အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

Broken Ankle (ခြေချင်းဝတ်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Ankle (ခြေချင်းဝတ်ကျိုးခြင်း) ကဘာလဲ။ ခြေကျင်းဝတ်ကျိုးတယ်ဆိုတာ ခြေချင်းဝတ် အဆစ်ဖွဲ့စည်းခြင်းမှာ ပါဝင်တဲ့ အရိုးများ ကျိုးတာပါ။ ခြေချင်းဝတ်ကျိုးခြင်းမှာ အရိုးတစ်ချောင်းတည်း ရိုးရိုးကျိုးတာ ဖြစ်နိုင်ပြီး လမ်းလျောက်နိုင်ပါလိမ့်မယ်။ တစ်ချို့ဆိုးဆိုးဝါးဝါး အခြေအနေတွေမှာတော့ ခြေကျင်းဝတ် အဆစ်ဟာ ပုံစံပျက်သွားပြီး ပြန်ကောင်းစေဖို့ လအနည်းငယ်လောက် မလှုပ်ရှားပဲ နေဖို့ လိုပါတယ်။ Broken Ankle (ခြေချင်းဝတ်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေကျင်းဝတ်ကျိုးခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်တာကြောင့် တော်တော်တော့ အတွေ့များပါတယ်။ လွန်ခဲ့တဲ့နှစ်၃၀၊၄၀ အတွင်းမှာ ဖြစ်ပွားတဲ့ လူဦးရေဟာ တိုးပွားလာတာကို ဆရာဝန်တွေ သတိထားမိခဲ့ကြပါတယ်။ လူကြီးတွေမှာ ဖြစ်မယ်ဆိုရင်တော့ အနာဂတ်မှာ အရိုးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ယင်းအခြေအနေဖြစ်နိုင်ခြေကို ရှောင်သင့်သည်များရှောင် ဆောင်သင့်သည်များကိုဆောင်ပြီး လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများBroken Ankle (ခြေချင်းဝတ်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေချင်းဝတ်ကျိုးခြင်းရဲ့ […]


အရိုးကျိုးခြင်း

Broken Wrist (လက်ကောက်ဝတ်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Wrist (လက်ကောက်ဝတ်ကျိုးခြင်း) ကဘာလဲ။ လက်ကောက်ဝတ်ကျိုးတယ်ဆိုတာ သင်ချော်လဲကျတဲ့အခါ ဒီထိခိုက်မှုက လက်ကောက်ဝတ်ထဲက အရိုးကျိုးစေတာ ဒါမှမဟုတ် အက်စေတာဖြစ်ပါတယ်။ လက်ကောက်ဝတ်ကျိုးခြင်းဟာ သင့်ရဲ့လက်ကောက်ဝတ်အတွင်းရှိ အရိုးအများအပြား အက်ကွဲတာဖြစ်ပါတယ်။ လက်ကောက်ဝတ်ကျိုးရင် လက်မနဲ့ လက်ကောက်ဝတ်ဆက်ထားတဲ့ လက်မဘက်ခြမ်းက အရိုးနဲ့အနီးအနားမှာဖြစ်ပါတယ်။ Broken Wrist (လက်ကောက်ဝတ်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ လက်ကောက်ဝတ်ကျိုးခြင်းက အလွန်အဖြစ်များပြီး လက်မောင်းများတွင်လည်း အရိုးမကြာခဏ ကျိုးပဲ့တတ်ပါတယ်။ ဒါဟာ အသက်အရွယ်မရွေး ထိခိုက်ပါတယ်။ သင့်ရဲ့အန္တရာယ်ဖြစ်နိုင်ချေများ လျှော့ချခြင်းဖြင့် စီမံခန့်ခွဲနိုင်ပါတယ်။ နောက်ထပ် သတင်းအချက်အလက်ရရန် သင့်ဆရာဝန်နှင့်အတူ ဆွေးနွေးပါ လက္ခဏာများBroken Wrist (လက်ကောက်ဝတ်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့ လက္ခဏာတွေကတော့- ပြင်းထန်သောနာကျင်မှု ရောင်ရမ်းခြင်း အထိမခံနိုင်ခြင်း ပွန်းပဲ့ဒဏ်ရာ ဒဏ်ရာဖြစ်တဲ့ဧရိယာ၌ သိသာအောင်ပုံပျက်ခြင်း သင့်ရဲ့လက်ကောက်ဝတ် လှုပ်ရှားနိုင်စွမ်းမရှိခြင်း စတာတွေဖြစ်ပါတယ်။ အထက်ပါ စာရင်းမှာမပါတဲ့ အချို့လက္ခဏာတွေ ရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ လက္ခဏာ တစ်စုံတစ်ခုများ ဖြစ်နေပြီးလားဟု စိုးရိမ်နေပါက သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ကျိုးနေတဲ့လက်ကောက်ဝတ်မှာ သင်ထုံကျဉ်မှုခံစားရတယ်၊ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ခြေမအဆစ်ရောင်ရမ်းခြင်းအား ခွဲစိတ်ကုသခြင်း

ခြေမအဆစ်ရောင်တဲ့ လူအများစုဟာရိုးရှင်းတဲ့ကုသခြင်းတွေနဲ့ ခြေမနာကျင်ခြင်းကိုသက်သာအောင် လုပ်ကြပါတယ်။ ဥပမာအားဖြင့် ရှူးဖိနပ်ကြီးတာကိုစီးတာ၊ အခုအခံထည့်တာစတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်ရုံနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ဟာ ခွဲစိတ်ဖို့ အကြံပြုပါလိမ့်မယ်။   ခြေမအဆစ်ရောင်ခြင်းဆိုတာဘာလဲ ခြေမအဆစ်ရောင်ခြင်းဆိုတာခြေမရဲ့အရင်းကအရိုးဟာအဖုအထစ်ဖြစ်လာပြီးရောင်ရမ်းလာခြင်းကိုဆိုလိုပါတယ်။ ခြေမအဆစ် ရောင်လာတဲ့အခါ အဲ့ဒီခြေညှိုးဟာခြေညှိုးဘက်ကိုသိသိသာသာစောင်းသွားပါတယ်။ ခြေမအဆစ်ရောင်ခြင်းဟာအသားနဲ့အရိုး ၂ခုစလုံးကို ထိခိုက်စေတဲ့ ခြေဖဝါး ပုံပျက်ခြင်းပဲ ဖြစ်ပါတယ်။ ခြေမအဆစ် ရောင်ခြင်းဟာအရမ်းနာကျင်ပါတယ်။ ဒီပြဿနာကိုအဖြစ်များစေတာကတော့ မတော်တဲ့ ရှူးဖိနပ်တွေစီးလို့ ဖြစ်ပါတယ်။ အရမ်းသေးတဲ့ ဒါမှမဟုတ် အရမ်းကြီးတဲ့ ဖိနပ်တွေစီးရင် ဖြစ်နိုင်ပါတယ်။ အဲဒီအခါ ဖြစ်ပေါ်တဲ့ ဖိအားကိုတုံ့ပြန်တဲ့ အခြေအနေ ဖြစ်စေပါတယ်။ အမျိုးသမီးတွေဟာအမျိုးသားတွေထက်စာရင် ပိုအဖြစ်များပါတယ်။   ခြေအဆစ်ရောင်ခြင်းကိုခွဲစိတ်ကုသရန် ဆုံးဖြတ်ခြင်း ခွဲစိတ်ကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာပုံမှန်အတိုင်း ပြန်လည်သက်သာပြီးနာကျင်မှုကိုပျောက်ကင်းစေဖို့ အရိုးအတက်ကိုဖယ်ရှားကာအဆစ်ကို (အရွတ်၊ ကြွက်သားအရွတ်နဲ့ အာရုံကြောတွေ အပါအဝင်) ပြန်လည် ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။ ခြေမအဆစ် ရောင်ခြင်းအတွက် ခွဲစိတ်ကုသတဲ့နည်းပေါင်း ၁၀၀ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဘယ်သူတွေက ခြေဖနောင့်အရွတ် ထိခိုက်ဒဏ်ရာ ရနိုင်ချေ ရှိသလဲ။

လူအတော်များများဟာခြေထောက်နောက်ပိုင်းဖနောင့်နားမှာနာကျင်တာကိုခံစားဖူးကြပါတယ်။ အဲဒါ ခြေဖနောင့်အရွတ် (အာခီးလိစ့် အရွတ်) ရောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဘယ်သူတွေမှာခြေဖနောင့်အရွတ်ရောင်ရမ်းခြင်းပိုဖြစ်နိုင်သလဲ။ အောက်တွင် ဆက်လေ့လာကြည့်ကြပါစို့။ ခြေဖနောင့် အရွတ်ရောင်ခြင်း (အာခီးလိစ့် အရွတ်ရောင်ခြင်း) ဆိုတာဘာလဲ။ ခြေဖနောင့်အရွတ်ဟာကိုယ်ခန္ဓါရဲ့ အကြီးဆုံး ကြွက်သားအရွတ်ဖြစ်ပါတယ်။ သူဟာခြေသလုံးရဲ့ ကြွက်သားနဲ့ ခြေဖနောင့်အရိုးကိုဆက်သွယ်ပေးထားပြီးပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ခုန်ခြင်းစတဲ့နေရာတွေမှာ အသုံးဝင်ပါတယ်။ ဒီကြွက်သားအရွတ်ဟာပြေးခြင်း၊ ခုန်ခြင်းစတဲ့လှုပ်ရှားမှုရဲ့ ဖိအားဒဏ်တွေကိုခံနိုင်ပေမယ့်အလွန်အကျွံသုံးရင်၊အသက်ကြီးလို့ ယိုယွင်းလာရင် ရောင်ရမ်းလာတတ်ပါတယ်။   အားကစားလုပ်သူများ၊ ကိုယ်လက်လှုပ်ရှားပြုသူများ အလွန်အကျွံသုံးခြင်း၊ ထပ်ဖန်တလဲလဲ လှုပ်ရှားခြင်းစတာတွေကို ပြုလုပ်နေရင် ခြေဖနောင့် ကြွက်သားအရွတ်တွေကိုထိခိုက်အားနည်းစေနိုင်တာကြောင့် ဒီအကျင့်တွေကို ပြင်ဆင်ရပါမယ်။ အားကစားလုပ်ခြင်းဟာအကျိုးရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ချိန်မှာဂရုမထားရင် ဒဏ်ရာရနိုင်ချေများပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ အိမ်တွင် ပန်းခြံပြုပြင်ခြင်းစတဲ့လှုပ်ရှားမှုများဟာလည်းဒဏ်ရာရနိုင်ချေကို မြင့်မားစေပါတယ်။ တဖက်မှာလည်းရုပ်ပိုင်းဖွဲ့စည်းမှုဆိုင်ရာပြဿနာဟာရောဂါကိုဖြစ်စေပါတယ်။ ခြေဖဝါးပြားခြင်းဟာ ခြေဖနောင့် အရွတ်ကိုဒဏ်ပိုဖြစ်စေပါတယ်။ အလေးအပင်မခြင်း၊ ကြွက်သားတောင့်တင်းခြင်းစတာတွေဟာလည်းခြေဖနောင့်အရွတ်ကိုဒဏ်ဖြစ်စေပါတယ်။   အားကစားလေ့ကျင့်နည်းစနစ်မှားယွင်းခြင်း အားကစားတစ်ခုခုမလုပ်ခင် သွေးပူလှုပ်ရှားမှု အရင်လုပ်ကြတာပုံမှန်ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းဒါမှမဟုတ် တခြားလှုပ်ရှားမှုတွေ မလုပ်ခင် သွေးပူလေ့ကျင့်ခန်းမလုပ်တာဟာခြေထောက်ကိုထိခိုက်နိုင်ခြေပိုများစေပါတယ်။ ဒါ့အပြင် […]


အခြား အရိုးရောဂါများ

မျိုးရိုးလိုက်သော အရိုးမဖွံ့ဖြိုးသည့် ရောဂါ Achondroplasia ဆိုတာဘာလဲ။

Achondroplasia ဆိုတာ ဘာလဲ Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ)ဆိုတာ မျိုးရိုးဗီဇချို့ယွင်းလို့ ဖြစ်ပွားတဲ့ အရိုးများဖွံ့ဖြိုးမှုမရှိတဲ့ ပြသနာဖြစ်ပါတယ်။ အဲဒီဗီဇချို့ယွင်းမှုဟာ dwarfism ခေါ် ကိုယ်ခန္ဓါ အချိုးအစားမညီဘဲအရပ်ပု၊ သေးငယ်တဲ့ရောဂါကိုအဓိက ဖြစ်စေပါတယ်။ ဒီပြဿနာဖြစ်ရင် လူနာရဲ့ အရိုးနုများဟာကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်ကိုပုံမှန်ဖြစ်အောင် ဖော်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဖြစ်နိုင်ခြေမှာရောဂါရှိသူများဟာအရပ်ပုကြပါတယ်။ ယောက်ျားလေးဆိုရင် ၁၃၁ စင်တီမီတာ၊ မိန်းကလေးဆိုရင် ၁၂၄ စင်တီမီတာရှိပါတယ်။ Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာမိဘတွေဆီကနေသားသမီးတွေဆီဆက်ခံနိုင်ပေမယ့် အများစု (၈၀ရာခိုင်နှုန်း)ဟာဗီဇပြောင်းလဲမှု အသစ်ကြောင့် ဖြစ်ပွားပါတယ်။   Achondroplasiaဟာဘယ်လောက်ထိတွေ့ရတတ်လဲ Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာအတွေ့များပါတယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားတတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေများတဲ့ အချက်တွေကိုလျှော့ချနိုင်ပါတယ်။ အချက်အလက်တွေ ပိုသိနိုင်အောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ လက္ခဏာများ Achondroplasiaရဲ့ လက္ခဏာတွေကဘာတွေလဲ Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အရပ်ပုခြင်း ယောက်ျားလေးတွင် ၁၃၁ စင်တီမီတာရှိခြင်း မိန်းကလေးတွင် […]


အခြား အရိုးရောဂါများ

လက်ထိခိုက်ဒဏ်ရာတွေအကြောင်း သိကောင်းစရာ

၁။ လက်မှာ ဘာဒဏ်ရာတွေရတတ်လဲ   သင့်ကိုယ်ခန္ဓါရဲ့ အရိုးပေါင်း ၂၀၆ ချောင်းမှာ လက်မောင်းရိုး ၁ချောင်း၊ လက်ဖျံရိုး ၂ချောင်းနဲ့ လက်ကို ဖွဲ့စည်းထားပါတယ်။ သင့်လက်မှာ ကြွက်သား၊ အဆစ်၊ ကြွက်သားအရွတ်နဲ့ တခြားတစ်သျှူးတွေ ပါဝင်ပါတယ်။ အဲဒီ အစိတ်အပိုင်းတခုခုဟာ အားကစား၊ လဲကျခြင်း၊ မတော်တဆထိခိုက်မှု စတဲ့အရာတွေကြောင့် ဒဏ်ရာရတတ်ပါတယ်။ ဒဏ်ရာအမျီုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကြွက်သားအရွတ်ရောင်ခြင်း အရွတ်ဒဏ်ဖြစ်ခြင်း အဆစ်လွဲခြင်း အရိုးကျိုးခြင်း တချို့ အာရုံကြောပြသနာများ၊ အဆစ်ရောင်ခြင်းနဲ့ ကင်ဆာများဟာ လက်တချောင်းလုံးကို ထိခိုက်နိုင်ပြီး နာကျင်မှု၊ ကြွက်သားတောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း၊ လှုပ်ရှားရခက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ လက်မောင်း၊ လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံး စတဲ့ သီးသန့်နေရာတွေမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်တတ်ပါတယ်။   ၂။ ဒဏ်ရာရတဲ့လက္ခဏာတွေက ဘာတွေလဲ ဘယ်လိုလက္ခဏာတွေလဲဆိုတာ ဖြစ်တဲ့အပေါ် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

အရိုးအဆစ်ပြဿနာများအကြောင်း သိကောင်းစရာများ

အရိုးအဆစ်တွေမှာ ကြမ်းတမ်းတဲ့ လုပ်ငန်းတာဝန်တွေ ရှိပါတယ်။ သူတို့ဟာကိုယ်အလေးချိန်ကိုထမ်းထားရတဲ့အပြင် အမျိုးမျိုးသော လှုပ်ရှားမှုများကိုလုပ်ဆောင်ပေးရပါတယ်။ အဆစ်တွေဟာပုံမှန် ပျက်စီးတာအပြင် တစ်ခါတရံမှာအလွန်အကျွံ သုံးခြင်းကြောင့် ဒဏ်ဖြစ်တာ၊ ပိုးဝင်တာ၊ ကိုယ်ခံအားစနစ်ကမှားယွင်းတိုက်ခိုက်ခြင်းကိုခံရတာ၊ အသက်ကြီးရင့်လာလို့ ပျက်စီးလာတာစတာတွေ ကြုံတွေ့ရပါတယ်။ အရိုးအဆစ်တွေမှာ ကြုံရတတ်တဲ့ ပြဿနာတွေကိုဆက်လက်ဖော်ပြပါ့မယ်။   ၁။ အဆစ်လွဲခြင်း အဆစ်လွဲခြင်းဆိုတာလဲကျခြင်းကြောင့်ဖြစ်စေ၊ တခြားအကြောင်းကြောင့်ဖြစ်စေ အရိုး၂ခုဆက်နေတဲ့နေရာ လွဲချော်သွားခြင်း ဖြစ်ပါတယ်။ ပခုံးဆစ်၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်ဆစ်နဲ့ မေးရိုးစတာတွေမှာ ဖြစ်တတ်ပါတယ်။ အဆစ်လွဲတဲ့အခါ အဆစ်နေရာမှာပုံပျက်ခြင်းဖြစ်ပေါ်ပြီး လှုပ်ရှားမှုများမလုပ်နိုင်တော့ဘဲနာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်။   ၂။ အရွတ်ဒဏ်ဖြစ်ခြင်း အဆစ်နဲ့ဆက်စပ်နေတဲ့ တစ်သျှူးများ၊ အရွတ်များ၊ ကြွက်သားအရွတ်များအလွန်အကျွံဆွဲဆန့်ခြင်း၊ စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ အဆစ် လွဲသွားခြင်းတော့ မရှိပါဘူး။ များသောအားဖြင့် လက်ကောက်ဝတ်၊ ခြေကျင်းဝတ်တို့ကို အားနဲ့ဆွဲလိမ် သလိုဖြစ်ရင် ဖြစ်နိုင်ပါတယ်။ ဥပမာခြေခေါက်လဲရင် ဘေးဘက်ကအရွတ်ကိုအားနဲ့ဆွဲဆန့်သလိုဖြစ်ပြီးဒဏ်ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာများကြောင့် တစ်သျှူးများဟာသူတို့တွဲဆက်တဲ့နေရာကနေ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ

အရိုးအဆစ်နာခြင်းဟာတွေ့ရများတဲ့ ပြဿနာတစ်ခုဖြစ်ပြီးအကြောင်းရင်းများစွာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။   ၁။ Osteoarthritis ရောဂါ ပိုမိုဆိုးရွားလာခြင်း အသက်အရွယ်ကြီးသူတွေမှာအရိုးအဆစ်နာခြင်းဟာOsteoarthritis (အသက်ကြီးချိန် ဒဏ်ကြောင့် အရိုးနုပျက်စီးကာအရိုးအဆစ်ရောင်သောရောဂါ) ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ်အနေနဲ့ ပြတတ်ပါတယ်။ အဆစ်တစ်ခုဒါမှမဟုတ် တစ်ခုထက်ပိုပြီးနာနေနိုင်ပါတယ်။ ဒီရောဂါဟာအဆစ်နေရာကအရိုးကိုဖုံးအုပ်ကာကွယ်ထားတဲ့ အလွှာကိုပျက်စီးစေပြီးတစ်သျှူးများကိုရောင်ရမ်းစေတာကြောင့် နာကျင်တောင့်တင်းတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ တခါတရံမှာအသက်ငယ်သူတွေပါ ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များသူတွေနဲ့ ယခင်ကအဆစ်မှာဆိုးဆိုးရွားရွားဒဏ်ရာရဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။   ၂။ အဆစ်ကိုဖုံးထားသောအလွာရောင်ရမ်းခြင်း မကြာသေးမီကအဆစ်မှာထိခိုက်ထားဖူးရင် ရုတ်တရက် ပြန်နာလာတာမျိုး ကြုံရနိုင်ပါတယ်။ ဒါဟာအဆစ်နဲ့ ကြွက်သားအရွတ်ကိုဖုံးအုပ်ထားတဲ့ အလွှာပါးလေးဟာရောင်ရမ်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကိုsynovitisလို့ ခေါ်ပါတယ်။ နီရဲပြီးရောင်ရမ်းနိုင်ပါတယ်။   ၃။ ဂေါက်ရောဂါ အဆစ်ရဲ့ အရေပြားဟာပူပြီးနီရဲပြီးနာကျင်ခြင်းဟာမကြာခဏဖြစ်နေတတ်ရင် ဂေါက်ရောဂါ ဒါမှမဟုတ် ဂေါက်နဲ့ ဆင်တူတဲ့ ရောဂါကြောင့် ဖြစ်ပါတယ်။ ဒီရောဂါဟာယူရစ်အက်ဆစ်တွေ (uric acid)စုပုံလာရင် ဖြစ်တတ်ပါတယ်။ ယူရစ်အက်ဆစ်ကိုကျောက်ကပ်ကသေချာစွာမစွန့်ထုတ်နိုင်ရင် စုပုံလာတတ်ပါတယ်။ အရမ်းများလာရင် အဆစ်ထဲမှာပုံဆောင်ခဲအသွင်နဲ့ ဖွဲ့စည်းသွားပါတယ်။ […]


အဆစ်ရောင်ရောဂါများ

Osteoarthritis အရိုးအဆစ်ရောင်ရောဂါအကြောင်း သိကောင်းစရာ

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက် Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာဘာလဲ Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအဆစ်ရောင်ခြင်းရဲ့ တွေ့ရအများဆုံးပုံစံတခုဖြစ်ပြီးလူသားသန်းပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ အရိုးရဲ့အနားသတ်မှာဖုံးအုပ် ပေးထားတဲ့ အရိုးနုလေးတွေဟာအချိန်ကြာလာတာနဲ့ အမျှ ပျက်စီးလာရင် ဖြစ်ပွားတတ်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာသင့်ခန္ဓါကိုယ်ရဲ့ ဘယ်အရိုးအဆစ်မှာမဆို ဖြစ်ပွားနိုင်ပေမယ့် လက်၊ ဒူး၊ ပေါင်ရင်း၊ ကျောရိုးစတဲ့အရိုးဆစ်တွေမှာအများဆုံး ဖြစ်ပွားတတ်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာဆိုးရွားလာတတ်ပြီးနောက်ဆုံးကုသဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် တက်ကြွက်စွာ လှုပ်ရှားနေထိုင်ပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုထိန်းကာတခြားကုသခြင်းတွေကိုပါ ခံယူရင် ရောဂါဆိုးရွားလာမှုကိုထိန်းထားနိုင်ပါတယ်။ နာကင်ျမှုကိုသက်သာစေနိုင်ပြီးအဆစ်ကိုလည်းကောင်းစွာလှုပ်ရှား နိုင်စေပါတယ်။   ၂။ အကြောင်းအရင်းများ ဘာတွေကOsteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းကို ဖြစ်စေသလဲ ဒီရောဂါဟာအဆစ်တွေရဲ့ အရိုးအဆုံးသတ်မှာအခုအခံသဖွယ် ကာကွယ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးလာရင် ဖြစ်တတ်ပါတယ်။ အရိုးနုဆိုတာခိုင်မာပြီးချောမွတ်တဲ့ တစ်သျှူးအမျိုးအစားဖြစ်ပြီးအဆစ်တွေရဲ့ လှုပ်ရှားမှုကိုချောမွေ့စေပါတယ်။ အရိုးအဆစ်ရောင်ရမ်းလာရင် အဲ့ဒီအရိုးနုမျက်နှာပြင်များဟာ ကြမ်းတမ်းလာပါတယ်။ အရိုးနုများ လုံးဝပျက်စီးသွားတဲ့ အခါမှာတော့ အဆစ်တွေမှာအရိုးအချင်းချင်းပဲပွတ်တိုက် နေပါတော့တယ်။   ၃။ ဖြစ်ပွားနိုင်ခြေအကြောင်းအရင်းများ အရိုးအဆစ်ရောင်ရမ်းခြင်းကို ဖြစ်ပွားနိုင်ခြေ မြင့်စေတဲ့ အကြောင်းတွေကတော့ အသက်အရွယ်ကြီးခြင်း ကျား/မကွဲပြားခြင်း။ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။ […]


အဆစ်ရောင်ရောဂါများ

Osteoarthritis အရိုးအဆစ်ရောင်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

Osteoarthritis ဆိုသည်မှာအသုံးပြုပါများ၍ ဒဏ်ဖြစ်ကာအရိုးနု နှင့် အဆစ်တို့ ယိုယွင်းပျက်စီးသောအဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်ပြီးအသက်အရွယ်ကြီးရင့်သူများတွင် အဖြစ်များသည်။ ထိုရောဂါကိုအသက်အရွယ်ရလာတဲ့အခါ အဆစ်အမြစ်ပိုင်းမှာမလွဲမသွေကြုံရမယ့် ရိုးရှင်းတဲ့ ပြဿနာတစ်ခုလို့ တစ်ချိန်ကယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သုတေသနတွေအရOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဆိုတာအကြောင်းရင်းတွေအများကြီးရှိတဲ့ ရှုပ်ထွေးလှတဲ့ ဖြစ်စဉ်တစ်ခုဆိုတာသိလာကြပါတယ်။ သူဟာမရှောင်လွှဲနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကြောင်းကိစ္စတွေ အများအပြားကြောင့် ဖြစ်လာရပြီးအတော်များများဟာပြောင်းလဲနိုင်၊ ကာကွယ်နိုင်ပါတယ်။ ယခုဖော်ပြမှာတွေကတော့ Osteoarthritis အရိုးအဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေတွေကိုလျှော့ချနိုင်ဖို့ဘာလုပ်ရမယ်ဆိုတာ ဆရာဝန်တွေအကြံပေးထားတဲ့ အချက်တွေ ဖြစ်ပါတယ်။   ၁။ ကျန်းမာရေးနှင့်ညီညွတ်သောကိုယ်အလေးချိန်ကိုထိန်းထားပါ။ ကိုယ်အလေးချိန်များခြင်းဟာOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ပိုနေတဲ့ ကိုယ်အလေးချိန်ဟာတင်ပါးဆုံရိုး၊ ဒူးခေါင်းစတဲ့ ကိုယ်အလေးချိန်ကိုထမ်းထားရတဲ့ အဆစ်တွေပေါ်မှာဖိအားကိုပိုများစေပါတယ်။ အလေးချိန်တစ်ပေါင်တက်တိုင်းဒူးဆစ်ရိုးပေါ် လေးပေါင်သက်ရောက်စေပြီးတင်ပါးဆုံရိုးပေါ် ခြောက်ဆသက်ရောက်စေပါတယ်။ အချိန်ကြာလာတဲ့အမျှ အဆစ်တွေမှာအခုအခံလုပ်ပေးထားတဲ့ အရွတ်တွေကိုထိခိုက်လာစေပါတယ်။ ဒီဖိအားကြောင့် သက်သက်ပဲမဟုတ်ပါဘူး။ အဆီအသားတွေကနေ cytokine လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးထုတ်ပေးပြီးကိုယ်ခန္ဓါတစ်ခုလုံးမှာရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆစ်တွေမှာဆိုရင် cytokine […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း