အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောခွဲစိတ်ကုသမှုများ

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ ကြွက်သားများ ကျုံ့သွားတဲ့အခါ အရွတ်များဟာ အရိုးများကိုပါ ဆွဲယူပြီး အဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အရွတ်များဟာ အကြောင်းအမျိုးမျိုးကြောင့် စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။ ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် လှုပ်ရှားရရင်ဖြစ်စေ၊ ခြေလက်များက အလုပ်ပုံစံတမျိုးကိုပဲ ထပ်ကာထပ်ကာလှုပ်ရှားနေရရင်ဖြစ်စေ အရွတ်များကို ထိခိုက်လာစေပါတယ်။ အရွတ်များ ပျက်စီးလာတဲ့အခါ လှုပ်ရှားမှုတွေ ကောင်းစွာ မပြုလုပ်နိုင်တော့ပါဘူး။ ထိခိုက်ထားတဲ့နေရာမှာလည်း အားနည်းသွားပြီး နာကျင်ကိုက်ခဲလာတတ်ပါတယ်။ အရွတ်များထိခိုက်ပျက်စီးခြင်းကြောင့် နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာဖို့ ခက်ခဲနေရင်၊ နာကျင်ကိုက်ခဲမှုကို အမြဲခံစားနေရရင် ခွဲစိတ်ပြုပြင်ခြင်း ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ပြုပြင်သင့်သော အကြောင်းများ အဆစ်များ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်အောင် ခွဲစိတ်ပြုပြင်သင့်ပါတယ်။ အရွတ်များ ထိခိုက်ပျက်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ထိခိုက်မှုအများဆုံးနေရာတွေကတော့ ပခုံး၊ တံတောင်ဆစ်၊ […]


အခြား အရိုးရောဂါများ

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

အရိုးနဲ့ ကြွက်သားစနစ်လို့ ပြောပေမယ့် ဒါတွေအပြင် အရိုးနု၊ အဆစ်၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြောတွေလည်းပါဝင်ပါတယ်။ သူတို့ အချိတ်အဆက်မိမိ အလုပ်လုပ်မှသာ ခန္ဓာကိုယ်က ဟန်ချက်ညီညီလှုပ်ရှားနိုင်မှာပါ။ အရိုးက သူ့ဟာသူနေ၊ ကြွက်သားက ကျုံ့ချင်ကျုံ့၊ ဆန့်ချင်ဆန့်၊ အဆစ်တွေက ချောင်ဆိုရင် ကြည့်လို့ မကောင်းပါဘူး။ အထိုင်အထမှာ စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့တွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာ ကြည့်ကြရအောင်။ အရိုး အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၀၆ခုရှိပါတယ်။ အရိုးက အလုပ်၅ခု လုပ်ပါတယ်။ ခန္ဓာကိုယ်ကို ထောက်ကန်ပေးတယ်။ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်အောင် ထိုင်နိုင်အောင် ကြွက်သားတွေ၊ အဆစ်တွေနဲ့ ပေါင်းပြီး ထောက်ကန်ပေးပါတယ်။ သတ္တုဓာတ်နဲ့ အဆီတွေ သိုလှောင်ပေးတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်ဆီယမ်ရဲ့ ၉၉ရာခိုင်နှုန်းက အရိုးမှာရှိပါတယ်။ ခန္ဓာကိုယ်နဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ကြွက်သားတွေ နာကျင်ကိုက်ခဲတာက အရွယ်ရောက်ပြီးသူတွေမှာရော၊ လူကြီးတွေနဲ့ ကလေးတွေမှာပါမကျန် ကြုံတွေ့ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ များသောအားဖြင့်ကတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာက  ဆေးကုသမှုခံယူစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့တင် သက်သာအောင် လုပ်လို့ရတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ။ ကြွက်သားနာကျင်တာဟာ တစ်ခါတလေမှာ ဖျားနာတာ တုပ်ကွေးမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အခုပြောပြမယ့်အကြောင်းအရင်းတွေကြောင့် ကြွက်သားနာကျင်တတ်ပါတယ်။ အားကစား ပြင်းပြင်းထန်ထန်လုပ်တာ ရေသောက်နည်းတာ ပုံစံမမှန်ဘဲ အလေးအပင် မတာ အိပ်ရေးပျက်တာ အာဟာရမျှတတဲ့ စားသောက်မှုပုံစံ မရှိတာ ထိခိုက်မှုတစ်ခုခု ဖြစ်ထားတာ စိတ်ဖိစီးတာတွေကြောင့် ကြွက်သားတွေနာကျင်ကိုက်ခဲနိုင်ပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းအချို့ ကြွက်သားနာကျင်ကိုက်ခဲတာက ဆေးကုသမှု ခံယူရလောက်အောင် မပြင်းထန်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှုတွေကို […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ခြင်း အမျိုးအစားများ

အဆစ်ဆိုတာ အရိုးနှစ်ခုကို ဆက်ထားပေးတဲ့ အစိတ်အပိုင်းပါ။ အဆစ်မရှိဘဲ အရိုးတွေချည်းပဲဆိုရင် လူက အတောင့်လိုက်ဖြစ်ပြီး လှုပ်ရှားလို့ရမှာ မဟုတ်ပါဘူး။ အဆစ်ရှိလို့ အကွေးအဆန့်လုပ်လို့ရပြီး လှုပ်ရှားသွားလာနိုင်တာပါ။ အဆစ်တွေ ထိခိုက်ထားရင် တိတိကျကျပြောရရင် ရောင်ရမ်းနေရင် သူ့ပုံမှန်အလုပ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဆစ်ရောင်ခြင်းအကြောင်းကို သိထားသင့်ပါတယ်။ အဆစ်ရောင်ခြင်း အမျိုးအစားနဲ့ အကြောင်းရင်းများ အဆစ်ရောင်ရောဂါက အမျိုးပေါင်း ၁၀၀လောက်ရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အဆစ်ရောင်ရောဂါတွေကို ပြောပြပေးပါ့မယ်။ အရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) အရိုးအစွန်းမှာရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်ပါများလို့ ပါးပြီး ပွန်းလာတဲ့ အခြေအနေပါ။ အရိုးနုတွေပါးလာတဲ့အခါ အရိုးအချင်းချင်းပွတ်ပြီး အဆစ်တွေ ရောင်လာပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ သွေးလေးဖက်နာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းပြီး အဆစ်တွေကို ပြန်တိုက်ခိုက်တဲ့အတွက် ရောင်ရမ်းလာရတာပါ။ နာတာရှည်ရောင်ရမ်းလာတဲ့အခါ အဆစ်ထဲမှာရှိတဲ့ အရိုးနဲ့ အရိုးနုတွေ […]


အခြား အရိုးရောဂါများ

အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

အရိုးအဆစ်ပြဿနာဆိုတာ လူတိုင်းခံစားဖူးပါတယ်။ သာမန်ညောင်းတာကိုက်တာကစလို့ ဒူးနာ၊ ခါးနာအလယ် အရိုးကျိုးတဲ့အထိ မျိုးစုံဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အရိုးတွေ၊ ကြွက်သားတွေနဲ့ ဝန်းရံထားတာကြောင့် သူတို့နဲ့ ဆိုင်တဲ့ ရောဂါတွေကလည်း အများကြီးပါပဲ။ ဒီထဲကမှ အဖြစ်အများဆုံး ပြဿနာတွေကို ပြောပြပေးပါမယ်။ အဖြစ်အများဆုံး အရိုးအဆစ်ပြဿနာများ ထိခိုက်ဒဏ်ရာ  ဒါအများဆုံးပါပဲ။ ချော်လဲတာက စလို့ ပြုတ်ကျတာအလယ် ကားတိုက်၊ ဆိုင်ကယ်မှောက်၊ စက်ဘီးလဲ နေ့စဉ်နဲ့ အမျှ ဖြစ်နေပါတယ်။ အရိုးကျိုးတာ၊ အဆစ်လွဲတာတွေ ဖြစ်တတ်ပါတယ်။ အဆစ်ရောင်  အဆစ်ရောင်တာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုပါပဲ။ အရိုးနုလေးတွေ ပွန်းပြီး ဒူးဆစ်ရောင်တာက စလို့ ဂေါက်၊ ဆိုရီယေးစစ် လေးဖက်နာ ၊ သွေးလေးဖက်နာ အဆစ်ရောင် စသဖြင့် အမျိုးပေါင်း ၁၀၀လောက်ရှိတယ်လို့ ဆိုပါတယ်။ ဘာဆာရောင်ရမ်းခြင်း ( Bursitis)  ဘာဆာဆိုတာက အရိုးနဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ်နဲ့ ကြွက်သားများလို့ ပြောပေမယ့် တကယ်တမ်း အရိုးဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အာရုံကြောတွေ အားလုံးပါပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်တာဟာ အဖြစ်များတဲ့ ပြဿနာမို့လို့ ဘာကြောင့် နာကျင်ရတာလဲဆိုတာ သိထားဖို့ လိုပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားနာတာတွေက တစ်နေရာတည်းလည်း ဖြစ်နိုင်သလို တစ်ကိုယ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ခဏလောက် ဖြစ်ပြီး ပြန်ပျောက်သွားတတ်သလို လနဲ့ချီပြီး နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းအရင်း အရိုးအဆစ်ကြောင့် နာတာလား ဒါမှမဟုတ် တစ်နေရာက နာပြီး ကြွက်သားတွေဆီကို ပြန့်လာတာလားဆိုပြီး နှစ်မျိုးရှိပါတယ်။ အရိုးအဆစ်ကြောင့်နာတာ -အဆစ်ရောင်ရမ်းတာ -အရိုးပွတာ -အရိုးကျိုးတာ -အဆစ်လွဲတာ -အရိုးအဆစ်တွေ အနေအထားမမှန်တာ -ကြွက်သားဆုံးရှုံးတာ စတာတွေကြောင့် ဖြစ်ပါတယ်။ အရိုးအဆစ်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် နာတာ များသောအားဖြင့်တော့ အရိုးအဆစ်နဲ့ ကြွက်သားတွေကို အသုံးများတာ၊ ကိုယ်နေဟန်ထား မမှန်တာ၊ နာတာရှည် ရောဂါ ဒါမှမဟုတ် […]


အခြား အရိုးရောဂါများ

ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ

လူရဲ့ ခန္ဓာကိုယ်ကို အပေါ်ယံအရေပြားတွေ၊ ကြွက်သားတွေ ဆွဲဖယ်လိုက်ရင် နောက်ဆုံးကျန်ခဲ့မှာက အရိုးဖြူဖြူကြီးတွေပါပဲ။  အရိုးဆိုတာ ခန္ဓာကိုယ်ရဲ့ ငြမ်းကြီးပါပဲ။ အရိုးတွေကိုသာ ဖယ်ထုတ်လိုက်ရင် ခန္ဓာကိုယ်က ပုံခနဲ အိကျလာမှာပါ။ ဒါကြောင့် အရိုးရဲ့ ဖွဲ့စည်းပုံအကြောင်းကို နည်းနည်းလောက် လေ့လာကြည့်ရအောင်။ အရိုးဘယ်နှချောင်းရှိလဲ။ သန္ဓေအောင်ပြီး ၈ပတ်လောက်ဆိုရင် အရိုးတွေ စပြီး ဖွံ့ဖြိုးလာပါပြီ။ မွေးစမှာတော့ အရိုးပေါင်း ၃၀၀ ရှိပါတယ်။ နောက်ပိုင်းအရွယ်ရောက်လာတဲ့အခါကျတော့ ပေါင်းသင့်တဲ့ အရိုးတွေ ပေါင်းသွားတာကြောင့် ၂၀၆ချောင်းပဲ ကျန်ပါတော့တယ်။ ကလေးဘဝမှာတုန်းက အရိုးတွေက တချို့က အရိုးနုတွေနဲ့ လုပ်ထားတာပါ။ တချို့ကျတော့လည်း အရိုးနုနဲ့ အရိုးပေါင်းထားတာပေါ့။ ကလေးတွေမှာ ဒီအရိုးနုလေးတွေက တဖြည်းဖြည်းကြီးလာပြီး အရိုးနဲ့ အစားထိုးလာပါတယ်။ ဒီလိုအစားထိုးဖို့ ကယ်ဆီယမ်ဓာတ်လိုအပ်ပါတယ်။ ကလေးမေမေတို့ ကလေးအရိုးတွေ သန်မာအောင် နို့တိုက်တယ်ဆိုတာ ဒါကြောင့်ပါပဲ။ အရိုးရဲ့ ဖွဲ့စည်းပုံ အရိုးမှာ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း

ဒူးနာလို့ ဒူးဆေးထိုးလိုက်တာ ပေါ့သွားတာပဲလို့ ပြောတာကြားဖူးမယ် ထင်ပါတယ်။ တကယ်လည်း ဒူးဆစ်ထဲကို ဆေးထိုးလို့ ရပါတယ်။ ဒူးဆစ်ထဲကို hyaluronic acidလို့ ခေါ်တဲ့ ချဉ်ဆီရည်နဲ့ အလားတူပစ္စည်းထိုးပြီး ချဉ်ဆီဖြည့်တာရှိသလို ရောင်ရမ်းတာ သက်သာအောင် စတီးရွိုက်ထိုးပေးတာလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ စတီးရွိုက်ထိုးတဲ့အကြောင်း ပြောပြပါမယ်။ ဘယ်လိုလူတွေ ထိုးကြသလဲ။ အဆစ်တွေရောင်ပြီး နာနေတယ်။ စားဆေးတွေနဲ့ အဆင်မပြေဘူးဆိုရင် ထိုးကြပါတယ်။ Osteoarthritisလို့ ခေါ်တဲ့ အရိုးနုလေးတွေ ပွန်းပြီး အဆစ်အမြစ်ရောင်တဲ့သူတွေ သွေးလေးဖက်နာ ဆိုရီယေးစစ် လေးဖက်နာ ဂေါက် စသဖြင့် ထိုးကြပါတယ်။ ဒူးအပြင် တခြားရောင်ရမ်းတဲ့ အဆစ်တွေလည်း ထိုးလို့ရပါတယ်။ ဒီမှာတော့ အရိုးနုလေးတွေ ပွန်းပြီး ဒူးနာတဲ့သူတွေအတွက် ပြောပြပါ့မယ်။ ဒူးဆစ်ကြီးတွေ ရောင်ကိုင်းပြီး လမ်းလည်းလျှောက်လို့မရ၊ လှုပ်ရှားရတာလည်း အဆင်မပြေဘူး။ အကိုက်အခဲပျောက်ဆေးတွေလည်း မပေးချင်ဘူးဆိုရင် ဆေးထိုးဖို့ စဉ်းစားပါတယ်။ ဘယ်လိုထိုးကြသလဲ။ အရင်ဆုံးထိုးမယ်ဆို […]


အခြား အရိုးရောဂါများ

သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

အသက်လေး နည်းနည်း ရလာရင် သွားရလာရတာက အရင်လို မဟုတ်တော့ပါဘူး။ ဒူးတွေနာ၊ ခါးတွေနာနဲ့ပါ။ အထူးသဖြင့် ဝတဲ့သူတွေဆို တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းနဲ့ ခြေထောက်က အဆစ်တွေက စနာတတ်ပါတယ်။ အသက်ကြီးလာတာ၊ ဝလာတာ၊ မလှုပ်ရှားနိုင်တာ စတဲ့ အချက်တွေ ပေါင်းဆုံလာတဲ့ အခါမှာတော့ ချဉ်ဆီရည်တွေ နည်းလာပြီး ဒူးဆစ်တွေ ပွန်းတဲ့ ဒဏ်ကို ခံစားလာရပါတော့တယ်။ ချဉ်ဆီဟာ ကိုယ်တွင်းက ပစ္စည်းဖြစ်ဖို့ သဘာဝအတိုင်း ပြန်ဖြည့်ချင်တယ်ဆိုရင် ဘာတွေကို လိုက်နာရမလဲဆိုတာ ပြောပြပေးပါမယ်။ ချဉ်ဆီရည်က ဘာလုပ်ပေးသလဲ။ ဒါကို မပြောခင် အဆစ်အကြောင်းကို အရင်ပြောပြပါ့မယ်။ များသောအားဖြင့် အသက်ကြီးလာရင် ဒူးနာတတ်တာကြောင့် ဒူးဆစ်အကြောင်းကို ဥပမာ ပေးပါ့မယ်။ ဒူးဆစ်ဟာ ပေါင်ရိုးနဲ့ ခြေသလုံးရိုး နှစ်ခုဆုံရာပါ။ အဆစ်ဖြစ်ဖို့အတွက် အပြင်ကနေ အရိုးနုတွေ၊ […]


အဆစ်ရောင်ရောဂါများ

သွေးလေးဖက်နာ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

သွေးလေးဖက်နာရဲ့ ရောဂါသဘောသဘာဝက ဘယ်လိုဆိုတာကို ရှေ့ဆောင်းပါးမှာ အသေးစိတ်ဖော်ပြပြီးပါပြီ။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သွေးဖက်နာ ရှိရင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကို ပြောပြပေးမှာပါ။ သွေးလးဖက်နာဟာ ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြပြီး ကုသရတဲ့ ရောဂါပါ။ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ဆရာဝန်ချည်းပဲ အားကိုးနေလို့ မရပါဘူး။ ဆေးတွေပဲ သောက်နေတာထက်စာရင် ကိုယ်ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တာလေးတွေ လိုက်လုပ်ရမှာပါ။ ဒါက ဆေးကုသမှုကို အထောက်အကူဖြစ်သလို ရောဂါကိုလည်း ပိုပြီးကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်။ အောက်မှာ ဆက်ပြောမှာကတော့ သွေးဖက်နာကို ကုသရာမှာ အထောက်အကူပြုတဲ့ နေထိုင်စားသောက်ပုံတွေပါပဲ။ သွေးလေးဖက်နာရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့ကို မိနစ် ၃၀နှုန်းနဲ့ တစ်ပတ်ကို ၅ရက် စုစုပေါင်း မိနစ် ၁၅၀လောက် လှုပ်လှုပ်ရှားရှားနေပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂလေ့ကျင့်တာတွေ လုပ်ပေးလို့ရပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း