အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဆိုးရွားတဲ့ဒူးနာခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၅ ခုကို ရှာဖွေတွေ့ရှိခြင်း

ဒူးနာခြင်းဟာသင့်ကိုသက်တောင့်သက်သာမရှိစေတဲ့အပြင် သွားလာရာမှာလည်းခက်ခဲစေပါတယ်။ ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ ကုသမှုတွေရှိပေမယ့် နာကျင်မျှကိုတော့ အချိန်အကြာကြီးခံစားနေရပါလိမ့်မယ်။ ဒီလိုအခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ ဆိုးဝါးလှတဲ့ဒူးနာခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကို ရှာဖွေကြည့်ကြရအောင်...။     ထိခိုက်ဒဏ်ရာများ ။ - အရွတ်လုံးနှင့် အရွတ်များဆုတ်ပြဲခြင်း။ ဆိုးဝါးတဲ့ဒူးနာခြင်းဟာ ထိခိုက်ဒဏ်ရာများကြောင့်ဖြစ်နိုင်ပါတယ် ။ ဘောလုံး၊တင်းနစ် သို့ အလုပ်မှဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုများမှ ဒဏ်ရာများသည် အရွတ်လုံးများနှင့် အရွတ်များကိုဆုတ်ပြဲစေပါတယ်။ အရွတ်များဟာ အရိုးများနှင့် အဆစ်များကိုတွယ်ထားပေးပြီး အရွတ်လုံးကတော့ အရိုးများနှင့် ကြွက်သားများကိုတွယ်ထားပေးပါတယ်။ အကယ်၍ ဒူးနေရာမှာရှိတဲ့အရွတ်လုံးများနှင့် အရွတ်များဆုတ်ပြဲသွားလျှင်တော့သင်အနားယူနေတဲ့အချိန်မှာတောင်မှ နာကျင်နေမှာဖြစ်ပါတယ်။ ဒူးကို အလေးများဖြင့်ဝန်ပိစေလျှင်တော့ နာကျင်ခြင်းဟာ ပိုဆိုးလာပါလိမ့်မယ်။ ရောင်ရမ်းခြင်း ၊ ပူနွေးခြင်း၊ အညိုအမဲစွြဲခ်းများလည်း ဖြစ်ပေါ်လာနိုင်ပါတယ် ။ သင့်ရဲ့ဒူးဟာ ထိန်းချုပ်လို့မရဘူးလို့ခံစားရနိုင်ပြီး ဒူးဟာ မငြိမ်မသက်ဖြစ်နေပါလိမ့်မယ်။ - သွေးထွက်ခြင်း။ ထိခိုက်ဒဏ်ရာများဟာ အရိုးများနှင့် အဆစ်ကဲ့သို့ဒူးနေရာရှိ အခြားအရာများကို ထိခိုက်ပျက်စီးစေပြီး အရိုးများကျိုးစေကာ အဆစ်များမှသွေးများထွက်စေပါတယ် ။ သင်ဟာ ဒူးနေရာမှာ ပူနွေးခြင်း၊ တောင့်တင်းနေခြင်း ၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

သိရမည့် ကျောရိုးခံပြားကျွံခြင်းအတွက် လိုအပ်သော အာဟာရများ

ကျန်းမာစွာစားသောက်ခြင်းက ခန္ဓါကိုယ်ပြန်လည်ကောင်းမွန်စေခြင်းအပါအဝင် အကျိုးကျေးဇူး များစွာပေးပါတယ်။ ကျောရိုးကြားခံပြားကျွံနေမယ်ဆိုရင် တချို့အာဟာတွေက အခြေအနေပိုကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။ ကဲဒါဆိုရင်တော့ ကြားခံပြားကျွံခြင်းအတွက် စားသုံးရယ့် အာဟာရတွေအကြောင်း လေ့လာကြပါစို့။   အကျိုးပြုသော အာဟာရများ ကျောရိုးကြားခံပြားကျွံနေမယ်ဆိုရင် အက်ကွဲကြောင်းသေသေးလေးကနေတစ်ဆင့် အတွင်းအပျော့သားက အပြင်အမာသားကနေ ကျွံထွက်သွားပြီး အာရုံကြောတွေကို သွားဖိပါတယ်။ ကုသနည်းကတော့ ကြားခံပြား ပြန်လည်ကောင်းမွန်အောင်ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒါမှ အာရုံကြောတွေပေါ်မှာ သက်ရောက်နေတဲ့ ဖိအားကျသွားမှာဖြစ်ပါတယ်။ ကြာခံပြားပြန်လည်ကောင်းမွန်စေသော အာဟာရမျိုးစုံရှိပါတယ်။ ဗီတာမင်စီက ကော်လဂျင်ပိုထုတ်စေပါတယ်။ ကော်လဂျင်ဆိုတာ ခန္ဓါကိုယ်တစ်လျောက် ပြန်လည်ပြုပြင်ဖို့ ကူညီပေးတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ ဗီတာမင်စီက ကျောရိုးပြဿနာတွေကို ဖြေရှင်းဖို့အတွက် အရေးကြီးတဲ့အပြင် အရိုးတွေကိုလည်း သန်မာစေပါတယ်။ သင့်ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်စီပမာဏကို သိရှိဖို့အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဗီတာမင်ဘီအုပ်စု၊ ဇင့်၊ ကယ်ဆီယမ်၊ အမီနိုအက်စစ်မပါသော ဗီတာမင်ဒီတို့က ကြားခံပြားကို အရိုးတွေ၊ ကြွက်သားတွေနဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လူကြီးများတွင်ဖြစ်သော ကျောရိုးအဆစ်လွဲခြင်း

ကျောရိုးအဆစ်လွဲခြင်းအကြောင်း သင်ကြားဖူးလား။ ကျောရိုးအဆစ်လွဲခြင်းက သင့်ကျောရိုးမှာဖြစ်နိုင်တယ်ဆိုတာရော သိလား။ သင်အသက်ကြီးလာတဲ့အခါ ကျောရိုးအဆစ်လွဲနိုင်တယ် ဆိုတာရော သိလား။ ဒီအချက်တွေကို လိုက်နာပြီး သင့်အတွက် အထောက်အကူဖြစ်စေမယ့် အချက်တွေကို ရှာဖွေလိုက်ပါ။   ကျောရိုးအဆစ်လွဲတာက ကျောရိုးရဲ့အောက်ပိုင်းမှာ ဘာလို့ဖြစ်ပေါ်သလဲ။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးအကြားရှိအဆစ်ပြားတွေ ပျက်စီးတာ(ကျီးပေါင်းရောဂါ)ကို ပြန်တည်ဆောက်တဲ့အချိန်မှာ ဖြစ်စေနိုင်ပါတယ်။ အရိုးကျီးပေါင်းဖြစ်သောအခါ အရိုးတွေက အနည်းငယ်ကျိုးနိုင်ပါတယ်။ တချို့သောအခြေနေတွေမှာ အရိုးကျိုးတာက ကျောရိုးကို အားနည်းစေပါတယ်။ ကျောရိုးက သူ့ရဲ့ပုံစံကို ထိန်းထားဖို့ ခက်ပါလိမ့်မယ်။ ဒီအခါ ကျောရိုးဆစ်လေးတွေက သူတို့ရဲ့နေရာကနေ ချော်ထွက်သွားနိုင်ပြီး ကျောရိုးအဆစ်လွဲခြင်း ဖြစ်စေနိုင်ပါတယ်။ ယိုယွင်းပျက်စီးခြင်းဆိုတာ အသက်ကြီးခြင်းရဲ့ သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ သင့်ကျောရိုးဆစ်၊ အရိုးများ၊ တွယ်ဆက်တစ်ရှူးများ နဲ့ အဆစ်တွေက ယိုယွင်းပျက်စီးတတ်ပါတယ်။ သူတို့ဟာ သင့်ကျောရိုးကို ပုံမှန်အနေအထားနဲ့ မထိန်းထားနိုင်ပါဘူး။ ကျောရိုးတစ်ခုက သူ့အောက်ရှိကျောရိုးပေါ်ကို ပိကျနိုင်ပါတယ်။ ကျောရိုးအဆစ်လွဲခြင်းက ကျောရိုးတစ်လျှောက်လုံး ဖြစ်နိုင်သော်လည်း ခါးဆစ်ရိုးတွင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော အချက်များ

ခါးဆစ်ချော်ခြင်းဆိုသည်မှာ ခါးရိုးတလျှောက်တွင်ရှိသော အဆစ်များသည် အရှေ့ဘက်သို့ကျွံထွက်သွားခြင်းကို ဆိုလိုပါသည်။ ယင်းဖြစ်စဉ်သည် ခါးအောက်ပိုင်းနေရာများတွင်ဖြစ်လေ့ရှိပြီး ခါးဆစ်ချော်ခြင်း ဆိုးရွားပြင်းထန်ပါက ခါးရိုးရှိအာရုံကြောများနှင့် ပင်မအာရုံကြောမကြီးကိုပါဖိမိကာ ရောဂါလက္ခဏာများ ပိုဆိုးတတ်ပါသည်။   ခါးဆစ်ချောခြင်း အမျိုးအစားများ ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။ ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။ ခါးအဆစ်အလယ်နေရာ ချော်ခြင်း ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။ မွေးရာပါ ခါးဆစ်ချော်ခြင်း ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အရိုးများဖြစ်တည်မှု […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်း၏ ရောဂါလက္ခဏာများ

ခါးဆစ်ချော်သော ဝေဒနာရှိသူအများစုသည် ရောဂါလက္ခဏာပြလေ့မရှိခြင်း၊ ရောဂါလက္ခဏာများ အမြဲရှိမနေခြင်းတို့ကြောင့် သူတို့ကိုယ်သူတို့ ရောဂါရှိမှန်း သတိပြုမိခဲပါသည်။ သို့သော် ရောဂါလက္ခဏာများပြင်းထန်လာသောအခါ ခံစားရသော ဝေဒနာများသည် လူတယောက်နှင့် တယောက်မတူညီပါ။   ခါးဆစ်ချော်ခြင်း အမျိုးအစားများ ခါးဆစ်ချော်ခြင်း အမျိုးအစားများစွာ ရှိသည့် အနက် အဖြစ်များသော အမျိုးအစားများကို ဖော်ပြလိုက်ရပါသည်။ ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ယင်းသည် အဖြစ်အများဆုံးသော ပုံစံဖြစ်ပြီး အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့် သဘောကြောင့် ဖြစ်ရသည်။ ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ လှုပ်ရှားမှုများပြုလုပ်တိုင်း နာကျင်ရခြင်းဖြစ်ပါသည်။ ခါးအဆစ်အလယ်နေရာ ချော်ခြင်း ယင်းသည် ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။ မွေးရာပါ ခါးဆစ်ချော်ခြင်း ယင်းဖြစ်စဉ်သည် မွေးကတည်းက အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

ခါးဆစ်ချော်ခြင်းဝေဒနာရှိသူအများစုသည် လှုပ်ရှားမှုများပြုလုပ်ချိန်တွင် ခါးအောက်ပိုင်းနေရာတခုတွင် နာကျင်ခြင်းဖြစ်တတ်ပြီး အထူးသဖြင့် ခါးဆန့်လိုက်သော အခါတွင် ပိုဖြစ်တတ်ပါသည်။ ထိုသို့နာကျင်လာပါက တင်ပါးဆုံနှင့် ပေါင်များအထိပါ နာကျင်တတ်သည်။ ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှုကုထုံးများ ခံယူခြင်းဖြစ်ပါသည်။ တနည်အားဖြင့် Williams flexion exercises ဟုခေါ်သော ကိုယ်လက်လေ့ကျင့်မှုကုထုံးများသည် ခါးအရိုးဆစ်တလျှောက်ကြွက်သားများကို သန်မာစေပြီး ခါးရိုးပင်မကျောရိုးကို နေရာတကျပြန်ဖြစ်စေကာ သင့်နာကျင်မှုများကို သက်သာစေသော လေ့ကျင့်ခန်းများဖြစ်ပါသည်။ အောက်ပါတို့သည် ခါးဆစ်ချော် ဝေဒနာရှိသူများအတွက် ထောက်ခံမှု မြင့်မားစွာရရှိထားသော Williams flexion exercises လေ့ကျင့်ခန်းများဖြစ်ပါသည်။ ခါးအောက်ပိုင်း အရိုးကွင်းလေ့ကျင့်ခန်း ခါးအောက်ပိုင်းတွင် အကောက်အကွေးများလွန်းသော အနေအထားများကြောင့် ခါးအောက်ပိုင်းနေရာတွင် နာကျင်လာခြင်းဖြစ်ကြောင်း Williams ကဆိုပါသည်။ ခါးအောက်ပိုင်း အရိုးကွင်လေ့ကျင့်ခန်းသည် အဆိုပါအနေအထားကို တန်ပြန်သက်ရောက်မှုဖြစ်စေကာ သင့်ခါးအောက်ပိုင်းကို ညှင်သာစွာဆန့်ထုတ်ပေးခြင်း နည်းဖြင့်ခါး၏ အကွေးအဆန့်ပြုလုပ်နိုင်မှု စွမ်းရည်ကို သက်သာစေပါသည်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများကို ဆိုလိုပြီး ယင်းတို့ရောင်ရမ်းခြင်းဖြစ်လျှင် အများဆုံးခံစားရသော ဝေဒနာမှာ ခြေဖနောင့်နာခြင်း ဖြစ်ပါသည်။ ယင်းသို့ရောင်ရမ်းမှုဖြစ်စဉ်များသည် သက်လတ်ပိုင်းများတွင် အများဆုံးဖြစ်တတ်သော်လည်း ခြေထောက်ကို အများဆုံးအသုံးပြုရသော စစ်သားများနှင့် အားကစားသမားသည် သက်ငယ်ပိုင်းတွင်လည်း ခံစားရနိုင်ပါသည်။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ   ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများ ရောင်ရမ်းခြင်း ခြေတဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်ပါသည်။ အဓိကအားဖြင့် ခြေဖနောင့်နေရာမှ နာကျင်ခြင်း စတင်တတ်ပါသည်။ နာကျင်ခြင်းသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။ နာကျင်မှုသည် မနက်စောစောနိုးချိန် လမ်းစလျှောက်ချိန်နှင့် ခြေထောက်ပေါ်တွင် မည်သည်ကိုမှ အားမပြုထားဘဲ အချိန်ကြာမြင့်စွာအနားယူပြီး လမ်းစလျှောက်ချိန်များတွင် အဆိုဆုံးဖြစ်ကြောင်းတွေ့ရသည်။ ထိုသို့ဖြစ်လာလျှင် ညင်သာသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို တဖြေးဖြေးသက်သာစေမည်ဖြစ်ပြီး ကြာရှည်စွာ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းများ အချိန်များစွာပြုလုပ်နေပါက […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း အကြောင်းများနှင့် ကုသမှုများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများရောင်ရမ်းခြင်းကို ခေါ်ပါသည်။ ခြေဖနောင့်နာခြင်းသည်လည်း ထိုဖြစ်စဉ်ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။ ယင်းသို့ဖြစ်လျှင် အနားယူခြင်း၊ သက်တောင့်သက်သာရှိသော ဖိနပ်စီးခြင်း၊ ခြေဖနောင့်အောက်တွင် အနာသက်သာစေရန် ခုခံခြင်း၊ အနာပျောက်ဆေးများသောက်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါသည်။   ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ကိုဖြစ်စေသောအကြောင်းများ ကဘာလဲ။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။ သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါတို့ဖြစ်ပါသည်။ · အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း(အထူးသဖြင့် သင်သည်ထိုအပြုအမူများနှင့် ကျင့်သားမရသေးခြင်း၊ လှုပ်ရှားမှုနည်းသော နေထိုင်မှုပူံစံမျိုးဖြစ်ခြင်း) · ခြေဖနောင့်နာစေသော၊ ခြေဖဝါးအောက်ခံ မကောင်းသော ရှုးဖိနပ်များ၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းနှင့် ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး သိမှတ်စရာများ

သင်သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဝေဒနာကို ခံစားနေရပြီဆိုလျှင် ယင်းသည် ရယ်စရာတခုမဟုတ်ပါ။ သို့သော် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် အောက်ပါအချက်များသည် သင်ခံစားနေရသော နာကျင်မှုများကို ပိုပြီးသက်သာစေမည်ကို သင်တွေ့ရပါလိမ့်မည်။ ထို့ပြင် သင်သက်သာသွားသည့်အခါ သင့်အပေါင်းအသင်းများက သင့်ခြေဖနောင့်အနာအကြောင်းမေးလာလျှင်လည်း သင့်အနေဖြင့် မျှဝေစရာ အတွေ့အကြုံတခုဖြစ်နေပေလိမ့်မည်။ · ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများဆိုသည်မှာ ခြေဖနောင့်ရိုးနှင့် ခြေချောင်းရိုးများကို တွယ်ဆက်ထားသော တစ်သျူးများဖြစ်ပြီး အဆိုပါတစ်သျူးများရောင်ရမ်းခြင်းကို ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဟု ခေါ်ပါသည်။ · အသက် ၂၅ နှစ် မှ ၆၅ နှစ်အတွင်းရှိသူများ၏ ၈၃% ခန့်တွင် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။ · အပြေးသမားများ၏ ၁၀% ခန့်ကလည်း ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဖြစ်လေ့ရှိပါသည်။ · ထိုသို့ ဖြစ်သူများ၏ ၁၄%သည် ရှုးဖိနပ်များကို ပြောင်းစီးလိုက်ရုံနှင့် ဝေဒနာများသက်သာသွားကြောင်း တွေ့ရသည်။ · ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။ သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း နှင့် ပတ်သက်ပြီး သိကောင်းစရာများ

အချို့လူများသည် ခြေဖနောင့်နာခြင်းခံစားနေရသော်လည်း သူတို့ကိုယ်သူတို့ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း ဖြစ်သည်ဟု သတိမထားမိတတ်ကြပါ။ အောက်ပါတို့သည် ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်း၊ ခြေဖနောင့်နာခြင်းများနှင့် ပတ်သက်ပြီး သိသင့်သောအရာများဖြစ်ပါသည်။ 1. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းဆိုတာဘာလဲ။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းခြင်းဆိုသည်မှာ ခြေထောက်အောက်ဆုံးအပိုင်းတွင် ခုံးနေသော အနေအထားကို ထိန်းပေးထားသော ထူထဲသည့် တစ်သျူးအလွှာများရောင်ရမ်းခြင်းကို ခေါ်ပါသည်။ ခြေဖနောင့်နာခြင်းသည်လည်း ထိုဖြစ်စဉ်ကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်သည်။   2. ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် ဘယ်လိုဖြစ်လာတာလဲ။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းသည် အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော်လည်း ယင်းကိုဖြစ်စေသော အကြောင်းရင်းကို တိတိကျကျမသိရသေးပါ။ သို့သော် ခြေထောက်ကို အမှတ်မထင်ဘဲ ထပ်ခါထပ်ခါ ထိခိုက်မှုများစုပေါင်းလာခြင်းမှ ကြာလာသောအခါ ဒဏ်ဖြစ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ နာကျင်ဒဏ်ရာသည် ခြေဖနောင့်အရှေ့ ၄ စင်တီမီတာခန့်တွင်ဖြစ်တတ်ပြီး ထိလိုက်လျှင် နာကျင်တတ်ပါသည်။ ခြေဖဝါးရှိတွယ်ဆက်တစ်သျူးများရောင်ရမ်းရခြင်းကို ဖြစ်စေနိုင်သော အခြေအနေများမှာ အောက်ပါတို့ဖြစ်ပါသည်။ · အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း(အထူးသဖြင့် သင်သည်ထိုအပြုအမူများနှင့် ကျင့်သားမရသေးခြင်း၊ လှုပ်ရှားမှုနည်းသော နေထိုင်မှုပူံစံမျိုးဖြစ်ခြင်း) · ခြေဖနောင့်နာစေသော၊ ခြေဖဝါးအောက်ခံ မကောင်းသော ရှုးဖိနပ်များ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း