အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့

ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ မတော်တဆထိခိုက်မိတာတွေကြောင့်ဖြစ်ဖြစ် အရိုးကျိုးတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရိုးကျိုးတာက သာမန်မျက်စိနဲ့ မြင်ဖို့ခက်သလို သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အရိုးပြန်ဆက်တဲ့အချိန်မျာ အစားအသောက်၊ အနေအထိုင်ကို သေချာလေးဂရုစိုက်ပေးမှာ အရိုးက အကောင်းဆုံးပြန်ဆက်နိုင်မှာပါ။ ဒီတော့ အကြောင်းအရင်းတစ်ခုခုကြောင့် အရိုးကျိုးသွားတဲ့အခါ အရိုးမြန်မြန်ဆန်ဆန်ပြန်ဆက်စေဖို့ ဘာတွေလိုက်နာဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ မျှဝေပါရစေ။ ခန္ဓာကိုယ်ရဲ့ ငြမ်းဖြစ်တဲ့အရိုးတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲ............ ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ငြမ်းတွေဖြစ်တဲ့ အရိုးတွေကို ကော်လာဂျင်လို့ ခေါ်တဲ့ (ပရိုတင်း) နဲ့ဖွဲ့စည်းထားပြီး အပေါ်ကနေမှ သတ္တုဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့က ကြံ့ခိုင်မှုကို အားဖြည့်ပေးထားကြပါတယ်။ ဒါကြောင့် အရိုးတွေကျန်းမာနေစေဖို့ ထိခိုက်သွားတဲ့အခါ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့အတွက် အာဟာရတွေကို ပြည့်ဝမျှတအောင်စားသုံးပေးဖို့ လိုပါမယ်။ ကျိုးသွားတဲ့အရိုး မြန်မြန်ပြန်ဆက်စေဖို့ အရိုးတွေကျိုးသွားတဲ့အခါ ပြန်ဆက်ပြီး အမြန်ဆုံးအကောင်းပကတိပြန်ဖြစ်စေဖို့ဆိုရင် ပုံမှန်ထက် အာဟာရဓာတ်တွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါမယ်။ ဒီတော့ ဘာတွေစားမလဲ......... ကယ်လ်ဆီယမ် အရိုးတွေနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်မယ့်ဓာတ်တစ်မျိုးပါ။ အရိုးရဲ့ သိပ်သည်းဆကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အားကစားလုပ်ပြီးနောက် ကိုက်ခဲနေတဲ့ခြေထောက်ကို ဘယ်လိုကုသမလဲ

မာရသွန်အပြေးသမားတွေ၊ ပြင်းပြင်းထန်ထန် အားကစား၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ကိုယ့်ရဲ့အလုပ်ပြီးသွားတာနဲ့ ခြေထောက်က မသယ်ချင်လိုက်အောင် ထိုးပြီးကိုက်ခဲနေတာ တော်တော်များများဖြစ်ဖူးကြမှာပါ။ များသောအားဖြင့်တော့ စိုးရိမ်စရာမလိုတဲ့ လက္ခဏာပဲဆိုပေမယ့် နောက်နေ့အားကစားလုပ်ဖို့အတွက် ခြေထောက်က နာတာမသက်သာသေးတဲ့အခါကျတော့ စိတ်ညစ်ရတာပေါ့။ ဒီပြဿနာကနေ ကင်းဝေးစေဖို့ ခြေထောက်နာကျင်ကိုက်ခဲတာကို အမြန်သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။ ခြေထောက်က ဘာလို့ ကိုက်ခဲနေရတာလဲ။ အားကစားအပြင်းအထန်လုပ်ပြီးသွားတဲ့အခါမျိုးမှာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို အပြင်းအထန်လှုပ်ရှားအသုံးပြုလိုက်ရတဲ့အတွက် အနည်းနဲ့ အများတော့ ကိုက်ခဲတဲ့ဒဏ်ဖြစ်ပေါ်တတ်ပါတယ်။ တချို့ကျတော့လည်း ပြေးနေတဲ့အချိန်မှာ စီးထားတဲ့ အားကစားစီးဖိနပ်က ကိုယ့်ခြေထောက်ကို ကောင်းကောင်းအထောက်အပံ့မပေးနိုင်တာ၊ ကျပ်လွန်းတာ ဒါမှမဟုတ် ကိုယ်ခန္ဓာလှုပ်ရှားတဲ့ ပုံစံ၊ အနေအထား မမှန်ကန်တဲ့အခါ၊ ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလိုက်တဲ့အခါ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်က ခြေထောက်နဲ့ ခြေဖနောင့်ကို သွားပြီး အားသက်ရောက်သလိုဖြစ်တဲ့အတွက် နာကျင်ကိုက်ခဲရတာပါ။ ဒါကတော့ […]


အရိုးကျိုးခြင်း

ကျိုးသွားတဲ့အရိုးမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေလိုက်နာပါ။

အရိုးကျိုးသွားတဲ့ပြဿနာဟာ လှုပ်ရှားလို့လည်းမရ သွားလို့လာလို့လည်းမကောင်း တစ်ပတ် ၂ ပတ်နဲ့ ပြန်သက်သာတာမျိုးတွေ မဟုတ်တော့ အင်မတန် စိတ်ညစ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ ဒီလိုအချိန်တွေဆို ဘယ်တော့ ပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုပြီး ထိုင်တွေးနေရုံမှအခြား ဘာမှ လုပ်လို့မရဘူးလေ.။ ဒါပေမယ့် အရိုးမြန်မြန်ပြန်ဆက်စေဖို့ကိုယ်တွေဘက်က လုပ်ပေးနိုင်တာ လေးတွေ ရှိတယ်ဆိုရင် အံ့သြသွားမလား။ ဘာမှမလုပ်တာထက်စာရင် ဒါလေးတွေ လိုက်နာပြီ းလုပ်ပေးတော့ စိတ်သက်သာတာပေါ့။ ကျိုးသွားတဲ့ အရိုးကို မြန်မြန်ပြန်ဆက်စေချင်ရင် ဒါတွေလိုက်နာပါ။ အရိုးကျိုးနေတဲ့အချိန် အဓိက လုပ်ရမှာကတော့ ကျိုးသွား ဒဏ်ရာရသွားတဲ့အရိုးကို ဘာမှမလုပ်ဘဲ နားနေဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ ပရိုတင်း ြဖည့်စွက်အားဆေးတွေသောက်ပါ။ အရိုးဖွဲ့စည်းမှုတစ်ခုမှာအဓိက အရေးအကြီးဆုံးနဲ့ အများဆုံးက ပရိုတင်းတွေပဲ ဖြစ်တာကြောင့် အရိုးပြန်သန်မာစေဖို့နဲ့ မြန်မြန်ပြန်ဆက်စေဖို့ ပရိုတင်းဖြည့်စွက်အားဆေးတွေ များများသောက်ပေးဖို့လိုပါတယ်။ ဓါတ်တိုးဆန့်ကျင့်ပစ္စည်းကြွယ်ဝတာတွေစားပါ။ တစ်ရှူးတွေထိခိုက်မိရာကနေ ထွက်လာတဲ့ ဓါတ်တိုးပစ္စည်းတွေကြောင့် အရိုးပြန်ဆက်တဲ့နေရာမှာ အချိန်ကြန့်ကြာသွားနိုင်တာကြောင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidants […]


အရိုးကျိုးခြင်း

အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။။

အရိုးကျိုးသွားတယ်ဆိုတဲ့ ပြဿနာဟာ ပြင်းထန်ပြီး အင်မတန်မှ စိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ သွားလာ လှုပ်ရှားလို့လည်းမရ ၊ နာကလည်းနာ၊ ကျောက်ပတ်တီးကြီးနဲ့တစ်ချိန်လုံး အံသေနေရတဲ့ အဖြစ်ကိုဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမယ့်လည်း အခန့်မသ့င့် တစ်ခုခု ထိခိုက်မိလို့ အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ပတ်တီးလေးစည်းပြီး ပြန်ဆက်မယ့်အချိန်ကိုပဲ စောင့်နေရတော့တာပေါ့ ။ အဲဒီအခါကျရင် ကျိုးသွားတဲ့ အရိုးတစ်ခုက ဘယ်လိုဘယ်ပုံပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုတာ သိချင်လာကြပြီမလား ။ ။ ပြန်ဆက်မယ့်အကြောင်း မပြောခင် အရိုးကျိုးပုံကျိုးနည်းအကြောင်း အရင်ပြောပြပေးချင်ပါတယ်။ အရိုးကျိုးသွားပြီဟေ့ဆို အရေပြားကို အရိုးဖောက်ထွက်လာပြီးကျိုးတာလား အထဲမှာပဲကျိုးတာလား လုံးဝ ထက်ပိုင်းကျိုးသွားတာလား၊ ဆက်နေသေးလား နေရာလွဲသွားတာလား အက်သွားတာလားဆိုပြီး အရင်စဉ်းစားရပါတယ်။ ဒါတွေပေါ်မူတည်ပြီး ခွဲစိတ်ရမလား ၊ ဒီတိုင်း ပတ်တီးနဲ့ ပျောက်မှာလား၊ စတီးချောင်းထည့်ရမှာလား သိနိုင်မှာ ဖြစ်ပြီး ပြင်းထန်မှုအလိုက် အရိုးပြန်ဆက်တဲ့အချိန်လည်း ကြာသွားတတ်နိုင်ပါတယ်။နောက်ပြီး […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးအစားထိုးကုသတယ်ဆိုတာ ဘယ်လိုမျိုးလဲ

ဒူးအစားထိုးကုသမှုဆိုတာ ထိခိုက်ထားတဲ့၊ အရွတ်စုတ်ပြဲထားတဲ့၊ လုပ်ဆောင်ချက်ပျက်ယွင်းနေတဲ့ ဒူးဆစ်ကိုပြန်လည်ကောင်းမွန်အောင် ခွဲစိတ်ကုသတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ နာကျင်မှုသက်သာစေဖို့နဲ့ အရင်လိုပြန်လှုပ်ရှားနိုင်ဖို့ပါပဲ။ခွဲစိတ်မှုမှာ ဆရာဝန်က ဒူးဆစ်ရိုးတွေကို သတ္တု သို့မဟုတ် ပလတ်စတစ်အလွှာနဲ့ဖုံးအုပ်ပေးတာ ဒါမှမဟုတ် ဒူးဆစ်ရိုးပုံသဏ္ဍာန် အဆစ်တုကိုအစားထိုးထည့်သွင်းပေးတာဖြစ်ပါတယ်။ အများအားဖြင့် အသက် ၅၀ နဲ့ ၈၀ ကြားအရွယ်တွေ လုပ်ဆောင်ကြတဲ့ ခွဲစိတ်မှုဖြစ်ပြီး ကုသမှုခံယူသူ ၉၀ ရာခိုင်နှုန်းကျော်က နာကျင်မှုနဲ့ လှုပ်ရှားနိုင်စွမ်းတို့မှာ သိသိသာသာထူးခြားလာတာတွေ့ရပါတယ်။ ခွဲစိတ်မှုခံယူထားတဲ့လူနာတစ်ယောက်ဟာ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်သရွေ့နောက် ၁၅ နှစ်လောက်အထိ အစားထိုးဒူးဆစ်ရဲ့လုပ်ဆောင်ချက်ကောင်းမွန်နေဦးမှာဖြစ်သလို ကုသမှု ၈၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်က နှစ် ၂၀ ထိ တာရှည်ခံနိုင်ပါတယ်။ ဒူးအစားထိုးခွဲစိတ်မှု ဘာကြောင့်လိုအပ်တာလဲ ဒီကုသမှုကို ခံယူဖို့ လိုအပ်လာတဲ့ အဖြစ်များဆုံးအကြောင်းရင်းသုံးခုရှိပါတယ် - အရိုးအဆစ်ရောင်ရောဂါ - ဒီအရိုးအဆစ်နာရောဂါက အသက်အရွယ်နဲ့ဆိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဒူးဆစ်မှာ ယိုယွင်းပျက်စီးလာတာကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။

ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြူံတွေ့ရတတ်တဲ့ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ ဒီ ခါးနာတဲ့ ပြဿနာကိုခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနေတယ်ဆိုရင်ဆိုရင် သက်သာအောင်ဘယ်လိုလုပ်ကြမလဲ။ အိပ်တဲ့ ပုံစံကို သတိထားပါ။ ခါးနာနေတော့ ထိုင်လို့အဆင်မပြေ။ အဲတော့ လှဲအိပ်။ လှဲအိပ်တော့ ခါးပိုနာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါပေမယ့် မအိပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ဘေးစောင်းလှဲအိပ်ပြီး ဒူးခေါင်းကြားထဲ ခေါင်းအုံးလေးညှပ်ထားပါ။ ပက်လက်အိပ်မယ်ဆိုရင်တော့ ဒူးခေါင်းအောက် ခေါင်းအုံးခံထားတဲ့ အနေအထားမျိုးနဲ့ အိပ်စက်ပါ။ ဒါဆိုရင် ခါးနာတဲ့ဝေဒနာလည်း သက်သာသွားသလိုနောက်ထပ်ခါးနာမယ့် အဖြစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်းဖြစ်မှာပါ။ ထိုင်တဲ့အချိန်ကလည်းအရေးကြီးပါတယ်။ ခါးကိုဆန့်ထားပြီး မတ်မတ်အနေအထားနဲ့ မထိုင်ဘဲ ပျင်းရိပျင်းတွဲနဲ့ လျှောထိုင်ရင် ခါးပိုနာပါလိမ့်မယ်။ ဒီတော့ ခါးကိုမတ်မတ်ဆန့် နောက်ကျောထိုင်ခုံကိုမီတဲ့ အနေအထားနဲ့ထိုင်ပါ။ ထိုင်ခုံနဲ့ခါးကြားထဲ ခေါင်အုံးလေးခံထားပြီ းထိုင်လို့လည်း ရပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် တင်းနေတဲ့ ကြွက်သားတွေ […]


အဆစ်ရောင်ရောဂါများ

အရိုးအဆစ်အမြစ်ရောင်ရောဂါ ( osteoarthritis ) ရှိနေရင် ဘာတွေရှောင်ပြီး ဘာတွေစားရမလဲ။ ။

အရိုးအဆစ်အမြစ်ရောင်ရောဂါ ( osteoarthritis ) အကြောင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတိုင်းဖြစ်ကြတဲ့ ဒူးနြာခင်းမှာ သူက တရားခံပေါ့။ ဒူးတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ အခြား လက်တို့၊ ခါးရိုးတို့ တင်ပဆုံရိုးတို့ကိုလည်း ဒုက္ခပေးနိုင်တဲ့ အဆစ်ရောင်ရောဂါ။ အရင်တုန်းကအကောင်းကြီးရှိနေတဲ့ အရိုးအဆစ်တွေမှာ osteoarthritis ဘယ်ကနေဘယ်လို ရောက်လာတာလဲ။ အရိုးဖွဲ့စည်းပုံကို အပြင်ပိုင်းကြည့်လိုက်ရင် အရိုး တွေရယ်၊ လှုပ်ရှားမှုတွေချောမွေ့အောင် လုပ်ပေးမယ့် အရိုးတွေကြားထဲက အရိုးနုလေးတွေနဲ့ ချောဆီတွေရယ်လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။ ငယ်ရွယ်နေတုန်းအချိန်မှာ ဒါတွေအားလုံးသူ့နေရာနဲ့သူ ရှိနေပေမယ့် အသက်ကြီးလာချိန်မှာ အရိုးတွေကြားထဲက အရိုးနုလေးတွေ ပါးသွားပြီး လှုပ်ရှားမှုလုပ်တိုင်း အရိုးတွေပွတ်တိုက်ကုန်လို့ အဆစ်နာတဲ့ ဝေဒနာတွေ ခံစားရတာဖြစ်ပါတယ်။ အရိုးအဆစ်မြစ်ကိုက်တဲ့ ပြဿနာကိုခုပြောပြမယ့် အစားအစာတွေက အရှင်းပျောက်အောင် မကုသပေးနိုင်ပေမယ့် ဝေဒနာပိုဆိုးမလာအောင်နဲ့ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် ကူညီပေးနိုင်မှာပါ။ ဘာတွေစားပေးရမလဲ။ ဘာ့ကြောင့်လဲ။ ( ၁ ) အဆီများတဲ့ငါးတွေ ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်တို့ […]


အဆစ်ရောင်ရောဂါများ

သွေးစစ်ပြီး အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းအရင်းကို အဖြေရှာကြမယ်။ ။

ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက် အကြောင်းအရင်းကို အဖြေရှာဖို့ စစ်ဆေးမှုတွေလုပ်ကြရပါတယ်။ အဆစ်အမြစ်ကိုက်တာဆိုတော့ ခြေတွေလက်တွေကို ဓါတ်မှန်ရိုက်တာက လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်လို့ လူနာတွေစိတ်ထဲ မရှင်းတာမျိုးမဖြစ်ပေမယ့် သွေးစစ်တဲ့အခါကျတော့ ဘာလို့စစ်ရမှန်းမရှင်းဖြစ်နေတတ်ပါတယ်။ ဖြစ်တဲ့နေရာက အဆစ်အမြစ် သွေးက ဘယ်လိုအတွက်ကြောင့်၊ ဘာတွေကိုသိရလို့ စစ်ရတာလဲဆိုတာ မရှင်းဖြစ်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ အဆစ်အမြစ်ကိုက်တဲ့အကြောင်းအရင်းကို ပြောပြပေးနိုင်တဲ့သွေးအဖြေတွေ ။ ။ ASO - ASO Titer လို့ခေါ်တဲ့ဒီသွေးစစ်နည်းဟာ Antistreptolysin Oလို့ခေါ်တဲ့ ကိုယ်တွင်း antibody ကို စစ်ဆေးတာဖြစ်ပြီး လေးဖက်နာပိုး( group AStreptococcus ) ရဲ့ antibody ပါ။ ဒါပေမယ့် ASOတက်တိုင်း လေးဖက်နာပါလို့ ပြောလို့မရပါဘူး။ Uric acid- ယူရစ်အက်ဆစ်ကိုတော့ အားလုံးကြားဖူးကြမှာပါ။ Gout ( […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေ ထုတ်လုပ်ဖန်တီး

အရိုးအစားထိုးကုသတဲ့ပစ္စည်းထုတ်လုပ်ရာမှာ စွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေ ဖန်တီးတဲ့နည်းလမ်းကို အိန္ဒိယသုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေက I-tricalcium phosphate (I-TCP) လို အရိုးအစားထိုးပစ္စည်းတွေကို အဆိပ်အတောက်ရှိတဲ့ဓါတုပစ္စည်းတွေ မသုံးဘဲ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။ ကြက်ဥခွံဟာ သတ္တုဓါတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅.၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ရေဓါတ်အနည်းငယ်လည်းပါဝင်ပါတယ်။ အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကိုညောင်ပင်ရဲ့အစေးနဲ့ပေါင်းစပ်ပြီး အရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။ ကနေ့ခေတ်ဆေးပညာမှာ လူနာ သို့မဟုတ် အလှူရှင်ဆီက အရိုးကိုPlaster of Paris လို ကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရိုးတွေကို အစားထိုးကုသပါတယ်။ နောက်ပိုင်းတော့hydroxyapatite နဲ့calcium phosphate တို့လိုဖော့စဖိတ်ဒြပ်ပေါင်းတွေကို သုံးကြပါတယ်။ ၁၆၆၈ ခုနှစ်မှာ ဒတ်ခ်ျလူမျိုးဆရာဝန်Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက အရိုးအစားထိုးကုသမှုပေါင်း ၅၀ကျော်ကို စမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။ ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊National institute of […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဆင်တုပ်ကွေးက ချန်ရစ်ခဲ့တဲ့ အဆစ်နာ ဘယ်လိုသက်သာအောင်လုပ်မလဲ

တုပ်ကွေးတို့ရဲ့ သဘာဝကိုက တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားတယ်၊ တုပ်ကွေးကွေးတယ်ပေါ့။ ပျောက်ပြီဆို အကုန်သက်သာသွားတာပဲ။ ဒါပေမယ့် ဆင်တုပ်ကွေးဖြစ်ထားတာ သက်သာလားလို့မေးလိုက်ရင် အဆစ်အမြစ်တွေနာနေတုန်း၊ ကိုက်ခဲနေတုန်းပဲ။ လမ်းလည်းသိပ်မလျှောက်နိုင်၊ ပစ္စည်းတွေတောင် လက်က မြဲအောင်မကိုင်နိုင်ဘူးလို့ဆိုတဲ့ စကားတွေ ကြားရပါတယ်။ တကယ်တော့ လူကနေပြန်ကောင်းနေပါပြီ၊ ဒီဝေဒနာတွေက မပျောက်သေးဘူး၊ အလုပ်ကောင်းကောင်းမလုပ်နိုင်အောင် ခံစားနေရတုန်းပဲလား။ ဒီလိုနာကျင်ကိုက်ခဲမှုတွေ ဘာလို့ဖြစ်ရတာလဲ Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကိုခြင်ကတဆင့် ကူးစက်ရရှိတာပါ။ အခုလိုနာကျင်ကိုက်ခဲရတာကရောဂါပိုးကို ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က တုံ့ပြန်တိုက်ခိုက်နေတဲ့ရလဒ်ဖြစ်ပါတယ်။ ဒီလိုခုခံတဲ့အခါ ခန္ဓါကိုယ်ရဲ့ဆဲလ်တွေကိုပါ ရောဂါပိုးနဲ့အတူရောပြီး တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။ အဲဒီအခါ တစ်ရှူးတွေရောင်ရမ်းစေပြီး ခန္ဓါကိုယ်ဆဲလ်တွေကိုထိခိုက်စေပါတယ်။ အဆစ်နဲ့ကြွက်သားတွေမှာဖြစ်တဲ့အခါ နာကျင်ကိုက်ခဲတာတွေခံစားလာရပါတယ်။ ဒီလိုဖြစ်ရင် နာကျင်ကိုက်ခဲမှုတွေအပြင် ဒူးဆစ်၊ တံတောင်ဆစ် ဒါမှမဟုတ် လက်ကောက်ဝတ်တို့မှာ အဆစ်တွေတောင့်တင်းပြီးကွေးဆန့်ရခက်လာနိုင်ပါတယ်။ရောဂါပိုးကြောင့် ပဋိပစ္စည်းတွေထွက်ရှိလာရာကနေ နောက်ဆုံးမှာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတစ်ရှူးတွေကို ထိခိုက်စေပြီး အဆစ်တွေရောင်တယ်၊ လှုပ်ရှားရခက်လာပါတော့တယ်။ ဗိုင်းရပ်စ်ရဲ့အဆိပ်အတောက်အကြွင်းအကျန်တွေကြောင့်လည်း အခုလိုဖြစ်စေနိုင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း