အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ကဘာလဲ။ ပုခုံးဆစ်သည် အရိုးခေါင်းလုံးနှင့် ခွက်ပါသော အဆစ်ဖြစ်သည်။ ဆိုလိုသည်မှာ လက်မောင်းရိုးမှ လုံးဝန်းသောထိပ်ပိုင်း (အရိုးခေါင်းလုံး)သည် ညှပ်ရိုးကြားမှမြှောင်း (ခွက်)နှင့် အံခွင်ကျဖြစ်နေခြင်း ဖြစ်သည်။ ပုခုံးဆစ်လွဲခြင်းဆိုသည် လက်မောင်းရိုးထိပ်ပိုင်းသည် ပုခုံးခွက်မှ ချော်ထွက်သွားခြင်းဖြစ်သည်။ ပုခုံးသည် ခန္ဓါကိုယ်၏ လှုပ်ရှားမှုအများဆုံး အဆစ်ဖြစ်သောကြောင့် အဆစ်လွဲရန် ဖြစ်နိုင်ချေပိုများ၏။ Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများShoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုခုံးဆစ်လွဲခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ- ပုခုံးပုံစံ ပုံမှန်မဟုတ်ခြင်း သို့ နေရာလွဲနေခြင်း ရောင်ခြင်း ညိုမည်းနေခြင်း အလွန်နာကျင်ခြင်း အဆစ်မလှုပ်နိုင်ခြင်း ထုံခြင်း ကျင်ခြင်း သို့ လက်မောင် လက် နှင့် လက်ချောင်းများတွင် အားနည်းသလိုခံစားရခြင်း ပုခုံးဆစ်လွဲခြင်းသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Nursemaid's Elbow (တံတောင်ဆစ် အရိုးလွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) ကဘာလဲ။ Nursemaid’s Elbow ဆိုတာ မူလနေရာကနေ တံတောင်ဆစ်အရိုးများ ချော်ထွက်သွားခြင်းကို ခေါ်ပါတယ်။ လက်ဖံရိုး (Radius) နဲ့ လက်မောင်းရိုး (Ulna) တို့ကို ကြုံ့နိုင်ဆန့်နိုင်သော အရွတ်တို့ဖြင့် တွယ်ဆက်ထားပါတယ်။ ထိုအရွတ်တို့က အသက်ကြီးလာတာနဲ့ အမျှ ပိုမိုခိုင်ခန့်လာပါတယ်။ ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ မွေးကင်းစလေးတွေမှာ အရွတ်များဟာ လျော့ရဲစွာ တွယ်ဆက်ထားကြပါတယ်။ ထိုသို့ဖြစ်နေခြင်းက တံတောင်ဆစ်လွဲဖို့ လွယ်ကူသွားစေပါတယ်။ Nursemaid’s Elbow ဖြစ်သွားတဲ့ ကလေးတစ်ယောက်ဟာ လက်နာကျင်ခြင်းကို ခံစားရမှာပါ။ ဒါပေမယ့်လည်း ရေရှည်ထိခိုက်မှုတွေတော့ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဆေးခန်းတို့ အရေးပေါ်ခန်းတို့မှာပဲ ကျွမ်းကျင်သူတွေက တံတောင်ဆစ်ကို ပြန်တည့်ပေးနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားမှာပါ။ Nursemaid’s Elbow (တံတောင်ဆစ် အရိုးလွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်ငယ်လေးတွေနဲ့ မူကြိုအရွယ်လေးတွေမှာ အဖြစ်များပါတယ်။ ၁နှစ်ကနေ […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန်

ဂေါက်ရောဂါ (Gout ) ဆိုတာဘာလဲ ဂေါက်ရောဂါဆိုတာသွေးတွင်း ယူရစ်အက်စစ်ပမာဏမြင့်မားမှုကြောင့် ခရစ္စတယ်အမှုန်တွေဖြစ်လာစေပြီး အဆစ်ရဲ့ပတ်လည်မှာ စုပုံလာတဲ့အခါ ခံစားရတဲ့အဆစ်ရောင် နာကျင်ကိုက်ခဲမှုတစ်မျိုးဖြစ်ပါတယ်။ ခန္ဓါကိုယ်ကpurine လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတစ်မျိုးကိုပြိုကွဲစေတဲ့အခါ ယူရစ်အက်စစ်တွေ ထွက်ရှိလာပါတယ်။purine ဟာ ခန္ဓါကိုယ်ထဲမှာ သဘာဝအလျောက်ဖြစ်လာတတ်ပေမယ့် အစားအစာတွေမှာလည်းတွေ့ရှိရနိုင်ပါတယ်။ ယူရစ်အက်စစ်ကို ခန္ဓါကိုယ်ထဲကနေ ဆီးကတဆင့် စွန့်ထုတ်ပါတယ်။ ဂေါက်ရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက်ပေါ်လာတတ်ပါတယ်။ တခါတရံ ညဘက်မှာ ချက်ချင်းကြီးဖြစ်လာတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ - ပြင်းထန်တဲ့ အဆစ်နာကျင်ကိုက်ခဲမှု -ဂေါက်ရောဂါကခြေမအဆစ်မှာဖြစ်လေ့ရှိပေမယ့် ဒူး၊လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက အဆိုးရွားဆုံးဖြစ်လာနိုင် ပါတယ်။ ဝေဒနာက သက်ဆိုးရှည် -ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲရပြီးနောက်မှာ ရက်အနည်းငယ်ကနေ ရက်သီတင်းပတ်ချီတဲ့အထိ လက္ခဏာတချို့က ကျန်ရစ်နေနိုင်ပါသေးတယ်။ ထပ်ဖြစ်လာတဲ့ ရုတ်တရက်ကိုက်ခဲမှုတွေဟာ […]


အဆစ်ရောင်ရောဂါများ

လေးဖက်နာဖြစ်လာဖို့ အန္တရာယ်ပိုများစေတဲ့ အလုပ်အကိုင်များ

လေထုထဲက အဆိပ်သင့်အမှုန်အမွှားတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်လုပ်ကိုင်သူတွေဟာ လေးဖက်နာအဆစ်ရောင်ရောဂါဖြစ်လာနိုင်ခြေ ပိုများနိုင်တယ်လို့ ဆွီဒင်နိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ လေးဖက်နာ (rheumatoid arthritis )ဟာ အဆစ်အမြစ်တွေမှာ ရောင်ရမ်း၊ နာကျင်မှုတွေဖြစ်ပေါ်စေတဲ့ ကိုယ်ခံအားစနစ်ရဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သုတေသနအရ အမျိုးသားတွေမှာ ပန်းရန်ဆရာတွေ၊ လျှပ်စစ်ပြင်ဆရာတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေဟာ တခြားအလုပ်အကိုင် လုပ်နေသူတွေထက်လေးဖက်နာအဆစ်ရောင်ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေမှာတော့ သူနာပြုဆရာမတွေက တခြားအလုပ်တွေမှာထက်လေးဖက်နာဖြစ်လာနိုင်တဲ့ အန္တရာယ် ၃၀ ရာခိုင်နှုန်းပိုများနေပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍက အလုပ်သမားတွေက လေးဖက်နာရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ အရင်သုတေသနတွေကဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ဒီကဏ္ဍကအလုပ်သမားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အသိပညာပေးခြင်းနဲ့ အဝလွန်ခြင်းအပါအဝင် လူနေမှုပုံစံမှာ သတိထားထိန်းချုပ်နေတာတောင်မှ rheumatoid arthritis အန္တရာယ်ရှိနေသေးတယ်ဆိုတာကို ထောက်ပြနိုင်တာဖြစ်တယ်လို့ ဆွီဒင် Karolinska Institute မှ ဦးဆောင်သုတေသီAnna Ilar ကပြောပါတယ်။ အဆစ်အမြစ်တွေ […]


အခြား အရိုးရောဂါများ

Osteitis (အရိုးရောင်ခြင်း)

Osteitis (အရိုးရောင်ခြင်း)ဆိုတာဘာလဲ။ Osteitis ဟာ အရိုးရောင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Osteitis ဟာအရိုးတွေကို ထူစေပြီးရောင်ရမ်းလာစေပါတယ်။ အရိုးထူလာမှုဟာ အရိုးကိုပုံပျက်စေပြီး ရှည်လျားတဲ့အရိုးတွေ ကိုင်းလာခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ အရိုးတွေဟာ ပုံသဏ္ဍန်ပြောင်းလာတဲ့အခါမှာ အလေးချိန်ခံနိုင်တဲ့ ပုံစံတွေ ပြောင်းလဲလာပြီး ကိုယ်ခန္ဓါအတွင်းပိုင်းအင်္ဂါတွေမှာ ဖိအားတိုးလာတာကြောင့် နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။   Osteitis (အရိုးရောင်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Osteitis ဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   Osteitis (အရိုးရောင်ခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Osteitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ · တစ်ဖက် (သို့) နှစ်ဖက်လုံးမှာ နာကျင်ခြင်း၊ မာကျောခြင်း · လှုပ်ရှားမှုများတဲ့ အလုပ်တွေဖြစ်တဲ့ ပြေးခြင်း၊ ဘောက်ဆင်ထိုးခြင်းတွေ လုပ်ရင် နာခြင်း · အရိုးကို ဖိကြည့်ရင် နာခြင်း · […]


အဆစ်ရောင်ရောဂါများ

Hip Osteoarthritis (တင်ပါးအဆစ်ရောင်ရောဂါ)

Hip Osteoarthritis (တင်ပါးအဆစ်ရောင်ရောဂါ)ဆိုတာဘာလဲ။ Osteoarthritis တင်ပါးအဆစ်ရောင်ရောဂါ ဟာ အဆစ်ရောင်ခြင်း၊ ဒဏ်ရာရခြင်းတွေကြောင့် အရိုးနု ပျက်စီးခြင်းပဲဖြစ်ပါတယ်။ အရိုးနုဟာ မာကြောပြီး ရာဘာပုံစံ အရာဖြစ်ကာ ပုံမှန်အဆစ်တွေမှာ အရိုးတွေရဲ့ အစွန်းကို ကာကွယ်ထားပါတယ်။ အရိုးနုပျက်စီးခြင်းဟာ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အရိုးနုတွေဟာ ပျက်စီးရင် ပြင်ဆင်မှုလိုအပ်ပေမယ့် ဒဏ်ရာရတဲ့အခါမှာ ကိုယ်ခန္ဓါက အရိုးနုအသစ် ပြန်ထွက်လာခြင်း မရှိပါဘူး။ Hip osteoarthritis ရှိသူတွေဟာ လမ်းလျှောက်ရင် ပြဿနာ ရှိတတ်ပါတယ်။ သူ့ကို သိရှိဖို့ အစောပိုင်းမှာ ခက်ခဲနိုင်ပါတယ်။ ဒါဟာ နာကျင်မှုက အခြားနေရာတွေဖြစ်တဲ့ ပေါင်ခြံ၊ ပေါင်၊ တင်ပါးဆုံ၊ ဒူးခေါင်းတွေမှာပါ ရှိတာကြောင့် ဖြစ်ပါတယ်။ နာကျင်မှုဟာ တစ်ခုခုနဲ့ ထိုးသလို စူးရှပြီး တင်ပါးဆုံက မာကျောနေပါတယ်။ Hip Osteoarthritis(တင်ပါးအဆစ်ရောင်ရောဂါ) ဟာ […]


အရိုးကျိုးခြင်း

Bone Fracture (အရိုးကျိုးခြင်း)

Fracture ဆိုတာဘာလဲ။ Fracture ဆိုတာ အရိုးကျိုးခြင်း ကို ဆိုလိုပါတယ်။ အရိုးကျိုးခြင်း လေးမျိုးရှိပါတယ်။ နေရာရွေ့ခြင်း(Displaced)၊နေရာမရွေ့ခြင်း (Non-displaced)၊ အပွင့် (Open)၊ အပိတ်(closed) ဆိုပြီးဖြစ်ပါတယ်။ Displaced နဲ့ Non-displaced fractures တွေဟာ အရိုးကျိုးပုံကို ဆိုလိုတာဖြစ်ပါတယ်။ Displaced fracture မှာဆိုရင် အရိုးဟာ နှစ်ပိုင်း (သို့) ထက်ပိုပြီး ကျိုးသွားခြင်းဖြစ်ကာ ကအစွန်းနှစ်ဖက်ဟာ ဖြောင့်တန်းခြင်း မရှိတော့ပါဘူး။ Non-displaced fracture မှာတော့ အရိုးဟာ တစ်စိတ်တစ်ပိုင်း (သို့) လုံးဝကျိုးသွားခြင်းဖြစ်ပြီး သူ့နဂိုပုံစံအတိုင်းသာ ရှိနေပါတယ်။ Closed fracture မှာတော့ အရိုးဟာ ကျိုးပေမယ့် အရေပြားကို ပေါက်လာခြင်းမရှိပါဘူး။ Open fracture ကတော့ အရိုးဟာ အရေပြားကို ဖောက်လာတာဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာတော့ သူဟာ အနာထဲပြန်ဝင်သွားတာမို့ […]


အခြား အရိုးရောဂါများ

Osteogenesis Imperfecta (မွေးရာပါ အရိုးမူမမှန်ရောဂါ)

Osteogenesis Imperfecta ဆိုတာဘာလဲ။ Osteogenesis Imperfecta ကို “brittle bone disease” လို့လည်း ခေါ်ပြီး အရိုးတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး မွေးရာပါ ပုံမှန်မဟုတ်ခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဒီရောဂါခံစားရမယ်ဆိုရင် ဒဏ်ရာရရှိမှုမရှိပဲ (သို့) အနည်းငယ်နဲ့တင် အရိုးကျိုးလွယ်နိုင်ပါတယ်။ အရိုးကျိုးခြင်းအပြင် Osteogenesis Imperfecta ရှိသူတွေမှာ ကြွက်သားအားနည်းခြင်း၊ အဆစ်ချောင်ခြင်း၊ အရိုးပုံမှန်မဟုတ်ခြင်းတွေဖြစ်တဲ့ အရပ်ပုခြင်း၊ ခါးကုန်းခြင်း၊ ရှည်တဲ့ အရိုးတွေကွေးခြင်းတွေ ဖြစ်နိုင်ပါတယ်။ Osteogenesis Imperfecta လေးမျိုးရှိပြီး အရိုးကျိုးလွယ်မှုနဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Osteogenesis Imperfecta ပထမ အမျိုးအစားကတော့ အဖြစ်အများဆုံးအခြေအနေပဲ ဖြစ်ပါတယ်။ Osteogenesis Imperfecta ပထမ အမျိုးအစားရှိသူတွေမှာ အနည်းငယ် ဒဏ်ရာရရုံနဲ့ ကလေးအရွယ်၊ ဆယ်ကျော်သက်အရွယ်မှာ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ […]


အရိုးကျိုးခြင်း

Rib Fracture (နံရိုးကျိုးခြင်း)

Rib Fracture ဆိုတာဘာလဲ။ နံရိုးကျိုးခြင်းဟာ နံရိုးတစ်ချောင်းချောင်းကျိုးခြင်း၊ အက်ခြင်းကို ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြာင်းရင်းကတော့ ရင်ဘတ်ပိုင်း ဒဏ်ရာရရှိမှုတွေဖြစ်တဲ့ ပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် မတော်တဆဖြစ်ခြင်းနဲ့ ကိုယ်ချင်းထိတွေ့ရတဲ့ အားကစားတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ နံရိုးအတော်များများက အက်ကွဲရုံသာဖြစ်ကြပါတယ်။ ဒါဟာ နာကျင်မှုကိုဖြစ်စေပေမယ့် တစ်စစီ ကျိုးသွားတဲ့ အရိုးတွေလောက်အန္တရာယ် မရှိပါဘူး။ ကျိုးသွားတဲ့ အရိုးရဲ့ အစွန်းဟာ သွေးကြောတွေနဲ့ ကိုယ်အင်္ဂါတွေဖြစ်တဲ့ အဆုတ်ကို ထိခိုက်နိုင်ပါတယ်။ အခြေအနေအတော်များများမှာ အရိုးကျိုးခြင်းဟာ သူကိုယ်တိုင် တစ်လ၊ နှစ်လအတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ နာကျင်မှုကို ထိရောက်စွာ သက်သာစေတဲ့ဆေးတွေပေးခြင်းအားဖြင့် အသက်ပြင်းပြင်းရှူခြင်းနဲ့ အဆုတ်အအေးပတ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်လို့ အရေးကြီးပါတယ်။   Rib Fracture ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Rib Fracture ဟာ အလွန် အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


အခြား အရိုးရောဂါများ

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ကဘာလဲ။ အရိုးကျီးပေါင်းတက်ခြင်းသည် ခါးရိုးနှင့် ခါးရိုးဆစ်များကြားရှိ ချပ်ပြားများ ပျက်စီးလာခြင်းကို ဆိုလိုသည်။ အရိုးကျီးပေါင်းတက်ခြင်းသည် တနည်းအားဖြင့် ခါးကျောရိုးမ တွင် အရိုးအဆစ်များရောင်ခြင်းပင်ဖြစ်သည်။ အရိုးကျီးပေါင်းတက်ခြင်းသည် ကျောရိုးမကြီးရှိ လည်းပင်းနေရာ (လည်ပင်းကျီးပေါင်း)၊ ရင်ဘတ်အပေါ်နှင့် အလယ်နေရာ၊ ခါးအောက်ပိုင်းနေရာတို့တွင်ဖြစ်နိုင်သည်။ လည်ပင်းကျီးပေါင်းနှင့် ခါးကျီးပေါင်းတို့သည် အဖြစ်များဆုံးဖြစ်သည်။ Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရိုးကျီးပေါင်းတက်ခြင်းသည်အဖြစ်များပါသည်။ အထူးသဖြင့် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း မည်သည့်အရွယ်တွင်မဆိုဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ လက္ခဏာများSpondylosis (အရိုးကျီးပေါင်းတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများသော ရောဂါ လက္ခဏာများမှာ လည်းပင်း ၊ခါးတို့ နာခြင်း၊ တောင့်တင်းခြင်းနှင့် လှဲလျောင်းလိုက်လျှင် သက်သာသွားခြင်း ကျီးပေါင်းသည် အာရုံကျောများကို ဖိသောအခါနှင့် ပင်မကျောရိုးမတွင်ဖြစ်နေသောအခါများတွင် ခြေထောက် နှင့် လက်မောင်းတို့အားနည်းလာခြင်း၊ ထုံကျင်လာခြင်း ပခုံးများနာခြင်း ခေါင်းကိုက်ခြင်း တို့ဖြစသည်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ အကြောင်းရင်းများSpondylosis […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း