အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အရိုးရောဂါများ

ဘူနီယွန် ဘယ်သူတွေမှာ ဖြစ်နိုင်ချေများလဲ

Bunion ရဲ့ လက္ခဏာတွေကို သတိထားမိပြီဆိုရင် သတိရသင့်တဲ့ အရေးကြီးအချက်များစွာ ရှိပါတယ်။ ပထမအချက်ကတော့ ကုသမှုမြန်မြန်ခံယူလေလေ ဒီအခြေအနေကို သက်သာနိုင်ဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ Bunion တွေဟာ သူတို့ဘာ့သာ ပျောက်မသွားနိုင်ပါဘူး။ တကယ်လို့ မကုသဘူးဆိုရင်တော့ ပိုဆိုး၊ ပိုနာကျင်ပြီး ပိုမာလာကာ ပျောက်ဖို့ ခက်လာပါလိမ့်မယ်။ တတိယတစ်ချက်ကတော့ Bunion ကြောင့်မသေနိုင်ပေမယ့် သူဟာ ပြင်းထန်တဲ့ နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။   Bunion တွေဟာ အချိန်တိုင်းမှာ ဖြစ်နိုင်ပြီးကလေးမှာရော လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာကတော့ သင်ဟာ Bunion နဲ့ ဖြစ်စေနိုင်တဲ့အချက်တွေကို သိထားတယ်ဆိုရင် သင့်ကိုယ်သင် ကာကွယ်နိုင်ပါတယ်။ Bunion ဆိုတာဘာလဲ။ Bunion ဟာ ခြေမအောက်ခြေမှာ ဖြစ်တဲ့ မာကျောတဲ့အဖုတစ်ခုဖြစ်ပါတယ်။ အရိုး၊ တစ်ရှူးတွေ အဆစ်ပတ်ပတ်လည်မှာ ကြီးထွားတယ်ဆိုရင် Bunion ဖြစ်နိုင်ပါတယ်။ […]


အခြား အရိုးရောဂါများ

ခြေထောက်နူရိုးမား၏ လစ်လျူရှုမထားသင့်သော လက္ခဏာများ

Morton’s neuroma ဟာ ခြေချောင်းတွေကိုသွားတဲ့ အာရုံကြောတစ်ခု ပတ်လည်က တစ်ရှူးထူထဲခြင်းကြောင့် ဖြစ်တဲ့ နာကျင်တဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် တတိယနဲ့ စတုတ္ထခြေချောင်းကြားမှာ အဖြစ်များပါတယ်။ ဒီအခြေအနေဟာ ဖိနပ်ကြားက ကျောက်စရစ်ခဲပေါ်မှာ မတ်တပ်ရပ်နေရသလိုမျိုး ခြေဖဝါးမှာ ပူလောင်တဲ့ ခံစားမှုမျိုး ရရှိစေနိုင်ပါတယ်။   Foot neuromas ဖြစ်ရခြင်း အကြောင်းရင်းများ ခြေချောင်းတွေကိုသွားတဲ့ အာရုံကြော ထိခိုက်မိခြင်း၊ ဖိအားသက်ရောက်ခြင်း၊ ဆွခြင်းအစရှိတာတွေဟာ Morton’s neuroma ဖြစ်စေခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ အခြားအခြေအနေတွေဖြစ်တဲ့ ဒေါက်မြင့်ဖိနပ်စီးခြင်း၊ အားကစားအချို့မှာ ပါဝင်ကစားခြင်း၊ ခြေထောက် ပုံစံချို့ယွင်းခြင်းတွေဟာ Morton’s neuroma ကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအတော်များများဟာ ဒေါက်မြင့်ဖိနပ်တွေအစား ဒေါက်နိမ့်ဖိနပ်တွေ၊ ခြေချောင်းတွေအတွက်နေရာကျယ်တဲ့ဖိနပ်တွေရွေးချယ်စီးပြီး သက်သာသွားနိုင်ပါတယ်။ ကျပ်တဲ့ဖိနပ်တွေစီးရတဲ့ အားကစားတွေဖြစ်တဲ့ snow skiing၊ climbing တွေဟာ ခြေချောင်းတွေမှာ […]


အဆစ်ရောင်ရောဂါများ

ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ

ဂေါက်ရောဂါဆိုတာ ဘာလဲ။ ဂေါက်ရောဂါက လူတိုင်းဖြစ်နိုင်တဲ့ အဆစ်ရောင်ခြင်းပုံစံတစ်မျိုး ဖြစ်ပါတယ်။ သင့်မှာဂေါက်ရောဂါရှိနေတယ်ဆိုရင် သင်တွေ့ကြုံနိုင်တဲ့အတွေ့ရများဆုံးအရာကတော့ အထူးသဖြင့်ခြေထောက်တွေမှာရှိတဲ့ အဆစ်တစ်ခုသို့တစ်ခုထက်ပိုပြီး ပြင်းပြင်းထန်ထန်နာကျင်မှုခံစားရခြင်း ဖြစ်ပါတယ်။ ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲဆိုတာကိုသင်သိပါသလား။   ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ။ ဂေါက်ရောဂါရှိနေတယ်ဆိုရင် သင့်ခြေထောက်ကိုရုတ်တရက်ကြီး အများအားဖြင့်ညအခါတွေမှာ သက်ရောက်မှုတွေထဖြစ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန်အဆစ်နာခြင်းက ပထမဆုံးကြုံရမှာဖြစ်ပါတယ်။ ခြေထောက်၊ ခြေချင်းဝတ်၊ ဒူး၊ midfoot၊ လက်နဲ့ လက်ကောက်ဝတ်အဆစ်တွေကို နာကျင်မှုတွေဖြစ်စေနိုင်ပေမဲ့ အများဆုံးဖြစ်လေ့ရှိတာကတော့ ခြေမအဆစ်ကြီးဖြစ်ပါတယ်။ နာကျင်မှုစပြီးပထမ၁၂နာရီအတွင်း ပိုပြီးဆိုးဆိုးရွားရွားနာကျင်မှုကို ထပ်ခံစားရနိုင်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် နာကျင်မှုပိုဆိုးသွားစေနိုင်ပါတယ်။ အိပ်ရာခင်းစောင်တွေရဲ့ ဖိအားကိုတောင် မခံနိုင်ဖြစ်တတ်ပါတယ်။ အဆိုးဆုံးနာကျင်မှု တဖြည်းဖြည်းချင်းသက်သာသွားတဲ့အခါမှာ မသက်မသာဖြစ်မှုကို ရက်အနည်းငယ်သီတင်းပတ်အနည်းငယ် တွေ့ကြုံရနိုင်ပါသေးတယ်။ ဂေါက်ရောဂါဖြစ်ချိန်ကြာလာတဲ့အခါမှာ နာကျင်မှုအချိန်လည်း ပိုလာနိုင်ပြီး ခြေထောက်ကအဆစ်တော်တော်များများလည်း သက်ရောက်ခံ၇နိုင်ပါတယ်။ နာကျင်မှုမပျောက်သေးခင် ရက်အနည်းငယ်သို့ သီတင်းပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါ့အပြင် အဆစ်တွေခြေမတွေမှာ ရောင်ရမ်းခြင်း၊ အထိမခံနိုင်ခြင်း၊ ပူခြင်း၊နီခြင်းနဲ့အတူ သင့်ခြေထောက်မှာ ရောင်ရေမ်းခြင်း၊ နီမြန်းခြင်းတွေရနိုင်ပါတယ်။ ဒါတွေကြောင့် […]


အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နာတာရှည် နာကျင်ခြင်းဝေဒနာကို ခံစားနေရသူတို့အတွက် မိမိ၏ ကိစ္စများကို စီမံခန့်ခွဲရမည့် နည်းလမ်းများ

မိမိကိုယ်ကို စီမံခန့်ခွဲခြင်းဆိုသည်မှာ နာတာရှည်ရောဂါရှိသူများအနေဖြင့် မိမိ၏တနေ့တာဝန်များကို စီမံခန့်ခွဲခြင်းကို ဆိုလိုသည်။ သင်သည် နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရလျှင် စီမံခန့်ခွဲမှုများပြုလုပ်ရန် မလွယ်ကူလှပါ။ နာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များနှင့် တာဝန်များ ပျက်ကွက်ရုံသာမက စိတ်ဓါတ်ကျခြင်း နှင့် ယုံကြည်မှုကျဆင်းခြင်းတို့ဖြစ်စေနိုင်ပါသည်။ သို့သော်ငြားလည်း သင်သည် ထိုသို့နာကျင်မှုကိုခံစားနေရသောကြောင့် ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နေနိုင်ကြောင်းသိထားပါ။ ကျွန်ုပ်တို့၏ အကြံပေးချက်နည်းလမ်းများက သင့် ကို ကူညီပေးပါလိမ့်မည်။ ဘာကြောင့် မိမိကိုယ်ကို စီမံခန့်ခွဲဖို့လိုပါသလဲ။ သင်သည် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်လိုပါလျှင် တိကျသော အကူအညီနှင့် သတင်းအချက်အလက်များလိုအပ်ပါသည်။ · သင့်ရောဂါနှင့်ပက်သက်သော အခြေံခံ အချက်အလက်များ ၎င်းတို့ကို အင်တာနက်စာမျက်နှာများ၊ စာအုပ်များနှင့် သင့်ဆရာဝန်ထံမှရယူနိုင်ပါသည်။ · သင့်ရောဂါနှင့်စပ်လျဉ်းပြီး စိမံခန့်ခွဲမှုနည်းလမ်းများ နာတာရှည် နာကျင်ခြင်းကို ထိန်းချုပ်ပြီး နေထိုင်နိုင်ရန် နည်းလမ်းများသိရှိရန် ဝေဒနာသည်များကို အကူအညီပေးသော လူမှုအဖွဲ့အစည်းများ၊ သင်တန်းများမှ အကူအညီကိုရယူသင့်သည်။ · မိသားစု၊ မိတ်ဆွေနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ

ခြေကျင်းဝတ်ဒဏ်ရာတွေအကြောင်း ဘာသိဖို့လိုသလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ခြေကျင်းဝတ်ဒဏ်ရာဆိုတာ ဘာတွေဖြစ်မလဲ သင့်ရဲ့ခြေကျင်းဝတ်ကို ခန္ဓာကိုယ်အတွက် ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ အရိုးများ၊ ကြွက်သားများ၊ အရွတ်များနဲ့ ဖွဲ့စည်းထားပါတယ်။ ခြေကျင်းဝတ်အရိုးနဲ့ ခြေသလုံးရိုး၂ခုဟာ ခြေကျင်းဝတ် အဆစ်ကို ဖြစ်ပေါ်စေပါတယ်။ အရွတ်များက အရိုးတွေကို တခုနဲ့တခု တွယ်ကပ်စေပြီး တည်ငြိမ်စေပါတယ်။ ကြွက်သားများနဲ့ ကြွက်သားအရွတ်တွေဟာ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ခြေကျင်းဝတ်ပြဿနာတွေက အရိုး၊ ကြွက်သားနဲ့ နူးညံ့တဲ့တစ်သျှူးတွေကို ထိခိုက်မိရာကနေ ဖြစ်ပေါ်လာပါတယ်။ အဖြစ်များတဲ့ ပြသနာတွေကတော့ အရွတ်ဒဏ်ဖြစ်ခြင်း အရိုးကျိုးခြင်း ကြွက်သားအရွတ်ရောင်ခြင်း အဆစ်ရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ဟာ ကိုယ်ခန္ဓာမှာ ဒဏ်ရာအရဆုံး အဆစ်ဖြစ်ပါတယ်။ အဖြစ်အများဆုံး ခြေကျင်းဝတ်ပြဿနာတွေကတော့ အရွတ်ဒဏ်ဖြစ်ခြင်းနဲ့ အရိုးကျိုးခြင်း ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေဟာ ပြန်လည်ပျောက်ကင်းဖို့ လပေါင်းများစွာ ကြာနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားတွယ်ဆက်တဲ့ နေရာတွေ၊ အရွတ်တွေစတဲ့ အဆစ်ကို […]


အခြား အရိုးရောဂါများ

အရိုးရောဂါများ

အဖြစ်အများဆုံး အရိုးရောဂါ (၁၀) မျိုးနှင့် မဖြစ်ပွားအောင် ရှောင်ကြဉ်ခြင်း သင့်ကိုယ်ခန္ဓါမှာ အရိုးပေါင်း ၂၀၆ချောင်းရှိပါတယ်။ အရိုးချည်းပဲချိန်တွယ်ရင် တကိုယ်လုံးအလေးချိန်ရဲ့ ၁၅% ရှိပါတယ်။ အရိုးတွေဟာ ကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်ကိုပေးခြင်း၊ လှုပ်ရှားစေနိုင်ခြင်း၊ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးခြင်း စတဲ့ အရေးကြီးတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ အရိုးများဟာ ကိုယ်ခန္ဓါရဲ့ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ကျွန်တော်တို့လိုပဲ အရိုးတွေမှာလည်း သက်တမ်းရှိပါတယ်။ သူတို့ဟာ စတင်ဖြစ်ပေါ်လာမယ်၊ ကြီးထွားလာမယ်၊ နောက်ဆုံးမှာ အရိုးအသစ်တွေ ထပ်ဖြစ်လာနိုင်အောင် သူတို့ဟာ သေဆုံးသွားပါတယ်။ ကော်လဂျင်နဲ့ ကယ်လ်စီယမ်ဓါတ်တွေဟာ အရိုးတွေကို ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ အရိုးတွေရဲ့ အင်အားနဲ့ ပြောင်းလွယ်ပြင်လွယ်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အသက်ကြီးလာရင်တော့ အရိုးဖြစ်ပေါ်တဲ့ ဖြစ်စဉ်ဟာ နှေးကွေးသွားပြီး အရိုးရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ အရိုးရောဂါတွေဟာ အရိုးထုထည်နည်းခြင်းနဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း

ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်း ဆိုတာ ဘာလဲ ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းဆိုတာ သင့်ဦးနှောက်ရဲ့ နာကျင်မှုအချက်ပြခြင်းတွေအပေါ် သက်ရောက်မှုရှိတဲ့ ရောဂါတမျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အရိုးတွေပါ နာကျင်နေတတ်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်စက်မှုပုံစံ၊ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စတွေ ပါဝင်ပတ်သက်နေပါတယ်။ ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းဟာ ဘယ်လောက် အဖြစ်များလဲ ဒီရောဂါဟာ တွေ့ရများတတ်ပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီရောဂါလို့ အမည်တပ်လိုက်ရတဲ့ ကေ့စ်တွေရဲ့ ၉၀%ဟာ အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေ အချက်တွေကို လျှော့ချပြီး ကာကွယ်နိုင်ပါတယ်။ အချက်အလက်ပိုသိလိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။   လက္ခဏာများ ကြွက်သားများ နာတာရှည်ကိုက်ခဲခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ အတွေ့များတဲ့ လက္ခဏာတွေကတော့ နာကျင်မှုပြန့်နှံ့ခြင်း။ ကိုယ်ခန္ဓါ ဘယ်ညာ၊ ခါးရဲ့ အထက်အောက် အားလုံးမှာ ဖြစ်နိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း။ နာကျင်မှု၊ ခြေထောက် ဂနာမငြိမ်ခြင်း […]


အခြား အရိုးရောဂါများ

ကာပယ်လ်တန်နယ်လ်ရောဂါလက္ခဏာစု

အခြေခံအချက်များ Carpal tunnel ရောဂါလက္ခဏာစု ဆိုတာ ဘာလဲ လက်ကောက်ဝတ်နဲ့ လက်မှာ ဖြစ်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ လက်ကောက်ဝတ်နဲ့ လက်ရဲ့ ခံစားမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောကို median အာရုံကြောလို့ ခေါ်ပါတယ်။ အဲ့ဒီအာရုံကြောဟာ လက်ကောက်ဝတ်အတွင်းက carpal tunnel လို့ခေါ်တဲ့ လမ်းကြောင်းအတွင်းမှာ တည်ရှိပါတယ်။ Carpal tunnel လက္ခဏာစုဟာ လက်နဲ့ လက်ကောက်ဝတ်မှာ ထုံကျင်ခြင်း၊ လက်ကောက်ဝတ်နဲ့ လက်မောင်းတလျှောက် စူးစူးရှရှ နာကျင်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ Carpal tunnel ရောဂါလက္ခဏာစုဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ ဒီပြသနာဟာ စာစီစာရိုက်လုပ်သူများ၊ ငွေကိုင်သူများ၊ သားသတ်သမားများ၊ အစောင့်များ စတဲ့ အလုပ်အကိုင် တချို့မှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအရာတွေကို လျှော့ချခြင်းဖြင့် ရှောင်ကြဉ်နိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရောဂါလက္ခဏာများ Carpal […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ကဘာလဲ။ ကြွက်သားများရောင်ရမ်းခြင်းဆိုသည်မှာသင့်ခန္ဓါကိုယ်ကိုလှုပ်ရှားရာတွင်အသုံးပြုသောကြွက်သားများ ရောင်ရမ်းခြင်းကိုဆိုလိုပါသည် ။ ဒဏ်ရာရခြင်း ၊ ပိုးဝင်ခြင်းနဲ့မိမိကိုယ်ကိုပြန်တိုက်သောခုခံအားစနစ်.. စသည်တို့ကြောင့် ကြွက်သားရောင်ရမ်းခြင်းများဖြစ်ပေါ်လာရပါတယ် ။ ကြွက်သားနာကျင်ခြင်းတွင် polymyositis နှင့်dermatomyositis ဟူ၍နှစ်မျိုးရှိပါတယ် ။ polymyositis ဆိုသည်မှာခန္ဓါကိုယ်နှင့်အနီးဆုံးကြွက်သားများ အားအင်ချည့်နဲ့ခြင်းဖြစ်ပါတယ် ။ dermatomyositis ဆိုသည်မှာကြွက်သားများအားနည်းသည့်အပြင် အရေပြားတွင်အနီကွက်များပါပေါ်လာခြင်းမျိုးဖြစ်ပါတယ် ။ Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ များသောအားဖြင့် ကြွက်သားရောင်ရမ်းခြင်းဟာ ဖြစ်ခဲပါတယ် ။ အမျိုးသားများထက်အမျိုးသမီများတွင်ပို၍အဖြစ်များပါတယ် ။ အန္တရာယ်ရှိသည့်အရာများကိုရှောင်ရှား၍ ရောဂါကိုသက်သာအောင်စီစဉ်နိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။ လက္ခဏာများMyositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာကတော့ ကြွက်သားများအားနည်းခြင်းပဲဖြစ်ပါတယ် ။ ဒီလိုအားနည်းခြင်းဟာ သတိထားမိကောင်းထားမိနိုင်၍ စမ်းသပ်ကြည့်မှသိရှိရသည်မျိုးလည်း ရှိပါတယ် ။ ကြွက်သားနာကျင်ခြင်းကတော့ ရှိချင်လည်းရှိပါမယ် ..မရှိတာမျိုးလည်းရှိပါတယ် ။ ကြွက်သားများအားနည်းခြင်းဟာ လဲကျစေနိုင်ပြီး လဲကျပြီးတဲ့အခါပြန်ထရန် သို့ ကုလားထိုင်မှပြန်ထရန်ခက်ခဲစေပါတယ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Bone Pain (အရိုးနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bone Pain (အရိုးနာခြင်း) ကဘာလဲ။ အရိုးနာခြင်းဆိုတာ အရိုးတစ်ခုသို့တစ်ခုထက်ပိုပြီး ကိုက်ခြင်းသက်တောင့်သက်သာမရှိခြင်းဖြစ်ပါတယ်။ လှုပ်နေနေမလှုပ်နေနေ နာနေတာကြောင့် ကြွက်သားအဆစ်နာခြင်းတွေနဲ့ ကွဲပြားပါတယ်။ အရိုးနာခြင်းက ကြွက်သားအဆစ်နာခြင်ေးတွနဲ့စာရင် အဖြစ်နည်းပါတယ်။ Bone Pain (အရိုးနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBone Pain (အရိုးနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးနာခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လှုပ်နေနေမလှုပ်နေနေ နာနေခြင်းဖြစ်ပါတယ်။ အခြားလက္ခဏာတွေကတော့ အရိုးနာခြင်းအကြောင်းရင်းပေါ်မှာ မူတည်နေပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း- ရောင်ခြင်း၊ မြင်သာအောင်ကျိုးခြင်း၊ ပုံပျက်နေခြင်း၊ ထိခိုက်ဒဏ်ရာအပေါ်မှာ အသံတကျိကျိမြည်ခြင်း ကိုယ်ဝန်ဆောင်မိခင်- ဆီးခုံရိုးနာခြင်းတောင့်ခြင်းနဲ့ တင်ပဆုံရိုးနာခြင်း သတ္တုဓါတ်ချို့တဲ့ခြင်း- ကြွက်သားနဲ့တစ်ရှူးနာခြင်း၊ အိပ်စက်မှုပြဿနာများ၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း အရိုးပါးခြင်း- ကျောအောင့်ြခ်ငး၊ ခါးကုန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း ကင်ဆာ- ကင်ဆာပျံ့နှံ့သွားတြ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေက ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရိုးကျိုးခြင်း။ တက်ခြင်း၊ မူးဝေခြင်း၊ အသားဝါခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း