အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးပွခြင်း

အရိုးပွသူများအတွက် သင့်တော်သော အာဟာရဓာတ်များ

အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးများကြံ့ခိုင်မှုအားနည်းသွားပြီး အရိုးပွခြင်း ဖြစ်လာနိုင်ပါတယ်။ အရိုးပွတဲ့အခါ ထိခိုက်မိရင် အရိုးများကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် ဗီတာမင်နဲ့ အာဟာရဓာတ်တချို့ကို စားသုံးပြီး ကာကွယ်နိုင်ပါတယ်။ အစားအစာများကတဆင့် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်သလို ဖြည့်စွက်စာများ အားဆေးများ သုံးစွဲရာကနေလည်း ရရှိနိုင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အောက်ပါအာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ကယ်လ်ဆီယမ် ကယ်လ်ဆီယမ်ဟာ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အရေးအကြီးဆုံး သတ္တုဓာတ်ဖြစ်ပါတယ်။ များသောအားဖြင့် အစားအစာများကနေ ရရှိနိုင်ပြီး လုံလောက်မှုမရှိမှသာ အားဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ဟာ တစ်ကြိမ်ကို ကယ်လ်ဆီယမ် ၅၀၀ မီလီဂရမ်ထက်ပိုပြီး မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် ဖြည့်စွက်စာဆိုရင် အချိန်ခွဲပြီး သောက်သုံးရပါတယ်။ အစားအစာနဲ့ အားဖြည့်ဓာတ်စာကို အတူသုံးစွဲတာ ခန္ဓာကိုယ်က စုပ်ယူခြင်းအတွက် ကောင်းစေပါတယ်။ ကယ်လ်ဆီယမ်များတဲ့ အစားအစာတွေကတော့ ဗီတာမင် D အရိုးပွခြင်းကိုကာကွယ်ဖို့အတွက် ဗီတာမင် D ဟာလည်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

တရားထိုင်စဉ် နောက်ကျောနဲ့ ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းများ

လူအများစုက တရားထိုင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ကောင်းတဲ့အလုပ်ဆိုတာကို သိနားလည်ထားကြတယ်။ ဒါပေမယ့် လူတိုင်းတော့ တရားမထိုင်နိုင်ကြဘူး။ တရားထိုင် မယ်ဟေ့လို့ တွေးပြီး အားရပါးရထိုင်လိုက်ပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက်နေတော့ ကျောကနာသလိုလို၊ ခါးက တောင့်သလိုလို၊ တင်ပဆုံရိုးကညောင်းသလိုလိုနဲ့ နေမထိ ထိုင်မသာ ဖြစ်လာတတ်ကြတယ်မဟုတ်လား။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် အလေ့အကျင့်မရှိတာကတစ်ကြောင်း၊ တစ်သက်လုံး လုပ်ငန်းခွင်နဲ့ နေအိမ်အတွင်းမှာ အညောင်းမိနေတဲ့ လူနေမှုပုံစံနဲ့ နေထိုင်ခဲ့တာကတစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးမလိုက်စားခဲ့တာတွေကတစ်ကြောင်း အကြာင်းပြချက် အမျိုးမျိုးကြောင့်ပါပဲ။ ခုဆို ဝါတွင်းကာလမို့ ဥပုသ်သီလ ဆောက်တည်မယ့် သူတွေရှိကြမှာပါ။ နေ့စဉ် ပုံမှန်တရားထိုင်နေကြလူမဟုတ်ရင် ရုတ်တရက်တရားထိုင်တာက ခန္ဓာကိုယ် အညောင်းမိတာ၊ နာကျင်ကိုက်ခဲတာတွေ ကြုံဆုံရဖို့ သေချာသလောက်ပါပဲ။ ကြာကြာထိုင်နိုင်ဖို့လည်း ခက်ခဲမှာပါ။ အဓိကဖြစ်တာကတော့ ခါးနာတာပါပဲ။ ခါးတွေ ကျောတွေ မနာအောင် ဘယ်လို တရားထိုင်ကြမလဲဆိုတာကို […]


အဆစ်ရောင်ရောဂါများ

ASOတက်တိုင်း လေးဖက်နာ ဖြစ်ရောလား။

ဒါက ခဏခဏ ကြုံနေကျကိစ္စပါပဲ။ ခုလို မိုးရာသီဆိုပိုဆိုး။ ခြေဆစ် လက်ဆစ်လေးများ မကိုက်လိုက်နဲ့။ ကိုယ့်ကိုယ်ကို ASOသွားစစ်။ တက်တော့ ငါတော့ လေးဖက်နာ ဖြစ်နေပြီပြော။ ပြီးတော့ ပင်နီဆလင်တွေသောက်။ တကယ်တော့ ဒါဟာ သေချာ မသိတာက စတာပါပဲ။ သိလားဆိုတော့လည်း မသိဘူး။ မသိဘူးလားဆိုတော့လည်း ကြားဖူးသလိုလို။ ကိုယ့်ဆရာပြောစကားအရဆိုရင် နင်တို့က ဟိုသီချင်းထဲလို 'သိသလို မသိသလိုပါပဲ' တဲ့။ ဘာကြောင့် ASOစစ်ရတာလဲ။ လေးဖက်နာဆိုတာ ဘာလဲ သေချာ မသိတော့ ဒီလိုတွေ ဖြစ်ရတာပါ။ ဒါကြောင့် ဒါလေးကို နည်းနည်းလေး ရှင်းကြရအောင်။ လေးဖက်နာ ဆိုတာ ဘာလဲ။ ဒါကို အရင်စရှင်းရမှာပေါ့။ လေးဖက်နာဆိုတာ ဆေးပညာအရတော့ Rheumatic feverလို့ ခေါ်ပါတယ်။ Group A Srteptococcusလို့ ခေါ်တဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ

လူတိုင်း ဒူးနာနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးလာရင် ပိုပြီး ကြုံဆုံရတတ်ပါတယ်။ ဒူးနာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းတော့ ကြုံရနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ အကြောင်းအရင်း ၃ မျိုးကြောင့် ဒူးနာနိုင်ပါတယ်။ ဒါတွေကတော့ ၁။ အဆစ်အမြစ်ရောင်တာခြင်းနဲ့ သက်ဆိုင်တဲ့ပြဿနာတွေဖြစ်ကြတဲ့ Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) Rheumatoid အဆစ်အမြစ်ရောင်ရောဂါ ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါ ဂေါက်ရောဂါတွေကြောင့်ဖြစ်တာ၊ ၂။ ဒူးဒဏ်ရာတွေဖြစ်ကြတဲ့ အရွတ်စုတ်ပြဲခြင်း အရိုးကျိုးခြင်း အရိုးနုစုတ်ပြဲခြင်းစတာတွေကြောင့် ဒူးနာတာ ၃။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ကြတဲ့ ဂုံညင်းရိုးလွဲခြင်း တင်ပါး သို့မဟုတ် ခြေထောက်နာခြင်းစတာတွေကြောင့်ပါပဲ။ အချိန်မရွေး အသက်အရွယ်မရွေးမှာဖြစ်နိုင်တဲ့ ဒူးနာဝေဒနာနဲ့ ပတ်သက်ပြီး သတိထားဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ ဒါမှ ဒူးနာဝေဒနာကို ကာကွယ်နိုင်မှာမဟုတ်လား။ တကယ်လို့များ ကိုယ့်ရဲ့ ဒူးက နာသလိုလို၊ ဒါမှမဟုတ် နာချင်သလိုလိုဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကုန်း တာ ပျောက်ကင်းစေဖို့

ခုခေတ်ကလေးတွေကို ကြည့်လိုက်ရင် ကုန်းကုန်း ကုန်းကုန်းနဲ့ သွားလာနေတာကို အများစုမှာ တွေ့ရပါတယ်။ လက်ကလေးတွေကို ကြည့်လိုက်ရင်လည်း ရှေ့လေးကို ကိုင်းလို့။ ဒါဟာ လက်ပြင်ကုန်း နေတာပါ။ တက်တက်ကြွကြွနဲ့ ရင်ဘတ်ကိုဖွင့်ပြီး သွားရမယ့် အရွယ်မှာ ဘာလို့များ ဒီလို ကုန်းကုန်းလေး သွားနေပါလိမ့်ပေါ့။ တကယ်တော့ စာရေးသူ ကိုယ်တိုင်လည်း လက်ပြင်ကုန်းတဲ့ထဲမှာ ပါပါတယ်။ လွယ်အိတ်အလေးကြီးတွေ လွယ်ပြီး ကျောင်းတက်ခဲ့ရတာကိုး။ နောက်ပိုင်း ကြီးလာတဲ့အခါကျတော့ ဒီလိုသွားတာက တော်တော်ရုပ်ဆိုးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ပုံ ပေါက်နေတာကြောင့် သတိထားပြီး ပြန်ပြင်လိုက်လို့ ခုဆို တည့်တည့် မတ်မတ် ဖြစ်သွားပါပြီ။ စာဖတ်သူတွေထဲမှာလည်း စာဖတ်သူကိုယ်တိုင် ဒါမှမဟုတ် စာဖတ်သူရဲ့ ကလေးတွေမှာ လက်ပြင်ကုန်းနေတဲ့သူတွေ ရှိခဲ့ရင် ဒီဆောင်းပါးလေးက တစ်ခုခု အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ လက်ပြင်ကုန်း တယ်ဆိုတာ လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ […]


အခြား အရိုးရောဂါများ

ရင်ဘတ်ချိုင့်ဝင်ခြင်း

ရင်ဘတ်ချိုင့်ဝင်တယ်ဆိုတာက ရင်ညွန့်ရိုးက မွေးရာပါ အတွင်းကို ချိုင့်ဝင်နေတာဖြစ်ပြီး ဆေးပညာအရ Pectus excavatum လို့ ခေါ်ပါတယ်။ ကန်တော့ပုံလေးနဲ့ တူတာကြောင့်လည်း funnel chest လို့ ခေါ်ပါတယ်။ မွေးရာပါ ရောဂါ ဖြစ်ပြီး အရွယ်ရောက်လာတာနဲ့အမျှ ခံစားရတဲ့ လက္ခဏာတွေက ပိုပြီး သိသာလာလေပါပဲ။ နောက်ဆုံး ခွဲစိတ်ကုသမှ ပျောက်မယ့် ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတာ မပြောနိုင်သေးပါဘူး။ မွေးရာပါ ရောဂါ တစ်ခုအနေနဲ့ပဲ သိထားကြတာပါ။ တစ်ခါတစ်လေတော့ မျိုးရိုးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလူတွေမှာ ပိုတွေ့ရလဲ။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပိုပြီး ဖြစ်နေတာကို တွေ့ရပါတယ်။ တခြား အခြေအနေတွေကတော့ Marfan syndrome Ehlers-Danlos syndrome Osteogenesis imperfecta Noonan syndrome Turner […]


အခြား အရိုးရောဂါများ

ခိုရင်အုပ် (Pectus carinatum)

တချို့ကလေးတွေရဲ့ ရင်အုပ်က သူများတွေနဲ့ မတူဘဲ အပြင်ကို ဆူထွက်နေတာမျိုး ရှိပါတယ်။ ဒါကို ခိုရင်အုပ် လို့ ခေါ်ကြပါတယ်။ ခိုငှက်လေးတွေကလည်း ရင်အုပ်စူစူလေးပဲလေ။ ဆေးပညာအရတော့ Pectus carinatumလို့ ခေါ်ကြတယ်။ အရပ်ထဲမှာတော့ ခိုရင်အုပ်၊ ချိုးရင်အုပ်၊ ကြက်ရင်အုပ် အမျိုးမျိုးခေါ်ကြပါတယ်။ ဒီလိုရင်အုပ်ပုံစံရှိတဲ့သူတွေက စိုးရိမ်ရလား၊ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ရှိတတ်လဲဆိုတာ လေ့လာကြည့်ရအောင်။ ခိုရင်အုပ် ဆိုတာ ဒီလိုစူနေတဲ့ ရင်အုပ်ဆိုတာ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါပဲ။ တွေ့ရခဲပါတယ်။ တချို့တွေမှာ သိပ်မသိသာတဲ့အတွက် လူပျိုဖော်၊ အပျိုဖော်ဝင်လို့ အရိုးတွေ ဖွံ့ဖြိုးလာမှပဲ သတိထားမိတာပါ။ သူ့ရဲ့ အဓိက ပြသနာကတော့ အပြင်ကို ငေါထွက်နေတာဖြစ်တဲ့အတွက် ကြည့်ရဆိုးတာပါပဲ။ တချို့တွေမှာတော့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တဲ့အချိန်ကျရင် မောတာမျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ။ ဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် ဒါဟာ […]


အဆစ်ရောင်ရောဂါများ

ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP) joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီး တဖြည်းဖြည်းနဲ့ ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာ ငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်ရောဂါ နဲ့ ဘာကွာလဲ ဆိုတော့ ဂေါက် ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံး ရောင်ရမ်း၊ နီရဲ၊ ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာ ကျတော့ ခြေမအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာ ကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။ အများအားဖြင့် ဘူနီယွန် ရှိနေရင် - ခြေမ အဆစ်ပတ်လည်မှာ ရောင်ရမ်း၊ နီမြန်း၊ နာကျင်ရတယ် ခြေမဖုကြောင့် စောင်းပြီး ခြေမနဲ့ ခြေညှိုး ထိနေတဲ့နေရာမှာ အသားမာတွေ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အားကစားလုပ်လို့ဖြစ်တဲ့ ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲမှုတွေ အမြန်သက်သာစေမယ့် အကြံပေးချက် (၁၀) ခု

အားကစား လုပ်ကြတယ်ဆိုတာက ကိုယ်လက်ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအလုပ်ဟာ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲဝင် အားကစားတွေ ကနေစလို့ ပုံမှန်ပြုလုပ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေအထိ ထိခိုက်ဒဏ်ရာ ရနိုင်တဲ့ ပြဿနာတွေ၊ အန္တရာယ်တွေ ရှိနေပြီး အနည်းဆုံးတော့ ကိုယ်လက်တွေ နာကျင်ကိုက်ခဲနေတာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ခြေကျင်းဝတ်၊ ပေါင်ခြံ၊ တံခေါက်ကြော၊ ညို့သကျည်း၊ ဒူး၊ ဒူးထိပ်ပိုင်းအရွတ်နဲ့ တံတောင်ဆစ်တွေမှာ အများဆုံး ထိခိုက်မိတတ်ကြပါတယ်။ ဒါ့အပြင် အရေပြားယားယံတာနဲ့ ထိခိုက်ရှနာ ဝေဒနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အားကစားသမားတစ်ယောက် ဒဏ်ရာ ရသွားရင် ဘယ်လောက်အချိန်ယူပြီး ကုစားရမလဲ။ ဘယ်လောက်ကြာရင် သက်သာမလဲလို့ အရင်ဆုံးမေးတတ်ကြတယ်။ ရရှိထားတဲ့ ဒဏ်ရာ၊ ခွဲစိတ်ဖို့ လိုအပ်ရင်လည်း Surgical Procedures နဲ့ လူနာကို ပြုစုကုသမှုအခြေအနေတွေအပေါ်မူတည်ပြီး ကြာချိန် […]


အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။

‘အမလေး ခါးထဲက နာလိုက်တာ..ခါးမျက်သွားပြီထင်တယ်’ ဆိုပြီး တကျွတ်ကျွတ်နဲ့ စုပ်သတ် နေရသူတွေ ရှိလား။ ခါးနာတာက တစ်ခါတလေ နေ့စဉ်ဘဝမှာ အမှတ်မထင်ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်တတ်ပေမယ့် ခံရခက်တဲ့ ဝေဒနာပါ။ ဒီတစ်ခေါက်တော့ နေ့စဉ် လှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ခါးနာသွားရင် မြန်မြန် သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ ခါးနာတဲ့အခါ ခါးနာနေပြီဆိုရင် ဒီလိုခံစားရတတ်ပါတယ် ကြွက်သား ကိုက်ခဲမယ်..တဆစ်ဆစ်နာမယ် ခြေထောက်ထဲကနေ ပေါင်ကြောတစ်လျှောက် တဆစ်ဆစ်နာမယ် ခါးကိုင်းတဲ့အခါ၊ အလေးအပင်မတဲ့အခါ မတ်တတ်ရပ်လိုက်တဲ့အခါ လမ်းလျှောက်တဲ့အခါမျိုးမှာ နာကျင်မှုက ပိုဆိုးလာမယ် လှဲလိုက်တဲ့အခါ ပိုနာလာမယ်။ အမှတ်မထင် ခါးနာသွားစေနိုင်တဲ့ အလေ့အထတွေ လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။ ကိုယ်တိုင်ကရော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း