အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အဆစ်ရောင်ရောဂါများ

သွေးလေးဖက်နာရောဂါ နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

လေးဖက်နာရောဂါဟာ အမျိုးအစားအများကြီး ရှိပါတယ်။ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ စသဖြင့်ပေါ့။ ဒီထဲမှာ သွေးလေးဖက်နာရောဂါ ကတော့ အရိုးအဆစ်တွေ ပုံပျက်လောက်အောင် ထိခိုက်တတ်တဲ့ အမျိုးအစားတစ်ခုပေါ့။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်မပြတ်ဘဲ ဆေးတွေနဲ့ ထိန်းထားရတဲ့ရောဂါပါ။ ဒီရောဂါကို ကုသတဲ့နေရာမှာ ဆရာဝန်အပြင် လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့အတွက် သင်ကိုယ်တိုင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ သွေးလေးဖက်နာရောဂါ ဘယ်လိုစဖြစ်တာလဲ။ သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ (Autoimmune)တွေထဲမှာ ပါပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာပါ။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ အလွယ်ပြောရရင် တစ်ကိုယ်လုံးထိခိုက်တာပေါ့။ သိသာထင်ရှားတာကတော့ အရိုးအဆစ်တွေပါ။ သွေးလေးဖက်နာရောဂါ ရဲ့ အရိုးအဆစ်ထိခိုက်ပုံက ဘယ်လိုမျိုးလဲ။ အဆစ်အမြစ်ကိုက်တိုင်း လေးဖက်နာမဟုတ်ပါဘူး။ လေးဖက်နာအမျိုးအစားတွေကလည်း […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။ အဆစ်များဟာ ရောင်ရမ်းပြီး တောင့်တင်းနေတတ်ပါတယ်။ အဆစ်ရောင်ရောဂါ တမျိုးမျိုး ဖြစ်ပွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမယ်။ တဖက်မှာလည်း နေထိုင်စားသောက်ပုံများကို ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ဖို့ လိုပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆစ်ရောင်ရောဂါရှိသူတွေအနေနဲ့ စားသုံးရန်သင့်တော်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အဆီကြွယ်ဝသောငါးများ ဆယ်လ်မွန်၊ မက်ကရယ်၊ ငါးသေတ္တာ စတဲ့ငါးတွေမှာ Omega 3 ကြွယ်ဝပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်ရောင်သူတွေအတွက် သင့်တော်ပါတယ်။ သုတေသနတွေအရ Omega 3 သုံးစွဲတဲ့အခါ အဆစ်ရောင်သူတွေမှာ နာကျင်ကိုက်ခဲခြင်း၊ မနက်အိပ်ရာထချိန်မှာ အဆစ်များတောင့်တင်းနေတတ်ခြင်း စတာတွေကို သက်သာစေကြောင်း သိရှိရပါတယ်။ […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ

အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာ ဖော်ပြချက်အရ အမျိုးသားများရဲ့ ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးများရဲ့ ၄၇ ရာခိုင်နှုန်းခန့်ဟာ သူတို့ဘဝမှာ အဆစ်ရောင်ခြင်းဝေဒနာကို ခံစားရတယ်လို့ သိရပါတယ်။ သုတေသနတွေအရ အဆစ်ရောင်ခြင်းဟာ နေထိုင်စားသောက်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ အထူးသဖြင့် အစားအသောက်ကို သတိပြုစားသုံးရင် ဝေဒနာခံစားရခြင်းကနေ သက်သာစေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆစ်ရောင်သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ သကြား ဒီနေရာမှာ ထပ်ပေါင်းသကြား (added sugar) ကို ဆိုလိုပါတယ်။ အစားအစာတချို့မှာ စားကောင်းအောင် ပုံမှန်ရှိသင့်တဲ့ပမာဏထက် ကျော်လွန်ပြီး အချိုကဲအောင် သကြားထပ်ဖြည့်ထားတတ်ကြပါတယ်။ ဆိုဒါ၊ ရေခဲမုန့်၊ သကြားလုံး စသဖြင့် သရေစာမျိုးစုံမှာ သကြားဓာတ်ကို ပိုမိုထည့်သွင်းထားကြပါတယ်။ သကြားဓာတ်ဟာ အရိုးအဆစ်ရောင်ခြင်းဝေဒနာကို ပိုဆိုးစေပါတယ်။ ဆိုဒါရည်လို […]


အခြား အရိုးရောဂါများ

အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေ အများကြီး ပေါင်းစပ်တည်ရှိနေတာပါ။ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာဖို့ဆိုရင် အရိုးတွေက အရေးကြီးလှပါတယ်။ အရိုးတွေ သွက်လက်စွာ လှုပ်ရှားနိုင်ဖို့ဆိုရင် အရိုးနုလေးတွေက အရမ်းအရေးကြီးပါတယ်။ အရိုးနုလေးတွေကို ကျန်းမာစေဖို့ အာဟာရဓာတ်တွေ ဖြည့်စွက်ပေးနိုင်ရင် အသက်ကြီးလာချိန်တွေအထိ ခန္ဓာကိုယ်ကြီးက အကျိုးရှိနေမှာလေ။ အရိုးနုလေးတွ ကျန်းမာပြီး တာဝန်ကျေကျေထမ်းဆောင်နိုင်မှ ခန္ဓါကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကို ကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးဆိုပါတော့။ အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓါကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီး ကွေးနိုင်ဆန့်နိုင်တာပါ။ ဒါကြောင့် အရေးပါလှတဲ့ အရိုးနုလေးတွေ ကျန်းမာအောင် ပုံမှန်ဖြည့်စွက်မှီဝဲပေးသင့်တဲ့ အာဟာရဓာတ်တွေအကြောင်းကို ပြောပြချက်ပါတယ်။ ရေ မှန်တာပေါ့။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းအတွက်မဆို ရေလိုအပ်ပါတယ်။ လူခန္ဓာကိုယ်ဆိုတာ ရေဓာတ် ၇၀% လောက်နဲ့ ဖွဲ့စည်းထားတာလေ။ အရိုးအဆစ်တွေမှာရှိနေတဲ့ အရိုးနုလေးတွေအတွက်လည်း ရေဓာတ်လိုအပ်ချက်များပါတယ်။ Hyaluronic Acid Hyaluronic Acid က […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ

နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ လူနေမှုဘဝထဲမှာ မရှိမဖြစ်အရာတွေဖြစ်တဲ့ စမတ်ဖုန်းတွေကို အသုံးပြုရာကနေဖြစ်လာတဲ့ လက်ချောင်းနာကျင်မှုကို Tech-Related Hand Pain (နည်းပညာဆက်နွယ် လက်နာကျင်မှုဝေဒနာ) လို့ ခေါ်ဆိုပါတယ်။ ဒီဝေဒနာက စာရိုက်တာတွေ၊ ဖုန်းအသုံးပြုတာတွေများလာတဲ့အခါ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်မျိုးပါ။ များသောအားဖြင့်တော့ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာအလွန်ကောင်းပြီး ခံစားရတဲ့ဝေဒနာကလည်း ဆိုးပါတယ်။ တစ်ချို့လူတွေဆိုရင် ညအိပ်ယာဝင်ချိန်မှာ လက်ချောင်းလေးတွေ ကိုက်နေတတ်တဲ့အထိပါပဲ။ ဒီလိုပြဿနာမျိုးတွေ မကြာခဏဖြစ်လာမယ်ဆိုရင်တော့ အရိုးအဆစ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာတော့မှာမို့ သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် အမြဲတမ်းကွန်ပျူတာအသုံးပြုနေသူတွေကို လက်ချောင်းလေးတွေ မနာမကျင်စေဖို့ ရှောင်ကျဉ်ရမယ့် အချက်တွေကို ပြောပြပေးပါမယ်နော်။ မကြာခဏ နားပါ - အမြဲတမ်း ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကို ဆက်တိုက်ကြီး အသုံးပြုနေတာမျိုးကို လျှော့ချပါ။ တစ်နာရီမှာ ၄ ကြိမ်လောက် […]


အခြား အရိုးရောဂါများ

သင့်ကျောရိုးလေး မထိခိုက်စေဖို့ ဘယ်လိုနေထိုင်ကြမလဲ။

တစ်နေ့တာမှာ ထိုင်ဖို့၊ ထဖို့၊ သွားဖို့၊ လာဖို့၊ အိပ်ဖို့၊ ပစ္စည်းတွေ မဖို့။ ဒါတွေ လုပ်ဖို့ဆိုရင် ကျောရိုးက ကျန်းမာနေရမှာပါ။ ဦးခေါင်းပိုင်းကစလို့ တင်ပဆုံပိုင်းထိ ရှိနေတဲ့ ဒီကျောရိုးလေးတွေက နေ့စဉ်လှုပ်ရှားမှုတွေအတွက် အခရာပါပဲ။ ဒါကြောင့် ကျောရိုးလေးကို မထိခိုက်အောင် နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ သတ်ထားရပါမယ်။ အထူးသဖြင့်တော့ postureလို့ ခေါ်တဲ့ ကိုယ်နေဟန်ထားပေါ့။ ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ကိုယ်နေဟန်ထား မှန်နေမှသာ ကျောရိုးလေး မထိခိုက်မှာပါ။ ကိုယ်နေဟန်ထားမမှန်တဲ့အခါ ကိုယ်နေဟန်ထား မမှန်တဲ့အခါကျတော့ (အထူးသဖြင့် ကုန်းကုန်းကြီးနေမယ်၊ ခွေခေါက်ပြီးနေမယ်ဆိုရင်) ကျောရိုးတစ်လျှောက်မှာရှိတဲ့ အရိုးနဲ့ ကြွက်သားတွေ နေရာ မကျတော့တာ ကျောရိုးတွေ ပွန်းပဲ့လာပြီး ထိခိုက်ဒဏ်ရာ ရတာ ဇက်ကြောတွေ၊ ပုခုံးတွေ၊ ခါးတွေ နာတာ အရိုးအဆစ်နဲ့ ကြွက်သားတွေ တောင့်တာ လှုပ်ရပြုရတာ မကောင်းတော့တာ […]


အဆစ်ရောင်ရောဂါများ

အရိုးအဆစ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

အရိုးအဆစ်ရောင်ခြင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့အရိုးတွေအဆုံး တစ်ခုနဲ့တစ်ခု အဆစ်အနေနဲ့စုဆုံရာမှာရှိတဲ့ အရိုးနုတွေ ပျက်စီးလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဆစ်ရဲ့ အရိုးနုတွေပျက်စီးရာမှာ အာရုံကြောအဆုံးနေရာတွေပါ ပေါ်လာတာကြောင့် နာကျင်မှုကို ခံစားရပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ ခန္ဓာကိုယ်အိုမင်းလာခြင်းကြောင့် ဖြစ်လာတတ်တဲ့ အခြေအနေဖြစ်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုမိုဆိုးရွားလာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းလက္ခဏာတွေပေါ်လာရင် ပေါ့ဆလို့မရပါဘူး။ မကုသဘဲ ထားလိုက်ရင် အခြေအနေပိုဆိုးပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့ - အဆစ်များ နာကျင်ကိုက်ခဲတောင့်တင်းခြင်း - ပျော့ပျောင်းမှုမရှိခြင်း - အရိုးအတက်ထွက်ခြင်း - အရိုးအချင်းချင်းပွတ်တိုက်မိသလို ခံစားရခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ အရိုးအဆစ်ရောင်ခြင်း အင်မတန်နာကျင်ကိုက်ခဲပြီး နေ့စဉ်ဘဝကို နည်းမျိုးစုံနဲ့ ထိခိုက်စေပါတယ်။ ယခုဆက်လက်ဖော်ပြပေးမှာကတော့ အရိုးအဆစ်ရောင်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေ ဘယ်လိုဖြစ်ပွားစေသလဲဆိုတာပါပဲ။ အိပ်ရေးပျက်ခြင်း အဆစ်တွေနာကျင်ကိုက်ခဲနေတာကြောင့် အိပ်ရေးမဝသလို ကောင်းစွာ အနားယူနိုင်ခြင်း မရှိပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့အပြင် […]


အရိုးပွခြင်း

အရိုးပွခြင်းနှင့် ပတ်သက်သော ယုံတမ်းစကားများ

အရိုးပွခြင်းဆိုတာ အရိုးများသိပ်သည်းဆအားနည်းလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာတဝှမ်းက လူသန်းပေါင်းများစွာ ကြုံတွေ့နေရတဲ့ပြဿနာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ငါးဆယ်ကျော်အရွယ်တွေမှာ ဖြစ်တာ များပါတယ်။ ယခုဖော်ပြမှာကတော့ အရိုးပွခြင်းနဲ့ပတ်သက်ပြီး ပြောဆိုနေကြတဲ့ ယုံတမ်းစကားတွေ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေဟာ လူထုကြားထဲမှာ စစ်တမ်းကောက်ပြီး ကြားရအများဆုံးစကားစုတွေ ဖြစ်ပါတယ်။ ယုံတမ်းစကား ၁။ အရိုးပွခြင်းဟာ အသက်ကြီးလာရင် မလွဲမသွေကြုံနိုင်တယ် ဒီစကားရပ်ဟာ ယေဘုယျအားဖြင့် မှန်ကန်သယောင်ထင်ရပါတယ်။ အသက်ကြီးလေ အရိုးပွပြီး အရိုးကျိုးနိုင်ခြေ များလေဖြစ်ပါတယ်။ ဒါပေမယ့် မလွဲမသွေကြုံနိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အရိုးပွခြင်းမဖြစ်အောင် တတ်နိုင်သလောက် ကာကွယ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကယ်လ်ဆီယမ်၊ ဗီတာမင် D ကို လုံလောက်စွာ ရရှိပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ရင် အရိုးပွခြင်း၊ အရိုးကျိုးခြင်း ဖြစ်နိုင်ခြေ နည်းပါတယ်။ ယုံတမ်းစကား (၂)။ အရိုးပွခြင်းဟာ အမျိုးသမီးတွေမှာပဲ ဖြစ်တတ်တယ် အမျိုးသမီးတွေမှာ အဖြစ်ပိုများပါတယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နောက်ကျောနာကျင်မှု အတွက် ကိုယ်လက်လေ့ကျင့်ခန်းများ

နောက်ကျောနာကျင်မှုကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ အထိုင်များသွားတာ၊ အညောင်းမိတာ၊ အလေးအပင်မမိတာနဲ့ တခြားသော အကြောင်းအမျိုးမျိုးကြောင့် နောက်ကျောနာကျင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ နောက်ကျောနာကျင်တဲ့အခါမျိုးတွေမှာ ဆေးပူလိမ်းတာမျိုး၊ ပလာစတာကပ်တာမျိုးနဲ့ ကုစားကြတာများပါတယ်။ ယာယီအားဖြင့် အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီနည်းလမ်းတွေက ရေရှည်အတွက်ဆိုရင်တော့ အဆင်ပြေဖို့ မလွယ်ကူပါဘူး။ နောက်ကျောနဲ့ ခါးနာကျင်မှုတွေကို သက်သာစေဖို့အတွက်ဆိုရင် စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်တာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တာက အကောင်းဆုံးနည်းလမ်းတွေပါ။ လေ့ကျင့်ခန်းပြုလုပ်ပေးတာက နောက်ကျောနာကျင်မှုကို သက်သာစေရုံသာမက မဖြစ်သေးတဲ့သူတွေကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်တာကြောင့်ပါ။ ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ကြမလဲ ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။ ခါးကိုင်းပြီး ခြေဖျားကိုထိရတဲ့ Toe Touches လေ့ကျင့်ခန်းမျိုးတွေကို ရှောင်ပါ။ ကြမ်းပြင်ပေါ်မှာ လှဲအိပ်ပြီးပြုလုပ်ရတဲ့ Partial Crunches လို လေ့ကျင့်ခန်းမျိုး ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းက ကြမ်းပြင်ပေါ်လှဲအိပ်ပြီး ဦးခေါင်းနဲ့ လည်ပင်းရိုးကိုသာ အနည်းငယ်ကြွပေးရတဲ့ လေ့ကျင့်ခန်းမျိုးပါ။ အိပ်ထမတင် မလုပ်ပါနဲ့။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

တစ်ချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ကြွက်သားတွေ တောင့်တင်းနေပြီလား။

မနက်ကနေစလို့ ညနေအထိ ထိုင်ပြီး အလုပ်လုပ်လိုက်တာ ကြွက်သားတွေရော အကြောတွေပါ တောင့်တင်းနေတာပဲဆိုတဲ့ သူလေးတွေ ရှိလား........... ကြွက်သားတွေ ပြေလျော့စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်မှပဲလို့ တွေးနေပြီလား။ အစားအစာလေးတွေ စားရင်း ကြွက်သားပြေလျော့စေမယ်ဆိုရင်ရော စိတ်ဝင် စား မလား........... ဒါဆိုရင် ကြွက်သားတွေ ပြေလျော့စေဖို့ ဘာတွေ စားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ကြွက်သားတွေ ပြေလျော့စေမယ့် အစားအစာတွေက ဘာတွေများလဲ.............. ကြွက်သားတွေ ပြေလျော့စေဖို့  ဒါတွေစားပါ။ အယ်လ်မွန်စေ့ အယ်လ်မွန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် Eတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ အယ်လ်မွန်စေ့ ၁၀ စေ့ကနေ ၁၅ စေ့လောက် စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပြည့်ဝစွာ ရရှိစေပြီး ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးသလို  ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အယ်လ်မွန်စေ့က အရွယ်မတိုင်ခင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း