အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဆစ်ရောင်နာ ခံစားနေရသူတွေအတွက် နနွင်းရဲ့ ဆေးဖက်ဝင်မှု

အာရှဟင်းလျာ တော်တော်များများကို အရောင်နဲ့အရသာတိုးစေတဲ့ နနွင်းက ဟင်းခတ်အမွှေးအကြိုင် တစ်ခုတင်မဟုတ်ဘဲ ဆေးဖက်ဝင်တယ်ဆိုတာကို ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ နနွင်းက အနာ၊ ဝက်ခြံ၊ လည်ချောင်းနာတာ၊ လေပြွန်ရောင်တာနဲ့ အဆစ်ရောင်တာတွေကိုသက်သာစေနိုင်တယ်လို့လည်း လက်ခံထားကြပါတယ်။ ဒါက ဘယ်အချက်ပေါ်မှာ မူတည်ပြီးလက်ခံထားတာလဲဆိုတေ့ နနွင်းက အရောင်ကျစေနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာပါ။ အဆစ်ရောင်နာအတွက် နနွင်း အဆစ်ရောင်နာက လူတော်တော်များများခံစားရလေ့ရှိတဲ့ ပြဿနာတစ်ရပ်ပါ။ လေ့လာမှုတွေအရသိရတာက အဆစ်ရောင်နာဝေဒနာ ခံစားရသူတွေအနေနဲ့ နနွင်းပုံမှန် စားသုံးပေးမယ်ဆိုရင် အဆစ်တွေရောင်တာ၊ နာတာကိုသက်သာစေနိုင်တယ် နနွင်းက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ လေ့လာမှုအရ နနွင်းစားသုံးပေးတာက လေးဖက်နာကြောင့် အဆစ်တွေနာတာ၊ အဆစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့ကို နနွင်း ၂ ၈ရမ်လောက်ပုံမှန် စားသုံးမှုက အဆစ်ရောင်ရောဂါကြောင့် နာကျင်မှုကို သက်သာစေနိုင်ပြီး ဒူးအကွေးအဆန့် ကောင်းလာသလို လှေကားတွေကိုလည်း ကောင်းကောင်းတက်လာနိုင်တယ်၊ လို့ဆိုပါတယ်။ ရောင်ရမ်းမှုကို […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဘယ်လိုအခြေအနေမှာ ဒူးအစားထိုး ကုသဖို့ လိုမလဲ

ဒူးနာပြီဆိုရင် လူက သွားဖို့လာဖို့မပြောနဲ့၊ အထိုင်အထတောင် အဆင်မပြေတော့ ဘာမှလုပ်မရတော့ပါဘူး။ တော်တန်ရုံဆို ဒူးစွပ်လေးစွပ်၊ ဆေးလိမ်း၊ ဆေးသောက်တဲ့နည်းနဲ့ ကုသလို့ သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒူးဆစ်ထိခိုက်မှုအတွက် လူသိများလာတဲ့ ကုထုံးတစ်ခုဖြစ်တဲ့ ဒူးအစားထိုး ခွဲစိတ်ခြင်းဆိုတာလည်း ရှိလာတယ်။ ဒူးနဲ့ပတ်သက်ပြီး ကုသနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အများအားဖြင့် - သောက်ဆေး ဒူးနာခြင်းနဲ့ ရောင်ရမ်းမှုတွေ အမြန်သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်မပါတဲ့ NSAID ဆေးတွေနဲ့ သက်သာနိုင်ပါတယ်။ တချို့ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးလို့ရနိုင်ပါတယ်။ လိမ်းဆေး ဒဏ်ကြေလိမ်းဆေးတွေကတော့ ဆေးအပူရှိသလို အအေးဂျယ်လ်ပုံစံနဲ့လည်းရှိပါတယ်။ ပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ လိမ်းဆေးတွေလည်း ဒူးမှာ လိမ်းလို့ရပါတယ်။ လိမ်းဆေးလည်းလိမ်း၊ ဆရာဝန်ညွှန်းတဲ့သောက်ဆေးလည်းသောက်၊ အနေအထိုင်ဂရုစိုက်ရင် သက်သာသွားနိုင်ပါတယ်။ ဒူးဆစ်ထဲကို ဆေးထိုးခြင်း Corticosteroid ထိုးဆေးလို့ခေါ်တဲ့ ကော်တီဆုန်းထိုးဆေးတွေက ရောင်ရမ်းမှုကို သက်သာစေပြီး နာကျင်မှုကို အမြန်လျော့ပါးသွားစေနိုင်ပါတယ်။ အာနိသင်ကလည်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဒူးအရွတ်ပြဲခြင်း

မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါဆွေးနွေးပေးမှာကတော့ Anterior Cruciate Ligament (ACL) လို့ခေါ်တဲ့ ဒူးအရွတ်ပြဲခြင်း အကြောင်းပါ ။ အရွတ်တွေက အရိုးဆက်တွေမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ် ။ ACL အရွတ်ကလည်း ဒူးခေါင်းမှာရှိတဲ့အရိုးတွေကို အတူတကွရှိနေပေးဖို့ လုပ်ဆောင်ပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ် ။ ACL အရွတ်ရှိတဲ့အတွက် ဒူးဆစ်တွေ ခိုင်မြဲနေအောင် စွမ်းဆောင်ပေးပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ဒူးအရွတ်ပြဲတတ်ပါတယ် ။ ပြေးလွှားနေရင်း ဒါမှမဟုတ် ခုန်နေစဉ်မှာ ရုတ်တရက် လှုပ်ရှားလိုက်ခြင်း ၊ လှည့်လိုက်ခြင်းတွေကြောင့် အရွတ်ပြဲတတ်ပါတယ် ။ ဒူးအရွတ်ပြဲရင်တော့ နာကျင်မှုဝေဒနာခံစားရတတ်သလို လမ်းလျှောက်ရလည်း ခက်ခဲတတ်ပါတယ် ။ ဘယ်လိုဖြစ်တတ်သလဲ ပြေးနေချိန်လိုမျိုး အရှိန်ပါတဲ့ အချိန်တစ်ခုမှာ ရုတ်တရက်ရပ်ပြီးတော့ ဦးတည်ရာပြောင်းလိုက်ချိန်မှာ အရွတ်ပြဲတတ်ပါတယ် ။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတဲ့အခါ

ရေသားသူ - မောင်မျိုးအောင် (ဆေး - ၁) ( Osteo Arthritis ) အရိုးအဆစ်ရောင်ရောဂါဆိုတာကတော့ အဆစ်ရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေ ၃၂၇သန်းရှိတဲ့အနက် ၂၇သန်းခန့်ဟာ အရိုးအဆစ်ရောင်ရောဂါကိုခံစားနေရပါတယ်။ အရိုးနှစ်ခုရဲ့ ဆက်သွယ်တဲ့နေရာကြားမှာ ပွတ်တိုက်မှုတွေနည်းပြီး အဆစ်တွေက ပိုချောချောမွေ့မွေ့လှုပ်ရှားနိုင်အောင် ကူညီပေးတဲ့ အရိုးနုလေးတွေ တဖြည်းဖြည်းချင်း ပျက်စီးလာတာက ဒီရောဂါရဲ့ဝိသေသတစ်ခုပဲဖြစ်ပါတယ်။ အရိုးအဆစ်ရောင်ရောဂါရဲ့ အဖြစ်များတဲ့နေရာတွေကတော့ -တင်ပါးဆုံဆစ် -လက်ဆစ် -ဒူးခေါင်းဆစ် -နောက်ကျောပြင်နဲ့ -လည်ပင်းတစ်ဝှိက်နေရာတို့ပဲဖြစ်ပါတယ်။ ဒီတော့ အရိုးအဆစ်ရောင်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ? ၁ - ကိုယ်အလေးချိန်လျော့ချခြင်း ကိုယ်အလေးချိန်လျော့ချခြင်းက အရိုးအဆစ်ရောင်ရောဂါကြောင့်ရရှိလာတဲ့ နာကျင်မှုကိုနည်းပါစေဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။ Penn State College of Medicine ကနေပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် အရိုးအဆစ်ရောင်ရောဂါအတွက် အခြားကုသမှုတွေလုံးဝမခံယူပဲ ကိုယ်အလေးချိန်လျော့ကျစေတဲ့ ကုထုံးတွေ၊ ခွဲစိတ်မှုတွေပဲပြုလုပ်ခဲ့တဲ့သူတွေဟာ အများကြီးပိုပြီး နေလို့ထိုင်လို့ကောင်းလာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အားကစားပြုလုပ်ရာမှာလည်း ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။ ဒါကြောင့် […]


အခြား အရိုးရောဂါများ

သင့် အရိုးများ ကျန်းမာကြံ့ခိုင်စေဖို့

အရိုးများ ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဒေါက်တိုင်များပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးများ သန်မာစေဖို့ဟာ သင့်ဘဝတစ်သက်တာအတွက် အရေးကြီးလှပါတယ်။ သင်ကလေးဘဝကတည်းက သင့်အရိုးထဲကို ရောက်ရှိလာတဲ့ သတ္တုဓာတ်များဟာ သင့် အရိုးများ ကို တည်ဆောက်ပေးပြီး အသက် ၃၀ လောက် ရောက်လာချိန်မှာ အရိုးရဲ့ထုထည်ဟာ အမြင့်ဆုံးကို ရောက်ရှိပါတယ်။ အကယ်၍ ဒီအချိန်အတိုင်းအတာအတွင်းမှာသာ အရိုးဟာ ထုထည်အခိုင်မာဆုံးမရှိသေးဘူးဆိုရင် နောင်မှာ ကျိုးပဲ့လွယ်ထိခိုက်လွယ်ပါလိမ့်မယ်။ ကောင်းတဲ့အချက်ကတော့ အာဟာရဓာတ်အများအပြားနဲ့ နေထိုင်မှုပုံစံမျိုးစုံဟာ သင့်အရိုးတွေကို ပိုမိုကျန်းမာ ကြံ့ခိုင်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။ အောက်ပါနည်းလမ်းများကတော့ ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာပါပဲ။ ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေ ဖြစ်စေဖို့ အရိုးတွေ ကျန်းမာကြံ့ခိုင်စေဖို့ဆိုရင် ၁။ အသီးအရွက်များ စားသုံးခြင်း အသီးအရွက်များဟာ အရိုးများသန်မာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ အသီးအရွက်များမှာ ဗီတာမင် C ကြွယ်ဝပြီး အရိုးများအသစ်ဖြစ်ပေါ်ခြင်းအတွက် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C […]


အခြား အရိုးရောဂါများ

Text Neck Syndrome ဆိုတာဘာလဲ

Text Neck Syndrome ဆိုတာက ခုနောက်ပိုင်းခေတ်တွေမှာ အဖြစ်များလာတဲ့ ဝေဒနာ အသစ်အဆန်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်တုန်းကဆိုရင် ဒီလိုရောဂါမျိုးကို ဘယ်သူမှ မကြားဖူးခဲ့ကြပါဘူး။ စမတ်ဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာမှ အဖြစ်များလာတဲ့ ရောဂါတစ်ခုလို့ ဆိုလို့ရပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး စမတ်ဖုန်းမျက်နှာပြင်တွေကို အချိန်ကြာညောင်းစွာ စူးစိုက်ကြည့်ရှုတာကြောင့် ဖြစ်ပေါ်လာတတ်တဲ့ လည်ပင်းရိုးနာကျင်တဲ့ ဝေဒနာတစ်မျိုးကို Text Neck Syndrome လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ ဘာကြောင့် Text Neck Syndrome ဖြစ်တာလဲ လည်ပင်းကို ရှေ့ဘက်ကို လိုအပ်တာထက် ပိုပြီး ငိုက်လိုက်မယ်ဆိုရင် ကျောဘက်မှာရှိတဲ့ လည်ပင်းရိုးပတ်လည်က ကြွက်သားတွေတင်းကျပ်လာတတ်ပြီး နာ့ဗ်ကြောတွေလည်း ထိခိုက်ပျက်ဆီးသွားတတ်ပါတယ်။ ဒီလို လည်ပင်းရိုးကို မူမမှန်တဲ့ အနေအထားနဲ့ အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမျိုးမှာ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာခံစားရမှာဖြစ်ပြီး ပိုမိုဆိုးရွားလာတဲ့အခြေအနေမျိုးမှာ […]


အဆစ်ရောင်ရောဂါများ

အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် အကျိုးရှိတဲ့ ကာယလေ့ကျင့်ခန်းများ

အသက်၅၀ကျော် လူကြီးတွေမှာ အဆစ်အမြစ်တွေကိုက်ခဲရောင်ရမ်းတာမျိုး တအားကို ဖြစ်လွယ်လာကြပါတယ်။ အကြောင်းအရင်း အရကတော့ အမျိုးမျိုးပေါ့လေ။ အဆစ်အမြစ်ရောင်ရမ်းခြင်း အမျိုးအစား ၁၀၀ကျော် ရှိတဲ့ထဲကမှ ဥပမာတချို့ ဖော်ပြရရင် သွေးလေးဖက်နာ (rheumatoid arthritis)၊ အရိုးအဆစ်ယိုယွင်းရောင်ရမ်းခြင်း (osteoarthritis)၊ ကလေးသူငယ် လေးဖက်နာ (juvenile arthritis) နဲ့ ရောဂါပိုးကြောင့် ဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း (infectious arthritis)၊ ဗိုက်တာမင် ဒီ နဲ့ ထုံးဓာတ် ( calcium ) ဓာတ် ချို့တဲ့ လို့ ဖြစ်တဲ့ အရိုးပါးအရိုးပွ ( osteroporosis) ၊ အရွတ်ကအဆီတွေ ခမ်းလို့ ဖြစ်တဲ့ အဆစ်အမြစ်နာကျင်မှုမျိုးတွေ ၊ ကိုယ်နေဟန်ထားမမှန်တာ ထုံးဓာတ်များတာ ကြောင့်ဖြစ်နိုင်တဲ့ ကျီးပေါင်း (spondylosis) နဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး

မတော်တဆထိခိုက်မိတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့် အရိုးအဆစ်တွေကို ထိခိုက်နိုင်တယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်လည်း အရိုးထိခိုက်နိုင်တယ်ဆိုတာ Hello ဆရာဝန် ပရိသတ်တို့ သိကြရဲ့လားနော် - ကိုယ်အလေးချိန် ဝန်ပိတာ အရိုးတွေကို ချိတ်ဆက်ပေးထားတဲ့ အဆစ်တွေဟာ လေးလံတဲ့ဝန်ကို ထမ်းပိုးရတာ သိပ်မခံနိုင်တတ်ကြပါဘူး။ ဝန်အပိဆုံးက ဒူးပါပဲ။ အရွတ်တွေကိုပျက်ယွင်းစေပြီး ခါး၊ တင်ပါးဆုံနဲ့ ခြေကျင်းဝတ်တို့ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းထဲမှာ ကိုယ်အလေးချိန်များခြင်းက ရှေ့ကပါဝင်တာမို့ ထိန်းသင့်ပါတယ်။ ဖုန်းပဲအမြဲနှိပ်နေတာ ဖုန်းလေးကိုင်ပြီး တစ်ချိန်လုံးနှိပ်နေမယ်ဆိုရင်တော့ လက်ချောင်းအဆစ်တွေ ပြဿနာတက်ပါလိမ့်မယ်။ လက်မအရွတ်တွေထိခိုက်နိုင်တယ်၊ ဖုန်းကိုကြည့်လွန်းလို့ လည်ပင်းဇက်ကြောနဲ့ပခုံးအတွက်လည်း မကောင်းပါဘူး။ ဒေါက်မြင့်ဖိနပ်အမြဲစီးတာ ဒေါက်မြင့်ဖိနပ်စီးထားတာ လှပေမယ့် ခြေထောက်ကို ဖြောင့်တန်းနေစေဖို့ ပေါင်ကြွက်သားတွေက ပိုအလုပ်လုပ်ရပါတယ်။ ဒေါက်ကမြင့်လေ ဒူးမှာ ဖိအားပိုများစေတယ်။ အမြဲ သို့မဟုတ် ကြာကြာစီးထားမယ်ဆိုရင် အဆစ်နာရောဂါဖြစ်လာနိုင်ခြေကို တိုးစေပါတယ်။ လက်ဆစ်ချိုးတာ ဖျောက်ဖျောက်နဲ့ လက်ဆစ်ချိုးလိုက်ရတာကို သဘောကျကြပါတယ်။ တချို့လူကြီးတွေ သတိပေးသလို ကျိုးတာ၊အဆစ်လွဲတာတော့မဖြစ်စေနိုင်ပေမယ့် […]


အဆစ်ရောင်ရောဂါများ

အဆစ်အမြစ်ရောင်ရမ်းတာ ကို ကာကွယ်ကြမယ်

အဆစ်အမြစ်ရောင်ရမ်းတာ ကို ဆေးပညာ ဝေါဟာရနဲ့ osteoarthritis လို့ခေါ်ပြီး အရိုးတစ်ခုနဲ့တစ်ခုကြားက အရိုးနုတွေပွတ်တိုက်ပါများပြီး ပျက်စီးကုန်တဲ့အခါ ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။ အရိုးနုတွေက အရိုးတစ်ခုခုနဲ့တစ်ခုကြား မှာ အခုအခံ ကူရှင်သဘောမျိုးလုပ်ပေးထားတာကြောင့် သူတို့ပျက်စီးသွားတဲ့အခါ လှုပ်ရှားရင်အဆစ်တွေနာကျင်လာတယ်၊ ရောင်လာတယ်၊ နောက်ပြီး အချိန်ကြာလေ လှုပ်ရှားရတာလည်း မကောင်းတော့ပါဘူး။ ဒါ့ကြောင့် ဒီလိုပြဿနာတွေပေးနိုင်တဲ့ အဆစ်အမြစ်ရောင်ဝေဒနာကို ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းတာ ကို လုံးဝပျောက်ကင်းအောင်ကုသလို့မရဘဲ ခံစားရတဲ့လက္ခဏာတွေသက်သာအောင်နဲ့ မဖြစ်အောင်အနေအထိုင်ဆင်ခြင်လို့ပဲရပါတယ်။ ကံကောင်းစွာပဲ ဝေဒနာဖြစ်ပွားမှုနည်းအောင် လိုက်နာနိုင်တဲ့နည်းလမ်းတချို့ရှိနေပါတယ်။ ဒါတွေကတော့ ၁.အဆစ်အမြစ်ရောင်ရမ်းတာ ကို ဂရုစိုက်ပါ ကိုယ်နေ့စဉ်လုပ်နေရတဲ့အလုပ်တွေကိုပြန်ဆန်းစစ်ကြည့်ပ။ ခဏခဏဒူးထောက်ရတာ၊ အလေးအပင်မတာ၊ လမ်းအကြာကြီးလျှောက်တာ စတာတွေကို အသက်ကြီးလာတာနဲ့ တတ်နိုင်သလောက်လျှော့လုပ်ပါ။ အဆစ်အမြစ်တွေကို အသုံးပြုမှုများလေ ပိုပျက်စီးနိုင်လေပါပဲ။ ၂. လေ့ကျင့်အားအစွမ်းကို လျှော့မတွက်ပါနဲ့ ခန္ဓာကိုယ်အတွက် အရမ်းဒဏ်ဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးတွေမဟုတ်ဘဲ အဆစ်အမြစ်တွေသန်စွမ်း စေမယ့် လေ့ကျင့်ခန်းတွေကို ရွေးလုပ်ကြည့်ပါ။ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အဆစ်အစားထိုးကုသဖို့ စဉ်းစားနေတယ်ဆိုရင်

စိတ်သွားတိုင်း ကိုယ်ပါနေတုန်းမှာတော့ ခန္ဓါကိုယ်ရဲ့ လှုပ်ရှားနိုင်မှုက တန်ဖိုးရှိတယ်ထင်မိမှာမဟုတ်ပါဘူး။ မလှုပ်ရှားနိုင်တဲ့အခါမှာ အရိုးအဆစ်တွေရဲ့ တန်ဖိုးကို ကောင်းကောင်းကြီးနားလည်လာတတ်ကြစမြဲပါ။ ဒီလိုပြောလို့ ဟုတ်ပါ့မလားလို့ မတွေးလိုက်နဲ့နော်။ ခြေထောက်လေးပဲနာကြည့်လိုက်။ သွားရလာရတော်တော်လေးခက်တာနော်။ ခန္ဓါကိုယ်ကို လှုပ်ရှားလို့အဆင်ပြေအောင် အဓိကထောက်ကန်ပေးထားတာက အရိုးအဆစ်တွေပေါ့။ ဒီတော့ ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို စိတ်သွားတိုင်းကိုယ်ပါဖို့က အရိုးအဆစ်တွေကောင်းမှဖြစ်မှာနော်။ အရိုးအဆစ်ကောင်းအောင်ဘာလုပ်ရမလဲ.......... အရိုးအဆစ်ကောင်းအောင်ဘာလုပ်ရမလဲဆိုတော့ ဂရုစိုက်ရမှာပေါ့။ အာဟာရပြည့်ဝအောင်စားမယ် ရေလုံလောက်အောင်သောက်မယ် ဆေးလိပ်ဖြတ်မယ် သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေလုပ်မယ် သင့်တင့်တဲ့ကိုယ်အလေးချိန်ရအောင်ထိန်းမယ် အရိုးအဆစ်တွေနာတဲ့အခါ သေချာလေး အနားယူပေးမယ် ခန္ဓါကိုယ်အနေအထားမှန်အောင်နေမယ် အယ်လ်ကိုဟော နဲ့ ကဖင်း လျှော့သောက်ပါ။ စတဲ့အချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။ အဆစ်အစားထိုးကုသမှုခံယူတယ်ဆိုတာ အဆစ်အစားထိုးကုသမှုဆိုတာက မတော်တဆမှုတစ်ခုကြောင့်ဖြစ်ဖြစ်၊ အသက်ကြီးလာတာကြောင့်ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ဖြစ်ဖြစ် ထိခိုက်သွားတဲ့ နေရာတွေကိုဖယ်ထုတ်ပြီး လူသားတွေကဖန်တီးထားတဲ့အရာတွေနဲ့ အစားထိုးကုသမှုတစ်ရပ်ပါ။ အဆစ်တွေထိခိုက်သွားတဲ့အခါ အစားထိုးကုသမှုခံယူလိုက်တာက နေ့စဉ်ဘဝရဲ့လုပ်ဆောင်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။တကယ်လို့များ အဆစ်တွေထိခိုက်ထားတာကြောင့် အသုံးပြုရလုံးဝအဆင်မပြေတော့တဲ့အထိ နာကျင်နေမယ်ဆိုရင်တော့ အဆစ်တွေကိုအစားထိုးကုသမှုခံယူလိုက်တာကအဆင်ပြေဆုံးဖြစ်မှာပါ။ အဆစ်တွေကို အစားထိုးကုသမှုခံယူတဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း