အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးပွခြင်း

အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ

အရိုးတွေ သန်မာစေရန် ကယ်ဆီယမ်နှင့် ဗီတာမင်ဒီတို့ လိုအပ်တယ်ဆိုတာကို လူတိုင်းသိကြပါလိမ့်မယ်။ ဒီအာဟာရဓာတ်တွေအပြင် ဗီတာမင်စီ၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ကလည်း အရိုးတွေရဲ့ သိပ်သည်းဆကို အားဖြည့်ပေးနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ အရိုးတွေ သန်မာလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ ကတော့ (၁) အစိမ်းရင့်ရောင်အရွက်များ နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်ဆီယမ်ကြွယ်ဝတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ကိုက်လန်၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရင့်ရောင်အရွက်အများစုမှာလည်း ကယ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်ကေလည်း ပါဝင်သေးတာမို့ ပုံမှန်စားပေးခြင်းဖြင့် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) အာလူး အရိုးတွေ ကျန်းမာရေးအတွက် မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်တွေကလည်း အားဖြည့်ကူညီပေးပါသေးတယ်။ မဂ္ဂနီဆီယမ်ဓာတ်နည်းပါးနေပါက ဗီတာမင်ဒီကိုပါ မမျှမတဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် အရိုးထဲကနေ ကယ်ဆီယမ်ဓာတ်တွေကို စစ်ထုတ်ပစ်နိုင်တဲ့ အက်ဆစ်တွေကိုလည်း ပိုတက်ဆီယမ်ကချေဖျက်ပေးပါသေးတယ်။ အာလူးနှင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

အဆစ်အမြစ် ကိုက်ခဲတာကို ကြည့်ပြီး မိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာရော တကယ်လား။ အဆစ်အမြစ် ကိုက်ခဲတတ်တဲ့ သူတွေက မိုးရွာရင် မိုးအေးရင် သူတို့ အဆစ်အမြစ်တွေ ပိုပြီး ကိုက်ခဲတယ်လို့ ပြောတဲ့အခါ လူကောင်းတွေအဖို့ ယုံရခက်တယ်။ ဘယ်လို ဆက်စပ်မှု ရှိနေတာလဲပေါ့။ နောက်တစ်ခါ အဲဒီလူတွေက သူတို့ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကို ကြည့်ပြီး မိုးရွာတာကိုတောင် ခန့်မှန်းနိုင်တယ်လို့ ပြောတာကျတော့ အလွန်အကျွံဖြစ်သွားပြီလို့ မထင်ဘူးလား။ သဘာဝလွန် ကိစ္စရပ်လို့တောင် ထင်စရာ ကောင်းပေမယ့် လေ့လာချက်တွေ အရတော့ ရာသီဥတုနဲ့ အဆစ်အမြစ် ရောင်ရမ်းမှုတွေ ဆက်စပ်မှုရှိတာ မှန်ကန်ပါတယ်တဲ့။ အဆစ်အမြစ် ကိုက်ခဲတတ်တဲ့သူတွေကို ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက် တစ်ခုမှာ အဆစ်အမြစ်ရောင် ဝေဒနာ ခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က မိုးရွာမှာကို ကြိုတင်ခန့်မှန်းတာ မှန်ကန် ပါတယ်တဲ့။ အဆစ်အမြစ်ရောင် ရောဂါရှိသွားရင် […]


အရိုးပွခြင်း

အရိုးပွ ခြင်း (osteoporosis) ကို ကြိုတင်ကာကွယ်နိုင်လား။

အရိုးပွ ရောဂါဟာ အရိုးအတွင်းမှာရှိတဲ့ အပေါက်လေးတွေက ပိုကျယ်လာပြီး အရိုးက တဖြည်းဖြည်းပါးလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆလည်း နည်းလာပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ အရိုးအားနည်းလာပြီး ကျိုးလွယ်တာတွေကို ဖြစ်လာစေပါတယ်။ အရိုးပွရောဂါဟာ အသက်ကြီးတဲ့ မိန်းမတွေမှာ အဖြစ်များပြီး လက်ကောက်ဝတ်၊ ခါးဆစ်ရိုးနဲ့ ကျောမကြီးတွေမှာ အဓိက ထိခိုက်တတ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီရောဂါ ဖြစ်လာခဲ့မယ်ဆိုရင် နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်နိုင်ချေကို များစေတဲ့ အကြောင်းအရင်းတွေထဲမှာ ကြိုတင်ကာကွယ်လို့မရတဲ့၊ ပြောင်းလဲလို့မရတဲ့ အကြောင်းအရင်း တွေရှိသလို ကာကွယ်လို့ရတဲ့ အကြောင်းအရင်းလေးတွေလည်း ရှိပါတယ်။ ကြိုတင်ကာကွယ်လို့မရတဲ့ အကြောင်းအရင်းများ။  ၁။ အသက်အရွယ်ကြီးခြင်းကြောင့်။ ငယ်ရွယ်သူတွေမှာ ပုံမှန်အားဖြင့် အရိုးတွေပျက်စီး ထိခိုက်တဲ့အခါ အရိုးအသစ်လေးတွေကို အမြန်ပြန်ပြီးတည်ဆောက်နိုင်ကြပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ အရိုးအသစ်တွေကို တည်ဆောက်တဲ့ နှုန်းကျဆင်းလာပြီး အရိုးအဟောင်းတွေ ပျက်စီးတဲ့နှုန်းက များလာပါတယ်။ […]


အခြား အရိုးရောဂါများ

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ အရိုးတွေက ပါးလာတယ်၊ ကျိုးလွယ်လာတယ်။ ကြွက်သားတွေလည်း အားနည်းလာပါတယ်။ ဒါပေမယ့် အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားသုံးမယ်ဆိုရင်တော့ အသက်အရွယ် ရလာပေမယ့်လည်း အရိုးနဲ့ကြွက်သားတွေကို သန်မာနေစေမှာပါ။ သန်မာတဲ့ အရိုးနဲ့ ကြွက်သားတွေကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်မနေလိုအပ်မယ့် အာဟာရဓာတ်တွေက များများစားစား မရှိပါဘူး။ အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေ ထဲမှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် D တို့ ပြည့်ဝစွာ ပါဝင်အောင် စားသုံးပေးဖို့လိုပါမယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ် နဲ့ ဗီတာမင် D 200 international units (IUs) ရရှိဖို့ လိုပါမယ်။ အသက် […]


အခြား အရိုးရောဂါများ

အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ

ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးတာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူ ပြုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ စားစရာတွေက ခန္ဓာကိုယ်ကို ကျန်းမာစေသလို အရိုးတွေ သန်မာစေဖို့လည်း အားဖြည့်ပေးပါတယ်။ အရိုးတွေက သန်မာကြံ့ခိုင်နေဖို့ဆိုရင် ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D လိုမျိုး အာဟာရတွေကို လိုအပ်မှာပါ။ ဒီတော့ အရိုးနဲ့ကြွက်သားတွေကို ကြံခိုင်စေဖို့ အာဟာရမျှတအောင် စားသောက်ရမယ့် နည်းလမ်းလေးတွေအကြောင်း ပြောပြပေးမယ်နော်။ အရိုးနဲ့ကြွက်သားတွေ သန်မာမှ နေ့စဉ်မှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်မှာပါ။ အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနေထိုင်စို့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D က သန်မာတဲ့ အရိုးတွေအတွက် အခြေခံလိုအပ်ချက်တွေပါ။ အသက် ၅၀ အထက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ ရောင်ရမ်း ခြင်းတွေ သက်သာအောင်ဘာလုပ်ကြမလဲ။

လေ့ကျင့်ခန်းလုပ်ရင်း၊ အားကစားလုပ်ရင်း ထိခိုက်မိတာပဲဖြစ်ဖြစ်၊ ပြုတ်ကျတာမျိုးပဲ ဖြစ်ဖြစ်၊ လိမ့်ကျတာမျိုးဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာ အနည်းငယ်ရပြီး ရောင်ရမ်း တာတွေဖြစ်လာတဲ့အခါ သက်သာအောင် ဘာတွေလုပ်ကြမလဲဆိုတဲ့ အခြေခံနည်းလမ်းလေးတွေကို ဒီဆောင်းပါလေးမှာ ပြောပြပေးချင်ပါတယ်။ အခြခံနည်းလမ်းလေးတွေကို RICE ဆိုပြီး အတိုကောက်မှတ် နိုင်ပါတယ်။  R ( Restrict activity and Rest ) ထိခိုက်မိတဲ့ နေရာ (ဥပမာ - ထိခိုက်မိတဲ့ ခြေထောက်) ကို လှုပ်ရှားမှု မလုပ်ဘဲ အနားယူပါ။ အထူးသဖြင့် ဒဏ်ရာရပြီး နာရီအနည်းငယ်လောက်မှာ ထိခိုက်မိတဲ့ဘက်ကို ငြိမ်ငြိမ်လေးဖြစ်အောင်ထားပေးသင့်ပါတယ်။ အဲဒီအချိန်မှာ ထိခိုက်မိထားတဲ့ ကြွက်သားတွေက အားနည်းနေတဲ့ အတွက် လှုပ်ရှားမှုလုပ်လိုက်မယ်ဆိုရင် ဒဏ်ရာကို ပိုပြီး ဆိုးလာစေနိုင်ပါတယ်။ ကောင်းမွန်စွာ အနားယူခြင်းက ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ I […]


အခြား အရိုးရောဂါများ

ခြေ ဖနောင့်အတက် ထွက်နေပြီလား

လမ်းလျှောက်လိုက်တိုင်း ဖနောင့်က နာနာနေတာ ဖနောင့်အတက် များ ထွက်နေသလား မသိဘူးလို့ သူများတွေ ပြောတာကြားဖူးပါသလား။ ဒါကို အရိုး အတက်ထွက်တယ်လို့ ခေါ်ပါတယ်။ အတက်ထွက်တယ်ဆိုပေမယ့် တကယ်တော့ အရိုးမှာ ကယ်ဆီယမ်တွေ စုပုံလာတာကို ခေါ်တာပါ။ အများအားဖြင့်တော့ ဖနောင့်နဲ့ ခြေချောင်းနား တစ်လျှောက်မှာ အတက်ထွက်လေ့ရှိပါတယ်။ အရိုးအတက်က မမြင်ရလောက်အောင် သေးတဲ့ အရွယ်ကနေ လက်မဝက်အရွယ်လောက်ထိ ရှိတတ်ပါတယ်။ ဒါကြောင့် အရိုးအတက်ထွက်တိုင်း နာချင်မှ နာမှာပါ။ ဖနောင့်အရိုးအတက်ထွက်တာနဲ့ ပတ်သတ်ပြီး ထပ်သိဖို့ လိုတာလေးတွေကို ဆက်ပြောပြပါ့မယ်။ ဖနောင့်အတက် ထွက်ခြင်းရဲ့ လက္ခဏာများ ဖနောင့်အတက် ထွက်တာက သေးသေးလေးပဲ ဆိုရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ နာလည်း မနာပါဘူး။ တခြားအကြောင်းနဲ့ ပတ်သတ်ပြီး စမ်းရင်း ပြုရင်းနဲ့မှ မတော်တဆ တွေ့တတ်တာမျိုးပါ။  တစ်ခါတစ်လေတော့လည်း အတက်ထွက်တာကြောင့် […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါ အဆစ်နာသမားတွေ ဘာရှောင်စားသင့်လဲ

ပုံမှန် အားဖြင့်တော့ ဂေါက်ရောဂါ ဟာ မျိုးရိုးရှိသူတွေ၊ အမျိုးသားတွေ နဲ့ အဝလွန်သူတွေ မှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဂေါက်ရောဂါ အတွက် ဓာတ်စာက ကုသပျောက်ကင်းနိုင်တဲ့ ဆေးမဟုတ်ပေမယ့် နာကျင်ရတဲ့ လက္ခဏာတွေ ပြန်ပေါ်လာနိုင်တဲ့ အန္တရာယ် လျော့နည်းစေနိုင်ပြီး အဆစ်ထိခိုက်မှုကို နှေးကွေးစေပါတယ်။ နာကျင်မှုဝေဒနာနဲ့ ယူရစ်အက်စစ်ပမာဏ လျော့နည်းစေဖို့ ဆေးဝါးနဲ့ထိန်းဖို့ လိုအပ်ပါတယ်။ ဂေါက်ရောဂါ ရဲ့ လက္ခဏာ က ဒါတွေ သိသာပါတယ် ပြင်းထန်တဲ့ အဆစ်နာကျင်ကိုက်ခဲမှု ဂေါက်ရောဂါက ခြေမအဆစ်မှာ ဖြစ်လေ့ရှိပေမယ့် ဒူး၊လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေ မှာ လည်း ဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက အဆိုးရွားဆုံး ဖြစ်လာနိုင် ပါတယ်။ သက်တမ်းကြာ ဝေဒနာ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲရပြီးနောက်မှာ […]


အဆစ်ရောင်ရောဂါများ

ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း

ပိုးဝင်၍ အဆစ်ရောင် ရမ်းခြင်း (septic arthritis) ဆိုတာ အရိုးအထူးကုဆရာဝန်တွေအတွက် အရေးပေါ် အခြေအနေပါ။ ချက်ချင်းကုသဖို့ သင့်တဲ့ ရောဂါပါ။ နောက်ကျသွားရင် ပိုးတွေ  ပြန့်သွားပြီး သွေးဆိပ်သင့်တာ၊ အဆစ်တွေ ပျက်စီးတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စောစောသိပြီး စောစောကုနိုင်ဖို့ အရေးကြီးပါတယ်။ ပိုးဝင်တာက အဆစ်တစ်ဆစ်တည်း ဖြစ်တာများပါတယ်။ ရှားရှားပါးပါး အဆစ်တွေ အများကြီး ထိတာလဲ ရှိပါတယ်။ ဒီရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကုသရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။ ဘာကြောင့် ပိုးဝင်ရတာလဲ။ ပိုးဝင်ပြီး အဆစ်ရောင်ရမ်းတာက တခြားနေရာက ဘက်တီးရီးယားပိုးတစ်ခုခုက ရောဂါပိုးက သွေးထဲကနေတစ်ဆင့် အဆစ်ကို ပျံ့လာတာကြောင့်ပါ။ တစ်ခါတစ်လေ အဆစ်ကို ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ်၊ ခွဲစိတ်တာဖြစ်ဖြစ် (ဥပမာ ဒူးအစားထိုး ခွဲစိတ်တာ) ပိုးဝင်တာမျိုးလည်း ရှိတတ်ပါတယ်။ အတွေ့ရများတဲ့ […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါ အကြောင်း သင်ဘယ်လောက် သိထားလဲ။

ဂေါက်ရောဂါ ဆိုတာ အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ တစ်ခုပါ။ ခြေမတွေ၊ လက်ချောင်းတွေ ဖောင်းတင်းလာပြီး နာလွန်းတာကြောင့် မြင်ရတဲ့လူတောင် သက်သောင့်သက်သာ မရှိပါဘူး။ နောက်ပြီး ဂေါက်ရောဂါလို့ ပြောလိုက်ရင် လူနာက သူတော့ အစားအသောက်တွေ ရှောင်ရတော့မယ်ဆိုပြီး သိထားပါတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း သောက်ရပြီး လှုပ်ရှားတာတိုင်းနာတာကြောင့် ဂေါက်ဖြစ်မှာကို လူတိုင်းကြောက်ကြပါတယ်။ ဂေါက်ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ဂေါက်ရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ဂေါက်ရောဂါဆိုတာ အဆစ်တွေမှာ ယူရိတ်တွေ စုလာပြီး ရောင်ရမ်းတာ၊ နာကျင်တာတွေ ဖြစ်လာတာပါ။ ယူရိတ်ဆိုတာ သွေးထဲမှာ ယူရစ်အက်စစ်တွေများလာလို့ ဖြစ်တာပါ။ ယူရစ်အက်စစ်ဆိုတာက "ပြူရင်း"ဓာတ်ကို ဖြိုခွဲရာက ရလာတာပါ။ ပြူရင်းက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းလဲ ရှိသလို အပြင်  အစားအစာတွေကလည်း ရပါတယ်။ ဥပမာပြောရရင်  […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း