အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာ စေတဲ့ အကြောင်းရင်းများ

ဒူးနာ တယ်လို့ ပြောလိုက်ရင် လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဒူးနာတယ် ဆိုတာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ။ တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတာကြောင့် ဘယ်သူမဆို ဒူးနာတတ်ပါတယ်။ ဒူးနာရင် ဘာတွေကြောင့် ဖြစ်နိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ကြမလဲဆိုတာကို ပြောပြေပးပါ့မယ်။ ဒူးနာ စေတဲ့ အကြောင်းရင်းများ ဒူးနာတာက ထိခိုက်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ်၊ ဒူးမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ဒူးဆစ်ရောင်ရမ်းလို့ပဲ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ ထိခိုက်ဒဏ်ရာ ထိခိုက်ဒဏ်ရာလို့ဆိုတဲ့ နေရာမှာ အရွတ်တွေ၊ အရိုးတွေ၊ အရိုးနုတွေ၊ အရည်အိတ်တွေ အားလုံးပါပါတယ်။ အတွေ့ရများတာတွေကတော့ အရွတ်ပြဲတာ - ဘတ်စကပ်ဘောဆော့တဲ့သူတွေ၊ တခြားလေ့ကျင့်ခန်း လုပ်တဲ့ သူတွေ ရုတ်တရက် ဒူးခေါင်းကို လှည့်လိုက်တဲ့အခါမှာ  အရွတ်ပြဲတတ်ပါတယ်။ အရိုးကျိုးတာ - ခုံညင်းရိုး(patella) အပါအဝင် […]


အဆစ်ရောင်ရောဂါများ

ကျီးပေါင်း တက်တာ ဘယ်လိုလုပ်ကြမလဲ။

အသက်ကြီးလာတာနဲ့အမျှ ကျောရိုးမှာ ရှိတဲ့ အဆစ်လေးတွေ ပါးပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် ဇက်ကြောတွေ တက်တာ၊ ခေါင်းကိုက်တာ၊ လက်ပြင်ကိုက်တာတွေ ဖြစ်လာလပါတယ်။ ဒါကို ကျီးပေါင်း တက်တယ်လို့ ခေါ်ပါတယ်။ အသက် "ကြီး" မှ ဖြစ်လို့ "ကျီး"ပေါင်းလို့ ခေါ်တာပေါ့။ အသက်ကြီးတဲ့ သူတွေမှာ အဖြစ်များပြီး အသက်ကြီးလာလေလေ ပိုဆိုးလေပါ။ လေ့လာချက်တွေအရ အသက်၆၀ကျော်တွေရဲ့ ၈၅ရာခိုင်နှုန်းက ဇက်ကျီးပေါင်း ဖြစ်တတ်ပါတယ်။ ဒါဖြစ်လာရင် လူက နေလို့မကောင်းဘူး။ ခေါင်းကြီးလေးနေတဲ့အတွက် လေဖြတ်တော့မှာလား ဆိုပြီး စိုးရိမ်တတ်ပါတယ်။ ဒါကြောင့် ဇက်ကျီးပေါင်း ဆိုတာ စိုးရိမ်ရလား။ ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ကြမလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ ဇက် ကျီးပေါင်း တက်ရတာလဲ။ အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သုံးလာခဲ့တဲ့ လည်ပင်းဆစ်မှာ ရှိတဲ့ အရိုးတွေ၊ အရိုးနုတွေက […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဇက်ကြောချိုး တာ တကယ်ပဲ အကြောတက်သက်သာလား

အကြော အဆစ်တွေ ညောင်းညာနေလား၊ တောင့်တင်းနေလား။ ဒီလိုဖြစ်လာရင် တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ် အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲရယ်။ ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေပြေသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်း ပါပါတယ်။ ဒီလိုချိုးတာ လုံးဝ မကောင်းတာလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကြောချိုး တာ၊လေ့ကျင့်ခန်း လုပ်တာက တော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ အရမ်းကို မကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာ တွေကြောင့် ဇက်ကြောတက် မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။ ဘာလို့ အသံမြည်တာလဲ ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုး အဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေ ပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာ ဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို အဆစ်အပေါ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပုခုံးကြပ်ခဲ ခြင်း (Frozen shoulder)

မနက်မိုးလင်းတာနဲ့ ခြင်ထောင်တင်ဖို့ လက်မမြှောက်နိုင် ဖြစ်နေပါသလား။ ဒါမှမဟုတ် ခေါင်းဖြီးဖို့ လက် မမနိုင် ဖြစ်နေပါသလား။ အမြင့်ကပစ္စည်းတစ်ခုခုယူဖို့ လက်မလှမ်းနိုင်ဘူးလား။ အရင်လို မဟုတ်ဘဲ လက်မြှောက်တာ ခဏလောက် ကြာတာနဲ့ ညောင်းနေပြီလား။ ဒါက  ပုခုံးကြပ်ခဲ လာတာပါ။ ရေခဲရိုက်ထားတာနဲ့ ဆင်တူလို့ ဆေးပညာလို frozen shoulder လို့ ခေါ်ပါတယ်။ ဒါက ဘာလို့ ဖြစ်တာလဲ။ တစ်သက်လုံး လက်ပြန်မမြှောက် နိုင်တော့ဘူးလား စသဖြင့် သိလိုရာတွေကို ရေးပေးသွားမှာပါ။ ပုခုံးကြပ်ခဲ တယ်ဆိုတာ ဘာလဲ။ ပုခုံးကြပ်ခဲတယ်ဆိုတာ ပုခုံးက တဖြည်းဖြည်း နာလာတယ်။ လှုပ်လို့ မရတော့ဘူး။ ဒါက ဖြည်းဖြည်းချင်း စဖြစ်ပြီး ပိုဆိုးလာမယ်။ ပြီးရင်တော့ ပြန်ပျောက်သွားပါတယ်။ ၁နှစ်ကနေ ၃နှစ်အထိ ကြာတတ်ပါတယ်။ တချို့ဆို ၅နှစ်အထိ ကြာတတ်ပါတယ်။ ပုခုံးဆိုတာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးကိုက်ခါးနာ ဝေဒနာကို မကြာခဏ ခံစားနေရပြီလား

ကျန်းမာရေးပြဿနာ အမျိုးမျိုးကြောင့် အသက်အရွယ် မရွေး ခါးကိုက်ခါးနာ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ရုတ်တရက်ဆိုရင် ခါးနာတာက သိပ်ပြီး စိတ်ပူစရာမကောင်းဘူးလို့ ထင်ရနိုင်ပေမယ့် ပေါ့ဆလို့တော့ မဖြစ်ဘူးဆိုတာ အသိပေးချင်ပါတယ်။ ဘာကြောင့် ခါးနာတာလဲ။ ခါးနာရတဲ့ အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံး တရားခံတွေကို ပြောရမယ်ဆိုရင် ၁။ ထိုင်တဲ့ ပုံစံမမှန်ခြင်း ခါးကို ကုန်းကုန်းကြီး ထားတာ၊ တစ်နေကုန် တီဗီ၊ ကွန်ပျူတာကို အားစိုက်ကြည့်ပြီး အလုပ်လုပ်နေရတာ၊ ခါးအနေအထားကို အတည့်အတိုင်း မထားတာ၊ ဒါတွေက ကြာလာရင် ခါးရိုးရဲ့ အနေအထားကို ထိခိုက်စေပြီး ခါးကိုက်ခါးနာ ဖြစ်စေနိုင်ပါတယ်။ ၂။ အလေးအပင်တွေ မရခြင်း အရမ်းလေးလွန်းတဲ့ ပစ္စည်းတွေကို မရတဲ့အခါ လက်ကိုသာမက ခါးကိုပါ အသုံးပြုရပါတယ်။ ခါးအနေအထား ပုံစံမမှန်တာနဲ့ အရိုးအဆစ်တွေကို သွားပြီးထိခိုက်စေနိုင်သလို ခါးနာစေနိုင်ပါတယ်။ အလွန်အကျွံ အားကစားလုပ်တဲ့သူတွေ၊ ရုတ်တရက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာ နေတဲ့ မေမေကို ဘယ်လိုကူညီကြမလဲ

အိမ်မှာ သက်ကြီးရွယ်အိုရှိတဲ့ သူတွေကတော့ ဒီဒုက္ခကို ကောင်းကောင်းနားလည်ပါတယ်။ အိမ်မှာ ဒူးနာ လို့ ငြီးနေတဲ့သူတို့ကို တွေ့ရတာက စိတ်မသက်မသာဖြစ်စရာပါ။ အထိုင်အထလည်းခက်၊ အတက်အဆင်းလည်းမလွယ်၊ အိမ်နဲ့တူတူအပြင်သွားမယ်ဆိုလည်း ဝေးဝေးလံလံသွားလို့မရ၊ ခရီးသွားဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ ဘယ်မှမသွားနိုင်ဘဲ အိမ်ထဲမှာပဲ အထီးကျန်လာပါတော့တယ်။ ကြာလာရင် ဒီစိတ်နဲ့ပဲ တခြားရောဂါတွေ ဝင်လာတော့မှာပါ။ ဒူးနာတာကြောင့် ဒီလောက်ကြီးဖြစ်ဖို့ကတော့ မထိုက်တန်ပါဘူး။ အထူးသဖြင့် ခုခေတ်ကို အစစ အရာရာတိုးတက်နေတဲ့ ခေတ်မှာပေါ့။ ကုသစရာနည်းလမ်းတွေ များပြားတဲ့ အတွက် အရင်လို ဒုက္ခခံစရာမလိုတော့ပါဘူး။ ကဲ လူကြီးတွေကို ဒီလောက် ဒုက္ခပေးတဲ့ ဒူးနာရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ ဒါကို မပြောခင် ဒူးနာရောဂါအကြောင်း လေ့လာကြည့်ရအောင်။ ဒူးနာ ရောဂါဆိုတာဘာလဲ။ ရပ်ကွက်ထဲမှာ အလွယ်ပြောကြတဲ့ ဒူးနာတယ်ဆိုတာ တကယ်တော့ ဒူးဆစ်ရောင်ရမ်းတာပါ။ ဒူးဆစ်ကြားက […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဘိုးဘိုး၊ ဘွားဘွားတွေ ဒူးအစားထိုးကုသဖို့ ဘာကြောင့် လိုအပ်တာလဲ

အသက်အရွယ်ကြီးရင့် လာချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ၊ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းတွေ ကျဆင်းလာတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ဘိုးဘိုးဘွားဘွားတွေအနေနဲ့ လမ်းလျှောက်သွားလာကြတဲ့အခါ ဒူးနဲ့ ဒူးပတ်ဝန်းကျင်က အရိုးတွေ နာကျင်တာ၊ ကျွတ်ဆတ်တာ၊ ဒရွတ်ဆွဲနေတာတွေ မကြာခဏ ကြုံလာရနိုင်ပါတယ်။ အမြင့်လှေကားတွေတက်ချိန်မှာ ခြေထောက်လှမ်းကြွရခက်တာမျိုးတွေလည်း မကြခဏ ကြုံရလေ့ရှိပါတယ်။ ဒါဟာ ဒူးဆစ်ရိုးတွေ အားနည်းလာတာ၊ အရွတ်တွေပျက်စီးလာတာတွေရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုပြဿနာတွေရင်ဆိုင်ရလာပြီဆိုရင် သက်ကြီးရွယ်အိုတွေအတွက် သွားရေးလာရေးမှာ ခက်ခဲမှုတွေ များစွာကြုံလာရလေ့ရှိပါတယ်။ အိမ်ထဲကနေ အိမ်ပြင်ထွက်ဖို့တောင် စိတ်ညစ်ငြူးနေရတာမျိုး၊ ချစ်ရတဲ့ မြေးငယ် သားငယ်လေးတွေကို ချီပိုးဖို့တောင် ခက်နေတာမျိုး၊ အပေါ့အလေး သွားဖို့တောင် အခက်တွေ့နေတာမျိုးတွေပေါ့။ ဒီလိုဝေဒနာမျိုးတွေ ခံစားလာရပြီဆိုရင် ဒူးဆစ်ရိုးခွဲစိတ်ကုသတဲ့နည်းလမ်းကို သုံးပြီး ကုစားပေးတာဟာ ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာ နည်းပညာမြင့်မားလာတာနဲ့အမျှ ကုန်ကျစရိတ်သက်သာပြီး ထိရောက်ကောင်းမွန်တဲ့ အရိုးခွဲစိတ်ကုသမှုနည်းလမ်းတွေ၊ ဆေးရုံတွေလည်း ရှိလာနေပြီဖြစ်ပါတယ်။ ဘယ်လို […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးအစားထိုးကုသ ပြီးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ

ဒူးဆစ်ခွဲစိတ်ကုသ မှု ခံယူထားတဲ့ လူနာတစ်ယောက်ဟာ ခွဲစိတ်မှုအမျိုးအစား၊ ဝေဒနာပြင်းထန်မှု အတိမ်အနက်၊ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ ဆေးရုံတက်ရပါလိမ့်မယ်။ နာကျင်မှု ရှိနိုင်ပေမယ့် ကုသမှုအပြီး နောက်တစ်ရက်မှာ အထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်း လျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက ဂရုစိုက်ပေးမှာပါ။ ဝန်ဆောင်မှုပေးတဲ့ ဆေးရုံမှ ကျွမ်းကျင်သူတွေရဲ့ ပြန်လည်ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ ရည်ရွယ်တဲ့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ရှိမယ်၊ ဒါတွေက အနည်းငယ် နာကျင်ရနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ခြေ နည်းစေပါတယ်။ အများစုက ဒူးဆစ်ခွဲစိတ်ကုသ ပြီး ၆ ပတ်အကြာမှာ ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ၃ လလောက်ထိတော့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတချို့ ရှိနိုင်တယ်၊ တစ်ရှူးနဲ့ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

လူသိနည်းနေသေးတဲ့ ဒူးအစားထိုး ခွဲစိတ်မှုနောက်ပိုင်းဆိုးကျိုး (၉) ခု

အသက်ကြီးတဲ့သူတွေမှာ ဒူးနာတာက ပြဿနာတစ်ခုပါပဲ။ အထိုင်အထခက်၊ သွားရလာရခက်တာကြောင့် လူကြီးတွေကို ဘယ်မှမသွားနိုင်အောင် ချုပ်နေသလိုပါပဲ။ ခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့် ဒူးအစားထိုး ခွဲစိတ်ကုသလို့ ရနေပါပြီ။ ဒါဟာလူကြီးတွေအတွက် သတင်းကောင်းပါပဲ။ ဘာပဲဖြစ်ဖြစ် ခွဲစိတ်ပြီးရင် သွားရလာရပိုပြီးလွယ်ကူသွားတာကြောင့် လူကြီးတွေက စိတ်ဝင်စားကြပါတယ်။ ခွဲစိတ်တဲ့သူတွေလည်းများလာကြပါပြီ။ ဒါပေမယ့် ဒါဟာလည်း ခွဲစိတ်မှုတစ်ခုဖြစ်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ လူတွေပြောလေ့ပြောထမရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးက ဘာတွေရှိလဲဆိုတာ ဖတ်ကြည့်လိုက်နော်။ ဒူးအစားထိုး ခွဲစိတ်ခြင်း ရဲ့နောက်ဆက်တွဲဆိုးကျိုးများ (၁) ဒူးဆစ်တောင့်ခြင်း ဒူးအစားထိုးခွဲစိတ်ပြီးနောက် အတွေ့ရအများဆုံးပြဿနာကတော့ ဒူးဆစ်တောင့်တာပါပဲ။ ဒါကြောင့် အထိုင်အထ၊ အတက်အဆင်းတွေမှာ ဒုက္ခရောက်ရပါတယ်။ ဒီလိုမဖြစ်အောင် စစချင်း နာလန်ထကတည်းက ထိရောက်တဲ့ ကုသမှုတွေ လုပ်ရမှာပါ။ လိုအပ်ရင် ဒူးဆစ်ဆန့်နေအောင် အထူးပြုလုပ်ထားတဲ့ Splintတွေ သုံးရပါမယ်။ ရှားရှားပါးပါး ပြန်ပြီးခွဲစိတ်ရတာတွေလည် ရှိတတ်ပါတယ်။ ဒါကို […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုး နဲ့ပတ်သက်တဲ့ ကုသမှုတွေအတွက် အကောင်းဆုံးဆေးရုံ ရွေးချယ်ကြမယ်

အကြာကြီးထိုင်ပြီးလို့ ထလိုက်တိုင်း။ လှေကားတွေတက်လိုက်တိုင်း အရိုးအဆစ်တွေထဲက တဂျွတ်ဂျွတ်မြည်ပြီး စုတ်တသက်သက်နဲ့ နာလိုက်တာလို့ ဖြစ်နေရတဲ့သူတွေရှိလား..... အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးသိပ်သည်းဆ လျော့နည်း လာတာကြောင့် အရိုးတွေက ထိခိုက်လွယ်မယ်၊ ဒဏ်ဖြစ်လာမယ် ဆိုတာက ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေပေါ့။ အရိုးထိခိုက်မှုက အသက်အရွယ်ကြောင့်တင် မဟုတ်ပါဘူး။ မတော်တဆထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီပြဿနာတွေက အကောင်းဆုံးဖြေရှင်းနိုင်မှ တော်ကာကျမယ့် ကျန်းမာရေးပြဿနာပါ။ ဒီလိုပြောရတဲ့အကြောင်းအရင်းက အရိုးက ခန္ဓာကိုယ်ကို အကောင်းဆုံးတည်ရှိစေပြီး လှုပ်ရှားမှုတွေအကောင်းဆုံးဖြစ်အောင် အားဖြည့်ပေးထားလို့ပါ။ ခန္ဓာကိုယ်အတွက် အရေးပါဆုံးသော အရာတစ်ခု........... ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေက အများကြီးရှိပါတယ်။ ဒီအစိတ်အပိုင်းတွေထဲမှာ အရိုးကလည်း တစ်ခုအပါအဝင်ပါပဲ။ အရိုးအဆစ်တွေကျန်းမာမှ လှုပ်ရှားသွားလာမှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အရိုးအဆစ်တွေ ထိခိုက်တဲ့အခါ လှုပ်ရှားရတာ မလွယ်တာမျိုး ကြုံဖူးမှာပါ။ အရိုးထိခိုက်တာ အရမ်းပြင်းထန်လာမယ်ဆိုရင် နေ့စဉ်ဘဝ လှုပ်ရှားမှုမှာ ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း