဖြစ်စေသလဲ ကြွက်သားများအားစိုက်ရခြင်း – ကွန်ပျူတာ၊ ဖုန်း စသည်တို့ကိုအချိန်ကြာငုံ့ကြည့်၊ ကုန်းကြည့်ခြင်း။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Neck Pain (ဇက်ကြောနာ/တက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Neck Pain (ဇက်ကြောနာ/တက်ခြင်း) ကဘာလဲ။ ဇက်ကြောနာ/တက်ခြင်းမှာ အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ လည်ပင်းမှကြွက်သားများမှာ ပုံစံမမှန်ခြင်း ဥပမာ – ကွန်ပျူတာ သို့မဟုတ် အလုပ်စားပွဲကို ငုံ့ကြည့်ရခြင်း တို့ကြောင့် ဒဏ်ဖြစ်နိုင်သည်။ အရိုးအဆစ်ရောင်ခြင်းကလည်း ဇက်ကြောနာ/တက်ခြင်းကိုဖြစ်ပွားစေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ ဇက်ကြောနာ/တက်ခြင်းသည် ပြင်းထန်သည့်ရောဂါတစ်ခုကြောင့် ဖြစ်ရခြင်းမှာ အလွန်ရှားပါသည်။ ခြေလက်များ ထုံခြင်း သို့မဟုတ် ခွန်အားနည်းခြင်းများ သို့မဟုတ် ပုခုံတွင် စူးအောင့်နေခြင်းမှ လက်မောင်တစ်လျှောက်ထိဆင်းသွားခြင်းမျိုးဆိုလျှင် ချက်ချက်ကုသမှုခံယူပါ။ Neck Pain (ဇက်ကြောနာ/တက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများNeck Pain (ဇက်ကြောနာ/တက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဇက်ကြောနာ/တက်ခြင်း ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ – ခေါင်းပုံစံတစ်ခုတည်းကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေကျင်းဝတ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ

ခြေကျင်းဝတ်နာကျင်ခြင်း ဆိုတာ ဘာလဲ။ ခြေကျင်းဝတ်တဝိုက်မှာ နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတို့ကို ဆိုလိုပါတယ်။ ခြေကျင်းဝတ်ခေါက်ခြင်း၊လိမ်ခြင်းကြောင့် အဓိက ဖြစ်လေ့ရှိပြီး အောက်ပါအချက်တွေကြောင့်လည်း ခြေကျင်းဝတ်နာကျင်နိုင်ပါတယ်။ · အဆစ်အမြစ်ရောင်ခြင်း။ · ဂေါက်ရောဂါ။ · အာရုံကြောထိခိုက်ခြင်း။ · သွေးကြောပိတ်ခြင်း။ · အဆစ်ပိုးဝင်ခြင်း။   ခြေကျင်းဝတ်ဒါဏ်ရာရခြင်းကို ဘယ်လိုအမြန်ဆုံး ကုသမလဲ။ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုပြီး အိမ်နေရင်း ကုသပေးနိုင်ပါတယ်။ အနားပေးပါ : ထိခိုက်ဒါဏ်ရာ ရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို နောက်ထပ်ဖိအားတွေ မသက်ရောက်ပါစေနဲ့တော့။ အနားပေးထားပါ။ ဒါကြောင့် ဒါဏ်ရာ ရပြီးပြီးချင်း ရက်အနည်းငယ်အတွင်းမှာ အဆိုပါ ခြေကျင်းဝတ်ကို အသုံးပြုပြီး လှုပ်ရှားသွားလာတာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားပါ။ လမ်းလျှောက်ရလွယ်ကူစေဖို့အတွက် ချိုင်းထောက် ဒါမှမဟုတ် လမ်းလျှောက်တုတ်ကို အသုံးပြုနိုင်ပါတယ်။ ရေခဲကပ်ပါ : ဒါဏ်ရာရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို ရေခဲအိတ်ကပ်ပေးပါ။ တခါကပ်ရင် မိနစ်နှစ်ဆယ်နှုန်းနဲ့ တနေ့ကို လေးငါးခါလောက် ကပ်ပေးရမှာဖြစ်ပြီး တကြိမ်နဲ့တကြိမ်ကြားမှာ တနာရီခွဲလောက် ခွာရပါမယ်။ ဒီလိုမျိုး ရေခဲကပ်တာကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေကျင်းဝတ်နာကျင်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ လက္ခဏာများ

ခြေကျင်းဝတ်နာကျင်ခြင်းဆိုတာ ဘာလဲ။ ခြေကျင်းဝတ်နာကျင်ခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါရဲ့ အဖြစ်များဆုံး လက္ခဏာတခု ဖြစ်ပါတယ်။ ခြေကျင်းဝတ်လိမ်ခြင်း၊ခေါက်ခြင်းတို့ဖြစ်ရင် အောက်ပါလက္ခဏာတွေကို ခံစားရပါမယ်။ · နာကျင်ခြင်း။ · ခြေကျင်းဝတ် နီရဲရောင်ရမ်းခြင်း။ · လမ်းမလျှောက်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါဟာ ရောင်ရမ်းနာကျင်မှုတွေကို ဖြစ်စေပြီး ခြေကျင်းဝတ်အပါအဝင် အဆစ်အမြစ်တွေကို နာကျင်စေပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာတဲ့အခါ အဆစ်အမြစ် အကြီးတွေပါ ထုံကျဉ်ကိုက်ခဲလို့ လာပါလိမ့်မယ်။ နောက်ဆုံးမှာ လုံးဝမလှုပ်နိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။   ဘာလို့ ခြေကျင်းဝတ်နာရတာလဲ။ ခြေကျင်းဝတ်နာရခြင်းဟာ လူနာရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုဝေဒနာကို ထိထိရောက်ရောက်ကုသနိုင်ဖို့အတွက်ဆိုရင် ဘယ်အရာတွေက နာကျင်မှုကို ဖြစ်စေတာလဲဆိုတာ နားလည်အောင် လုပ်ရပါမယ်။ ထိခိုက်ဒါဏ်ရာ ရရှိခြင်းဟာလည်း အဖြစ်များဆုံး အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ခြေကျင်းဝတ်နာကျင်မှုဝေဒနာကို ခံစားနေရတဲ့ လူနာအနေနဲ့ ထိရောက်မှန်ကန်တဲ့ ကုသမှုကို စောစီးစွာ မခံယူဖူးဆိုရင် ကြာလာတဲ့အခါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပုခုံးနာကျင်ခြင်းဟာ လည်ပင်းကနေ မြစ်ဖျားခံလာနိုင်သလား

ပုခုံးနာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခု ဖြစ်ပြီး ပုခုံးမှာ ထိခိုက်ဒါဏ်ရာ ရခြင်း၊ဒါဏ်ဖြစ်ခြင်း ဒါမှမဟုတ် အခြားသော ပြဿနာတွေကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် တခါတရံ ပုခုံးနာကျင်ခြင်းဟာ လည်ပင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတခုခုကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ အံ့ဩသွားပါသလား စာဖတ်သူ။ ဒါဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုသိရှိရလေအောင် အခုဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   သင်ခံစားနေရတဲ့ ပုခုံးနာကျင်ခြင်းဟာ လည်ပင်းမှာဖြစ်နေတဲ့ ပြဿနာကြောင့် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ လည်ပင်းမှာရှိတဲ့ အာရုံကြောအဖိခံရပြီ၊ထိခိုက်ပြီဆိုရင် နာကျင်မှုက ပုခုံးအထိ ရောက်လာနိုင်ပြီး အားနည်းပျော့ခွေခြင်း၊ထုံကျဉ်ခြင်းတွေကတော့ လက်တလျှောက်လုံးမှာ ပျံ့နှံ့သွားနိုင်ပါတယ်။ ဒီလိုအခြေအနေကို ဆေးပညာဝေါဟာရနဲ့ "လည်ပင်းအာရုံကြောညပ်ခြင်း" လို့ ခေါ်ဝေါ်လေ့ရှိပြီး အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။ · အနည်းငယ် နာကျင်ခြင်းမှသည် ပြင်းထန်စွာ နာကျင်ခြင်းအထိ ခံစားရနိုင်ခြင်း။ · တချိန်လုံးနာကျင်နေတာမျိုးတော့ မဟုတ်ဘဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း။ · ပုခုံးမှာ နာကျင်မှုကို ခံစားရပြီး လက်တချောင်းလုံးသို့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာခြင်း အတွက် ကိုယ်လက်ကြံ့ခိုင်ရေးကုထုံးများ, အယူအဆများမှားယွင်းနေသော ရှေးရိုးစွဲ အမြင် ၅ ခု

ဒူးနာခြင်းသည် နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ ထိုသို့ခံစားရလျှင် ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် သင့်အတွက် အရေးပါသော ကုသမှုများထဲတွင် ပါဝင်လာပါသည်။ သို့သော် သင်ကြားဖူး မြင်ဖူးသော ရှေးစကားများ၊ အတွေ့အကြုံများအရ သင်သည် လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးများကို အယုံအကြည်ရှိချင်မှ ရှိပါလိမ့်မည်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ကြည့်ကြပါစို့။ အများအားဖြင့်မှားယွင်းနေသော အယူအဆများမှာ အောက်ပါတို့ဖြစ်ပါသည်။   ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ပါ။ ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ဟု အချို့သူများက ထင်နေတတ်ကြသည်။ တခါတရံတွင် မလုပ်ဖူးသော လေ့ကျင့်ခန်းများကို လုပ်ရန် တွန့်ဆုတ်နေကြပါသည်။ အမှန်မှာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိပါသည်။ ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အများစုသော ကုသမှုများတွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်လာပြီး အများစုသော လူနာများတွင် အကျိုးရှိကြောင်း တွေ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သံသယရှိလျှင် သင့်ဆရာဝန်အား […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပုခုံးနာခြင်းသက်သာစေမယ့် ကိုယ်လက်လှုပ်ရှားမှု ၅ မျိုး

သင်သည် ရုံးမှာ တနေကုန် တနေခမ်းထိုင်ပြီး အလုပ်လုပ်ရသူဖြစ်ပါသလား။ သင်သည် ခွဲစိတ်ကုသမှုများ ခံယူထားသောကြောင့် သင့် ပခုံး၂ဖက်ကို အနေအထားမှန်အောင်ကြိုးစားနေရပါသလား။ သင်သည် နှစ်ရှည်လများ လေ့ကျင့်ရသော တင်းနစ်ကစားသမား တစ်ဦးဖြစ်ပါသလား။ ထိုသို့သော အခြေအနေများတွင် ပခုံးနာခြင်းသည် ဖြစ်လေ့ရှိပါသည်။ ထို့ကြောင့် ပခုံးနာခြင်းကို သက်သာစေရန် အောက်ပါဆန့်ထုတ်လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါသည်။ စက်ဝိုင်းပုံစံ လှည့်ပါ။ စက်ဝိုင်းပုံလှည့်ခြင်းဖြင့် သင့်ပခုံးရှိကြွက်သားများကို ပူနွေးလာစေပါသည်။ ပထမဦးစွာ သင့်လက်နှစ်ဖက်ကို ဘေးမှာချပြီး မတ်တပ်ရပ်လိုက်ပါ။ လက်ဖဝါးကို အောက်ဖက်သို့ မျက်နှာမူပြီး လက်မောင်းနှစ်ဖက်ကို ကြမ်းပြင်နှင့် ရေပြင်ညီ အနေအထားဖြစ်အောင် မြှောက်လိုက်ပါ။ ထို့နောက် ၈ စင်တီမီတာခန့်အကျယ်ရှိသော စက်ဝိုင်းအနေအထားအတိုင်း လက်မောင်းနှစ်ဖက်ကို လှည့်ပါ။ တူညီသော ဦးတည်ဖက်အတိုင်း ၁၀ ခါလှည့်ပါ။ ဆန့်ကျင်ဘက်သို့ ၁၀ ခါလှည့်ပါ။ ထို့နောက် စက်ဝိုင်းပုံအကျယ်ကို အနည်းငယ်ချဲ့ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း