အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

အိပ်ရာ ထထချင်း ကြွက်သားတွေ နာလိုက်တာ ဘာလို့လဲမသိဘူးဆိုပြီး စဉ်းစားနေရင်း ခေါင်းထဲမှာ ပေါ်လာတာက အော် မနေ့က လေ့ကျင့်ခန်း လုပ်ထားတာကြောင့်ပဲဆိုပြီးဟုတ်။ လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေ ပြေလျော့စေဖို့ ကျန်းမာစေဖို့ ဆိုပေမယ့် လေ့ကျင့်ခန်းကို စစလုပ်တဲ့အခါမျိုး၊ လေ့ကျင့်ခန်း လုပ်တာကို အကြာကြီး ရပ်ထားပြီးမှ ပြန်လုပ်တဲ့အခါမျိုးမှာ ကြွက်သားတွေ နာတတ်ပါတယ်။ ဒီတစ်ခေါက်တော့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ခံစားရလေ့ရှိတဲ့ ကြွက်သားနာတာကို သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် နာကျင်ကိုက်ခဲလာတဲ့ ကြွက်သားတွေ ပြေလျော့ပြီး ကိုက်ခဲတာ သက်သာစေဖို့ဆိုရင် အနားယူပါ ကြွက်သားနာကျင်တာကို သက်သာစေမယ့် ​နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အနားယူတာပါ။ အနားယူတဲ့အခါ ကြွက်သားတွေကို အနားရစေပြီး နာကျင်မှုကို လျော့ပါးစေဖို့ အကောင်းဆုံး […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။

မြန်မာနိုင်ငံမှာ အရိုးအကြောခွဲစိတ်မှု ဌာနက အလုပ်များတဲ့ ဌာနပါ။ နေ့တိုင်း ကားမတိုက်တဲ့ရက်၊ ဆိုင်ကယ်မမှောက်တဲ့ရက်၊ ချော်မလဲတဲ့ရက်ရယ်မှ မရှိပဲလေ။ တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်မိလို့ အရိုးထိသွားပြီလား မသိဘူးဆို ဒီဌာနကိုပဲ ရောက်ကြလာပါတယ်။ အရိုးအကြောခွဲစိတ်မှု ဆိုတာ အရိုးအကြောခွဲစိတ်မှု ဆိုတာ အထူးပြုခွဲစိတ်မှု တစ်ခုပါ။ အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေ (အရိုးအဆစ်၊ တွယ်ဆက်တစ်ရှူးတွေ ဖြစ်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ) အားလုံးကို ကုသမှု ပေးပါတယ်။ သာမန်အဆစ်လွဲတာကစလို့ ကျောရိုးခွဲစိတ်မှုတွေ၊ ပေါင်ရိုးအစားထိုးမှုတွေအထိ ပါပါတယ်။ မတော်တဆ ဖြစ်တာကနေ စလို့ ရောဂါတွေအထိ ပါဝင်တာကြောင့် အရေးပေါ်ကုသမှု လိုသလို တခြားရောဂါတွေကို အေးဆေးရက်ချိန်းပြပြီးမှ ကုရတာလည်း ဖြစ်နိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုက အင်မတန်ကျယ်ပြန့်ပါတယ်။ ဖြစ်တဲ့ ဝေဒနာပေါ်မူတည်ပြီး ခွဲစိတ်မှု အကြီးအသေး၊ ပြန်ကောင်းဖို့ ကြာချိန်တွေ ကွာနိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုမှာ […]


အခြား အရိုးရောဂါများ

ခြေမရိုး စောင်းခြင်း

သွားရင်း လာရင်း သူများခြေထောက်တွေ ကြည့်လိုက်ရင် တချို့လူတွေရဲ့ ခြေမက သာမန်နဲ့ မတူဘဲ အပြင်ဘက်ကို စောင်းနေတာကို တွေ့ဖူးမှာပါ။ ခြေမရိုး ကလည်း အပြင်ကို ဖုပြီးငေါထွက်နေပါသေးတယ်။ ဒါကို ခြေမရိုးစောင်းတယ် ဆေးပညာအရတော့ Hallux valgus လို့ ခေါ်ပါတယ်။ ခြေမရိုး စောင်းတယ်ဆိုတာ ခြေမရိုး စောင်းတယ်ဆိုတာ ခြေမတစ်ချောင်းတည်းကပဲ ဘေးက ခြေချောင်းတွေဘက်ကို စောင်းနေတာမျိုးပါ။ တချို့တွေမှာတော့ bunion ဘူနီယွန်လို့ ခေါ်တဲ့ အဖုနဲ့ တွဲတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဘာကြောင့် ခြေမရိုး စောင်းရတာလဲ။ မျိုးဗီဇကြောင့်ရော နေထိုင်ပုံနဲ့ရော အရိုးရောဂါတွေနဲ့ရော ဆိုင်ပါတယ်။ မျိုးဗီဇကြောင့် ဘာမှမလုပ်ရပါဘဲ ဒီတိုင်း စောင်းနေတာမျိုး ရှိသလို -ဒေါက်မြင့်ဖိနပ်တွေ၊ ကွင်းစွပ်ကျဉ်းပြီး ခြေချောင်းတွေကို ညှစ်ထားသလို ဖြစ်စေတဲ့ ဖိနပ်တွေ စီးတာ (ဒါကြောင့်လည်း အမျိုးသမီးတွေမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း

ခုဆိုရင် တော်တော်များများက အိမ်ကနေပဲ အလုပ်လုပ်လာကြတဲ့အခါ တစ်အိမ်လုံးက ကိုယ့်ရဲ့ လုပ်ငန်းခွင်၊ ရုံးခန်း ဖြစ်လာပါတယ်။ အလုပ်ဆိုတာကလည်း သက်သောင့်သက်သာဖြစ်တဲ့နေရာမှာဆို ပိုပြီး လုပ်ချင်စိတ်ဖြစ်တဲ့အတွက် အိမ်မှာဆိုရင် အိပ်ရာတို့ ဆိုဖာတို့က မျက်စိကျစရာပါ။ အစပိုင်းမှာတော့ စားပွဲနဲ့ ခုံနဲ့ လုပ်ကောင်း လုပ်ကြပေမယ့် နောက်ကျတော့ လက်တော့က အိပ်ရာနား ရောက်လာ၊ တစ်ဆင့်တက်ပြီး အိပ်ရာပေါ် ရောက်လာတော့တာပါပဲ။ လှဲပြီး၊ ခေါင်းအုံးလေးတွေကို မှီပြီး အလုပ်လုပ်ရတဲ့ အခွင့်အရေးကို ရုံးမှာမှ မရနိုင်ဘဲလေ။ ဒီလိုမျိုး အိပ်ရာပေါ်မှာ၊ ဆိုဖာပေါ်မှာ အလုပ်လုပ်တာက ဇိမ်ကျတယ်ဆိုပေမယ့် တကယ် ကျန်းမာရေးအတွက်တော့ သိပ်မကောင်းလှပါဘူး။ ဘာကြောင့်လဲဆိုတာ ကြည့်ကြည့်ရအောင်။ အိပ်ရာပေါ်မှာ အလုပ်မလုပ်သင့်တဲ့ အကြောင်းရင်း ကိုယ်နေဟန်ထား မမှန်ဘူး။ သိတဲ့အတိုင်း အိပ်ရာပေါ်၊ ဆိုဖာပေါ် ရောက်သွားပြီဆိုရင် တစ်ခုခုကို မှီနေရမှ။ နောက်က ကုတင်ပေါင် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Work from Home က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေသလဲ.......

ကိုဗစ်ဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်လာချိန်ကစပြီး အလုပ်တော်တော်များများက အွန်လိုင်း နည်းပညာတွေကို အသုံးပြုရင်း နေအိမ်တွေကနေ ရုံးအလုပ်တွေကို လုပ်ကြရပါတယ်။ ဆွေးနွေးစရာတွေကို အွန်လိုင်းကနေတဆင့် ဆွေးနွေးမှုတွေလုပ်ရင်း မဖြစ်မနေမှ လူချင်းတွေ့ဆုံ ဆွေးနွေးမှုတွေကို လုပ်ကြပါတယ်။ ဒီလိုနဲ့ နည်းပညာတွေနဲ့ ပိုမိုရင်းနှီးလာခဲ့သလို Work from Home ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လာကြပါတယ်။ ဒီလိုလုပ်ဆောင်မှလည်း ကိုဗစ်ကူးစက်နှုန်းကို အကောင်းဆုံး ဟန့်တားနိုင်မှာကို လက်ရှိမှာလည်း Work from Home ကို ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေ အများကြီးပါ။ ပုံမှန်အတိုင်း တွေးကြည့်ရင် ဒီလိုလုပ်တာက သွားလာရတဲ့ အချိန်တွေကို သက်သာစေပြီး ရောဂါကူးစက်ခံရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်ပေါ့။ ဒါပေမယ့် အချိန်ကာလ အတော်လေးကြာလာတဲ့အခါမှာတော့ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာတာကို ခံစားမိကြမယ်ထင်ပါတယ်။ အရင်က မနက်ခင်း စောစောထတယ်။ လေ့ကျင့်ခန်း လုပ်တယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒရမ် အတီး ကြာလို့ နာနေတဲ့ သင့်လက် အမြန်သက်သာစေဖို့

ဒရမ် တီးတယ်၊ Kajon တီးတယ် .. ဒါမှမဟုတ် တစ်ခုခု (ဥပမာ ပုံး)ကို အားနဲ့ မာန်နဲ့ တီးတဲ့အခါ အတီးမတတ်ရင် ကြာတဲ့အခါ လက်မှာ ဒဏ်ဖြစ်လာပါတယ်။ ဒီတော့ နောက်ရက်တွေမှာ ဆက်တီးဖို့၊ ဆက်လေ့ကျင့်ဖို့ အခက်အခဲဖြစ်လာမှာပါ။ ဒါကြောင့် ဒရမ်တီးတဲ့အခါ လက်မှာ ဘယ်လို အရိုးအဆစ်ပြဿနာတွေ ဖြစ်တတ်သလဲ။ ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာတွေကို သိထားဖို့ လိုပါတယ်။ ဒရမ် တီးတဲ့အခါ လက်မှာ ဖြစ်လာနိုင်တဲ့ အရိုးအဆစ် ပြဿနာများ လက်ချောင်း တစ်ခုခုကို ဆုပ်ကိုင်ပြီး တီးတဲ့အခါ လက်ချောင်းတွေက အရေးကြီးပါတယ်။ လက်ချောင်းတွေ သန်မှ အသံအားကောင်းကောင်း ထွက်မှာပါ။ ဒါ့ပြင် လက်ချောင်းတွေကို ကောင်းကောင်း အသုံးမချတတ်ရင် ကျန်တဲ့လက်အစိတ်အပိုင်း (ဥပမာ လက်ဖျံ၊ လက်မောင်းအား)တွေ သုံးရတဲ့အတွက် ကြာလာတဲ့အခါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ

ခါးနာလိုက်တာလို့ဆိုလိုက်ရင် လူတွေ အရင်ဆုံး ပြေးမြင်မှာက အလေးအပင်မလိုက်လို့လား။ ဒဏ်ရှိနေတာလားဆိုတာကို အရင်မေးလေ့ရှိကြပါတယ်။ တကယ်ကတော့ ခါးနာတာက ဒီအချက်တွေကြောင့် ဖြစ်နိုင်သလို တစ်ခါတလေမှာ ရောဂါတွေ ခံစားနေရတာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ခါးနာတာကို ခပ်ပေါ့ပေါ့ မတွက်စေလို။ လူတွေက ခါးနာတယ်လို့ အလွယ်တကူပြောကြပေမယ့် ခါးနာတာကို မပေါ့သင့်ပါဘူး။ တကယ်ကတော့ ခါးဆစ်တွေ (ကျောရိုး)က ခန္ဓာကိုယ်ကို အကောင်းဆုံး မတ်နိုင်စေဖို့ ထောက်ပံ့ပေးထားတာပါ။ ခါးက လမ်းလျှောက်ဖို့ ထိုင်ဖို့၊ ထဖို့ အားလုံးကို ထောက်ပံ့ပေးထားတာပါ။ ခါးဆစ်တွေထဲမှာ အာရုံကြောတွေ ပါဝင်နေပြီး ဦးနှောက်က သတင်းအချက်အလက်တွေကို လက်ခံပေးလို့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ခါးဆစ်မှာ တစ်ခုခု ထိခိုက်မိမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို အကြောတွေ သေသွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာခြင်း

ခါးနာတာက အရွယ်ရောက်ပြီးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာပါ။ ခါးနာတာက ဆေးခန်းပြရလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ် အလုပ်ကိုတော့ အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဘာကြောင့် ခါးနာနိုင်သလဲ။ ခါးနာလာရင် ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။ ခါးနာတဲ့အခါ ဘယ်လို ခံစားရနိုင်လဲ.......... လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။ ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ အလေးအပင် မတယ် ရုတ်တရက် ထတယ် အလေးမခြင်းလို အားကစားတွေ ပြင်းပြင်းထန်ထန် လုပ်တယ် ကိုယ်နေဟန်ထား မမှန်ဘူး ထိုင်တဲ့အခါ ခါးဆန့်ထိုင်လေ့ မရှိဘူး ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက မတော်တဆ ထိခိုက်မိတာ အမြင့်က ပြုတ်ကျတာ ချော်လဲတာ အရိုးပွရောဂါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား......................

ခါးနာတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။ ခါးနာတယ် ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။ ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား...................... ခံစားနေရတဲ့ ခါးနာတာက ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား...................... ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ ဘာတွေကများ ခါးနာစေတာလဲ........... ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။ အလေးအပင်မတာ ရုတ်တရက် အထိုင်အထ လုပ်မိတာ ကိုယ်နေဟန်ထား မမှန်တာ ပြုတ်ကျတာ ချော်လဲတာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ မတော်တဆ ထိခိုက်မိတာ အဆစ်ရောင်နာ အရိုးပွတာ အာရုံကြောညပ်တာ ကြွက်သားရောင်တာ ကျောက်ကပ် […]


အရိုးပွခြင်း

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမယ့် အစားအသောက်တွေကို သိရှိရုံနဲ့ မပြီးသေးပါဘူး။ အရိုးကို တဖြည်းဖြည်း အားနည်းစေနိုင်တဲ့ အစားအသောက်တွေကိုလည်း လျှော့ပြီးစားသောက်ဖို့ လိုအပ်ပါသေးတယ်။ ဘယ်လို အစားအစာတွေလည်းဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။ အရိုးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ကန်ပေးထားတဲ့ စနစ်ကြီးပါပဲ။ ကိုယ်တွင်းကလီစာတွေကို ကာကွယ်ပေးထားတယ်။ ကြွက်သားတွေ ကူညီတည်ဆောက်ပေးတယ်။ နောက်ပြီးလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ဆုံးဖြတ်ပေးနိုင်တဲ့အတွက် သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေလို့ ပြောရမှာပါ။ ငယ်ငယ်ကတည်းက တဖြည်းဖြည်းသန်မာလာတဲ့အရိုးတွေကို ဆက်ပြီးထိန်းသိမ်းဖို့အတွက် အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့လိုပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ က ဘာတွေဖြစ်မလဲ ဆိုတော့ အရိုးကျန်းမာရေးအတွက်တတ်နိုင်သလောက်လျှော့ပြီး စားသုံးသင့်တဲ့ အဓိကအစားအစာ (၃) မျိုးရှိပါတယ်။ နံပါတ် (၁) - ဆားပါဝင်မှုများတဲ့အစားအသောက်များ ဆားဆိုတဲ့အမျိုးက စားတိုင်းကောင်းတာ မဟုတ်ပါဘူး။ အငန်ဓာတ်ကဲတဲ့ အစားအသောက်တွေက သွေးတိုး၊ နှလုံးရောဂါတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း