အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးပွခြင်း

အရိုးသိပ်သည်းဆ ဆိုတာဘာလဲ

အရိုးသိပ်သည်းဆ၊ အရိုးထုထည်ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဘာကိုဆိုလိုတယ်ဆိုတာနားလည်မိပါသလား။ ဒီဆောင်းပါးဟာအရိုးသိပ်သည်းဆရဲ့ အခြေခံအချက်တွေကိုပြောပြပါလိမ့်မယ်။ အရိုးသိပ်သည်းဆဆိုတာဘာလဲ အရိုးတွေဟာကိုယ်ခန္ဓါတစ်ခုလုံးကိုအထောက်အပံ့ ပြုထားတာကြောင့် အရေးကြီးလှပါတယ်။ သူတို့ဟာ ကြွက်သား၊ အရွတ်နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအတွက် ကိုယ်ထည်အနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ အရိုးတွေဟာသွေးနီဥနဲ့ သွေးဖြူဥတွေကိုထုတ်ပေးရာနေရာလည်း ဖြစ်ပါတယ်။ အရိုးသိပ်သည်းဆဟာအရိုးထဲမှာသတ္တုဓါတ် ဘယ်လောက်ရှိတယ်ဆိုတာကိုညွှန်ပြပါတယ်။   အရိုးသိပ်သည်းဆကိုဘယ်လိုစမ်းသပ်လဲ အရိုးသိပ်သည်းဆစမ်းသပ်ခြင်းဆိုတာသင့်အရိုးတွေရဲ့ ကျန်းမာရေးကိုစစ်ဆေးတာပဲ ဖြစ်ပါတယ်။ ရလဒ်မှာသင့်အရိုးရဲ့ သိပ်သည်းဆကိုတွေ့နိုင်ပါတယ်။ ပြီးတဲ့အခါ ဆရာဝန်ဟာ ကျန်းမာသူတစ်ယောက်ရဲ့ အရိုးသိပ်သည်းဆနဲ့ နှိုင်းယှဉ်ပါလိမ့်မယ်။ ဒီစမ်းသပ်မှုနဲ့ အရိုးရဲ့ အောက်ပါအခြေအနေတွေကိုသိရှိနိုင်ပါတယ်။ အရိုးပွခြင်းရှိမရှိသိနိုင်ပါတယ်။ အရိုးပွတဲ့အခါ အရိုးဟာ ကျိုးလွယ်ပါတယ်။ အရိုးကျိုးနိုင်ခြေ အန္တရာယ်ကိုသိနိုင်ပါတယ်။ အရိုးပွခြင်းအတွက် ကုသမှုဟာသင့်အတွက် အလုပ်ဖြစ်လား၊ ကုသမှုအပေါ် တုံ့ပြန်ချက်ကဘယ်လိုရှိသလဲသိနိုင်ပါတယ်။ အရိုးသိပ်သည်းဆစစ်ဆေးရာမှာဓါတ်မှန်ရိုက်နည်းကိုသုံးပြီးအရိုးထဲကကယ်လ်စီယမ်ဓါတ်တွေကိုတိုင်းတာပါတယ်။ ဒီနည်းနဲ့ စစ်ဆေးခြင်းအများဆုံးလုပ်ဖြစ်တဲ့နေရာတွေကတော့ တင်ပါးဆုံရိုး၊ ကျောရိုးနဲ့ လက်ဖျံရိုးတွေ ဖြစ်ပါတယ်။ ဒီစစ်ဆေးနည်းဟာလွယ်ကူလျင်မြန်ပြီးနာကျင်မှု မရှိပါဘူး။ တချို့နည်းတွေဟာဆေးဆိုင်တွေမှာတောင်လုပ်နိုင်ပေမယ့် များသောအားဖြင့် ဆေးရုံမှာပဲ ပြုလုပ်ပါတယ်။   အရိုးသိပ်သည်းဆစစ်ဆေးဖို့ […]


အရိုးပွခြင်း

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

သင် အရိုးပွ နိုင်ပါသလား။ ဆိုရိုးတစ်ခုရှိပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်တဲ့။ သင့်အနေနဲ့ အရိုးပွခြင်းကို လျှော့ချနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ သင့်အနေနဲ့ ဒီရောဂါ ဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အန ္တရာယ် တွေကို သတိထားပြီး ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ အရိုးပွခြင်းဆိုတာ အရိုးကို ကျိုးလွယ်ပဲ့လွယ်စေတဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ အရိုးတစ်သျှူးတွေ ပျက်စီးနှုန်းက ဆဲလ်အသစ်တွေ ဖြစ်ပေါ်နှုန်းထက် ပိုပြီးမြန်ဆန်နေလို့ ဖြစ်ပါတယ်။   မရှောင်လွှဲနိုင်သော အန ္တရာယ်များ အသက်။ ၅၀ကျော်ချိန် ၊သွေးဆုံးချိန် တွေမှာဖြစ်တတ်ပါတယ် ကျား/မ။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ် လူမျိုးစု။ အိန္ဒိယဥရောပမျိုးနွယ် နဲ့ အာရှအမျိုးသမီးတွေမှာဖြစ်ပါတယ် မိသားစုရာဇဝင်။ မိသားစုဝင် တစ်ဦးဦးတွင် အရိုးပွရောဂါ ရှိခြင်း ကိုယ်ခန္ဓါတည်ဆောက်ပုံ။ ပေါ့ပါးသေးသွယ်သောခန္ဓါကိုယ်ပိုင်ရှင်များ မတော်တဆဖြစ်ပွားမှု။ အရိုးကျိုးခြင်း အထက်ပါ အချက်များသည် […]


အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအစားထိုးကုသခြင်း အကြောင်းသိကောင်းစရာ

၁၉၅၀ ကျော်ကာလမှာ နယူးယောက်၊ ကူးပါးစ်မြို့က ဒေါက်တာသောမတ်စ်ဟာ ပထမဆုံး ရိုးတွင်းချဉ်ဆီ အစားထိုးမှုအောင်မြင်ခဲ့ပါတယ်။ မွေးချင်းအမြွှာ ၂ယောက် အကြား ပြုလုပ်တာဖြစ်ပြီး တယောက်က သွေးကင်ဆာ ရောဂါ ခံစားနေရလို့ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အရိုးအစားထိုးလဲလှယ်ခြင်းကို တွင်ကျယ်စွာအသုံးပြုခဲ့ပြီး သွားရောဂါများ ကုသရာမှာ၊ ခြေသလုံးရိုးထိခိုက်ခြင်းကို ကုသရာမှာ၊ ကင်ဆာရောဂါ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ သင့်ခန္ဓါကိုယ်ရဲ့ အရိုးစုဟာ ပုံမှန်ကြီးထွားနေတာ ဖြစ်ပါတယ်။ အရိုးကျိုးခဲ့ရင် သူ့ဖာသာ တဖြည်းဖြည်းနဲ့ ပြန်ဆက်သွားနိုင်ပါတယ်။ ဒါပေမယ့် အရိုးမှာ ရောဂါတခုခုရနေရင်၊ ဆိုးရွားစွာ ပျက်စီးနေရင်၊ ရှုပ်ထွေးတဲ့ ပြဿနာတခုခုရှိနေရင်၊ ကျန်းမာရေးကို ထိခိုက်စေရင် အရိုးအစားထိုး ကုသရပါတယ်။ အရိုးအစားထိုးခြင်းဟာ ကျိုးပဲ့ခြင်း နှင့် ကင်ဆာကြောင့် ပျက်စီးသွားတဲ့ အရိုးကို ပြန်လည် ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စတဲ့အဆင့်တွေနဲ့ အကူအညီပေးပါတယ်။ […]


အခြား အရိုးရောဂါများ

လက်ချောင်း ထိခိုက်ဒဏ်ရာနှင့်ရောဂါများ

ကျွန်ုပ်တို့ဘဝရဲ့ လှုပ်ရှားမှု အားလုံးလိုလိုမှာ လက်ကို အသုံးပြုရပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်ချောင်းတွေဟာ လှုပ်ရှားမှုများစွာနဲ့ ထိတွေ့ရတာမို့ လက်ချောင်းတွေမှာ ထိခိုက်ဒဏ်ရာရတာ ပိုများခြင်းဟာ ယုတ္တိတန်ပါတယ်။ လက်ချောင်းများကို ထိခိုက်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ လက်ချောင်းများဟာ တခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေထက်စာရင် အာရုံကြောအဖျားပိုင်းတွေ ပိုများပါတယ်။ ဒဏ်ရာရခြင်းကြောင့် ဒီအာရုံကြောများကို ထိခိုက်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ ရမယ်ဆိုရင် ဘယ်လိုဖြစ်တယ်ဆိုတာ၊ ဘာရောဂါတွေရှိပြီး ဘယ်လိုကုသမှုကို ရွေးချယ်ရမယ်ဆိုတာ သိရှိဖို့ အရေးကြီးပါတယ်။   သင်ဟာ သင့်ရဲ့လက်ချောင်းကို ဓါးနဲ့လှီးမိတာ၊ တံခါးပိတ်စဉ် ညပ်မိတာ စတာတွေ အလွယ်တကူ ဖြစ်ပွားနိုင်ပါတယ်။ ကြွက်သားအရွတ်ကို ထိခိုက်ခြင်း၊ လက်ကျိုးခြင်း၊ လက်အဆစ်ဒဏ်ရာရခြင်း၊ အာရုံကြော ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လက်နဲ့ လက်ချောင်းများ ဒဏ်ရာရတဲ့အခါ ဘယ်လိုဖြစ်တယ်ဆိုတာ သိရဖို့ အရေးကြီးပါတယ်။ လှုပ်ရှားမှု အတိုင်းအတာနဲ့ အာရုံခံစားနိုင်မှုစမ်းသပ်ချက် […]


အခြား အရိုးရောဂါများ

အရိုးကျန်းမာ သန်စွမ်းအောင် ဘယ်လိုလုပ်ကြမလဲ

ကျန်းမာသန်စွမ်းတဲ့ အရိုးတွေကို တည်ဆောက်ဖို့ရာ သင့်ရဲ့အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ဘဝနေထိုင်မှု ပုံစံ စတဲ့အဓိက အချက်ကြီး ၃ ချက်ကို အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ အရိုးတွေကျန်းမာ သန်စွမ်းဖို့ရာ လိုက်နာရမယ့် အချက်အချို့ရှိပါတယ်။ ပထမဦးစွာ သင့်ရဲ့ အရိုးတွေဟာ အလုပ် ဘယ်လို လုပ်တယ်ဆိုတာကို သိဖို့ရာ လိုအပ်ပါတယ်။   သင့်ရဲ့အရိုးတွေဟာ ခန္ဓါကိုယ်မှာ ဘယ်လိုအလုပ်လုပ်ကြသလဲ။ သင့်ရဲ့ အရိုးတွေဟာ ကိုယ်လက်လှုပ်ရှားမှု အတွက်သာ လုပ်ပေးတယ်လို့ သင်ထင်နေနိုင်ပါတယ်။ တကယ်တော့ သင့်ရဲ့အရိုးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများစွာကို လုပ်ပေးနေပါတယ်။ သင့်ရဲ့ အရိုးတွေဟာ ခန္ဓါကိုယ် ပုံပန်းသွင်ပြင်ကို ပေါ်လွင်စေပြီး ဦးနှောက် အာရုံကြော စနစ်နှင့် အခြားသော ကလီစာတွေကို ထိခိုက်ဒဏ်ရာ ရခြင်းမှကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ အရိုးတွေဟာ ကယ်လ်စီယမ် နှင့် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်တွေ ကျန်းမာသန်စွမ်းအောင် ဘယ်လိုလုပ်ရမလဲ။

သင့်မှာ အဆစ်နဲ့ ဆိုင်တဲ့ရောဂါ ပြဿနာတွေဖြစ်လာတဲ့ အခါ သင်ကြိုက်နှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အားကစားတွေကို မလုပ်ဆောင်နိုင်တော့ပဲ ကန့်သတ်ခြင်း ခံနေရသလို ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ အဆစ်တွေဟာ တောင့်တင်းပြီး အလွန်နာကျင်တဲ့ ဝေဒနာ ခံစားရလာနိုင်ပါတယ်။ သင့်ရဲ့အဆစ်တွေ ကျန်းမာ သန်စွမ်းဖို့အတွက် နှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမှ ရှောင်ရှားနိုင်ရန် သင်ပြုလုပ်ရမယ့် အရာများစွာ ရှိပါတယ်။ အဆစ်တွေကျန်းမာ သန်စွမ်းလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လေ့လာ ကြည့်ကြရအောင်။   အဆစ်တွေကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။ အဆစ်တစ်ခုဆိုတာ အရိုးနှစ်ခုအတူတကွ ဆက်သွယ်ထားတဲ့နေရာကို ခေါ်ပါတယ်။ သင့်ရဲ့ ဒူးခေါင်း၊ တင်ပါးနှင့် ပုခုံးတွေမှာ အဆစ်တွေရှိပါတယ်။ အရွတ်တွေ၊ ကြွက်သားတွေနှင့် အရိုးနုတွေဟာ အတူတကွ အရိုးမှာလာပြီး တွယ်ထားကာ သင့် အရိုးတွေရဲ့ လှုပ်ရှားသွားလာမှုကို ပိုပြီး […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tennis Elbow (တံတောင်ဆစ် ကြွက်သား၊ အရွတ်ထိခိုက် နာကျင်ခြင်း) ကဘာလဲ။ Teniis elbow ဆိုတာက တံတောင်ဆစ်မှာ ရှိတဲ့ ကြွက်သားနဲ့ အရွတ်ေတွေ ထိခိုက်မိတဲ့ အခါမှာ ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ တံတောင်ဆစ်မှာ humerus, တံတောင်ရိုး နှင့် အရိုးလည်ခြင်းဖြင့် ခေါင်းတစ်ခု ပါဝင်ပါတယ်။ တံတောင်မှာထွက်နေတဲ့ အရိုးက humerus ရဲ့ ခေါင်းကို ပတ်ပေးထားပါတယ်။ humerus ရိုးကိုဆက်ပေးထားတဲ့ ကြွက်သားနဲ့ အရွတ်တွေက ဒီအပိုင်းကနေ ထိုးထွက်နေပါတယ်။ ဒီတည်ဆောက်ပုံရဲ့ ကျေးဇူးကြောင့်သာ လက်က ကွေးနိုင် ဆန့်နိုင်နေခြင်း ဖြစ်ပါတယ်။ Sore muscles elbow when the tendon is cut or connect with relaxation. တံတောင်ဆစ်နာတာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Knee Pain (ဒူးနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Pain (ဒူးနာခြင်း) ကဘာလဲ။ ဒူးနာခြင်း ဆိုသည်မှာ ခုံညင်းရိုးအောက် သို့ မဟုတ် ဒူးခေါင်း အရိုးဆစ်ကြား နာသော ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒူးနာခြင်းသည် ဒူးခေါင်းရိုး၊ ခုံညင်းရိုး၊ အရွတ် နဲ့ အရိုးနု တစ်နေရာရာတွင် ထိခိုက်ချို့ယွင်းခြင်းမှ အစပြုနိုင်ပါသည်။ Knee Pain (ဒူးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါအကြောင်းရင်းကို ရှာဖွေကုသနိုင်သောအခါ ရောဂါ အလိုအလျောက် ပျောက်သွားသည်က များသည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက်ကြီးသူများတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်း အားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန့်နဲတိုင်ပင် ဆွေးနွေးသင့် ပါတယ်။ လက္ခဏာများKnee Pain (ဒူးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာသောနေရာသည် ရောဂါဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းကို ညွှန်ပြနိုင်သည်။ ထို့ကြောင့် ဘယ်နေရာမှာနာလဲဆိုတာ သိဖို့အရေးကြီးပါသည်။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ […]


အဆစ်ရောင်ရောဂါများ

Trigger Finger (လက်ချောင်းတောင့်ခြင်း)ကဘာလဲ။

အဓိပ္ပါယ်ဖွင့်ဆိုချက်Trigger Finger (လက်ချောင်းတောင့်ခြင်း) ကဘာလဲ။ လက်ချောင်းတောင့်ခြင်းဆိုသည်မှာ လက်ချောင်းများ ပုံစံအနေအထားတစ်ခုတည်းအဖြစ် တောင့်နေခြင်းကိုဆိုလိုပါသည်။ ဤရောဂါသည် လက်ချောင်းများကိုဝန်းရံထားသည့် အရွတ်များထိခိုက်ခြင်းကြောင့်ဖြစ်သည်။ အရွတ်ဆိုသည်မှာ ထူထဲသည့်အမျှင်တစ်ရှူးဖြစ်ပြီး ကြွက်သားများနှင့်တွဲလျက်တည်ရှိပါသည်။ အရွတ်ရောင်ခြင်းသည် အရွတ်များကို လွယ်လွယ်ကူကူမလှုပ်ရှားစေနိုင်သောကြောင့် လက်ချောင်းများသည် အနေအထားတစ်ခုတည်းတွင် ပုံသေဖြစ်သွားပါသည်။ Trigger Finger (လက်ချောင်းတောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်၏။ သို့သော် ရောဂါသည် အသက် ၄၅ နှစ်အထက်တွင်အဖြစ်များသည်။ အမျိုးသမီးများက အမျိုးသားများထက် ပိုအဖြစ်များ၏။ ၎င်းသည် သွားဆရာဝန်များ၊ စက်ချုပ်သမားများနှင့် လက်သမားများတွင် အတွေ့ရများသော ရောဂါဖြစ်သည်။ လက္ခဏာများTrigger Finger (လက်ချောင်းတောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ချောင်းများသည် ခေါက်ချင် ဆန့်ချင်လျှင်သော်မှ မကြာခဏဆိုသလို တောင့်တင်းအံသေပြီး အနေအထားတစ်ခုတည်းသို့ ဖြစ်သွားနိုင်သည်။ တစ်ခါတစ်ရံ လက်ချောင်းပုံစံပြောင်းရန် တစ်ယောက်ယောက်အကူအညီလိုတတ်၏။ အရွတ်နေရာတွင် နာကျင်မှုဖြစ်ပေါ်ပြီး လှုပ်ရှားလိုက်လျှင် ပိုပြီးနာသည်။ လူကြီးများတွင် လက်ချောင်းတောင့်ခြင်းအား လက်ခလယ်တွင်တွေ့ရများပြီး ကလေးများတွင်မူ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) ကဘာလဲ။ Lumbosacral radiculopathy ဆိုသည်မှာ ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများနှင့် အာရုံကြော အမြစ်များ နဲ့ဆက်စပ်သော ရောဂါတစ်ခု ဖြစ် သည်။ Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါသည် လူဦးရေ၏ ၃-၅ ရာခိုင်နှုန်းတွင် ဖြစ်ပွား သည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီစွာ ဖြစ် ပွားသည်။ အသက် ၄၀ အမျိုးသားများ နှင့် အသက် ၅၀-၆၀ အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် lumbosacral radiculopathy ရောဂါဖြစ်ပွားနှုန်းကို ကန့်သတ်နိုင်သည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း