အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးပွခြင်း

Osteoporosis (အရိုးပွရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Osteoporosis (အရိုးပွရောဂါ) ကဘာလဲ။ အရိုးပွရောဂါဆိုသည်မှာ အရိုး၏ သိပ်သည်းဆများ ဆက်တိုက် ဆုံးရှုံးခြင်းနှင့် အရိုး ပါးလာခြင်းဖြစ်သည်။ အရိုးသည် ပို၍ ကြွပ်ဆတ်လာကာ ကျိုးပဲ့လွယ်ပြီး အသေးစား ထိခိုက်မှု ဖြစ်လျှင်ပင် ကျိုးလွယ်လာပါသည်။ ကိုယ်အလေးချိန်ကျခြင်း နှင့် ကျောနာခြင်းတို့လည်း အဖြစ်များသည်။ အမျိုးသမီးများ သည် သွေးဆုံးပြီး၌ အရိုးပွရောဂါဖြစ်နိုင်ချေ မြင့်သည်။ အရိုး ပွရောဂါနှင့် ဆက်စပ်သော အရိုးကျိုးမှုများသည် အများအား ဖြင့် တင်ပဆုံ၊ လက်ကောက်ဝတ်နှင့် ကျောရိုးတွင် ဖြစ်ပွား သည်။ သို့သော် မည်သည့်အရိုးမဆို ထိခိုက်နိုင်ပါသည်။ အချို့ ကျိုးသွားသော အရိုးများသည် ပြန်လည်မကောင်းမွန် လာတော့ပါ။ အထူးသဖြင့် တင်ပါးဆုံရိုးကျိုးပါက ဆိုးဝါးသည်။ အရိုးပွရောဂါသည် အသံတိတ် ရောဂါဖြစ်သည်။ အရိုးမကျိုးမချင်း မသိရှိနိုင်ပါ။ လူအများက အရိုးပွရောဂါ သည် သဘာဝအတိုင်းဖြစ်ပြီး […]


အဆစ်ရောင်ရောဂါများ

Knee Swelling (ဒူးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Swelling (ဒူးရောင်ခြင်း) ကဘာလဲ။ ဒူးနာခြင်းဆိုတာက ဒူးရဲ့အရှေ့ဘက် ဒူးခေါင်းအောက် သို့မဟုတ် ဒူးဆစ်အတွင်းထဲက နာတာကို ခေါ်ခြင်းဖြစ်တယ်။ ူးနာတာက ဒူး၊ ဒူးခေါင်း၊ ဒူးဆစ်၊ ဒူးရွတ် စတဲ့ ဒူးရဲ့ နေရာအစုံက ဘယ်အရိုးတွေက မဆိုဖြစ်နိင်ပါတယ်။ ဒူးနာတယ်ဆိုတာ မရေရာတဲ့ ရောဂါအဖြေတစ်ခုဖြစ်ပါတယ်။ တချို့တွေက သိပ်မဆိုးလှတဲ့ လက္ခဏာတွေ ပြတတ်သလို တချို့တွေမှာတော့ ဒူးနာတာ တော်တော် ဆိုးနိုင်ပါတယ်။ နာတဲ့ နေရာက ရောဂါရဲ့ ဖြစ်ပွားမှု အကြောင်းအရင်းဖြစ်နိုင်တာကြောင့် အရေးကြီးပါတယ်။ Knee Swelling (ဒူးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒူးနာတာက အလွန်အဖြစ်များပြီး ဒူးနာတာကို ဖြစ်စေတဲ့ အကြောင်းကို သိပြီး ဖယ်ထုတ်လိုက်နိုင်လျှင် သူ့ဖာသာ ပျောက်သွားနိုင်ပါတယ်။ ဒူးနာခြင်းက အသက်ကြီးသူတွေမှာ ပြိုဖစ်နိုင်သော်လည်း အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် […]


အရိုးကျိုးခြင်း

ကလေးများတွင် ခြေကျင်းဝတ် ကျိုးခြင်း ဘယ်လိုဂရုစိုက်မလဲ

ခြေကျင်းဝတ် ကျိုးခြင်းဆိုတာ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထအရှိဆုံး ထိခိုက်မှုတစ်ခုပါ။ အတွေ့အကြုံနုသေးတဲ့ အားကစားသမားတွေရဲ့ အရိုးကျိုးခြင်းတွေရဲ့ ၄၀ ရာခိုင်နှုန်းက ခြေကျင်းဝတ်ကျိုးခြင်းဘဲ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ကျိုးခြင်းက မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ အားကစားပွဲတွေ ဥပမာ ဘတ်စကက်ဘော၊ ဘောလုံ၊း စကိတ်၊ စကူတာစီးခြင်း စတာတွေကို ကစားတဲ့ကလေးတွေမှာ ခြေကျင်းဝတ်ထိခိုက်တာအဖြစ်များပါတယ်။ အောက်ဖော်ပြပါ အချက်တွေက ခြေကျင်းဝတ်ကျိုးခြင်းအတွက် မိမိဘာသာ အိမ်မှာဂရုစိုက်နိုင်တဲ့ နည်းလမ်းတွေပါ။ • ခြေကျင်းဝတ်ကျိုးနေတဲ့ သင့်ကလေးကို အနားယူခိုင်းပါ။ ဒဏ်ရာမပျောက်ကင်းခင်၊ ရောင်ရမ်းမှုတွေမလျော့ခင်အထိ ပြေးခြင်း ခုန်ခြင်း စတဲ့လှုပ်ရှားမှုတွေကို ရှောင်ခိုင်းပါ။ ဒဏ်ရာရသူဟာ ချိုင်းထောက်တွေကို အချိန်အတိုင်းအတာတစ်ခုထိ လိုနိုင်ပါတယ်။ ဒဏ်ရာရထားတဲ့ ခြေကျင်းဝတ်ကို မထိစေဘဲ တစ်ခုခုနဲ့ ပင့်ထားခြင်းက ရောင်ရမ်းခြင်းနဲ့ တောင့်တင်းခြင်းကိုသက်သာစေပါတယ်။ • ထိခိုက်ထားသော ခြေကျင်းဝတ်ပတ်ဝန်းကျင်မှာ အအေးထုပ်ကပ်ခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ နာကျင်မှုကိုလျှော့ချနိုင်ပါတယ်။ […]


အရိုးကျိုးခြင်း

ကလေးများတွင် ခြေကျင်းဝတ်ရိုးများ ကျိုးအက်ခြင်း

ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းဆိုတာဘာလဲ ? ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းဆိုတာက ကလေးအရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထိခိုက်မှုတစ်မျိုးပါ။ ဒီခြေကျင်းဝတ်ရိုးကျိုးအက်ခြင်းဆိုတာက ခြေကျင်းဝတ်ကို ဖွဲ့စည်းထားတဲ့ အရိုးလေးတွေထဲက တစ်ခုဖြစ်စေ အများကြီးဖြစ်စေ ကျိုးအက်သွားခြင်းကို ဆိုလိုတာပါ။ ကလေးတွေမှာတော့ ဒီထိခိုက်မှုက ခြေကျင်းဝတ်ရိုးကို ဖွဲစည်းထားတဲ့ အရိုးလေးတွေထဲမှာပါဝင်တဲ့ tibia နဲ့ fibula (ခြေထောက်အောက်ပိုင်းအရိုးရှည်များ)နဲ့ talus (အရိုးတိုလေးများ) မှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Tibia နဲ့ Fibula အရိုးရှည်တွေရဲ့ အစွန်ပိုင်းတွေ ကျိုးခြင်းက အရိုးဖွံ့ဖြိုးဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ အရိုးနုတစ်ရှူးကို ထိခိုက်စေနိုင်ပြီး အရိုးမှန်ကန်စွာဖွံ့ဖြိုးစေမှုကို သက်ရောက်မှုရှိနိုင်ပါတယ်။ Symptoms များ ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ? ခြေကျင်းဝတ်ကျိုးခြင်းက စကိတ်စီးတာလိုမျိုးနဲ့ စကူတာစီးတာမျိုးတွေကို ပြုလုပ်ရင်း ခြေထောက်ခေါက်ခြင်း၊ ချော်လဲခြင်းအခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ခြေကျင်းဝတ်ရိုးကျိုးသွားခဲ့ပြီးဆိုရင် နာကျင်မှုနဲ့ ရောင်ရမ်းခြင်းက […]


အဆစ်ရောင်ရောဂါများ

(၁၇နှစ်အောက်ကလေးများတွင်အဖြစ်များသောအဆစ်ရောင်ခြင်းတစ်မျိုး)နဲ့ပတ်သက်ပြီးသိထားရမယ့်အချက်၂၀။

ကလေးတစ်ယောက်က JRA ဖြစ်နေပြီဆိုရင် မိဘတစ်ယောက်ဖြစ်တဲ့ သင့်အနေနဲ့ JRA နဲ့ပတ်သက်သမျှကို သိထားချင်ကြမှာ အမှန်ပါဘဲ။JRAနဲ့ပတ်သက်ပြီး လေ့လာမှုတွေ များစွာရှိပါတယ်။ သင့်အတွက် အထောက်အကူဖြစ်စေဖို့ JRA နဲ့ ပတ်သက်တဲ့အချက်၂၀ကို ပြောပြသွားမှာပါ။ • Juvenile rheumatoid arthritis ကိုjuvenile arthritis လို့လည်းေ ခါ်ပါတယ်။ သူ့မှာ လက္ခဏာများစွာရှိပါတယ်။ • JRA က ရောဂါမဟုတ်ပါဘူး။ ကလေးတွေမှာဖြစ်တဲ့အဆစ်ရောင်ခြင်းနဲ့autoimmune အခြေအနေတွေအတွက် ကိုယ်စားပြုတဲ့ အခေါ်အဝေါ်သာဖြစ်ပါတယ်။ • JRA အမျိုးအစားတွေထဲမှာ Juvenile dermatomyositis (အရေပြားတွေအနီစက်ထပြီး ကြွက်သားရောင်ရမ်းခြင်းရောဂါတစ်မျိုး) Juvenile lupus (ကိုယ်ခံစနစ်က အလုပ်အလွန်အကျွံ လုပ်ပြီး ချို့ယွင်းခြင်းရောဂါတစ်မျိုး)Juvenile scleroderma (အရေပြားကြွက်သားအရိုးနဲ့တစ်ရှူးတွေကို ထိခိုက်စေခြင်းရောဂါတစ်မျိုး) Kawasaki ရောဂါ (နှလုံးသွေးကြောတွေကိုထိခိုက်စေသောရောဂါတစ်မျိုး) တွေပဲဖြစ်ပါတယ်။ • JRA ကအသက်၁၇နှစ်အောက် ကလေးတွေမှာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတဲ့ သင့်ဇနီး မယားကို သင်ဘယ်လိုကူညီရမလဲ

ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက် နာကျင်ခံစားနေရတာကို မြင်ရတာဟာ အရမ်းဘဲခက်ခဲလွန်းတဲ့အရာပါ။ အထူးသဖြင့် သင့်ရဲ့ဇနီးမယား နာကျင်ခံစားနေရတယ် ဆိုရင်ပေါ့။ သူမဟာ ခါးအောက်ပိုင်းနာခြင်းကြောင့် ပျော်ရွှင်တော့မှာမဟုတ်တော့သလို ဒါကပဲ သင့်ကို သူမဆီက ရှောင်ခွာလိုစိတ် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါဟာ အိမ်ထောင်ရေးမှာ ကြီးမားတဲ့အဟန့်အတားကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရှောင်ပုန်းမနေပါနဲ့။ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အခုပြောပြမှာကတော့ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုကြပါ။ ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံခြင်းက အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ သင့်အနေနဲ့ သူမရဲ့ ခါးနာခြင်းအကြောင်းကို ပြောဆိုပြီး သူမရဲ့နာကျင်မှုကို နားလည်အောင်လုပ်ပါ။ သူမဟာ သူမနာကျင်နေတယ်ဆိုတာကို သင့်ကိုရော သူမရဲ့အနီးကလူတွေကိုပါ ဖုံးကွယ်ထားဖို့ ကြိုးစားနိုင်ပါတယ်။ အကြောင်းကတော့ သူမဟာ သူမချစ်တဲသူတွေအပေါ် သူမကြောင့် ဝန်မပိစေချင်လို့ပါ။ သူမဟာ သူမအားနည်းနေတယ်လို့လည်း အမြင်ခံမှာမဟုတ်ပါဘူး။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားနာကျင်နေတဲ့ သင့်ကလေးငယ်ကို သင်ဘယ်လိုကူညီရမလဲ

မိဘတစ်ယောက်အနေနဲ့ သားသမီး ထိခိုက် အနာတရမဖြစ်အောင် ကာကွယ်ပေးကြတာချည်းပါပဲ။ ဘယ်လောက်ပဲ ကာကွယ်ပေးပါစေ ကလေးဆိုတာ ကလေးသဘာဝအရ ဆော့ကစားပြီး အနာတရဖြစ်တာချည်းပါဘဲ။ မိဘတွေက ကလေးတွေကို တကယ်သင်ပေးရမယ့်အချက်ကတော့ နာကျင်မှုကနေ သူတို့ကိုယ်တိုင် ဘယ်လိုပြန်ထရမလဲ ဆိုတာပါပဲ။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့နာကျင်မှုအများစုက ကြွက်သားနာကျင်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်ကလေးကို သင်ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပါမယ်။ စကားမပြောတတ်သေးတဲ့ သင့်ကလေးက သင့်ဆီကို “ဘူး ဘူး” လို့အော်ပြီး ပြေးလာတဲ့အခါမှာ သင့်အနေနဲ့ ကလေးငယ်က နာကျင်နေလားဆိုတာကို သေချာကြည့်ပြီး သင့်တော်တဲ့ကုသမှုပေးဖို့ လိုအပ်ပါတယ်။ ပိုငယ်တဲ့ ကလေးငယ်တွေက ဘာမှတောင်ပြောနိုင်မှာမဟုတ်တဲ့အတွက် သူတို့နာကျင်မှုခံစားနေရလားဆိုတာ သူတို့မငိုမချင်း သင်မသိနိုင်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ အပြုအမူကိုအကဲခတ်ပြီးတော့ သူတို့ဘာခံစားနေရလဲဆန်းစစ်ပါ။ ဥပမာ - အံကြိတ်ခြင်း လိုမျိုး အပြုအမူပြောင်းလဲသွားတာမျိုးကိုဆိုလိုတာပါ။ တချို့ကလေးတွေကတော့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာနေတဲ့ သင့်ရဲ့ခင်ပွန်း (သို့) ဇနီးကို ဘယ်လိုဂရုစိုက်မလဲ

သင့်ရဲ့ လက်တွဲဖော်က ခါးနာရောဂါခံစားနေရပါသလား? ခါးနာခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်ခြင်း တစ်မျိုးပါ။ ကျွန်တော်တို့အားလုံး တစ်သက်မှာ တစ်ခါတော့ ခါးနာဖူးကြမှာပဲ။ ဒါပေမယ့် တချို့သူတွေက ခါးနာခြင်းကို နာတာရှည်ပုံစံ ဆက်တိုက်ခံစားလာရတဲ့အခါမှာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ကိုင်နိုင်တော့တဲ့ထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုတော့ နာတာရှည်ခါးနာရောဂါလို့ ယေဘူယျခေါ်ပါတယ်။ ခါးနာနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ကူညီနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုပြောပြသွားမှာကတော့ ခါးနာရောဂါရှိနေတဲ့ သင့်ရဲ့ လက်တွဲဖော်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ခါးနာခြင်းနဲ့ ပတ်သက်သမျှ သင်လေ့လာနိုင်သလောက် လေ့လာပါ။ သင်ကိုယ်တိုင် ခါးနာရောဂါအကြောင်း အခြေခံ နားလည်ထားဖို့ အရေးကြီးပါတယ်။ အဲဒီထဲမှာ ခါးနာစေတဲ့အကြောင်းအရင်းများ ကုသနည်းများ နာကျင်မှုကိုဘယ်လိုထိန်းညှိရမလဲဆိုတဲ့ နည်းလမ်းများကိုလည်း သိထားရပါမယ်။ ဒီလိုလေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ နေ့စဉ်ဘဝမှာ ဖြတ်သန်းနေရတဲ့ နာကျင်မှုကို သင့်အားနားလည်စေပါတယ်။ ခါးနာခြင်းအကြောင်း လေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ […]


အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ခြင်း ကို သက်သာစေမယ့် အစားအသောက် ၈မျိုး

သင်ဟာ အဆစ်ရောင်ရမ်းခြင်း ဝေဒနာကို အလူးအလဲ ခံစားနေရပါသလား။ မှန်ကန်သော အစားအသောက်ကို ရွေးချယ်စားပေးခြင်းက သင့်ရဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်းကို တိုက်ထုတ်နိုင်တယ်ဆိုတာ သင်သိပါသလား။ အစားအသောက်တွေဟာ အရသာပိုင်းတင် ကောင်းမွန်တာမဟုတ်ဘဲ ရောင်ရမ်းမှု ကို သက်သာစေခြင်း၊ အရိုးသန်မာစေခြင်း နဲ့ ကိုယ်ခံအားစနစ်မြှင့်ပေးခြင်း စတာတွေကိုပါ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဆစ်ရောင်ခြင်းဆိုတာ ဘာလဲနဲ့ အဆစ်ရောင်ခြင်းကို လျော့ကျသက်သာစေမယ့် အရသာရှိသော အစားအသောက် ၈မျိုးအကြောင်းကို ကျွန်ုပ်တို့ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။ အဆစ်ရောင်ခြင်းဆိုတာ ဘာလဲ အဆစ်ရောင်ခြင်းဆိုတာ အဆစ် တစ်ခု (သို့) တစ်ခုထက်ပိုပြီး ရောင်ရမ်းသည့် အခြေအနေကို ခေါ်ပါတယ်။ ရောင်ရမ်ခြင်းဆိုတာ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို ခုခံတိုက်ခိုက်ဖို့အတွက် နဲ့ ထိခိုက်ဒဏ်ရာရတဲ့အခါ ပြန်ကောင်း လာစေဖို့အတွက် ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျွန်တော့အမေရဲ့ ခါးနာရောဂါကို ကျွန်တော်ဘယ်လိုကူညီရမလဲ

သင့်ရဲ့အမေဟာ ခါးနာရောဂါခံစားနေရပါသလား ? သင်ဟာ သူမဒီရောဂါကြောင့်နာကျင်ရခြင်းကိုမြင်ပြီး ဝမ်းနည်းပါသလား ? သင်အကူအညီမဲ့သလိုခံစားနေစရာမလိုပါဘူး။ အခုပြောပြသွားမှာက သင့်အမေရဲ့ ခါးနာရောဂါကို ထိန်းချုပ်နိုင်အောင် စီမံခန့်ခွဲမှုလုပ်နိုင်ဖို့ သင်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေပါ။ သင့်အမေရဲ့ ခါးနာအခြေအနေကို သေချာသိအောင်အရင်လေ့လာပါ။ ခါးနာခြင်းဆိုတာ နာကျင်ရုံသက်သက်မဟုတ်ဘဲ နာတာရှည်ဖြစ်သွားနိုင်တဲ့ ရောဂါတစ်ခုပါ။ သင့်အမေကိုကူညီနိုင်ဖို့အတွက်က သင်ကိုယ်တိုင်သူမရဲ့ အခြေအနေကိုနားလည်နိုင်ဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ပတ်သက်သမျှ သင်လေ့လာနိုင်သမျှ လေ့လာခြင်းက သင့်အမေကို သက်တောင့်သက်သာဖြစ်အောင်ကူညီနိုင်ဖို့အတွက် အရေးပါပါတယ်။ ခါးနာခြင်းအကြောင်းလေ့လာခြင်းက သင့်ကိုကူညီရုံသာမက သင့်အမေကိုလည်း သူမရဲ့အခြေအနေကိုနားလည်စေနိုင်ဖို့ကူညီပေးပါတယ်။ သင့်အမေကလည်း သူမအတွက်သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမှာပါ။ သင်ခါးနာခြင်းအကြောင်း နားလည်လာသမျှ သူမကိုသင်ပိုပိုပြီး ကိုယ်ချင်းစာလာနိုင်မှာပါ။ ဒီလိုလေ့လာခြင်းကြောင့် သင့်ဟာ သူမအတွက် ခါးနာခြင်းအတွက် မှန်ကန်တဲ့အထူးကုဆရာဝန်ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် သူမအတွက်သင့်တော်တဲ့ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။ အိမ်ရဲ့အသုံးအဆောင်တွေကို ပြန်လည်နေရာချပါ။ သင့်အမေလှုပ်ရှားမှုနည်းလေ သူမသက်တောင့်သက်သာရှိလေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အသုံးအဆောင်တွေကို ရင်ဘတ်လောက်အမြင့်ရှိတဲ့ နေရာရွှေ့ပါ။ ဒါက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း