အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးပွခြင်း

အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ

သင်သိရဲ့လား။ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၂၀၀ လောက်ဟာ အရိုးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို နှစ်စဉ်ရင်ဆိုင်နေကြရတယ်ဆိုတာကို။ အရိုးကျိုးတာ၊ အရိုးအက်တာ၊ နာကျင်တာ၊ အရိုးပွ တာ စသဖြင့်ပေါ့။ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ လူ့ခန္ဓာကိုယ်က အစိတ်အပိုင်းတွေဟာ ယိုယွင်းလာတယ်။ လုပ်နိုင်စွမ်း၊ တုန့်ပြန်နိုင်စွမ်းတွေကျဆင်းလာသလို မာကျောကြံ့ခိုင်မှုလည်း လျော့နည်းလာတယ်။ အရိုးတွေလည်း အတူတူပါပဲ။ အထူးသဖြင့်တော့ အမျိုးသမီးတွေပေါ့။ ရာသီသွေးဆုံးပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အရိုးပွ ရောဂါကို ခံစားရတတ်တယ်။ အမျိုးသမီးတွေရဲ့ ၃၀% လောက်အထိ ဒီပြဿနာနဲ့ ကြုံဆုံရနိုင်တာပါ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ ၆ ပုံ ၁ ပုံလောက်ဟာလည်း တင်ပါးဆုံရိုးကျိုးတာ၊ အက်တာမျိုးကို ခံစားရတတ်ပါသေးတယ်။ ဒီတော့ အသက် ၆၀ ကျော်လာရင် အရိုးတွေ ပုံမှန်ကျန်းမာနေဖို့က လူကြီးတိုင်းအတွက် အဓိကဦးစားပေးဖြစ်လာပါပြီ။ အရိုးမကျန်းမာရင် ရပ်တည်ဖို့တောင်ခက်ခဲနေပြီမဟုတ်လား။ ဒီပြဿနာတွေကို ကျော်လွှားနိုင်စေဖို့ဆိုရင် နည်းလမ်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာမှုတွေမှာ အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။ ဒီကြွက်သားထုတွေထဲမှာမှ ခြေသလုံးကြွက်သားဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုးပါပဲ။ ဒူးအောက်ဘက် ခြေထောက်နောက်ကျောဘက်မှာ တည်ရှိနေတဲ့ကြွက်သားအစုအဖွဲ့ကို ခြေသလုံးကြွက်သားလို့ ခေါ်ကြပါတယ်။ ဒီကြွက်သားတွေက လူတွေ လမ်းလျှောက်နိုင်ဖို့နဲ့ လှုပ်ရှားပြေးလွှားနိုင်ဖို့ အဓိကအကျဆုံး အစိတ်အပိုင်းတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေ နာကျင်နေတာမျိုး သင်တို့ကြုံဆုံရနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွေ နာကျင်နေနိုင်ပြီး သာမန်ပြဿနာလေးကနေ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာကြီးတွေအထိ အမျိုးမျိုးလည်း ဖြစ်နိုင်ခြေရှိထားပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သားနာကျင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ကြွက်တက်ခြင်း - ခြေသလုံးကြွက်သားနာကျင်ရာမှာ ဖြစ်နိုင်ခြေအများဆုံးကိစ္စဖြစ်ပြီး လူတိုင်းနီးပါး ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ခြေထောက်ကို အနေအထားတစ်မျိုးတည်းနဲ့ အကြားကြီးနေနေမိတာမျိုး၊ ရေလုံလောက်အောင် မသောက်မိတာမျိုးတွေကြောင့် ကြွက်တက်နိုင်ပါတယ်။ အားစိုက်လွန်းခြင်း - ကြွက်သားတွေကို အားစိုက်ပြီး အသုံးချလွန်းရင် ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး နာကျင်လာတတ်ပါတယ်။ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးအစားထိုးကုသမှု မလုပ်ခင် ဆရာဝန်ကိုမေးသင့်တဲ့ အရေးကြီးဆုံးမေးခွန်းများ

ဒူးနာတယ်၊ အထိုင်အထလုပ်ရင် အရမ်းနာကျင်ရတယ်၊ လမ်းမလျှောက်နိုင်ဘူး၊ စတဲ့ နာကျင်မှုတွေက အမြန်ဆုံးကုသမှုခံယူသင့်တဲ့ လက္ခဏာတွေပါ။ ဒါတွေဟာ အသက်အရွယ်ကြောင့် အရိုးအဆစ်တွေ ယိုယွင်းအားနည်းလာတာ၊ နာတာရှည် အဆစ်နာရောင်ရမ်းမှု၊ အရွတ်ထိခိုက်မှု၊ ဒဏ်ဖြစ်စေတဲ့ ထိခိုက်မှုကြောင့် ဒူးဆစ်ထိခိုက်မှု၊ အရိုးနုလွှာထိခိုက်မှု စတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဒူးနာတဲ့အခါ ရောဂါအတိမ်အနက်ကို မူတည်ပြီး သောက်ဆေး၊ လိမ်းဆေးတွေနဲ့ကုသမှု၊ ထိုးဆေးကုသမှု၊ ဒူးအစားထိုးကုသမှုတို့လို နည်းလမ်းတွေနဲ့ ကုသရပါတယ်။ တကယ်လို့ တခြားနည်းတွေနဲ့ မသက်သာဘဲ ဒူးအစားထိုးကုသမှုကို စဉ်းစားနေရပြီဆို ကိုယ့်ဘက်က ကြိုတင်လေ့လာဖို့လိုပါတယ်။ ဒါ့ကြောင့် ဒူးအစားထိုးကုသမှု မခံယူခင် ကိုယ့်ရဲ့ဆရာဝန်ကို ဒီမေးခွန်းတွေ အရင်မေးပါ - (၁) ဒူးအစားထိုးကုသမှု ဘယ်အမျိုးအစားက ကိုယ့်အတွက် အသင့်တော်ဆုံးလဲ အဆစ်နာဝေဒနာ ပြင်းထန်မှုအတိုင်းအတာ၊ အသက်အရွယ်နဲ့ အထွေထွေကျန်းမာရေး အခြေအနေ တို့ကို မူတည်ပြီး သင့်တော်တဲ့ ခွဲစိတ်ကုသမှုအမျိုးအစားကို […]


အခြား အရိုးရောဂါများ

အသက် ၆၅ နှစ်ကျော်ချိန်မှာ သင့်အရိုးကျန်းမာနေဖို့ဆိုရင်

အရိုး ဟာ အမြင်အားဖြင့်ဆိုရင် လူ့ခန္ဓာကိုယ်မှာ မာကျောတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် သူ့မှာလည်း သက်တမ်းရှိပါတယ်။ ကိုယ်ထိန်းသိမ်းရင် ထိန်းသိမ်းသလောက်၊ ဂရုစိုက်ရင် ဂရုစိုက်သလောက်တော့ ကျန်းမာမှာပေါ့။ ဒီလိုမဟုတ်ပဲ နေထိုင်စားသောက်ပုံမဆင်ခြင်ပဲ နေထိုင်သွားမယ်ဆိုရင်တော့ သင်အသက်ကြီးလာချိန်မှာ သင့်ကို အရင်ဦးဆုံး ဒုက္ခပေးမှာက အရိုးပါပဲ။ အရိုးမကောင်းတော့လို့ သွားရေးလာရေးမကောင်း၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင် စိတ်လည်းပိုပင်ပန်းလာမှာဖြစ်သလို တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖိတ်ခေါ်နေသလိုဖြစ်သွားမှာပါ။ ဒါကြောင့် အရိုးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လှပါတယ်။ အသက် ၆၅ နှစ်ကျော်လွန်ချိန်မှာ သင့်အရိုးတွေ ကျန်းမာနေဖို့ဆိုရင် ခုချိန်ကတည်းက သင်လိုက်နာပြုလုပ်ထားရမယ့် အချက်တွေရှိထားပါတယ်။ ကဲ လိုက်လုပ်ကြည့်ကြမလား … ကျန်းမာအောင်နေပါ ယနေ့ သင့်ခန္ဓာကိုယ်ကျန်းမာမှုဟာ အနာဂတ်ကျန်းမာရေးအခြေအနေတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကျန်းမာနေအောင် စောင့်ရှောက်ဖို့လိုအပ်သလို ဦးခေါင်းနဲ့ တခြားအစိတ်အပိုင်းတွေကိုလည်း ကျန်းမာအောင် ကာကွယ်ရပါမယ်။ ရာသီပေါ်ရောဂါတွေနဲ့ ကင်းဝေအောင်လည်း နေသင့်ပါတယ်။ ဒီလိုနေထိုင်မှ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာတာ ဘာကြောင့်လဲ၊ ဘယ်လို သက်သာအောင် လုပ်ရမလဲ။

ဒူးနာတာ က တော်တော်လေး အဖြစ်များကြတဲ့ ဝေဒနာတစ်ခုပါ။ သွားရင်းလာရင်း ဒူးက မျက်ခနဲ ဖြစ်သွားတာ၊ လှေကား အတက်အဆင်းမှာ နည်းနည်းနာသွားတာလောက်ကနေ ခြေထောက် ထောက်မရ၊ လမ်းလျှောက်မရ ဖြစ်လာတတ်ပါတယ်။ ဒူး ဘာကြောင့်နာရသလဲ ဒူးနာပြီဆို နေ့စဉ်ဘဝ လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒူးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) ကြောင့် ဒူးနာလေ့ ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။ ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားနိုင်ပါတယ်။ လေးဖက်နာအဆစ်ရောင်ရောဂါ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှူးတွေကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း

စားလိုက်တဲ့ အစားအသောက်တွေက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ အများကြီး သက်ရောက်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေတာအပြင် နောက်ထပ် ကောင်းကျိုး တစ်ရပ် ရှိပါသေးတယ်။ ဒီကောင်းကျိုးလေးကတော့ ဘာလဲဆိုတာကို သိရှိနိုင်စေဖို့အတွက် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဒါကတော့ အာဟာရပြည့်ဝပြီး ကျန်းမာအောင် စားသုံးမှုက နာတာရှည် အဆစ် နာကျင်တာနဲ့ ကြွက်သား နာကျင်တာတွေကို သက်သာစေပါတယ်။ ကြွက်သားတွေ အမြဲလိုလို နာနေတယ်။ အဆစ်တွေ နာနေတယ်။ ဘာစားရမလဲ မသိဘူးဖြစ်နေရင် ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေက ဘာတွေ ထောက်ကူပေးသလဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက ထိခိုက်မှုကြောင့် ပျက်စီးထိခိုက်နိုင်ခြေ နည်းစေတယ် အာရုံကြော နာကျင်မှုကို လျော့ပါး သက်သာစေတယ် နာကျင်မှု ခံစားရတာကို လျော့ပါးစေတယ် ရောင်ရမ်းမှုကို […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးခွဲစိတ်မှု နောက်ပိုင်း မဖြစ်မနေ သတိထားသင့်တဲ့ (၁၄) ချက်

ထိခိုက်မှုကြောင့် ၊ အရွတ်စုတ်ပြဲခြင်းကြောင့် စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဒူးခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ အမြန်သက်သာစေဖို့၊ နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့နဲ့ အနာပိုးမဝင်ဖို့ ဂရုစိုက်ရပါမယ်။ ကုသမှုခံယူခဲ့တဲ့ ခွဲစိတ်မှုအမျိုးအစား၊ ဝေဒနာပြင်းထန်မှု အတိမ်အနက်၊ လူနာရဲ့ ကျန်းမာရေးအခြေအနေကို မူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ ဆေးရုံတက်ရပါလိမ့်မယ်။ နာကျင်မှု ရှိနိုင်ပေမယ့် ကုသမှု အပြီး နောက်တစ်ရက်မှာ အထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်း လျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက ဂရုစိုက်ပေးမှာပါ။ ကိုယ့်ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ၊ ပြန်လည်ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့တော့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ ရည်ရွယ်တဲ့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ရှိမယ်၊ ဒါတွေက အနည်းငယ် နာကျင်ရနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ခြေ နည်းစေပါတယ်။ အများစုက ဒူးခွဲစိတ်မှု ကုသအပြီး ၆ ပတ်အကြာမှာ […]


အရိုးပွခြင်း

အရိုးပွခြင်းအကြောင်း သိသင့်သမျှ

အရိုးပွခြင်း ဆိုတာ အရိုးတွေမှာရှိသင့်တဲ့ သိပ်သည်းဆ လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ လူတိုင်းရဲ့ အရိုးတွေထဲမှာ ပျားအုံတစ်အုံလိုပဲ အခေါင်းပေါက်ငယ်ကလေးတွေ ရှိပါတယ်။ အရိုးပွခြင်းဖြစ်လာရင် အဆိုပါ အပေါက်ငယ်ကလေးများရဲ့ အရွယ်အစားဟာ ပိုမိုကျယ်ပြန့်လာပါတယ်။ ဒါကြောင့် အရိုးရဲ့ သိပ်သည်းဆရော ကြံ့ခိုင်မှုပါ အားနည်းလာပါတယ်။ အရိုးလည်း ပါးလျလာပြီး ထိခိုက်မိရင် ကျိုးပဲ့လွယ်လာပါတယ်။ အရိုးပွခြင်းအကြောင်း သိသင့်သမျှ အရိုးပွခြင်းဟာ ဘယ်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပွနိုင်ခြေ အများဆုံး အရိုးများကတော့ နံရိုး၊ ပေါင်ရိုး၊ ခါးရိုးနဲ့ လက်ကောက်ဝတ်ရိုးများပဲ ဖြစ်ပါတယ်။ လက္ခဏာများ များသောအားဖြင့် ကနဦးလက္ခဏာ မတွေ့ရတတ်ပါဘူး။ အရိုးကျိုးသည့်တိုင်အောင် အရိုးပွတဲ့ အခြေအနေကို ကြိုတင်ပြီး မသိတာများပါတယ်။ တစ်ခါတရံမှာ တွေ့ရတတ်တဲ့ အခြေအနေတွေကတော့ သွားဖုံးများ ချိုင့်ဝင်လာခြင်း လက်များ ညှစ်ဆုပ်နိုင်မှု အားနည်းသွားခြင်း […]


အခြား အရိုးရောဂါများ

အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

အရိုးအဆစ်တွေမှာ ဖြစ်တဲ့ ထိခိုက်မှုတွေက ခံစားရတဲ့ဝေဒနာ အတိမ်အနက် မတူတာဘဲ ရှိပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေဆို အမြန်ဆုံး အရေးပေါ်မကုသရင် ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် အရေးပေါ် ခွဲစိတ်ကုသရနိုင်ပါတယ်။ ဘယ်လို အခြေအနေမျိုးတွေမှာ အရေးပေါ်ကုသမှု လိုအပ်လဲ အရေးပေါ်ကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတချို့က - ခြေ (သို့) လက် အရိုးကျိုးခြင်း ခြေ၊ လက်ထိခိုက်မှု ကြောင့် ဖိအားများ ဖြစ်လာပြီး ကြွက်သားနဲ့ တစ်ရှူးတွေ သွေးထောက်ပံ့မှု မလုံလောက်တော့ခြင်း အရိုး ထိခိုက်မှု ကတဆင့် ပိုးဝင်ခြင်း တင်ပါးဆုံရိုး ကျိုးခြင်း အဆစ် တွေမှာ ပိုးဝင်ခြင်း ပြင်းထန်တဲ့ ခါးနာခြင်း ပေါင် အဆစ်လွဲခြင်း ဒူးအရွတ် စုတ်ခြင်း ထိခိုက်ဖူးတဲ့အရွတ် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ

အရိုးအဆစ် တွေက လှုပ်ရှားလို့ မကောင်းဘူး၊ အကြောအခြင်တွေ တောင့်တင်းနေလိုက်တာ လက်ကလေးမြှောက်လိုက်လည်း ဂျွတ်ခနဲ၊ ခြေထောက်လေး လှုပ်လိုက်လည်း ဒူးက ဂျွတ်ခနဲ၊ ခါးက မျက်ခနဲ။ ဒီပြဿနာတွေကို ခုနောက်ပိုင်း လူကြီး၊ လူငယ် မရွေး တွေ့ကြုံခံစားရတာများလာပါတယ်။ ဘာတွေကြောင့် ဖြစ်မလဲ ဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေ စဉ်းစားကြည့်ရအောင် - အသက်ကြီးလာလို့လား အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရိုးထိပ်မှာ အကာအကွယ်ပေးထားတဲ့ အရိုးနုလွှာက စတင် ခြောက်သွေ့ပြီး တောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကို ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့ ခန္ဓာကိုယ်က ထုတ်ပေးနေကျ အရိုးအဆစ်တွေကြားက synovial fluid တွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။ အိပ်ရာထကာစ မို့လို့လား နာရီအတော်ကြာ အိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေ လှုပ်ရှားမှု လွယ်ကူစေဖို့ ထုတ်ပေးတဲ့ synovial fluid […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း